Twitter Bird Gadget

Saturday, January 21, 2017

စတော့ဝယ်ကြမလား (၁)


************************
လူတော်တော်များများအမှတ်မှားနေတာတစ်ခုရှိသည်။ ကုမ္ပဏီတစ်ခု၏အစုရှယ်ယာကို စတော့အိတ်ချိန်းသို့သွား၍ဝယ်ရမည်ဟုထင်နေကြသည်။တစ်ကယ်တော့စတော့အိတ်ချိန်းသည်စတော့ရှယ်ယာမရောင်းပေ။အရောင်းနှင့်အဝယ်ကိုစပ်ဟပ်ပေးသည့်ဒိုင်သာဖြစ်သည်။ စတော့ရှယ်ယာဝယ်ချင်လျှင်အရင်ကတော့စတော့ရှယ်ယာထုတ်ဝေသည့်ကုမ္ပဏီသို့ လူကိုယ်တိုင်သွားဝယ်ရသည်။ အခုတော့စတော့ရှယ်ယာဝယ်ချင်လျှင် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (Securities Company) များထံမှ ဝယ်ရမည်ဖြစ်သည်။ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီဆိုသည်မှာရှယ်ယာထုတ်ရောင်း
သည့်ကုမ္ပဏီနှင့် စတော့အိတ်ချိန်းကြားတွင် ဝန်ဆောင်ခ ကော်မရှင်ခများယူ၍ ဆောင်ရွက် ပေးသော ကြားခံကုမ္ပဏီဖြစ်သည်။ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှူနှင့်ကုမ္ပဏီများညွှန်ကြားမှူဦးစီးဌာနတွင် မှတ်ပုံတင်
ထားသောလိုင်စင်ရကုမ္ပဏီဖြစ်သည်။ ငွေချေးသက်သေခံလက်မှတ်ဆိုသောစကားရပ်က အင်္ဂလိပ်စကားလုံး Securities ဆိုသောစကားလုံးကိုမြန်မာမှူပြုထားခြင်းဖြစ်သည်။ Securities သည် Security ၏ အများကိန်း (Plural Form) ဖြစ်သည်။

