အော်တိုဂီယာအကြောင်း
********************
ကီလို 100 ကျော်နေရင် အရှိန်ကိုO/D
နဲ့လျှော့ပါ ကီလို60/70 ဆိုရင် အရှိန်ကို2နဲ့လျှော့ပါ Lကတော့ဝိတ်နဲ့အမြင့်တတ်ရင်သုံးပါ...
[ " ကီလို-၁၀၀-အေးဆေးပါ------ဒါပေမယ့်--၁-စက္ကန့်မှာ-၈၈--ပေ--သွားနေတာတော့-သင်သိပါ-" ]
၁-စက္ကန့်မှာ-၈၈-ပေ-သွားနေတာကိုအချိန်မီထိန်းချုပ်နိုင်မှ-ကားတစ်စီးဟာ-ဘေးကင်းစွာရပ်တန့်သွားမှာပါ-
ကားရဲ့လားရာအမှန်ကို-လက်ကိုင်ဂွေကို-ထိန်းချုပ်လို့တစ်မျိုး--ကားမြန်နှုန်းကို-ဂီယာ-ဘရိတ်-များနဲ့စနစ်တကျလည်းထိန်းချုပ်တတ်ရပါသေးတယ်-
အဓိက-ပြောပြချင်တာကတော့-ခုခေတ်ပေါ်လူစီး-ကားအားလုံးနီးပါးမှာ-AT/CVT-စနစ်များနဲ့လာတဲ့-အော်တိုဂီယာ-ဖြစ်လို့သွားပါပြီ-
--ယခင်မော်ဒယ်များမှာ-ပါနေကျ--ဂီယာဘုတံကြီးဘေးနားက--အသီးလေးဖြစ်တဲ့--OverDrive- On/Off--ဆိုတဲ့ဖန်ရှင်လေးကို--
အရှိန်-90/100km--လောက်နဲ့မောင်းနေရင်း--လမ်းရဲ့-curve--တွေ-band ---တွေကိုရောက်လာတဲ့အခါ--ဘရိတ်ကိုအရင်မဖမ်းပဲ--
-O/D --On-Off--ဖန်ရှင်ဘုလေးကို-ဖွင့်လိုက်ပိတ်လိုက်ကစားပြီးမောင်းတတ်ဘို့-ကိုလည်းလက်တွေ့ပြောပြလိုက်ပါတယ်--
-P-နဲ့-R--ကိုထိုးဘို့နှိပ်လိုက်ရတဲ့ဘုအကြီးမဟုတ်ပါ---ဒါနဲ့မမှားပါနဲ့--
အဆိုးဆုံးက-ဒီဘုလေးအလုပ်လုပ်ပုံကိုဘာမှန်းမသိ-ညာမှန်းမသိပဲ--ကိုင်လို့ကောင်း-ကြည့်လို့ကောင်းအောင်--အလှအပအစွပ်တွေစွပ်လိုက်တာဟာလည်း-
စနစ်တကျမောင်းဘို့ကိုသင်ပေးလို့မရတော့ပါဘူး--တတ်နိုင်ရင်လက်ကိုင်ဂီယာတံကိုဘာမှမစွပ်ပါနဲ့--ဟုတ်တယ်ဟုတ်-
********************
ကီလို 100 ကျော်နေရင် အရှိန်ကိုO/D
နဲ့လျှော့ပါ ကီလို60/70 ဆိုရင် အရှိန်ကို2နဲ့လျှော့ပါ Lကတော့ဝိတ်နဲ့အမြင့်တတ်ရင်သုံးပါ...
