Twitter Bird Gadget

Saturday, January 21, 2017

စတော့ဝယ်ကြမလား (၂)


***************************
ရှယ်ယာဝယ်ယူလိုသူတစ်ဦးအတွက် အရေးကြီးသောအချက်တစ်ခုမှာ မည်သည့်ရှယ်ယာကိုဝယ်ယူမလဲဆိုသည့်ကိစ္စဖြစ်သည်။ အတိအကျ
ဆိုလျှင်တော့ မည်သည့်ကုမ္ပဏီ၏ ရှယ်ယာကိုဝယ်ယူမလဲဆိုသည့်အချက်ဖြစ်သည်။ ဘဏ်
တွင်ငွေစုစာအုပ်ဖြင့်ငွေစုမည်ဆိုလျှင် အတိုးများများပေးမည့်ဘဏ်ကိုသာ ရွေးချယ်မည်ဖြစ် ်သည်။ ရှယ်ယာဝယ်ယူမည်ဆိုလျှင်လည်း ပြန်
ရောင်းလျှင်အမြတ်များများရမည့် ရှယ်ယာကိုသာဝယ်ယူကြမည်ဖြစ်သည်။ ရှယ်ယာဝယ်လိုသူတစ်ဦးအတွက် မိမိရှယ်ယာဝယ်ယူမည့် ကုမ္ပဏီ
အကြောင်းကိုသိလိုလျှင် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) ကိုဖတ်ရှူလေ့လာဖို့လိုအပ်ပါသည်။ Prospectus ဆိုတာဘာလဲဆို
တော့ ရှယ်ယာထုတ်ရောင်းသည့်ကုမ္ပဏီ၏ အရေးကြီးသည့်အကြောင်းအရာများကို အကျဉ်းချုပ်ရေးထားသည့်စာအုပ်ပင်ဖြစ်ပါသည်။ Prospectus သည် Prospect ဆိုသောစကားလုံးမှလာသည်။ Prospect ၏အဓိပ္ပါယ်ကို Cambridge Advanced Learner's Dictionary Third Edition တွင် Possibility ဟုအဓိပ္ပါယ်ဖွင့်
ဆိုထားသည်ကိုတွေ့နိုင်ပါသည်။ ဆိုလိုသည်ကတော့ ကုမ္ပဏီတစ်ခု၏ ဖြစ်နိုင်ခြေရှိသောအလားအလာကို ရေးသားထားသည့်စာအုပ်ပင်ဖြစ်ပါသည်။

ထိုစာအုပ်ကိုဘယ်ကထုတ်ဝေတာလည်းဆိုတော့ရှယ်ယာထုတ်ရောင်းသည့်ကုမ္ပဏီကထုတ်ဝေတာဖြစ်သည်။ ကိုယ်စိတ်ဝင်စားသည့်ကုမ္ပဏီ၏ Prospectus စာအုပ်ကို ဘယ်ကယူရမလဲဆိုတော့ ထိုကုမ္ပဏီထံမှပင် အလကားတောင်းယူရမည်ဖြစ်သည်။ ဘယ်လိုယူရမလဲဆိုတော့ ရှယ်ယာထုတ်ရောင်းသည့်ကုမ္ပဏီသို့
လူကိုယ်တိုင် သွားယူနိုင်သလို ထိုကုမ္ပဏီ၏Website မှလည်းရယူနိုင်သည်။ နောက်တစ်မျိုးကတော့ ထိုကုမ္ပဏီ၏ အစုရှယ်ယာများကို ယူရောင်းပေးသည့် Securities Company ထံတွင်လည်းအလကားတောင်းယူနိုင်သည်။
Prospectus သည် ရှယ်ယာထုတ်ရောင်းလိုသည့် Public Company မှမဖြစ်မနေထုတ်ဝေ
ရမည့်စာအုပ်ဖြစ်သည်။ထုတ်ဝေရသည့်ရည်ရွယ်ချက်ကိုကစိတ်ဝင်စားသည့်ပြည်သူများကို
ဖြန့်ဝေရန်ဖြစ်သည်။ ရှယ်ယာထုတ်ရောင်းမည့်Public Company သည် Prospectus ကို ရင်းနှီးမြှုပ်နှံမှူနှင့်ကုမ္ပဏီများညွှန်ကြားမှူဦးစီးဌာန
(Directorate of Investment and Company Administration) (DICA) သို့တင်ပြမှတ်ပုံတင်ပြီးမှသာ ရှယ်ယာများကိုထုတ်ရောင်းခွင့်ရှိ