 Security ကိုလုံခြုံရေးဟုအများသိကြသော်လည်း စတော့ရှယ်ယာကိုလည်း Securityဟုပင်ခေါ်ကြောင်းသိသူနည်းသည်။ Cambridge Advanced Learner's DictionaryThird Edition တွင်လည်း Security ကို လုံခြုံ
ရေး (Protection) ဟူသောအဓိပ္ပါယ်အပြင် ဘဏ္ဍာရေး (Finance) ဟူ၍လည်းအဓိပ္ပါယ်ဖွင့်ထားသည်ကိုတွေ့နိုင်သည်။ ရင်းနှီးမြှုပ်နှံမှူစွယ်စုံ
ကျမ်း (Investopedia) တွင်တော့ Security ကိုကော်ပိုရေးရှင်း (Corporation) တစ်ခု၏ စတော့ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ တစ်ကယ်တော့
ကော်ပိုရေးရှင်း (Corporation) ဆိုသည်မှာ လည်း ကုမ္ပဏီ (Company)နှင့်အတူတူပင်ဖြစ်
သည်။ အင်္ဂလိပ်တွေကတော့ ကော်ပိုရေးရှင်း (Corporation) ဟုခေါ်ပြီး အမေရိကန်တွေက (Company) ဟုသုံးသည်။ ထိုကြောင့် Security
ဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာ (Stock) ပင်ဖြစ်သည်။ ငွေချေးသက်သေခံလက်
မှတ်ကုမ္ပဏီ (Securities Company) သည် တစ်ကယ်တော့ စတော့ပွဲစားကုမ္ပဏီပင်ဖြစ်
သည်။ ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေ (The Securities
Exchange Law) သည် စတော့ရှယ်ယာများအရောင်းအဝယ်ပြုလုပ်ခြင်းအတွက် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ စတော့ (Stock) နှင့် ရှယ်ယာ (Share) ကတော့ စတော့ရှယ်ယာဟုပင် တွဲဖက်သုံးလေ့ရှိကြသည်။ ရှယ်ယာတစ်စောင်ကို ကျပ်
တစ်သောင်းသတ်မှတ်ထားပြီးရှယ်ယာဆယ်စောင်ပေါင်းလျှင်ကျပ်တစ်သိန်းတန်စတော့တစ်ခုအဖြစ် သတ်မှတ်သည့်သဘောပင်ဖြစ်သည်။ ဆိုရလျှင် Securities Company များသည် စတော့မားကတ် (Stock Market) ၏ အရေးကြီးသောပလေယာ (Player) များထဲမှတစ်ခုဖြစ်သည်။ စတော့မားကတ်၏အရေးကြီးသော ပလေယာလေးခုရှိသည်ဟုပြောရမည်။ အဓိကပလေယာကတော့အစုရှယ်ယာများကိုထုတ်
ရောင်းသည့်ကုမ္ပဏီဖြစ်သည်။ ထိုကုမ္ပဏီသည်အများနှင့်သက်ဆိုင်သောကုမ္ပဏီ (Public Company) ဖြစ်သည်။ အများနှင့်သက်ဆိုင်သောကုမ္ပဏီဟုခေါ်ရသည့်အကြောင်းက ယင်း
ကုမ္ပဏီ၏ရှယ်ယာများကို အများပြည်သူသို့ပိုင်ဆိုင်ခွင့်ပေးထားသောကြောင့်ဖြစ်သည်။ ရှယ်ယာများကိုလွတ်လပ်စွာလွှဲပြောင်းရောင်းချခွင့်လည်းပေးထားသည်။ ပုဂ္ဂလိကကုမ္ပဏီ (Private Company) ကတော့ ကုမ္ပဏီ၏ရှယ်ယာပိုင်ဆိုင်ခွင့်ကိုကန့်သတ်ထားသည်။ လွှဲပြောင်းရောင်းချခွင့်ကိုလည်းထိန်းချုပ်ထားသည်ဖြစ်သည်။အများနှင့်သက်ဆိုင်သောကုမ္ပဏီတွေဘာကြောင့် အများပြည်သူသို့ရှယ်ယာထုတ်ရောင်းတာလဲဆိုတော့ လုပ်ငန်းအတွက်ငွေလို၍ဖြစ်သည်။ လိုသည့်ငွေကိုဘဏ်ကချေးလျှင်ရသော်
လည်း အတိုးပေးရမည်။ နှစ်စေ့လျှင်အရင်းပြန်ဆပ်ရမည်ဖြစ်သည်။ ရှယ်ယာထုတ်ရောင်းလျှင်အတိုးမပေးရသော်လည်း ရှယ်ယာပိုင်ရှင် (Share Holder) များကို ကုမ္ပဏီ၏ အမြတ်ထဲမှဝေစုပြန်ခွဲပေးရမည်ဖြစ်သည်။ ဘဏ်လိုတော့
အရင်းပြန်ဆပ်စရာမလိုပေ။ဤအချက်ကရှယ်ယာထုတ်ရောင်းရခြင်း၏အားသာချက်တစ်ခုပင်။
ဒုတိယပလေယာသည် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (Securities Company) ဖြစ်
သည်။ ရှယ်ယာထုတ်ရောင်းသည့်ကုမ္ပဏီ၏အဓိကအလုပ်သည် ရှယ်ယာလုပ်ငန်းမဟုတ်ပေ။ ငွေလို၍သာရှယ်ယာထုတ်ရောင်းခြင်းဖြစ်သည်။ လေကြောင်းလိုင်းကုမ္ပဏီက လေယာဉ်အသစ်များထပ်ဝယ်၍ လုပ်ငန်းတိုးချဲ့လိုသည်။ လေ
ယာဉ်ဝယ်ရန်ငွေလို၍ အများပြည်သူသို့ရှယ်ယာထုတ်ရောင်းသည်။ ကုမ္ပဏီ၏ အဓိကအလုပ်မှာလေကြောင်းလိုင်းဖြစ်သည်။ အဓိကစီးပွားရေးအ
ပြင် ရှယ်ယာလိုက်ရောင်းရသည့်လုပ်ငန်းကိုပါလုပ်ရလျှင် အချိန်ကုန်မည်။ လုပ်အားလိုမည်။ထိုကြောင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ
ကို ရှယ်ယာရောင်းသည့်လုပ်ငန်းအပ်လိုက်သည်။ ကိုယ်တိုင်ရှယ်ယာရောင်းစရာမလိုတော့
