Twitter Bird Gadget

Tuesday, July 11, 2017

ယူနီကုဒ်၏ အားသာချက်များ

ယူနီကုဒ်၏ အားသာချက် နှင့် သုံးစွဲခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ

၁။ Google Map တွင် Location ကို မြန်မာဘာသာဖြင့် ရှာဖွေနိုင်ခြင်း (ဥပမာ -  ခရီးသွားလာရာနှင့် နေရာဒေသစုံစမ်းရှာတွင် လွယ်ကူတိကျစွာ ရှာဖွေနိုင်ပါသည်)

၂။ ယူနီကုဒ်သည် စံသတ်မှတ်ချက်ရှိသဖြင့် ဒေတာများကို သိမ်းဆည်းခြင်းနှင့် ပြန်လည်ရှာဖွေခြင်းတို့တွင် မှားယွင်းမှုမရှိ လုပ်ဆောင်နိုင်ခြင်း (ဥပမာ - စာရင်းဇယားများတွင် မြန်မာဘာသာဖြင့် လွဲမှားမှုမရှိဘဲ အသုံးပြုနိုင်ပါသည်)

၃။ ထိုသို့လုပ်ဆောင်နိုင်သဖြင့် Database တည်ဆောက်ထားပြီး တစ်ဦးနှင့်တစ်ဦး၊ ဌာနတစ်ခုနှင့်တစ်ခု၊ ဒေတာများကို မျှဝေ သုံးစွဲနိုင်ခြင်း (ဥပမာ - အစိုးရဌာနများတွင် eGov စနစ်အသုံးပြုရာတွင် ပြည်သူများ၏ Database ကို မျှဝေသုံးစွဲခြင်းဖြင့် ပြည်သူများအနေဖြင့် ရုံးဌာနသို့သွားရောက်သောအခါ ခဏခဏ ဖောင်ဖြည့်သွင်းရခြင်း၊ မှတ်ပုံတင် သန်းခေါင်စာရင်း များ မိတ္တူကူးပေးရခြင်းများ မရှိတော့သော်ကြောင့် စာရွက်များကို ချွေတာရာရောက်သည့်အပြင် ကုန်ကျစရိတ်များ လျော့ကျလာပါသည်)

၄။ ယူနီကုဒ်သည် နိုင်ငံတကာ စံသတ်မှတ်ချက်ဖြင့် လုပ်ဆောင်သောကြောင့် ယူနီကုဒ်သုံးစွဲခြင်းဖြင့် နိုင်ငံတကာ ဘာသာစကားမှ မြန်မာဘာသာစကား၊ မြန်မာဘာသာစကား မှ နိုင်ငံတကာဘာသာစကားသို့ ပြောင်းလဲနိုင်ခြင်း (ဥပမာ - မည်သည့်ဘာသာစကားကိုမဆို မြန်မာဘာသာသို့ပြောင်းလဲ ဖတ်ရှုနိုင် သဖြင့် ဘာသာစကား အဟန့်အတား မရှိတော့ခြင်း၊ ထို့ကြောင့် ဘာသာစကားလေ့လာသူများ၊  နိုင်ငံတကာနှင့် လုပ်ငန်းဆောင်ရွက်သူများ အနေဖြင့် အကျိုးကျေးဇူး ရရှိပါသည်။)

၅။ နိုင်ငံတကာဘာသာစကား သာမက၊ မြန်မာနိုင်ငံတွင်းရှိ စံသတ်မှတ်ချက်လိုက်နာသော တိုင်းရင်းသား ဘာသာစကား များကိုလဲ ပြောင်းလဲကြည့်ရှုလေ့လာနိုင်ပါသည်။

၆။ Smart Device များတွင် မိမိပေးပို့လိုသော စာများကို ကီးဘုတ်အား အသုံးမပြုဘဲ လက်ဖြင့်ရေးသားခြင်းကိုလည်း လုပ်ဆောင်နိုင်ပါသည်။

၇။ မိမိပြောလိုသော အကြောင်းအရာကို နှုတ်မှပြောဆို၍ အခြားသော ဘာသာစကားများသို့ စာဖြင့်ဖြစ်စေ အသံနှင့်ဖြစ်စေ ပြောင်းလဲနိုင်ပါသည်။ (ဥပမာ - ဘာသာစကားလေ့လာလိုသူများအတွက် များစွာအသုံးဝင်ပါသည်။  နိုင်ငံခြားသားများနှင့် ဆက်သွယ်ပြောဆိုရာတွင် မိမိပြောလိုသော အကြောင်းအရာကို တစ်ဖက် နိုင်ငံသား၏ ဘာသာစကားသို့ ပြောင်းလဲပေးသော VoiceTra ဟူသော application ရှိပါသည်။)

၈။ မိမိကိုယ်ပိုင် ဒိုမိန်းနိမ်း ကိုလည်း မြန်မာဘာသာဖြင့် အင်တာနက်ပေါ်တွင် လွှင့်တင်နိုင်ပါသည်။

၉။ ဗဟုသုတများ လေ့လာလိုသူများအတွက် ဝီကီပီးဒီးယား တွင် မြန်မာဘာသာဖြင့် ရှာဖွေ လေ့လာနိုင်ပါသည်။

၁၀။ ယူနီကုဒ်အသုံးပြုထားသော စာများကို ဇော်ဂျီသို့ပြောင်းလဲပါက ၁၀၀% အမှန်ရရှိပြီး ပြန်လည်စစ်ဆေးရန်မလိုပါ။

၁၁။ မြန်မာစာအခြေပြုIntelligent Systemများဖြစ်တဲ့ အလိုအလျောက်စာလုံးပေါင်းပြင်ပေးတာ၊အချက်အလက်တူရာdocumentတွေကိုအလိုအလျောက်စုပေးတာ၊ခွဲခြမ်းစိတ်ဖြာတာတွေလုပ်လို့ရပါတယ်

No comments:

Post a Comment