ကြောင်း မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ (The Myanmar Companies Act) ၏ ပုဒ်မ (၁၀၃)။ (၁) (ဃ) တွင်အတိအလင်းဖော်ပြထားသည်။ ထိုကြောင့် DICA တွင်မှတ်ပုံ
တင်ထားသော Prospectus မပေးနိုင်သည့် Public Company ၏ရှယ်ယာရောင်းချမှူသည်လုံးဝတရားမဝင်ကြောင်း သိရှိထားဖို့လိုအပ်
သည်။ အစုရှယ်ယာများကို လက်ရှိဝယ်ယူထားသည့်သူများအနေဖြင့် မေးစရာတစ်ခုရှိလာသည်က Prospectus ဆိုတာကိုသိလည်းမသိခဲ့ ရှယ်
ယာရောင်းသည့်ကုမ္ပဏီကလည်းမပေးခဲ့ဆိုသည့်အချက်ပင်။ ဖြစ်နိုင်သည်ကတော့ ရင်းနှီး
မြှုပ်နှံမှူနှင့်ကုမ္ပဏီများညွှန်ကြားမှူဦးစီးဌာန(DICA) တွင်တရားဝင်မှတ်ပုံတင်ထားသည့်
Public Company သည် ယင်း၏ Prospectusကို DICA တွင်မှတ်ပုံတင်ထား၍သာ ရှယ်ယာထုတ်ရောင်းခွင့်ရခြင်းဖြစ်သည်။ သို့သော်ရှယ်ယာဝယ်သူကလည်း Prospectus ကိုမတောင်းကုမ္ပဏီကိုယ်နှိူက်ကလည်း Prospectus ကို
ရှယ်ယာဝယ်လိုသည့်သူများလက်ထဲသို့အရောက် ဖြန့်ဝေဖို့အားနည်းခဲ့တာမျိုးဖြစ်နိုင်သည်။
ထိုကြောင့် Public Company များသည် ရှယ်ယာဝယ်လိုသူများ အားကိုးအားထားပြုရမည့်Prospectus ကို အားစိုက်၍ဖြန့်ဝေဖို့ဆိုသည့်
ရည်ရွယ်ချက်ထက် Prospectus ကို DICA တွင်တင်ပြမှတ်ပုံတင်ပြီးမှ ရှယ်ယာထုတ်ရောင်းခွင့်ရမည်ဖြစ်သည့်အတွက် တရားဝင်ခွင့်ပြုချက်
ရရန် အစိုးရဌာနတစ်ခုသို့ တင်ပြရမည့်အထောက်အထားတစ်ခုအဖြစ်သာ သဘော
ထားခဲ့သည်ဟု ယူဆရမည်ဖြစ်သည်။ တစ်ကယ်တော့ Prospectus ထုတ်ဝေရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ရှယ်ယာထုတ်ဝေသည့် ကုမ္ပဏီ၏အကြောင်း ရှယ်ယာထုတ်ဝေရခြင်း၏ရည်ရွယ်ချက်တို့ကို မိမိတို့ကုမ္ပဏီ၏ရှယ်ယာကို
ဝယ်ယူရန်စိတ်ဝင်စားသည့် သူများအားအသိပေးရန်ဖြစ်သည်။
ယခုဆိုလျှင် Public Company တစ်ခုအနေဖြင့် ယင်း၏ ProspectusကိုDICAတွင် တင်ပြမှတ်ပုံတင်ရုံတစ်ခုထဲနှင့် ရှယ်ယာ ထုတ်ဝေ ခွင့်မရတော့ပေ။ငွေချေးသက်သေခံ လက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေ ရှိနေပြီဖြစ်သည့်အတွက် ထိုဥပဒေအရ Prospectus ကို DICA အပြင် ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်
ရေးကော်မရှင် (Securities and Exchange Commission of Myanmar) (SECM) ထံသို့
