Twitter Bird Gadget

Saturday, January 21, 2017

Stock Exchange (စတော့ရှယ်ယာစျေးကွက်)


********************************************
ပြောင်းလဲမှုများစွာနဲ့ တိုးတက်လာတဲ့ခေတ်ပြိုင်စီးပွားရေးနဲ့အညီ လက်ရှိဖော်ဆောင်လာတဲ့ (Stock Exchange) အကြောင်း အနည်းငယ်မျှဝေလိုက်ပါတယ်။ Stock Exchange ဆိုတာကတော့ Economic System ( စီးပွားရေးစနစ် - ၄) ခု ထဲမှ တစ်ခုဖြစ်တဲ့ Market Capitalism (စျေးကွက်အရင်းအနှီးစနစ်) ပုံစံမျိုးဖြစ်ပါတယ်။
* Stock Exchange (စတော့ရှယ်ယာစျေးကွက်ဟူသည်) ငွေချေးစာချုပ်များ၊ ရှယ်ယာများကို ရောင်းဝယ်သောစျေးကွက်ဖြစ်ပြီး၊ စျေးနှုန်းကို (ဝယ်လိုအား၊ ရောင်းလိုအား) ဖြင့် ထိန်းချုပ်ပါသည်။ ငွေဖြစ်လွယ်မှု၊ စျေးကွက်မျှတမှု၊ ပွင့်လင်းမြင်သာမှုများဖြင့် ရင်းနှီးမြုပ်နှံသူများအတွက် ကာကွယ်မှုများကိုဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။
* Over-the-counter market (OTC) ငွေချေးသက်သေခံလက်မှတ်များကို Stock Exchange ၏ ပြင်ပတွင် ရောင်းဝယ်သော စနစ်ဖြစ်ပါသည်။ Stock Exchange ၏ သတ်မှတ်ထားသော စံနှုန်းများဖြင့် မပြည့်မှီသေးမှီမှာ OTC စျေးကွက်တွင် ရောင်းဝယ်ခြင်းကို ဆိုပါတယ်။
* Securities & Exchange Commission (SEC) ငွေချေးသက်သေခံ လက်မှတ်များရောင်းဝယ်ရေး ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့ဖြစ်ပြီး ရှယ်ယာစျေးကွက်ကြီးတစ်ခုလုံးအား တာဝန်ယူကြီးကြပ်သည့်အဖွဲ့ကိုဆိုပါတယ်။
* Investment Banking ငွေချေးသက်သေခံလက်မှတ် အသစ်များ ဖြန့်ဖြူးရောင်းချရာတွင် ငွေရေးကြေးရေးအရ ကြားခံတာဝန်ယူ ဆောင်ရွက်ပေးသောအဖွဲ့ကိုဆိုပါတယ်။
* Public Company ရှယ်ယာရှင်အရေအတွက် အကန့်အသက်မရှိဖွဲ့စည်းနိုင်ပြီး Stock Exchange စျေးကွက်အတွင်း ရှယ်ယာများကိုလွတ်လပ်စွာ လွှဲပြောင်းရောင်းချခွင့်ရှိတဲ့ ကုမ္ပဏီမျိုးကိုဆိုပါတယ်။
(ကျွန်တော်အနည်းငယ်လောက်ပဲ မျှဝေရေးသားထားပါတယ်၊ Stock Exchange မှာ Bond, Coupon Rate, Debt Security, Equity, Margin Trading, Repo စသည်ဖြင့် ဆက်လက်လေ့လာနိုင်မှာဖြစ်ပါတယ်)
Stock Exchange ပေါ်လာလျှင် အားလုံးအတွက် များစွာအကျိုးပြုနိုင်ဖို့ မျှော်လင့်မိပါတယ်။ 4th Wave Reform ဆိုတဲ့ ပုဂ္ဂလိကရဲ့ လုပ်ငန်းစဉ်ပြောင်းလာလဲမှုတွေနဲ့ ပုဂ္ဂလိက မှ အရင်းအမြစ်၊ စျေးကွက် များကို စီမံခန့်ခွဲပြီး နိုင်ငံတော်ရဲ့လုပ်ငန်းစဉ်များမှ ယှဉ်ပြိုင်မှုကိုအားပေးပြီး (ရောင်းလိုအား/ ဝယ်လိုအား) စျေးကွက်ရှယ်ယာတစ်ခုဖြင့် ထိန်းချုပ်ထားတဲ့ ပုံစံမျိုးဖြစ်လာနိုင်ပါတယ်။ ဒီလတွေထဲမှာလည်း UMFCCI မှကြီးမှူးပြီး ပြည်တွင်း Stock Exchange Seminar တွေနှင့် ပြည်ပမှ စင်္ကာပူအခြေစိုက် Stock Exchange Seminar တွေ ဆက်တိုက်ပြုလုပ်လျှက်ရှိနေတာမို့ မကြာခင်အနာဂတ်မှာ စျေးကွက်အပြောင်းအလဲတချို ့ဖြစ်လာဖွယ်ရှိကြောင်း ဆွေးနွေးသုံးသပ်ရေးသားလျှက် နိဂုံးချုပ်ပါရစေ။
Future Myanmar/ SME Myanmar မှ လုပ်ငန်းရှင်များ၊ စီမံခန့်ခွဲမှုအဆင့်များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် စီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းအရာများကို (အခမဲ့) မျှဝေရေးသားလျှက်ရှိပါသည်။
စာဖတ်ပရိတ်သတ်များအား အစဉ်လေးစားစွာဖြင့် . . .

No comments:

Post a Comment