“ထေရဝါဒဗုဒ္ဒဘာသာ ၊ အဌမသင်္ဂါယနာ တင်လှူပွဲ ၊ ကမ်ဘာအေးမဟာပါသနလှိုဏ်ဂူတော် ၊ ရန်ကုန်မြို့”
ကြီးမားခန့်ထည်လှသော LCD ဆိုင်းဘုတ်ကြီးက ရှစ်မိုင်လမ်းဆုံကို ကျော်လိုက်သည်နှင့် စွင့်စွင့်ငါးငါး ကြိုဆိုနေတော့သည် ။
ဧည့်ခံကြိုဆိုရေး အဆောက်အဦ ရှေ့တွင် လူတွေက ပျားပန်းခတ်မျှပင် ။
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအသင်းမှ လူငယ်များ နှင့်အတူ ပရဟိတအသင်းပေါင်းစုံမှ လုပ်အားပေးလူငယ်များလည်း အလုပ်များနေကြသည် ။

မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော ခရစ်ယာန်မိတ်သဟာယလူငယ်များက ပွဲလာရောက်သူ သံဃာများနှင့် အခြားဘာသာရေးခေါင်းဆောင်များ၏ ကျွေးမွေးဧည့်ခံရေးအတွက် တာ၀န်ယူပေးကြသည် ။
မွတ်ဆလင်ပရဟိတလူငယ်များ အဖွဲ့နှင့် ဟိန္ဒူလူငယ်များအဖွဲ့ ကတော့ ပြန်ကြားရေးနှင့် အရေးပေါ်ကျန်းမာရေးဌာနတို့တွင် အသီးသီး ကူညီပေးနေကြ၏ ။
ပါရာဒိုအမျိုးအစား ကားအနက်တစ်စင်း ဆိုက်ရောက်လာသဖြင့် ကြိုဆိုရေး လူငယ်များ အလုပ်ရှုပ်သွားကြသည် ။

ပါးလှပ်လှပ်ခန္ဒာကိုယ် ၊ ငှက်ပျောဖူးရောင်၀မ်းဆက်ဖြင့် ကားပေါ်မှ ဆင်းလာသူက မြန်မာဂုဏ်ဆောင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဆင်းလာသူကတော့ တစ်ချိန်က မြန်မာ့လွှတ်တော်ဥက္ကဌကြီး ဦးသူရရွှေမန်း ။
ပြုံးပြုံးရွှင်ရွှင်နှင့် စကားလက်ဆုံကျနေသော မဟာမိတ်နှစ်ယောက်၏ ဓာတ်ပုံကို မီဒီယာများ အရ ရိုက်ယူနေကြစဉ် စစ်စိမ်းရောင်ကား တစ်စီး ထပ်မံ ဆိုက်ရောက်လာပြန်သည် ။
“ကာချုပ်ကြီး ကားဟေ့…ကာချုပ်ကြီး ကား”
သတင်းသမားများ အာရုံက ကာကွယ်ရေးဦးစီးချုပ် ကားထံသို့ ရောက်သွားပြန်၏။
ကာကွယ်ရေးဦးစီးချုပ်ကား ဆိုသော်လည်း လက်နက်ကိုင်အစောင့်အရှောက် တစ်ယောက်မှ မပါ ။
ပကတိရိုးရှင်းစွာ…။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဇနီး တို့ ဆင်းလာကြသည် ။
ဇနီးမောင်နှံနှစ်ဦးက သတင်းသမားများကို တောင်းပန်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်း ရှိရာသို့ သွားရောက်နှုတ်ဆက်ကြသည် ။

“ဟား ဗိုလ်ချုပ်ကြီး ဆံပင်တွေ ဆေးဆိုးပါအုံးရှင်”
ဦးထုတ်ချွတ်လိုက်သော ကာချုပ်ကြီးကို ဒေါ်အောင်ဆန်းစုကြည်က လှမ်းနောက်လိုက်သဖြင့် ကာချုပ်ကြီးက ရှက်ပြုံးပြုံးလိုက်သည် ။
“ဟုတ်ပ မစုရာ..အခုတလော အမေရိကန်နဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်တဲ့ကိစ္စ ၊ တရုတ်တပ်နီတော်နဲ့ ကာကွယ်ရေးဆိုင်ရာစာချုပ် ကိစ္စတွေ ရှုပ်နေလို့ဗျာ..”
“မမ မောင်ကို မမပဲ ကြည့်ပြောတော့ မမရေ… အလုပ်လုပ်တာလည်း လုပ်တာပေါ့..ဟွန်း”
ကာချုပ်ကတော်က ဒေါ်အောင်ဆန်းစုကြည် ၏ ပဝါအနားစလေးများကို ဆွဲချပေးရင် ၀င်ပြောလိုက်၏ ။