[ " ကီလို-၁၀၀-အေးဆေးပါ------ဒါပေမယ့်--၁-စက္ကန့်မှာ-၈၈--ပေ--သွားနေတာတော့-သင်သိပါ-" ]
၁-စက္ကန့်မှာ-၈၈-ပေ-သွားနေတာကိုအချိန်မီထိန်းချုပ်နိုင်မှ-ကားတစ်စီးဟာ-ဘေးကင်းစွာရပ်တန့်သွားမှာပါ-
ကားရဲ့လားရာအမှန်ကို-လက်ကိုင်ဂွေကို-ထိန်းချုပ်လို့တစ်မျိုး--ကားမြန်နှုန်းကို-ဂီယာ-ဘရိတ်-များနဲ့စနစ်တကျလည်းထိန်းချုပ်တတ်ရပါသေးတယ်-
အဓိက-ပြောပြချင်တာကတော့-ခုခေတ်ပေါ်လူစီး-ကားအားလုံးနီးပါးမှာ-AT/CVT-စနစ်များနဲ့လာတဲ့-အော်တိုဂီယာ-ဖြစ်လို့သွားပါပြီ-
--ယခင်မော်ဒယ်များမှာ-ပါနေကျ--ဂီယာဘုတံကြီးဘေးနားက--အသီးလေးဖြစ်တဲ့--OverDrive- On/Off--ဆိုတဲ့ဖန်ရှင်လေးကို--
အရှိန်-90/100km--လောက်နဲ့မောင်းနေရင်း--လမ်းရဲ့-curve--တွေ-band ---တွေကိုရောက်လာတဲ့အခါ--ဘရိတ်ကိုအရင်မဖမ်းပဲ--
-O/D --On-Off--ဖန်ရှင်ဘုလေးကို-ဖွင့်လိုက်ပိတ်လိုက်ကစားပြီးမောင်းတတ်ဘို့-ကိုလည်းလက်တွေ့ပြောပြလိုက်ပါတယ်--
-P-နဲ့-R--ကိုထိုးဘို့နှိပ်လိုက်ရတဲ့ဘုအကြီးမဟုတ်ပါ---ဒါနဲ့မမှားပါနဲ့--
အဆိုးဆုံးက-ဒီဘုလေးအလုပ်လုပ်ပုံကိုဘာမှန်းမသိ-ညာမှန်းမသိပဲ--ကိုင်လို့ကောင်း-ကြည့်လို့ကောင်းအောင်--အလှအပအစွပ်တွေစွပ်လိုက်တာဟာလည်း-
စနစ်တကျမောင်းဘို့ကိုသင်ပေးလို့မရတော့ပါဘူး--တတ်နိုင်ရင်လက်ကိုင်ဂီယာတံကိုဘာမှမစွပ်ပါနဲ့--ဟုတ်တယ်ဟုတ်-
ဒီ-ဘုလေး-အဖွင့်အပိတ်ကို--ကီလိုမနဲမများအရှိန်လောက်ရောက်မှ-စမ်းကြည့်ရင်-
သူ့ရဲ့အလုပ်လုပ်ပုံကသိသာစွာတွေ့ရပါတယ်--မြို့ထဲနှေးနှေးမောင်းနေတဲ့အချိန်မျိုးမှာတော့--ထူးခြားတာတွေ့ရမှာမဟုတ်ပါ---
ဟိုက်ေ၀းလမ်းကြောင်းပေါ်မှာ--ကီလို-မနဲမများနဲ့----၉၀-၁၀၀-ကျော်ကျော်လောက်မောင်းနေရင်း--စောစောကပြောပြတဲ့-ဂီယာတံလက်ကိုင်ကြီးအောက်နားက-
ဘေးဘက်မှာရှိတဲ့-ဒီဘုသီးလေးကိုနှိပ်လိုက်ရင်--ဒိုင်ခွက်ထဲမှာ--O/D --On-Off --ဆိုတဲ့လိမ္မော်ရောင်-မီးလေးလင်းလာပါလိမ့်မယ်-
-ဒီအချိန်မှာ--ဒီဖန်ရှင်ကစတင်အလုပ်လုပ်ပါပြီ--
-ကားရဲ့တက်လာတဲ့-Speed--ကို-ကွန်ထရိုးလေးလုပ်လိုက်ပါပြီ--ကား--အရှိန်နှုန်းမြန်လာမှုကို-သတိပေးချုပ်ချယ်လိုက်ပါပြီ-
