ကျနော်မှ စ၍ ဗိုလ် အကြပ် တပ်သား အားလုံးလိုလို
စိတ်ထိခိုက်နေကြသည်......အကြောင်းကား..
အင်အား ငါးသောင်းခန့် ရှိ ကျနော် တို့ ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီး(BIA)ကို (ကိုရွှေ
ဂျပန်တို့က) အင်အား သုံးသောင်းအထိ သာ ရှိရမည်ဟု. ဖန်တီး
အကွက်ရိုက် ပြီး ဗမာ့ကာကွယ်ရေး တပ်မတော် (BDA)
အဖြစ် ပြောင်းလဲ ဖွဲ့စည်း လိုက်ခြင်းကြောင့် ဖြစ်သည်....
သေဘော်သေဘက် ရဲဘော်ချင်း ရုတ်တရက် ကွဲကွာ ကြရခြင်း ဂျပန်တပ်သားများ၏
မကြာခဏ အစော်ကား ခံကြရခြင်း တို့ကြောင့်လည်း..တစ်ချို့ရဲဘော်များ စိတ်ဓာတ် ကျဆင်း
နေကြသည်..
ကျနော် တို့ တပ်ရင်း သုံးရင်းလုံးလည်း ပျဉ်းမနား စခန်း သို့
ရွေ့ပြောင်းခဲ့ရသည်...အမြဲတမ်းစစ်တပ်အသွင် ဖြစ်နေသော်လည်း..ချွတ်ယွင်းချက်မှာ
ကျနော်တို့အတွက် စစ်ဝတ်စုံ များ ယခုချိန်ထိမရှိခြင်း ဖြစ်သည်...
ရဲဘော်အားလုံးက ဝတ်စုံ ရာထူးတံဆိပ် စသဖြင့် မျှော်လင့် တောင့်တ
ခဲ့ကြသည်..ဌာနချုပ်မှလည်း ရရှိရန် အပြင်းအထန် ကြိုးစားပေးနေကြောင်း
အကြောင်းပြန်ထားသည်..
ထိုနေ့က ကျနော်သည် တပ်ရင်းမှူးတာဝန်ကို ဗိုလ်ကြီးဇင်ယော်ထံမှ
လွှဲပြောင်းယူအပြီး ...စာရင်းအင်း များကို
ပြန်လည်စစ်ဆေး နေခိုက် စာရင်းအင်း အမှားများစွာကို တွေ့လိုက်ရသည့်အတွက်..စစ်ဌာနချုပ်ရှိ
စစ်ရေးချုပ်၏ ရုံးအုပ်နှင့် သွားရောက်တွေ့ဆုံရန် လိုလာသည်....
လက်ပတ်နာရီကို ငုံကြည့်လိုက်ရာ ရုံးဆင်းချိန်နီးနေပြီ
ဖြစ်၍ မှီလိုမှီညား အရာခံ ဗိုလ်ဗဟန် ကို ခေါ်ပြီး ပျဉ်း မနား
သစ်တောရုံးဘက်သို့ တစ်ချိုးထည်းလစ်လာခဲ့တော့၏..အရာရှိတိုင်းအတွက် အရေးကြီးလျင်
စီးရန်ပေးထားသေား မြင်းကိုပင် ယူမစီးဖြစ်ခဲ့တော့...
ဌာနချုပ်ရောက်တော့ တာဝန်ခံများက ရုံးဆင်းသွားကြပြီ
ရုံးစောင့်ရဲဘော် စာရေးများနှင့် ကင်းမှူးများသာ အနည်း ငယ်ကျန်တော့၏
ကျနော် လည်း ဌာနမှရုံးအုပ်ကို အရေးတကြီး လိုက်မေးရာ အပြင်ခဏထွက်သွားကြောင်း ပြန်လာမည်ဖြစ်ကြောင်း
ပြောသဖြင့် စိတ်သက်သာရတော့၏....