“အို သူတို့ စစ်သားတွေက တိုင်းပြည်အတွက်ဆို ဒီလိုပဲ..ကိုယ့်ကိုကိုယ်တောင် ဂရုမစိုက်တတ်ကြဘူး....”
“အမကြီး ရော ဘာထူးလို့လဲဗျာ.. ကျွန်တော်တို့လို စစ်သားမလုပ်ခဲ့ဖူးပေမယ့်… တိုင်းပြည်အတွက်ဆို အမကြီး အဖေတုန်းကလို ထမင်းမေ့ ဟင်းမေ့မှတ်လား”
ဦးသူရရွှေမန်းက ရယ်ရယ်မောမောပြောလိုက်စဉ် နောက်ထပ် ကားနှစ်စီး ဆိုက်၀င်လာသည် ။

“ဟား..အန်ကယ်လ်တို့ လူတောင်စုံနေမှပဲ..နောက်ကျသွားတယ်ဗျာ..ဒီမှာ ကိုပေါ် ပန်းချီပြခန်း ခဏ ၀င်နေကြလို့”
ကားပေါ်မှ ဆင်းလာသော (၈၈)ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးကိုကိုကြီးက ကိုမင်းကိုနိုင်ကို လက်ညှိုးထိုးပြရင်း ဆိုလိုက်သည် ။
“ကိုပေါ့် ပန်းချီပြခန်းဆိုလို့ ကျွန်မတို့တောင် ဒီပွဲပြီးရင် အဲ့ဒီကို စုပြီး ပန်းချီကားတွေ သွားကြည့်မလို့”
“သွားမကြည့်နဲ့ အန်တီစုရေ… လူပျိုကြီးရေးတဲ့ ကားတွေ က ကောင်မလေးပုံ တစ်ပုံ မှ မပါဘူးဗျ” ဘယ်အချိန်က ရောက်နေမှန်းမသိသည့် လူရွှင်တော်ကတုံးကြီး ကိုဇာဂနာ အရွှန်း၀င်ဖောက်လိုက်မှ အားလုံး ပွဲကျသွားတော့သည် ။

