စာရွက်မှာ လက်ဝါးသာသာမျှ ရှိမည် မှင်နီနှင့် ရေး
ထား၏ .စာ၏ဆိုလိုရင်းမှာ.. .
"နတ်မောက်မှ
လှသော သခင်ဘုန်းကျော် ဆိုသူ
ကျောင်းသားခေါင်းဆောင် တစ်ယောက် တပ်ထဲရောက်နေသည်..တွေ့လျင်
တိုက်ရိုက်ရာထူး စာရင်းတွင် မထည့်နှင့် မင်္ဂလာဒုံ စစ်သင်တန်းကျောင်းကို ပို့ပါ"
ဟူသတည်း....
ငမိုးစိတ်ဓာတ်ကို သိပြီးသားမို့...ကျနော် စိတ်မဆိုး...
(တစ်မြို့တည်းသား ငယ်ပေါင်းတွေမို့ အခွင့်အရေး ပိုပေးလိမ့်မယ်မထင်နဲ့)
မောင်မင်းကြီးသား..တည့်မတ်ပါပေ၏..
ကျနော့ တွင်ကား..မင်္ဂလာဒုံမှာ ၉လလုံးလုံး ဂျပန် ပါးအရိုက်ခံပြီး
ပဲပင်ပေါက် ရေလုံပြုတ်ကို စားကာ စစ်ပညာသင်ခဲ့ရ၏..ဒူးနှင့်တံတောင်ဆစ်တို့မှာ
အသားမာတက်ပြီး ကျွဲပခုံးထနေ၏ မချိမဆန့် ပင်ပန်း၍
ဒုက္ခလှလှတွေ့ ခဲ့ရ၏..
စစ်ကျောင်း အားတဲ့ ပိတ်ရက်တစ်နေ့..
သူကို သွားတွေ့၏....ကျနော် က စာနီရဲအကြောင်း မေးတော့ ကျနော့ ကို
ပေစောင်းစောင်း ကြည့်ပြီး...
"မင်းကို
တိုက်ရိုက်ပေးရင် ဘဝင်မြင့်သွားမှာ စိုးလို့ကွ.ကျောင်းတက်ပြီးမှ ကော်မရှင်ရတော့
မင်းရာ ငါရော ကို
ဘယ်ကောင်မှ နောက်ကွယ်မှာ ဘာမှပြောလို့မရ တော့ဘူး ပေါ့ ဟ".....တဲ့
ကျနော့ မှာ ဒူးက အမာရွတ်ကိုသာ အသာပွတ်ပြီး အောင့်သက်သက်နဲ့ ပြန်လာ
ခဲ့ရတယ်......
ကျနော် စစ်သင်တန်းဆင်းပြီး..
နှစ်နှစ်လောက်အကြာ ဒီဇင်ဘာ ၆ရက်မှာ....ငမိုးက
ကျနော့ အား သူ၏ ကိုယ်ရံတော်အဖြစ်၎င်း ယင်းကိုယ်ရံတော်ကင်းတပ်၏ တပ်မှူး
အဖြစ်၎င်း ခန့်အပ်ကာ သူ့အိမ်သို့ အိပ်ယာလိပ် များပါရွေ့ခဲ့ဟု အမိန့်တော်
ချမှတ်လိုက်လေသည်.....
ငမိုး ကလည်း ဂွကျကျ ကျနော် ကလည်း ရွတ်တွတ်တွတ် တွေ့ကြလေပြီ...
တစ်နေ့.....
"ဟေ့ကောင်
မြိုင်ရုံက ပြဇာတ် သွားကြည့်ကြရအောင်".
"ကွန်မြူနစ်
ဝါဒဆိုတာဘာလည်း"
ဟူသော စာအုပ်ကို ကျနော် က အိပ်ယာထဲမှာ ပက်လက်လှန် ဖတ်နေခိုက်..
ငမိုးသည် အိမ်မကြီးနှင့် ကပ်လျက် ဆောက်ထားသော ကျနော့ တဲထဲသို့
စွတ်ဝင်လာကာ အထက်ပါ အတိုင်းပြောလိုက်သည်....
ကျနော် က ငိုင်နေ၍ သူက ထပ်ပြောပြန်၏...