ဂီယာဘောက်ခေါ်တဲ့ထရန်စမစ်ရှင်းအားကိုးနဲ့အရှိန်အမျိုးမျိုးပြောင်းကာမောင်းနေတဲ့-ကား-အမြန်နှုန်းဟာ-ရုတ်တရက်---စည်း--ကနဲဖြစ်သွားပါပြီ-
-လွတ်လွတ်လပ်လပ်ပေါ့ရွှတ်ရွှတ်ကြီး-နဲ့ပြေးချင်တိုင်းပြေးမနေတော့ပါဘူး--
-ဒီတော့--Over Drive --မဖြစ်အောင်ထိန်းထားပေးတဲ့သဘောလည်းသက်ရောက်သွားပါတယ်--ဒီအချိန်မှာဘရိတ်ကိုလိုအပ်လို့မှေးမယ်-နင်းမယ်ဆိုပါတော့-
အင်ဂျင်ကွန်ထရိုးတစ်ခုက-လိုအပ်သလိုပံ့ပိုးထားလို့--ဘရိတ်အတွက်လည်းအထောက်အကူပြုပါတယ်--
အမြဲတန်း-ဒီဘုလေးကို-နှိပ်ထားပြီးမောင်းရင်လည်းရပါတယ်----ဒိုင်ခွက်ထဲမှာ-လိမ္မော်ရောင်မီးလေးလင်းလာတာကိုမြင်ရပါမယ်---
နိုင်ငံခြားမှာတော့-ဟိုက်ေ၀းလမ်းကိုတက်လိုက်ပြီဆိုတာနဲ့အပြီးနှိပ်မောင်းတယ်လို့သိရပါတယ်--သူ့အဓိပါယ်အရလည်း--အိုဗါဒရိုက်--မဖြစ်အောင်လုပ်ထားပေးတယ်ဆိုပါတယ်-
သူတို့ကတော့-ဆီလေးနဲနဲပိုစားတာကိုဂရုစိုက်ဘို့မလိုဘူးလေ--ဒီမှာက--ဒါမျိုးကိုလုပ်ဘို့အသာထား--ဆီစားသက်သာအောင်-ဘာဂီယာဖြစ်ဖြစ်-
ဖရီးရိုက်နေတာကိုတွေ့နေရပါတယ်----ဂီယာကွန်ထရိုးမပါပဲလွတ်လွတ်လပ်လပ်ကြီးသွားနေတဲ့ကားဟာအလွန်အန္တရာယ်များပါတယ်--
ကားရပ်ဘို့အတွက်-ဘရိတ်တစ်ခုထဲပဲအားကိုးပြုရတော့မယ်--ဒါဟာမကောင်းပါဘူး--
အိုဗါဒရိုက်ကွန်ထရိုးနဲ့သုံးပြီးကားကိုအရှိန်နဲ့မောင်းနေတဲ့အခါ-
-စည်းစည်းလုံးလုံးနဲ့မောင်းနေတာကိုသိရမယ်---ဒါပေမယ့်--ဆီတော့နဲနဲပိုစားပါမယ်----
လမ်းကွေ့တွေ-အစောင်းတွေရောက်တဲ့အခါ--မှာ--ရုတ်တရက်--အရှိန်များသွားတာကိုမခံရပါ--OverDrive--ဖြစ်လာမှာကိုတားဆီးပေးထားတာပါ--
နင်းလိုက်ရင်လည်း--စည်းစည်းလုံးလုံးနဲ့ကားကပြေးမယ်-လီဗါကိုလွှတ်လိုက်ရင်လည်း--ကားက--ဂီယာအောက်တစ်ချက်ကိုဆင်းသွားသလို--ငြိမ့်ကနဲ-
ကွန်ထရိုးအငယ်စားလေး-တစ်ခု၀င်သွားကာ-ထိန်းလို့သိမ်းလို့ကောင်းမယ်ပေါ့ဗျာ--ဘရိတ်အားကိုးနဲ့ထင်တိုင်းမမောင်းရပါဘူး--
ကိုယ်မောင်းနိုင်တဲ့အခြေအနေ-လမ်းအခြေအနေများကိုတွက်ဆကာ--ကိုယ်နိုင်တဲ့ကွန်ထရိုးနဲ့ကားကိုမောင်းရပါတယ်ခင်ဗျာ--