ထိုချိန်က( ဗိုလ်ချုပ်)၏ ရာထူးမှာ ဗိုလ်မှူးကြီး ဖြစ်သော်လည်း
တပ်မတော်တစ်ခုလုံး၏ စစ်ဦးစီးချုပ်ဖြစ်သည်....
ကျနော် လည်း ဗိုလ်ချုပ်၏ အခန်းသို့ မယောင်မလည် သွားချောင်းကြည့်ရာ
မတွေ့သဖြင့် ရုံးဆင်းသွားပြီဟု တွေးလိုက်မိသည်....
ထို့ကြောင့် ဗိုလ်ချုပ်ရုံးခန်းနှင့် ကပ်လျက် အခန်းတစ်ခုထဲ
ဝင်ထိုင်ရင်း ရုံးအုပ်ပြန်အလာကို ဗိုလ်ဗဟန် နဲ့စကားပြောရင်း
စောင့်နေလိုက်သည်......
ထိုအချိန်တွင်.....ရုံးရှေ့သို့ ပစ္စည်းသေတ္တာများ
အပြည့်တင်ဆောင်လာသည့် ထရပ်ကားကြီးများ ရောက်လာ
ပြီး ရုံးစောင့်ရဲဘော် များ အားလုံးအကူအညီဖြင့် ပစ္စည်း အားလုံးကို
သည်ချနေကြသည်...တာဝန်ခံများက လည်း ပစ္စည်း များကို လက်ခံသူကလက်ခံ စစ်ဆေးသူက စစ်ဆေး
စာရင်းမှတ်သူက မှတ်နဲ့.ဆူညံ နေကြ၏...
နာရီ ဝက်လောက်အကြာ..ဗိုလ်ဗဟံ က ကျနော့ ကို
အရေးတကြီး လက်ကုတ်ပြီး တစ်ဘက်ကိုအသာ မေးငေါ့ ပြရာ..ရုံးခန်းထဲကို
ဘယ်အချိန်က ပြန်ရောက်
နေမှန်း မသိ သော ဗိုလ်ချုုပ်ကို အလန့်တကြား
တွေ့လိုက် ရ၏..
သူသည် ဘယ်ကိုမ ှမကြည့်ဘဲ စားပွဲပေါ်မှ စာရွက်ပုံကြီး ကြားမှာ
အလုပ်ရှုပ်နေ၏..
သူ၏အဝတ်အစား မှာ စစ်ဦးစီးချုပ်တစ်ယောက်၏ ဝတ်စုံ နှင့် လားလားမျှ မဆိုင်
အစိမ်းရင့်ရောင် ရှပ်လက်တို အနွမ်း ဂျီးအထပ်ထပ်တက် နေသည့် မြင်းစီးဘောင်း ဘီရှည်
တွင် စစ်ဖိနပ်ရှည်တစ်ရံ ကို စီးနင်းလျက် ခါး
တွင် ဂျပန်ခါးပတ်ပြားကြီး ကို ပတ်ထားသည်....အခန်းဒေါင့်တွင်
ဂျပန်စစ်ဦးထုပ် အဟောင်းတစ်လုံး နှင့် ဂျပန် ဓားရှည် တစ်လက်ကို ထောင်ထားသည်..
သူ၏ဆံပင်မှာ ပြု ုပြင်ခြင်းအလျဉ်းမရှိ ဆီနှင့် ဝေးကွာ
လွန်းခြင်းအထိမ်းအမှတ် အဖြစ်ဖြင့် ရှည်ပြီးဇောင်းမွှေးတွေ ထနေအောင်
ဖရိုဖရဲ နိုင်လွန်းလှပေ၏....
ဗိုလ်ချုပ် သည်စာကို စိတ်ပါလက်ပါ ကုန်းရေး နေသည့့်အတွက် ကျနော်
တို့နှစ်ယောက်လည်း အသာငြိမ်လျက်
စကားပြောခြင်းကို ရပ်တန့်လိုက်ရပေ၏....