ပေ။ Securities Company က လေကြောင်းလိုင်းကုမ္ပဏီ၏ ရှယ်ယာများကို ကော်မရှင်စား၍ရောင်းပေးမည်ဖြစ်သည်။ ထိုကြောင့်ရှယ်ယာ
ဝယ်လိုသူသည် Securities Cmpany သို့သွား၍ရှယ်ယာဝယ်ယူရမည်ဖြစ်သည်။ ရှယ်ယာဝယ်ယူခြင်းအတွက်ထိုက်သင့်သည့်ဝန်ဆောင်ခများကို
Securities Company သို့ပေးရမည်ဖြစ်သည်။ပြန်ရောင်းချင်လျှင်လည်း ထို့အတူပင်ဖြစ်သည်။Securities Company ကိုအရပ်စကားဖြင့် ပွဲစား
ကုမ္ပဏီ (Broker Company) ဟုအလွယ်ခေါ်လျှင်ရမည်ထင်သည်။ သို့သော်ဖြတ်စားလပ်စားလုပ်မည့်ပွဲစားမျိုးတော့မဟုတ် အစိုးရအသိအ
မှတ်ပြုဥပဒေနှင့်ထိန်းချုပ်ထားသော လိုင်စင်ရပွဲစားကုမ္ပဏီဖြစ်သည်။ Securities Company များတစ်ခုမကရှိနေမည်ဖြစ်သည့်အတွက် ကိုယ်
နှစ်သက်ရာကုမ္ပဏီနှင့် ဆက်သွယ်ဝယ်ယူရောင်းချနိုင်မည်ဖြစ်သည်။ Securities Company သည် နေ့စဉ်လက်ခံရရှိသည့် ရှယ်ယာအရောင်းအမှာ အဝယ်အမှာများကို ချိတ်
ဆက်ထားသော ICT စနစ်မှတစ်ဆင့်စတော့အိတ်ချိန်းသို့တင်ပေးမည်ဖြစ်သည်။
တတိယပလေယာသည်စတော့အိပ်ချိန်းဖြစ်သည်။ Securities Company များမှပေးပို့လာ
သောအရောင်းအမှာအဝယ်အမှာများကို Computer Trading System ဖြင့်စပ်ဟပ်ပေးမည် (Matching) ဖြစ်သည်။ စတော့အိတ်ချိန်းကိုယ်တိုင်သည်ပင်လျှင် ကုမ္ပဏီတစ်ခုဖြစ်၍ယင်း၏ဝင်ငွေအတွက် သက်ဆိုင်ရာဝန်ဆောင်ခ
များကောက်ခံမည်ဖြစ်သည်။ ရှယ်ယာဝယ်ယူရောင်းချသူများသည် စတော့အိတ်ချိန်း
သို့လာရန်မလိုပဲ Securities Company များမှတဆင့်သာ အရောင်းအဝယ်ပြုလုပ်ရမည်ဖြစ်သည်။ တစ်ခုတော့ရှိသည် နေ့စဉ်ရှယ်ယာဈေး
နှူန်းနှင့် ဈေးကွက်အခြေအနေကိုတော့ စတော့
အိတ်ချိန်း၏ LFD Board (Large Format Display) တွင့်ကြည့်ချင်ရင်တော့ရသည်။
စတုတ္ထပလေယာကတော့ ရှယ်ယာဝယ်လိုသူရောင်းလိုသူ အများပြည်သူများပင်ဖြစ်သည်။ မိမိတို့နှစ်သက်သည့်ကုမ္ပဏီ၏ရှယ်ယာကို နှစ်သက်သည့် Securities Company မှတဆင့် ဝယ်ယူနိုင်သည်။ ဘဏ်ငွေလွှဲခလိုဝန်ဆောင်ခတော့
ပေးရမည်။ Electronic Share များဖြစ်၍ သေတ္တာထဲထည့်သိမ်းလို့ရသည့်ရှယ်ယာလက်
မှတ်မျိုးတော့မဟုတ်ပေ။ ဝယ်လိုလျှင် Securities Company တွင်ငွေအရင်သွင်းရ မည်။ ဝယ်ပြီးသားကိုပြန်ရောင်းလိုလျှင် Securities Company ထံအကြောင်းကြားရ မည်။ ရှယ်ယာရောင်းရငွေကို Securities Company ကပြန်ပေးမည်ဖြစ်သည်။ အတိအကျ
ဆိုလျှင်တော့ မိမိ၏ဘဏ်စာရင်း (Bank Account) ထဲသို့ငွေဝင်လာမည်ဖြစ်သည်။
ပလေယာလေးခုစလုံးကိုစောင့်ကြည့်နေမည့်သူကတော့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ( Securities and Exchange Commission of Myanmar) (SECM) ဖြစ်သည်။ စတော့မားကတ် (Stock Market) ဟုခေါ်ခေါ် ငွေချေးသက်သေခံလက်မှတ်ဈေးကွက် (Securities Market)ဟုခေါ်ခေါ်ဈေးကွက်တစ်ခုလုံးကို ဥပဒေစည်းမျဉ်းစည်း
ကမ်းများဖြင့် ထိန်းကျောင်းသွားမည့်အစိုးရအဖွဲ့အစည်းဖြစ်သည်။ ဥပဒေနှင့်မညီသောလုပ်
ဆောင်ချက်များကို ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေ နည်းဥပဒေနှင့်အညီ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်
သည်။ ရှယ်ယာဝယ်ယူရင်းနှီးမြှုပ်နှံသူတစ်ဦးအနေဖြင့် ဖော်ပြပါပလေယာလေးခု၏ အခြေခံလုပ်ဆောင်ချက် (Basic Function) များကို ပဏာမသိရှိထားရန်တော့လိုအပ်သည်။ အရေး
ကြီးဆုံးအချက်ကတော့ ရင်းနှီးမြှုပ်နှံမှူဆိုင်ရာဆုံးဖြတ်ချက်တစ်ခုအတွက် တာဝန်အရှိဆုံးသူမှာပလေယာလေးခုလဲမဟုတ် ထိန်းကျောင်းပေး
မည့်အဖွဲ့အစည်းလည်းမဟုတ်ရင်းနှီးမြှုပ်နှံမှူပြုလုပ်သည့်မိမိကိုယ်တိုင်ပင်ဖြစ်သည်ဆိုသောအချက်ပင်။
Reference:
1) Investopedia
2) Fundamentals of Company Functions in
Myanmar (Pe Than Tin)
(6-1-2016)

No comments:

Post a Comment