[ ဂီယာတံလက်ကိုင်ဘုပေါ်လက်ကလေးတင်--အော်တိုဂီယာလို့-သဘောမထားပဲ--ဒီ-ဘုသီးလေးကို-လိုအပ်တဲ့အခါ-ဖွင့်လိုက်ပိတ်လိုက်နဲ့မောင်းတတ်ရင်တော့-
အကောင်းဆုံးပေါ့ဗျာ-]
-ကားမောင်းရင်းအပျင်းလည်းပြေတာကိုတွေ့ရမှာပါ--လုပ်စရာအလုပ်တစ်ခုကိုလည်းအမြဲလုပ်ပြီးသားဖြစ်နေတော့--အိပ်ငိုက်လာတဲ့-စိတ်လည်း-
မရှိတော့ဘူးပေါ့--
မောင်းချင်သလိုမောင်း--ကွေ့တွေ-အစောင်းတွေတွေ့တာနဲ့ဘရိတ်ကိုရုတ်တရက်ဖမ်းရင်--ဗဟိုခွါအားတို့--အီနားရှားတို့ဆိုတဲ့သဘောနဲ့ကားကမှောက်တတ်ပါတယ်-
လမ်းကြောင်းလွဲထွက်တတ်ပါတယ်----
မော်တော်ကားရဲ့-ဘရိတ်ဆိုတာ---****ဘီး-၄-ဘီးကိုသာရပ်တန့်စေတဲ့ကိရိယာပါ--****
***ကားတစ်စီးလုံးကိုရပ်တန့်စေတဲ့--အရာ--မဟုတ်ပါ--ဆိုတာကိုလည်း--သိသူအလွန်နည်းပြီး--ဘရိတ်အားကိုးနဲ့မောင်းနေကြသူများနေလို့ပါ--
စောစောကပြောခဲ့တဲ့--အိုဗာဒရိုက်ကွန်ထရိုးဘုအသေးလေးက--နောက်ပေါ်ဇစ်-ဇက်-ဂီယာတံနဲ့လာတဲ့-ကားအချို့မှာတော့သီးခြားပါမလာတော့ပါဘူး--
(3- AT--ပဲရှိတဲ့မီနီထရပ်ခွေးဘီလူးအုပ်စုကားများမှာမပါပါ-)
ဇစ်-ဇက်-ဂီယာတံနဲ့လာတဲ့-ဒီကားမျိုးမှာတော့---D-နဲ့-ကပ်လျက်နေရာမှာ--S--ဆိုပြီးရေးထားပါတယ်--အရှိန်များလာရင်--စောစောကပြောထားတဲ့-ဘုသီးလေးကိုနှိပ်သကဲ့သို့---သဘောထားပြီး-
ဂီယာတံကို-D--နေရာမှ--S--နေရာကို-ရဲရဲတင်းတင်းပြောင်းလိုက်ပါ---ကားအရှိန်က-စနစ်တကျလျော့ကျသွားတာကိုတွေ့ရပါမယ်--ရိုးရိုး-AT-ဂီယာတံက-2-ကိုပြောင်းလိုက်သလိုပါပဲ-
ဒါလည်း--အိုဗါဒရိုက်ကွန်ထရိုးပါပဲ--မိမိထိန်းသိမ်းနိုင်တဲ့အရှိန်ကိုပြန်ရတော့မှ-D-ကိုပြန်ထားလိုက်ပါ--မြေပြန့်လိုခရီးေ၀းသွားရင်-
ဒီလောက်တော့-ကွန်ထရိုးအသီးသီးလုပ်နိုင်ရပါမယ်---ကျန်တဲ့-ဂီယာ-နေရာပြ-2-တို့--L--တို့အကြောင်းကတော့--သာမာန်မောင်းမယ့်သူများအတွက်-နေပြည်တော်လိုမြေပြန့်လမ်းအတွက်-
သုံးစရာမလိုပါ---တောင်ပေါ်/မြေပြန့်-တက်လိုက်ဆင်းလိုက်လုပ်တဲ့အခါမှသုံးရမှာမို့-ခုတော့ရှင်းမပြသေးပါဘူး--ခုပြောနေတဲ့ခေါင်းစဉ်နဲ့မဆိုင်လို့ပါ-
ခုလိုအခါမျိုးခရီးသွားရာသီရောက်လာတာနဲ့အမျှ-အမြန်လမ်းအသီးသီးမှာ-ကားမျိုးစုံ-က-မိုင်နာ-ရော-မေဂျာရော-အက်ဆီးဒင့်ခဏ-ခဏဖြစ်နေကြတာကိုလည်း-