"မင်း.....လိုက်ခဲ့"
ကျနော် က ခုလို နိုင်ငံရေး ရှူပ်ထွေးနေချိန် မှာ သူလို
ခေါင်းဆောင်မျိုးကို ကုပ်ကုပ်နေစေချင်သည်..ဟိုသွား ဒီသွား
မသွားစေချင်...တစ်ခါနှစ်ခါပြောဘူးသည်..မရ
"ငါ့ကို ဘသူတွေက
မနာလို နေကြလို့လည်း ငါ
တိုင်းပြည်အတွက်လုပ်နေတာ ဘသူတွေထက် ဘာတွေ အခွင့်အရေး ပိုရနေလို့လည်း..ငါပိုင်
ဆိုတာလည်း တစ်ခုမှ မရှိဘူး..လွတ်လပ်ရေးရရင်လည်း ငါက တွယ်ကပ်နေမှာ
မဟုတ်ဘူး...မိသားစုနဲ့ အေးအေးချမ်းချမ်း စာရေးစားမှာ.."ဟူ၍...အငေါက်ခံရဘူးလေ၏...
ကျနော့ ၏ စိတ်တွင် ပြောမရ၍ ချဉ်စူး လာသည်နှင့်...
သူ့အား ငေါ့ ချလိုက်မိ၏....
"မလိုက်ချင်ဘူး.....ဗျ
ာ"
"ဘာလို့လည်း.....ကွ"
ဟာ..ဒီလောက်အရေးကြီးနေတဲ့ ကာလထဲမှာ ..ပြဇာတ် သွားကြည့်တယ်ဆိုတာ..လူပေါ
တွေမှ လုပ်တာ ဘဲ"..
ငမိုးသည် ကျနော့ ကို ရူးသိုးသိုး နဲ့ကြည်ရင်း.
"ငါ့ရီး...မှ
...မလိုက်ချင်လည်း .နေကွာ" ဟု ပါးစပ်မှ မြည်တွန်ရင်း ..အခန်းထဲမှ
ပြန်ထွက်သွား လေသည်..
သိပ်မကြာလိုက်......
ကျနော် ရပ်နေသော ပြတင်းပေါက်နှင့် မလှမ်းမကမ်းရှိ မြေနီလမ်းလေးအတိုင်း
ဝက်စလေ နက်ပြာရောင် ကားလေးပြေးထွက် သွားသည်..ကားပေါ်တွင် ငမိုးနှင့်
မမကြည် ပါသွား၏....
ကျနော် တစ်စုံတစ်ခုကို ဖြတ်ခနဲ မြင်လိုက်၍ ချက်ချင်း ဖုန်းကောက်ကိုင်ကာ
ဂိတ်ဝကင်းဗိုလ်ထံ ချက်ချင်းအမိန့်လှမ်းပေး လိုက်သည်...
ကားလေးသည် နေအိမ်ခြံဝင်းမှ ထွက်အံ့ဆဲဆဲ..
ကင်း ဗိုလ်သည် လှံစွပ်တပ်ထားသော သေနတ်နဲ့ ငမိုး၏ ကားကို ရှေ့မှ
တားထားလိုက်သည်....
"ဟိတ်.......ရပ်"
ကားလေးရပ်သွားပြီး စကားပြောသံများ ကျနော် ကြား
ရသည်...
"ရဲဘော်....ဘသူ့အမိန့်နဲ့
တားရ သလည်း"....
"တပ်မှူး အမိန့်
ပါ ....ဗိုလ်ချုပ်"...
"အေး..အာ့ဆို...မင်းတပ်မှူး..သွားခေါ်...ချေ"..
ငမိုး...အတော်စိတ်ဆိုး ..နေချေပြီ..
ခါးတွင်..ဘန်ကောက် လုံချည်တစ်ပတ်နွမ်း နဲ့ တွီရှပ်လက်ရှည်ကို
ဝတ်ထား၏....
"မင်း အတား
ခိုင်းတယ်ဆို...."
"ဟုတ်ပါတယ်..
...ဗိုလ်ချုပ်......"
"ဘာ..ဖြစ်လို့လည်း
..ကွ......................"