ပါတင်ပြ၍ အတည်ပြုချက်ရယူရန်လိုအပ်လာသည်။ ဤအချက်ကိုကြည့်လျှင် ရှယ်ယာဈေးကွက်အတွက် Prospectus သည် မည်မျှအရေး
ကြီးပြီး မည်မျှအလေးထားရန်လိုကြောင်း သတိပြုနိုင်သည်။ ထိုသို့ဆိုလျှင် Prospectus
တွင် မည်သည့်အချက်များပါဝင်၍ ရှယ်ယာဝယ်လိုသည့်သူကို မည်ကဲ့သို့အထောက်အကူပြုမလဲဆိုသည်မှာ မေးစရာတစ်ခုဖြစ်လာသည်။
Prospectus တွင်ပါဝင်မည့်အခြေခံအကြောင်းအရာများအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှူကော်မရှင် (Myanmar Investment Commission) (MIC) ၏ ခွင့်ပြုမိန့်လိုသောကိစ္စများတွင် MIC
၏ ခွင့်ပြုမိန့်မိတ္တူ ရှယ်ယာထုတ်ရောင်းရခြင်း၏အကြောင်းအရင်း ရှယ်ယာရောင်းချခြင်းမှရရှိလာမည့်ငွေများကိုအသုံးပြုမည့်အစီအစဉ်
ကုမ္ပဏီဒါရိုက်တာများ၏ကိုယ်ရေးရာဇဝင် ကုမ္ပဏီ၏စီးပွားရေးလုပ်ငန်း ကုမ္ပဏီ၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် လမ်းပြမြေပုံ(Road Map)ကုမ္ပဏီ၏ဘဏ္ဍာရေးအခြေအနေ
ဖော်ပြချက် ရှယ်ယာပိုင်ရှင် (Share Holder)များကို အမြတ်ဝေစုခွဲဝေပေးသွားမည့်အစီအစဉ်ကုမ္ပဏီ၏ရှယ်ယာများကိုဝယ်ယူခြင်းအတွက်
အကျိုးအမြတ်လဲရှိနိုင်သလို ဆုံးရှူံးမှူလည်းရှိနိုင်ကြောင်း သတိပေးချက် စသည်ဖြင့်ပါဝင်မည်ဖြစ်သည်။ ထိုကြောင့် Prospectus သည်ရှယ်
ယာဝယ်ယူလိုသူအတွက် အရေးကြီးသည့်သတင်းအချက်အလက်များကို တစ်ထိုင်ထဲနှင့်
ခြုံငုံသုံးသပ်နိူင်အောင် အကျဉ်းချုပ်တင်ပြထားသည့်စာအုပ်ဖြစ်၍ မရှိမဖြစ်လက်ကိုင်ပြုရမည့်စာအုပ်ဖြစ်သည်။ ရှယ်ယာဝယ်ယူလိုသူအတွက်
Prospectus ကိုအသေးစိတ်လေ့လာဖတ်ရှူမည်ဆိုလျှင် မိမိဝယ်ယူလိုသောရှယ်ယာကိုထုတ်ဝေသည့် ကုမ္ပဏီသည်မည်သည့်လုပ်ငန်းလုပ်သည်
မည်သည့်နှစ်တွင်အရှူံးပေါ်ခဲ့ဘူးသည် ဒါရိုက်တာများထဲတွင် နာမည်ပျက်ရှိသူများပါနေသည်ပေးမည့်အမြတ်ဝေစု(Dividend) နည်းသည် ကုမ္ပဏီ၏ရှေ့ဆက်သွားမည့်ရည်မှန်းချက်မခိုင်မာ(သို့မဟုတ်)ကုမ္ပဏီ၏အလားအလာကောင်းသည်နှစ်စဉ်အမြတ်အစွန်းရှိနေသည်အမြတ်ဝေစုပေးမည့်အစီအစဉ်ကိုလည်းသဘောကျသည် ကုမ္ပဏီဒါရိုက်တာများ၏အရည်အချင်းကိုလည်းယုံကြည်သည် စသည်ဖြင့် ရှယ်ယာဝယ်ယူမည့်ဆုံးဖြတ်ချက်ကို အထောက်အကူပြုပေးမည့် အားနည်းချက်အားသာချက်များကိုတွေ့ရမည်ဖြစ်သည်။ ထိုအချက်များကိုအသုံးပြု၍