တွေ့နေ-မြင်နေရတော့-ဖြေဖျောက်ဘို့လည်းမလွယ်-မျက်စိထဲတ၀ဲ၀ဲလည်လည်-မြင်ရအားကြီးလို့--မျက်စိနောက်-နားငြီးအောင်သတိပေးစကားပြောကြားနေရတာပါ-
ထပ်မံပြီး-ခု-ဆက်တိုက်ရောက်ရှိလာတဲ့ခေတ်မီကားများအကြောင်းထဲက--ခေတ်မီကိရိယာကွန်ထရိုးများအကြောင်းလည်းပြောပြချင်ပါတယ်-
ဘရိတ်စနစ်များကလည်း--ABS--ဆိုတဲ့--Anti Locked Braking System---များပါလာကြပါတယ်----
ဘရိတ်စနစ်ကိုစပြောပါ့မယ်----ဘရိတ်ဖမ်းလိုက်တဲ့ပုံစံကို-ဘီးကို-လော့ချလိုက်တယ်ပေါ့--ဘရိတ်ကို-လွှတ်လိုက်တယ်ဆိုပါတော့--လော့မချလိုက်တော့ဘူးပေါ့-
ကဲ--အန်တီလော့ဘရိတ်စနစ်ဆိုတာ-ဘာကိုလဲဆိုတော့--ဘရိတ်ကိုရုတ်တရက်-လော့ချလိုက်တာကနေ-ခဏပြန်လွှတ်---ပြီးမှ-တစ်ဘီးချင်းစီကို-
လည်ပတ်နှုန်းမြန်အရ--ဖိအားကိုစနစ်တကျတွက်ချက်လွှတ်ပေးလို့-ဘရိတ်အမိညင်သာသွားပါတယ်-အင်မတန်မြန်တဲ့အချိန်လေးအတွင်းမှာ-ကွန်ပြူတာအာရုံခံ
စနစ်များက-ဘရိတ်ဘူစတာ-ကိရိယာကတစ်ဆင့့်-ဘီးတစ်ဘီးချင်းစီရဲ့-ဟိုက်ဒရောလစ်ပိုက်-အသီးသီးကိုသက်ဆိုင်ရာရှိသင့်တဲ့ဖိအားအလိုက်တွက်ချက်လွှတ်လိုက်ပါပြီ-
ကားတစ်စီးတည့်တည့်မတ်မတ်သွားနေတဲ့ဖြစ်စဉ်တစ်ခုအတွင်းမှာသာ-ဘီး-လေးဘီးကအညီအမျှလည်ပေးပါတယ်--ဒီအချိန်မျိုးမှာ-ဘီး-၄-ဘီးရဲ့-ဘရိတ်ကိုတော့-
အညီအမျှဖမ်းပေးပါလိမ့်မယ်--ဒီအခြေအနေနဲ့-ဒက်စတော့-ဆိုတဲ့-တစ်ချက်ကောင်းအမြန်ဖမ်းခဲ့ရင်-ယခင်ကားဟောင်းများအတွက်စနစ်ဟောင်းနဲ့ဆိုပါက-
ကျွိ-အိ-အိ-ဗျိ---ဆိုတဲ့--လမ်းနဲ့တာယာပွတ်သံကျိမ်းသေထွက်မှာပါ---
လမ်းမှာလည်းမြင်မကောင်း--အောင်--တာယာပွတ်သွားတဲ့လမ်းကြောင်းဟာလည်း-မြွေလိမ်-မြွေကောက်-သဏ္တန်ကျန်ခဲ့မှာပါ--
ကားရပ်သွားပေမယ့်-အိနြေ္ဒပျက်ပါတယ်----ဘရိတ်မိပြီးချိန်-တာယာအားလုံးရပ်ပြီးချိန်ရောက်မှ-ဘရိတ်ဒရွတ်ဆွဲလိုက်တဲ့-အရှိန်နဲ့-ရှေ့က -Object-တစ်ခုခုကို
သွားတိုက်ပါလိမ့်မယ်---ဒီအချိန်မှာကားဟာ-ဘီးတတ်ထားတယ်ဆိုသောငြားလည်း--ဘီးတွေအားလုံးရပ်လျက်အနေထားနဲ့ဖြစ်ကုန်လို့-
