ကြယ်ပဲ ကိုမှီဝဲစားသုံးခြင်းမှ ရနိုင်သည့် အကျိုးကျေးဇူး ၁ဝ ချက်
၁။ ကိုလက်စထရောကို လျော့နည်းစေနိုင်ပါသည်။
ကြယ်ပဲကို စားသုံးခြင်းဖြင့် မကောင်းသော ကိုလက်စထရော (LDL) ကို လျော့ နည်းစေပြီး ကောင်းမွန်သော ကိုလက်စထရော (HDL) ကို များလာစေပါတယ်။ မကောင်းသော ကိုလက်စထရော တွေ လျော့နည်းသွားသောကြောင့် နှလုံးသွေးကြောကျဥ်းအပါအဝင် အခြား ကိုလက်စထရောများခြင်းကြောင့် ဖြစ်နိုင်တဲ့ရောဂါများကို ကာကွယ်ပေးရာရောက်ပါတယ်။
၂။ နေထိုင်ကောင်းစေပါသည်။
ကြယ်ပဲစေ့တွင် လူကို နေထိုင်ကောင်းစေပြီး
ဦးနှောက်တွင်း ဥာဏ်လှိုင်းများ စီးဆင်းမှုကို ကောင်းစေသော ဟိုမုန်း (Serotonin) ကို ဖြစ်ပေါ်စေသော ဓါတ်များပါဝင်ပါတယ်။ Serotonin ဟာ ဦးနှောက်အတွင်း ဥာဏ်လှိုင်းများစီးဆင်းမှုကို အားကောင်းစေတဲ့အတွက် ဦးနှောက်ကို ကြည်လင်စေပြီး သင့်ကို စိတ်ဖိစီးမှုမှ လျော့နည်းစေကာ ပျော်ရွှင်မှု၊ တည်ငြိမ်မှုကို ခံစားစေနိုင်ပါတယ်။ ဒါ့အပြင် ကြယ်ပဲ မှာပါဝင်တဲ့Omega 3 က ဦးနှောက်ယောင်ရမ်းမှုကို လျော့နည်းစေနိုင်တဲ့အတွက် ခေါင်းကိုက်ခြင်း၊ စိတ် မတည်မငြိမ်ဖြစ်ခြင်းကို လျော့ကျစေနိုင်ပါတယ်။
၃။ ကိုယ်အလေးချိန်ကျဆင်းစေခြင်း
Serotonin ဟိုမုန်းဟာ သင့်ရဲ ့စားသောက်ချင်စိတ်ကို ထိန်းချုပ်ပေးပါတယ်။ အဲ့ဒီအတွက် အစားအလွန်အကျူးစားခြင်း၊ မလိုအပ်ပဲ၊ဗိုက်မဆာပဲ သရေစာများ တစွတ်စွတ် စားခြင်းကို လျော့နည်းစေပါတယ်။
၄။ ဦးနှောက်ကို ကျန်းမာစေခြင်း
ကျွန်တော်တို့ဦးနှောက်ရဲ ့အစိတ်အပိုင်းတော်တော်များများဟာ အဆီနဲ့ဖွဲ့စည်းထားပါတယ်။ ဦးနှောက်အတွက် ကောင်းမွန်တဲ့အဆီဓါတ်လိုအပ်ပါတယ်။ ဒါမှသာ ဦးနှောက်ကို အလုပ်ကောင်းကောင်းလုပ်စေနိုင်တဲ့အပြင် ဦးနှောက်အတွင်းမလိုလားအပ်သော ယောင်ရမ်းမှုမျာကို လျော့နည်းစေနိုင်ပါတယ်။ အဲ့ဒီအတွက် စိတ်ကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မေ့လျော့ခြင်း စတာတွေကို လျော့နည်းစေပါတယ်။
၅။ နှလုံးကျန်းမာရေးကို ကောင်းစေခြင်း
သွေးပေါင်ချိန်ကို လျော့နည်းစေခြင်း၊ အဆီဓါတ်ကိုလျော့ချပေးခြင်း တို့ကြောင့် သင့်နှလုံးကို ထိခိုက်မှုများမှ ကာကွယ်ပြီးသားဖြစ်သွားပါတယ်။ နှလုံးအပေါ် ဖိအားတွေ လျော့နည်းသွားပါတယ်။
၆။ သွေးထဲမှ သကြားဓါတ်ကို လျော့နည်းစေခြင်း
Omega 3 ဟာ သကြားဓါတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေအတွက်လည်း အထောက်အကူပြုပါတယ်။
၇။ အရိုးကျန်းမာရေးကို ကောင်းစေခြင်း
Omega 3 ဟာ စားလိုက်သောအစာများမှာပါတဲ့ကယ်စီယမ်ဓါတ်ကို စုပ်ယူမှုမှာ အထောက်အကူပြုပါတယ်။ ဒါကြောင့် ကယ်စီယမ်ဓါတ် လျော့နည်းမှုကြောင့် ဖြစ်လာနိုင်တဲ့အရိုးပွခြင်း ကို ကာကွယ်ပေးနိုင်ပါတယ်။
၈။ အမြင်အားကောင်းစေခြင်း
ကြယ်ပဲမှာပါတဲ့ဗီတာမင် E, ဗီတာမင် A နဲ့Omegas ဓါတ်တွေဟာ မျက်လုံးအမြင်ကို တိုးတတ်စေပြီး မျက်စိကျန်းမာရေးကို ကောင်းစေပါတယ်။ ဦးနှောက်ကဲ့သို့ပဲ မျက်လုံးဟာလည်း ကောင်းမွန်တဲ့ အဆီပေါ်မှာမှီခိုနေရပါတယ်။
၉။ အဆစ်များအတွက် ကောင်းမွန်ခြင်း
ယောင်ရမ်းခြင်းကို လျော့ချပေးနိုင်တဲ့ကြယ်ပဲရဲ့ အစွမ်းကြောင့် အဆစ်အမြစ်တွေရဲ့ ယောင်ရမ်းမှုများကိုလျော့ချပေးနိုင်ပါတယ်။ ကြယ်ပဲအဆီနဲ့တွဲပြီးသုံးလျှင် ပိုထူးခြားပါတယ်။
၁ဝ။ အရေပြားနှင့်ဆံပင်အတွက်ကောင်းခြင်း
ကြယ်ပဲဟာ ခန္ဓာကိုယ်အရေပြားမှာ အဆီထွက်ရှိမှုကို ထိန်းချုပ်ပေးတဲ့ အတွက် အရေပြားလျော့တိလျော့ရဲ ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး ရေဓါတ်ခမ်းခြောက်မှုမှလည်းကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် နေပူလောင်ခြင်းမှလည်း ကာကွယ်ပေးပြီး နေပူလောင်သွားသောအသားကို အမြန်ဆုံးပြန်လည် ကောင်းမွန်လာစေပါတယ်။
No comments:
Post a Comment