“ဒါနဲ့ ကိုသိန်းစိန် နဲ့ ကိုခင်အောင်မြင့်ရော”
“အထဲမှာ ရှိတယ်တဲ့…ခုနပဲ ကိုသိန်းစိ်န် နဲ့ ကျွန်မ ဖုန်းကွန်တက်ရတယ်…”
ဦးသူရရွှေမန်း ၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေလိုက်သည် ။
“ဒါနဲ့ သီတဂူ ဆရာတော် ကြီး ကြွလာပြီလား”
“ဦး၀ီရသူ မန္တလေးက လာတာ လေဆိပ်ကနေ တစ်ခါတည်းခေါ်ပြီး ကြွလာခဲ့မယ်တဲ့ဗျ”
ဦးမင်းအောင်လှိုင်က ပြန်ဖြေသည် ။
ရောက်ရှိနေသော ခေါင်းဆောင်များ အထဲသို့ ၀င်ရန်ပြင်လိုက်စဉ်.. နောက်ထပ် ကားတစ်စီး ထပ်ရောက်လာပြန်သည် ။
ထိုကားကို မြင်သည်နှင့် ကာကွယ်ရေးဦးစီးချုပ်က ပြုံးပြီး ရပ်စောင့်နေလိုက်သည် ။
“မင်္ဂလာပါဗျာ…ငြိမ်းချမ်းရေးရပြီးကတည်းက .မတွေ့တာကြာပြီဗျနော်”
“အေးဗျာ မြစ်ကြီးနားမှာပဲ ပြည်နယ်အလုပ်တွေ လုပ်နေတာနဲ့ ဗိုလ်ချုပ်ကြီး ဆီတောင် ဖုန်းမဆက်ဖြစ်ဘူးဗျ”
ဦးမင်းအောင်လှိုင် နှင့် ဦးဂွမ်မော်တို့ ၏ အပြန်လှန်နှုတ်ခွန်းဆက်စကား..။
“လာလာ အထဲမှာ ကရင်ရော ၊ မွန်ရော ၊ ရှမ်း အဖွဲ့တွေပါ ဆုံနေပြီဗျ ။ ကျန်တဲ့အဖွဲ့တွေလည်း ရောက်လာလိမ့်မယ်”
“အေးပါ ဗျာ ဒီလို လူစုံချိန်ပဲ ကျွန်တော်တို့မှာ ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြန်ပြောရတာ… ဒီနှစ် မနောပွဲ လည်း ဦးစီးချုပ်ကြီး မဖြစ်ဖြစ်အောင် တက်ရမှာနော်.. ကျွန်တော်ကိုယ်တိုင် ဖောက်ထားတဲ့ ခေါင်ရည်တိုက်မှာဗျ”
“ဟားဟား တိုက်ရုံဘယ်ရမလဲ...လက်ဆောင်ပါတောင်းသွားဦးမှာဗျ..မပူနဲ့”
သူတို့နှစ်ယောက် ရယ်ရယ်မောမောဖြင့် ခန်းမထဲ ၀င်သွားသည့် မြင်ကွင်းက လွန်ခဲ့သည့် နှစ်များစွာက ဆို ပုံပြင်တစ်ပုဒ်ဟုပင် ထင်ကောင်းထင်စရာ ။
ခန်းမရှေ့သို့ ကားနက်ကြီး တစ်စီး ဆိုက်ရောက်လာပြန်သည် ။
ခန်းမထဲ ၀င်ရန်ပြင်နေကြသော ခေါင်းဆောင်များ က ကားရှိရာသို့ လှမ်းကြည့်လိုက်ကြသည် ။
ကားပေါ်မှ မြေးအဖိုး နှစ်ယောက် ဆင်းလာကြသည် ။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် ဦးသူရရွှေမန်း တို့က အဘိုးအိုကို တွဲကူရန် ပြေးသွားကြသည် ။
အဘိုးအိုက လက်ကာပြပြီး သူ့ကိုငေးနေသော လူအုပ်စီသို့ ဖြည်းညှင်းစွာ လမ်းလျှောက်လာသည် ။
“ဦး နေကောင်းရဲ့လား… အန်တီရော”
ဒေါ်အောင်ဆန်းစုကြည်၏ အသံထွက်လာသည် ။
“ကောင်းပါတယ် စုစုရယ်..ကျေးဇူးတင်ပါတယ်…ညည်းအန်တီကတော့ နေပြည်တော်မှာပါပဲ”

“ငါ့တူကြီးတို့ရော ကျန်းမာပါစ”
“ဟုတ်ကဲ့ပါ အန်ကယ်.. အန်ကယ့် ကျန်းမာရေးသာ ဂရုစိုက်ပါ”
(၈၈)အဖွဲ့မှ ကိုမင်းကိုနိုင်က ဦးဆောင်ဖြေလိုက်သည် ။
“အိ်မ်းကွယ်..ဒီလိုကြီး ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးထားဘူး.. စုစုတို့ ရော အားလုံးပဲ ဟိုးတုန်းက ကိစ္စတွေ စိတ်ထဲ မထားကြပါနဲ့တော့.ငယ်တုန်းရွယ်တုန်းက ကိစ္စ တွေပါ”
“အဘကြီး ဘာမှ မတွေးပါနဲ့ အဘ.. အားလုံးက ဗုဒ္ဒသာသာနာအတွက် ကျွန်တော်တို့ နိုင်ငံရဲ့ မှတ်တိုင်ဖြစ်တဲ့ ဒီပွဲကြီးကို အဘကို တက်စေချင်တဲ့ စိတ်တစ်ခုပဲရှိပါတယ်… အားလုံးက အာဃတ မရှိကြပါဘူး”
ဗို်လ်ချုပ်မှူ းကြီး မင်းအောင်လှိုင်က အဘိုးအိုအား တွဲကူရင်း ဖြေသိမ့်လိုက်သည် ။
“သာဓု ကွယ်..သာဓု..”
အငြိမ်းစားဗိုလ်ချုပ်မှူးကြီးက တုန်ချိချိဖြင့် သာဓုခေါ်ရင်း ခန်းမ၏ နဘေးသို့ ရီေ၀စွာ ငေးကြည့်လိုက်သည် ။
ခန်းမ နဘေးမှာတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၏ ဧရာမရုပ်ပုံကားချပ်ကြီးက ဝံ့ဝံ့ကြွားကြွား….။

ထိုစဉ်..မူးပြီးအိပ်နေသော..စာရေးသူ...လန့်နိုးသွားလေ၏...ငိ။
ဗြိတိသျှကိုကိုမောင်
No comments:
Post a Comment