-အရာ၀တ္တုတုံးကြီးတစ်ခုလိုဖြစ်သွားပြီး--အီနားရှားသဘောနဲ့ရွေ့မြဲရွေ့နေလိုတဲ့သဘောရှိနေလို့----လမ်းနဲ့-ဘီးရပ်လျက်အနေထားတို့ရဲ့-ပွတ်မှုအနေထားဖြစ်စဉ်များအရ-
တစ်နည်းအားဖြင့်--ဘရိတ်ဖမ်းလိုက်တော့မှ-လမ်းဘေးကိုထိုးကျသွားတာတို့--ရှေ့ကားကိုလွဲသွားပေမယ့်--ဘေးကကျော်တက်လာတဲ့ကားနဲ့-တွေ့သွားကြတာတို့
ဖြစ်ကြရပါတယ်--တစ်နည်းအားဖြင့်-ဘရိတ်အမိကြမ်းခဲ့လို့--ဒရွတ်ဆွဲသွားတဲ့ပြသနာဆိုးကျိုးတစ်ခုပေါ့ဗျာ--ဘီးမလည်တော့-ကားရဲ့လားရာကိုကွန်ထရိုးမလုပ်နိုင်တော့ပါဘူး-
ကွန်ထရိုးမလုပ်နိုင်တဲ့သဘောတရားများကိုပြောပြရရင်--ရှင်းလေရှုပ်လေတော့နဲနဲဖြစ်ပါမယ်-ခုပြောမယ့်သဘောတရားများကို-ဂရုတစ်စိုက်-တော့ရှိလိုက်ပါ-
ကားများမှာရှိတဲ့တာယာပန်းအားလုံးဟာတစ်ပြေးတည်းအထူအပါး-ပုံစံဒီဇိုင်းမရှိနိုင်ပါ--
ဘီးတစ်ဘီးချင်းစီရဲ့ထိတွေ့နေတဲ့-လမ်းမျက်နှာပြင်-အနုအကြမ်းလည်း--မတူနိုင်ပါ--
ဒီတော့-ပွတ်မှုသဘောတရားအရ-
-တာယာမျက်နှာပြင်ကြမ်းနဲ့-လမ်းမျက်နှာပြင်ကြမ်း---ထိတွေ့ပုံကတစ်မျိုး---
-တာယာနုနဲ့-လမ်းမျက်နှာပြင်ကြမ်း-ထိတွေ့ပုံကတစ်မျိုး-
တာယာနုနဲ့လမ်းချောချောက-ထိတွေ့ပုံကတစ်မျိုး-
တာယာကြမ်းနဲ့-လမ်းမျက်နှာပြင်နုနုထိတွေ့ပုံကတစ်မျိုး---ဆိုတဲ့အခြေအနေအမျိုးမျိုးအလိုက်-ဘီးတဘီးချင်းစီရဲ့ဘရိတ်မိပုံမတူနိုင်ပါ--
ဒါကြောင့်လမ်းမှာ--ဘရိတ်ဒရွတ်ဆွဲကြောင်းများက--ရထားသံလမ်းလိုမျဉ်းပြိုင်အနေအထားဘယ်တော့မှမရှိနိုင်တော့ပဲ--မြွေလိမ်မြွေကောက်သဏ္တန်ကျန်ခဲ့တာပေါ့ဗျာ-
ယခင်ကားများက--ပါစကယ်ရဲ့-ဖိအားဆပွားနိယာမကိုအခြေခံထားတဲ့-ဟိုက်ဒရောလစ်ဘရိတ်ပါ--ကောင်းသထက်ကောင်းအောင်-ဘရိတ်ကိုမိသထက်မိအောင်-
ပတ်၀န်းကျင်လေထုအက်တမောစဖီးယားကိုထပ်မံစေခို်င်းဘို့--ဒူရိုဆာဗိုဘရိတ်ဆိုတဲ့စနစ်ကိုလည်းထွင်ခဲ့ကြပြန်တယ်---ဆာဗိုဆိုတဲ့အတိုကောက်ခေါ်တဲ့စနစ်ကို
မှတ်မိကြမှာပါ--နာမည်ကြီး--တိုယိုတာဟိုင်းလပ်--ဒိုင်နာတို့ဆိုတာ--ဘရိတ်အားကိုးနဲ့မောင်းလာကြတဲ့လိုင်းကားများပါ---
ဒါပေမယ့်သူတို့ကားများမှာဘရိတ်ဒရွတ်ဆွဲသွားတယ်ပဲထား--ဘေ့စစ်အခြေခံဆိုတဲ့ကားမောင်းတဲ့နည်းပညာကိုညက်ညက်ညောညောနောကျေနေတဲ့-