Public Company တစ်ခု၏ ရှယ်ယာကိုဝယ်ယူရန်ဆုံးဖြတ်ရမည်ဖြစ်သလို Prospectus တွင်ပါဝင်သည့် ရင်းနှီးမြှုပ်နှံသူများသို့အသိပေးခြင်းဆိုသည့်ခေါင်းစဉ်အောက်တွင် ဤအလားအလာညွှန်းတမ်း (Prospectus) တွင် ဖော်ပြပါရှိသည့်အချက်အလက်များသည် ယုံကြည်စိတ်ချရသောနေရာများမှရရှိသော အချက်အလက်များဖြစ်
သော်လည်းအပြည့်အဝပြည့်စုံမှန်ကန်ကြောင်းအာမမခံပါဆိုသောရှယ်ယာထုတ်ရောင်းသည့်ကုမ္ပဏီ၏ ပွင့်ပွင့်လင်းလင်းအသိပေးချက်မျိုးကိုလည်း သတိပြုရန်လိုအပ်ပါသည်။
Prospectus ကိုလေ့လာခြင်းအပြင်အခြားလုပ်ဆောင်နိုင်သည့်ကိစ္စများလည်း ရှိနေပါသေး
သည်။ ကုမ္ပဏီ၏ Official Website ကိုဝင် ရောက်လေ့လာခြင်း ကုမ္ပဏီ၏နှစ်ချုပ်အစီရင်ခံစာ (Annual Report) ကိုရယူ၍လေ့လာခြင်း
ကုမ္ပဏီ၏ဘဏ္ဍ္ဘာရေးအစီရင်ခံစာ (Financial Report) ကိုရယူလေ့လာခြင်းကုမ္ပဏီ၏လက်ရှိဆောင်ရွက်ချက်များကိုလေ့လာခြင်းစသည်တို့
ကိုလည်းလုပ်ဆောင်နိုင်ပါသေးသည်။ ဖော်ပြပါအချက်အလက်များကို ရယူရန်ကတော့ အစဉ်အလာနှင့် ဂုဏ်သိက္ခာရှိသည့် Public Company မှန်လျှင် ယင်းကုမ္ပဏီ၏ Website တွင်အဆိုပါအချက်အလက်များကို တစ်ကမ်ဘာလုံး (World wide)သိရှိရယူနိုင် အောင်လွှင့်တင်ထားမည်ဖြစ်သလို ကုမ္ပဏီသို့လူကိုယ်တိုင်သွားတောင်းလျှင်လည်း Annual Report အပြင် လက်ဆောင်ပါပေးလွှတ်လိုက်မည်ဖြစ်သည်။ ထိုသို့ဘက်ပေါင်းစုံမှ လေ့လာသုံးသပ်ပြီးပြီဆိုလျှင်တော့ မိမိနှစ်သက်သည့် ဝန်
ဆောင်ခအနည်းဆုံးကောက်ခံသည့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (Securities Company) ထံသွား၍ စနည်းနာနိုင်ပါသေး သည်။ Securities Company ၏ Website
မှလည်းအချက်အလက်များရယူနိုင်ပါသေးသည်။ Securities Company ထံမှသိရှိရသည့်
သတင်းအချက်အလက်နှင့် မိမိလေ့လာထားသည့်အချက်အလက်များကို နှိူင်းယှဉ်သုံးသပ်
ပြီးပြီဆိုလျှင်တော့ရင်းနှီးမြှုပ်နှံမှူတစ်ခုပြုလုပ်မည်မပြုလုပ်မည်ကိုဆုံးဖြတ်ချက်ချမှတ်နိုင်ပြီဖြစ်သည်။ ရှယ်ယာဝယ်ယူသူတစ်ဦး၏စိတ်ထဲတွင် စွဲနေအောင်မှတ်ထားရမည့် အရေးအကြီးဆုံးအချက်ကတော့ရင်းနှီးမြှုပ်နှံမှူဆိုင်ရာဆုံးဖြတ်ချက်တစ်ခုအတွက် တာဝန်အရှိဆုံးသူသည် မိမိကိုယ်တိုင်ပင်ဖြစ်သည်ဆိုသောအချက်ပင်။
Reference:
1) The Myanmar Companies Act (U Kyaw
Zay Ya)
2) Fundamentals of Company Functions in
Myanmar (Pe Than Tin)
(7-1-2016)

No comments:

Post a Comment