Twitter Bird Gadget

Friday, January 6, 2017

ဆီးချိုရောဂါအတွက် ကြက်သံပုရာပေါင်း


ဆီးချိုရောဂါအတွက် ကြက်သံပုရာပေါင်း

အခုတလော အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ကြက်သံပုရာပေါင်း အကြောင်းကို မဖတ်ရသေးတဲ့သူများအတွက် ပြန်လည်ရေးသား
မျှေ၀ပေးလိုက်ပါတယ်။
ထိုင်၀မ်နိုင်ငံမှ ဆီးချိုရောဂါဖြစ်နေတဲ့ အသက် ၅၅ နှစ်ရှိ လူတစ်ယောက်ဟာ ဆရာ၀န်ကြီးပေးတဲ့ ဆီးချိုရောဂါဆေးကို သောက်နေတာ ၂ နှစ်လောက် ရှိသွားပါပြီ။

အသက် ၅၇ နှစ်လောက်မှာ မလေးရှားက အမျိုးတွေဆီ အလည်အပတ်သွားတဲ့အခါ သူ့မှာ ဆီးချိုရောဂါရှိနေမှန်းသိခဲ့လို့ သူ့ညီက ကြက်သံပုရာပေါင်းကိုလုပ်ပြီး တိုက်ကျွေးပေးခဲ့တယ်။ ကြက်သံပုရာပေါင်းဟာ ဆီးချိုရောဂါ ၂၅ နှစ်လောက် ဖြစ်နေတဲ့သူတွေတောင် ပျောက်တယ်ဆိုတာ သိခဲ့ရလို့ သူလည်း ယုံကြည်စွာ သောက်ခဲ့တယ်။ ဒီဆေးနည်းဟာ ထိုင်၀မ်ကျွန်းမှာ နေထိုင်နေကြတဲ့ ဟော့ပ်ကင် ( Hokkien ) လူမျိုးတို့ရဲ့ ရိုးရာဆေးနည်းလို့ သိရပါတယ်။

မလေးရှားမှာရှိနေစဉ် ၄ ကြိမ်တိုင်တိုင် သောက်ခဲ့ပါတယ်။ (ကြက်တစ်ကောင်ပေါင်းလျှင် ၅ ရက်ခန့် စားယူရတဲ့အတွက် တစ်လနီးပါးကြာအောင် သောက်ခဲ့တယ်)။ ထိုင်၀မ်ကို ပြန်ရောက်လို့ ဆရာ၀န်ကြီးက ဆေးစစ်ကြည့်လိုက်တော့ ဆီးချိုရောဂါဟာ အတက်အကျလည်း မရှိတော့ဘူး။ ဆေးသောက်စရာလည်း မလိုတော့ဘူးလို့ ပြောပါတယ်။

နောက်ပိုင်းမှာ ဆီးချိုတိုင်းကိရိယာလေးနဲ့ အမြဲတိုင်းကြည့်တော့လည်း ဆီးချိုရောဂါဟာ အတက်အကျလုံး၀မရှိတော့ပါဘူး။ ဒါ့ကြောင့် ကြက်သံပုရာပေါင်းကိုလည်း တစ်လတစ်ကြိမ်ခန့်သာ သောက်ပါတော့တယ်။

အခုဆိုရင် သူဟာ အသက် ၇၁ နှစ်ရှိပါပြီ။ သူ့သားသမီးများရှိရာ ကနေဒါနဲ့ ယူအက်စ်တို့မှာ သွားလာနေထိုင်ရင်း ကျန်းမာပျော်ရွှင်စွာ နေထိုင်နေပါတယ်။

ကြက်သံပုရာပေါင်း ပြုလုပ်နည်း

(၁) အိမ်ကြက်တစ်ကောင်ကို ခြေဖြတ်၊ ခေါင်းဖြတ်ပြီး အတွင်းကလီစာများကို ဖယ်ထုတ်ပါ။

(၂) ရေစင်အောင် ဆေးကြောပြီး ပေါင်းအိုးထဲကို ထည့်ပါ။ (ပုံထဲကအတိုင်း ကြည်ပြီး ပြုလုပ်နိုင်ပါတယ်)

(၃) သံပုရာသီး ၄ လုံးခန့်ကို ၄ စိပ်ခွဲပြီး အစေ့များမဖယ်ပဲ ထည့်ပါ။ ဆားအနည်းငယ် ထည့်ပါ။

(၄) ရေမြုပ်ရုံလေးထည့်ပြီး မီးလျှော့ကာ ၁ နာရီခန့် ပေါင်းပါ။

၄င်းကြက်သံပုရာပေါင်းကို အရည်ကိုလည်း သောက််ပါ။ ကြက်သားအဖတ်ကိုလည်း စားပေးပါ။ သံပုရာသီးအစေ့နဲ့အခွံကြောင့် အရသာက ခါးနေမည်။ သို့သော် ရောဂါအတွက် ဆေးသောက်ရတာမို့ သည်းခံပြီး သောက်ပေးပါ။

ဆီးချိုေ၀ဒနာသည်များအားလုံး ရောဂါကင်းေ၀းပြီး ကျန်းမာပျော်ရွှင်စွာ
နေထိုင်နိုင်ကြပါစေနော်။


No comments:

Post a Comment