ကားမောင်းသူများဆိုတော့---ဘရိတ်ကိုဒီအတိုင်းမဖမ်း--တစ်ဆင့်နိမ့်-ဂီယာဒေါင်းပြီးမှဖမ်းတတ်တဲ့ကောင်းမွန်တဲ့အမူအကျင့်လေးများကိုလည်း-
မူလလက်ဟောင်းဒရိုင်ဗာကြီးများက-အလေ့အကျင့်လုပ်ထားကြပါတယ်---ဒီတော့--ရောက်ရှိဂီယာမှတစ်ဆင့်နိမ့်ဂီယာကိုဒေါင်းလိုက်တဲ့အခြေအနေကိုကြည့်လိုက်တော့--
အင်တီလော့ပါပဲ---အတားအဆီးတွေ့ရင်ရုတ်တရက်ဘရိတ်နဲ့ခဏမှေးလိုက်တယ်-ပြီးရင်အမြန်ဆုံးဂီယာကို-အောက်တစ်ဆင့်ဂီယာသို့-
လီဗါပုတ်ဒေါင်း-ပြီးမှ-ဘရိတ်ကိုအပိုင်ဖမ်းကြပါတယ်-
တစ်ချို့လူများသတိထားမိကြမှာပါ--ကားက-ရုတ်တရက်စက်သံဆူတက်လာပြီး--မြန်နှုန်းက-စည်းစည်းလုံးလုံးကျသွားပါတယ်---တစ်နည်းအားဖြင့်-အတိုင်းအတာတစ်ခုညင်သာပါတယ်-
ဘီးလေးဘီးကိုဘရိတ်ရှုးနဲ့မဖမ်းပဲ-ကားအင်ဂျင်ကွန်ပရက်ရှင်းနဲ့ပြန်လည်ဖမ်းပေးလိုက်တဲ့သဘောပါ--ဒါမှကားတစ်စီးလုံးကိုဘီးအရင်မရပ်စေပဲ-တဖြေးဖြေးချင်းရပ်ပေးမှာပါ-
ခုခေတ်ပေါ်ကားများရဲ့အင်န်တီလော့ဘရိတ်စနစ်ကဘီးအားလုံးကိုအညီအမျှအပိုင်ချက်ချင်းဖမ်းမပေးပါဘူး-
-ဖိလိုက်ပြီးမှနဲနဲချင်းပြန်လွှတ်လိုက်-လိုသလောက်ပြန်ဖမ်းပေးလိုက်-
ဆိုတဲ့အလုပ်ကို--ကွန်ပြူတာအာရုံခံနဲ့ချိန်ညှိလွှတ်နေပါတယ်--ကားအောက်ပိုင်းလုပ်တဲ့အခါဘီးများကိုသေချာစွာလေ့လာလိုက်ပါ-
ဘီးများလည်တဲ့နေရာများမှာအင်န်တီလော့ဘရိတ်အတွက်ဘီးလည်ပတ်မှုအရေအတွက်ကိုတွက်ပေးတဲ့-ပွိုင့်လေးများ--ဆင်ဆာများ-ဆော့ကက်များ-ကိုတွေ့ကြရမှာပါ-
ဒီသဘောတရားကိုမသိတဲ့-အောက်ပိုင်းဆရာများ-အောက်ပိုင်းလုပ်လိုက်တဲ့ကားများကို-ပြန်တတ်ပေးဘို့-ဟိုဆော့ကက်ကျန်-ဟို-ဝါယာကျန်ခဲ့လို့-
အောက်ပိုင်းပြင်လိုက်ခါမှဘရိတ်စနစ်မကောင်းဖြစ်သွားရတဲ့ကားများနဲ့လည်းကြုံခဲ့ဘူးပါတယ်--အနဲဆုံး-ဒိုင်ခွက်ထဲမှာ--ABS--ဆိုတဲ့မီးနီလင်းပြလာလိမ့်မယ်-
ဒါကိုလည်း--AirBag--နဲ့ထပ်ပြီးအမှတ်မမှားနဲ့---
ABS-ကွန်ထရိုးက-နဲနဲလည်တဲ့ဘီးကို-နဲနဲပဲညှစ်--များများလည်တဲ့ဘီးကိုများများညှစ်-
မနဲမများလည်တဲ့ဘီးကိုမနဲမများညှစ်--တတ်နိုင်သလောက်-ဘရိတ်အမိကြမ်းလို့ဘီးတွေဒရွတ်ဆွဲမ
No comments:
Post a Comment