ကျနော် ပါးစပ်မှ ပြန်အဖြေမပေး....
ကားထိပ်ပိုင်း ရှိရာသို့သွားပြီး..."စစ်ဝန်ကြီး..စစ်သေနာပတိ..မေဂျာဂျင်နဂျယ်.."ရာထူးအလိုက်
တပ်ဆင်ထာသော အလံ သုံးခုစလုံးကို ဖြုတ်ယူလာပြီး..
ကားပြတင်းဝမှ နေ၍ သူ့ပေါင်ပေါ် သို့ ပြစ်တင်ပေး လိုက်သည်...
"(တာဝန်ချိန်ပြင်ပ)အရပ်သား
အဝတ်အစားကို ဝတ်ဆင်သွားလာနေသော မည်သည့် တပ်မတော်သား မဆို ရာထူး အဆာင် အယောင်
တံဆိပ် အလံ များ မတပ်ဆင်ရ..."ဟု.....တပ်မတော် တစ်ခုလုုံးကို ငမိုးက အမိန့်
ထုတ်ထား၏...
ယခု သူ့အမိန့်ကို သူမေ့ နေ၏....
သူ..တမင် ပကာသန မလုပ်ကြောင်း ကျနော် ကောင်းကောင်း သိ၏......
ငမိုး သည် အလံများကို င့ုံကြည့်လိုက်..ကျနော့ ကို မော့ကြည့်လိုက် နဲ့
အူကြောင်ကြောင် ဖြစ်သွား၏..
နောက်မှ တဖြည်းဖြည်း ပြုံးရယ်လာကာ.......
"ဟားဟား
ဟား...ငါသွားလို့ ရပြီလား...ကွ"....
ကျနော် ပါးစပ်က အဖြေမပေးပါ...
ခြေစုံရပ်၍ (ရင်ထဲက လှိုက်လှိုက်လှဲလှဲ)...အလေးပြု
လိုက်၏...
၁၉၄၄ ဒီဇင်ဘာ ကုန်ခါနီး တစ်နေ့........
ငမိုးသည် စစ်ဗိုလ်များ ကိုင်ဆောင်လေ့ရှိသော သားရေ လက်ဆွဲအိတ်ကြီးကို
မနိုင်မနင်း ဆွဲလာပြီး ရုံးထဲမှ ထွက်လာပြီး ကားရှိရာသို့ လာနေ၏..
ဓားကြီး ကတစ်ဖက် နှင့် မနိုင်မနင်း ဖြစ်နေသဖြင့် ကျနော် က အလိုက်တသိ...
ဗိုလ်ချုပ် သားရေအိတ်ကြီး ကျနော့ ကို ပေးပါဟု...ဝိုင်းကူသယ်ရန်
တောင်းမိ၏...
ငမိုးက ကျနော့ ကို စွေစောင်းကြည့်ကာ..ဘုကျကျ အဖြေပြန်ပေး၏....
"မင်း အလုပ်က
ကိုယ်ရံတော်...ငါ့..ကူလီမဟုတ်ဘးူ...
ငါ့ဟာငါ...အနိုင်သား...ပဲ"...
သြော်.....ခုတော့...
ငမိုး ရေတိမ်နစ်ခဲ့ပြီ....လွမ်းတဲ့လူတွေလွမ်းကြသလို..
ဝမ်းသာတဲ့သူတွေလည်း ဝမ်းသာနေကြတယ်..
ဒီလိုနဲ့ပဲ..လူတွေက ငမိးုသေပြီ လို့ပြောကြတယ်...
အမှန်တော့ ငမိုးမသေ သေး...
တပ်မတော် မော်ကွန်းပြတိုက် ထဲမှာ ခုထိအသက်ရှင် လျက် ရှိသေးတယ်......ဘသူတွေ
ရှိရှိ မရှိ ရှိ..
ကမ္ဘာ တည်သရွေ့ ငမိုးက တော့ ဆက်ရှိနေဦးမှာ ..သေချာတယ်......😭😭😭😭😭😭
(ဖြစ်ရပ်မှန် သမိုင်စကား များကို ထပ်ဆင့်ခံစားပါသည်)
Tint Wai..
No comments:
Post a Comment