သို့ရာတွင် အပြင်က အရာရှိ အရာခံ တပ်သားများမှာ ပစ္စည်း ချရင်း
စကားများကို စည်းလွတ်ဝါးလွတ် ပြောဆိုနေကြသည်....ဗိုလ်ချုပ်ရှိနေသည်ကို
လုံးဝသိပုံမပေါ်ကြ
ဗိုလ်ချုပ် ရုံးဆင်းသွားပြီ ဟုသာ မှတ်ထင်ထားကြ ပုံ
ရသည်........
သူတို့ပြောဆိုဝေဖန် နေကြသော အကြောင်းအရာ ကို
ကျနော် အာရုံစိုက် ရင်း နားစွင့်ကြည်လိုက်မိသည်...
တစ်ယောက်က ထပြောသည်.....
"ဒီလောက်
ကြမ်းတဲ့ အဝတ်တွေ ဝတ်ရမှာ ကျောယား လိုက်ပါဘိကွာ အိမ်မှာ လက်တောင် မသုတ်တဲ့
အဝတ်ကြမ်းတွေကို ယူနီဖောင်းတဲ့...ဟေ့...."
ကျန်တဲ့ရဲဘော် တွေကလည်း ယူနီဖောင်းတွေကြည့်ပြီး တဝါးဝါး
ပွဲကြနေကြ၏........
ဗိုလ်ချုပ်သည် ရေးလက်စ စာရေးခြင်းကို တန့်ကနဲ ရပ်လိုက်ပြီး
မျက်တောင်မခတ်တမ်း အပြင်ဘက်မှ စစ်ဝတ်စုံအကြောင်း ဝေဖန်ချက်ကို နားစိုက်ကာ
ထောင်နေတော့ သည်...
"...ချီးမှ ဘဲ
တို့မျှော်လင့်သလို စမတ်ကျကျ ဝတ်ဆုံတွေ မဟုတ်ပဲ လူရီစရာ ကောင်းတဲ့ ကူလီတွေဝတ်တဲ့
အဝတ်မျိုးတွေပဲကွ...."
တစ်ယောက် က ဝင်ပြောလိုက်သည်.....
ဗိုလ်ချုပ် ၏ မျက်နှာသည် ရုတ်တရက်တင်းမာ
ခက်ထန်သွားတော့သည်..သူ့မျက်လုံး နှစ်လုံးကလည်း အရောင်တွေ ဝင်းဝင်းတောက် ထွက်ခမန်း
ဒေါသထွက်နေကြောင်း တွေ့ရပေ၏....
အပြင်ဘက်မှ အသံများကလည်း မလျော့.....
"ဟေ့ကောင်တွေ...ငါတို့
ဒါတွေဝတ်ပြီး မြို့ထဲသာ ခုနေသွား လိုက်ရင် ဂျပန်ချွေးတပ်သားတွေ
ထင်ပြီး..လူတွေထွက်ပြေးမှာ သေချာတယ်ကွ..."........ဟားဟား.
ဗိုလ်ချုပ်သည် တွေဝေ၍ မျက်လုံးစုံမှိတ် ကာ စဉ်းစားနေ၏...ဒေါသဖြစ်နေရာက
ဗြုန်းကနဲဖောင်တိန်ကို စားပွဲပေါ်သို့ ပြစ်ချလိုက်သည်.....
တစ်ချိန်လုံး ကျနော် တို့ သူနဲ့ကပ်ရက် အခန်းမှာ ရှိသည် မရှိသည် ကို
လုံးဝအသိအမှတ်မပြုခဲ့သော ဗိုလ်ချုပ် သည် ဗြုန်းကနဲ လှမ်း၍ ဟေ့ကောင် "တာရာ" ဟိုရှေ့မှာ
စကားပြောနေတဲ့ အကောင်တွေ အကုန် င့ါစီ ခေါ်လာ ခဲ့စမ်း.........သွားစမ်း..မြန်မြန် ကွာ"....
အော် ငေါက်ကာ...ကျနော့ ဘက်သို့ လှမ်း၍ အမိန့် ပေးလိုက် ၏........
....................အပိုင်း(၄)..သို.......ဆက်ရန်......
No comments:
Post a Comment