ရခိုင်ပြည်နယ် မောင်တောမြို့နယ်သည် တည်နေရာအရ၎င်း၊သမိုင်းကြောင်းအရ ၎င်း၊ တစ်မူ ထူူခြား သည့် မြို့နယ်တစ်ခုဖြစ်ပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အနောက်ဖက်အစွန် ဆုံးမြို့လည်းဖြစ်သလို နိုင်ငံတော်၏ အနောက်ဖက်တံခါးမြို့လည်းဖြစ်ပေသည်။
မောင်တောမြို့သည် ရခိုင်ပြည်နယ်တစ်ခုလုံးတွင် အခြားမြို့နယ်များထက် လူဦးရေ ထူထပ်ခြင်း၊ ခေါ်တောကုလား အများဆုံးနေထိုင်သောမြို့ဖြစ်ခြင်း၊ လူဦးရေပေါက်ကွဲမှုဖြစ်နေသော ဘင်္ဂလားဒေချ့်နိုင်ငံနှင့် နယ်စပ်ချင်း တစ်ဆက်စပ်တည်းရှိနေခြင်း၊ ခိုးချင်သည့်သူများသည် ဝင်ချင်သည့်အချိန်တွင် အချိန်မရွေးခိုးဝင်နိုင်ခြင်းတို့ကြောင့် တစ်မူထူးခြားနေခြင်းဖြစ်သည်။
လူဦးရေပေါက်ကွဲမှုဖြစ်နေသော တစ်ဖက် ဘင်္ဂလားဒေချ့်နိုင်ငံမှ ရခိုင်ပြည်နယ် မြို့နယ်များသို့ ခိုးဝင်မှုမျာရှိနေသည့်ကို နိုင်ငံတော်က သိရှိထားသည့်အတွက် မြို့နယ်၏လူဦးရေစာရင်းဇယားများ မှန်မှန်ကန် ကန်ရရှိစေရန်အတွက် နယ်အဝေးသို့ ရောက်နေကြသော ဒေသခံပြည်သူများအား လူဦးရေစာရင်း ကောက်ယူချိန်တွင် မိမိတို့်အိမ်သို့ လာရောက်နေထိုင်ကြရန် ရခိုင်ပြည် နယ် ပြည်သူ့ကောင်စီမှ 26.4. 78 နေ့က ကြေငြာချက်အမှတ် ၁/၇၈ ကို၎င်း၊9.5.78 နေ့တွင် ကြေငြာချက်အမှတ် ၂/၇၈ ကို၎င်း၊ ထုတ်ပြန်ပေးခဲ့သည်။
ရခိုင်ပြည်နယ် ဒေသပါတီဥက္ကဌနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မင်းခေါင် တို့သည် နိုင်ငံတော်မှ ရေးဆွဲချမှတ်သော နဂါးမင်း စီမံချက်အောင်မြင်စေရန် ဒေသ ခံပြည်သူ တို့အား နိုင်ငံသားပီပီ မှန်မှန် ကန်ကန် အစစ်ဆေးခံကြရန် ဘင်္ဂလီ ခေါင်းဆောင်များ မော်လဗီဲများ၊ မြို့မိမြိုဖများအား နဂါးမင်း စစ်ဆင်ရေး အကြောင်းကို နားလည် သဘောပေါက်အောင် ရှင်းလင်းပြောကြား ခဲ့သည်။ နဂါးမင်း စီမံချက် ဆောင်ရွက် ခဲ့ရာ တွင် စမ်းသပ်မြို့နယ်အဖြစ် မောင်တောမြို့နယ်လည်း ပါဝင်ခဲ့သည်။
မောင်တောမြို့နယ်တွင် နဂါးမင်းစီမံချက်ကို 1978 - ခု မေလ(5)ရက်နေ့မှ ဇွန်လ (5)ရက် တစ်လ အတွင်း အပြီးဆောင်ရွက်ခဲ့ပါသည်။
နဂါးမင်းစစ်ဆင်ရေးကာလတွင် ဘင်္ဂလားဒေချ့်နိုင်ငံမှ ရခိုင်ပြည်ဖက်သို့ ခိုးဝင်နေကြပြီး အိမ်တည် သားမွေး စီးပွားလုပ်ကာ နေထိုင်ကြသော ဘင်္ဂလီလူမျိုး ခေါ်တောကုလားများသည် အစစ်ဆေး မခံဝံ့ဘဲ ထွက်ပြေးကြရာ မောင်တောမြို့နယ်မြောက်ပိုင်းမှ ကျေးရွာ (၂၀)ကျော်မှာ တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေချ့်သို့ ရွာလုံးကျွတ်ထွက်ပြေးသွားကြသည်။ ယင်းကျေးရွာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ အင်တူလာရွာ ၊ ၂။ တပ်ချောင်းရွာ ၊ ၃။ ကာလာဒေးဗက်ရွာ၊
၄။ ရဲအောင်စံရဖွေရွာ ၊ ၅။ ကြောင်နဖေ ၊ ၆။ ဘောက်ရှူးဖွေးရာရွာ ၊
၇။ လှိုင်သီ ရွာ၊ ၈။ ခမောင်းဆိပ်ရွာ ၊ ၉။ ငါးရန့်ချောင်းရွာ ၊
၁၀။ သစ်တုန်းနာခွဆုံရွာ ၊ ၁၁။ နန်းရာကိုင်းရွာ ၊ ၁၂။ မီးတိုက်ရွာ ၊
၁၃။ တောင်ပြိုလက်ဝဲရွာ ၊ ၁၄။ တောင်ပြိုလက်ယာရွာ ၊ ၁၅။ ကွမ်းသီးပင်ရွာ ၊
၁၆။ သဲချောင်းရွာ ၊ ၁၇ ။ လိပ်ရရွာ ၊ ၁၈။ ကျွန်းပေါက်ဆင်အိုးရွာ ၊
၁၉။ ကျွန်းပေါက်ပြုစုရွာ ၊ ၂၀။ ဇီးပင်ချောင်းရွာ ၊ ၂၁။ ကျောက်ချောင်းရွာ
တို့ဖြစ်ကြသည်။
မောင်တောမြို့ပေါ် ရပ်ကွက်(၅) နှင့် (၆) တို့မှ ရ၅% ရာခိုင်နှုန်းကျော် ဘင်္ဂလီခေါ်တောကုလားများ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားကြပါသည်။ မောင်တောမြို့နယ်တစ်ခုလုံး ထွက်ပြေးသူများထဲမှာ အစိုးရဝန်ထမ်းလုပ်နေသောကုလား (၁၈) ဦး၊ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အရန်ပါတီဝင် (၁၅၉) ဦး တင်းပြည့်ပါတီဝင် (၆၃) ဦး အပါအဝင် ခိုးဝင်ဘင်္ဂလီခေါ်တောကုလား(၁၂၀၃၀၂) ဦး တို့သည် အစစ်ဆေးမခံဝံ့ဘဲ သူတို့၏ မိခင်နိုင်ငံရင်းသို့ ထွက်ပြေး တိမ်းရှောင်သွားကြသည်။
ဟင်္သာစီမံချက်
မြန်မာနိုင်ငံဖက်မှ အစစ်ဆေးမခံဝံဘဲ ထွက်ပြေးသွားသော ဘင်္ဂလီခေါ်တောကုလားဒုက္ခသည် များသည် တစ်ဖက်နိုင်ငံအစိုးရအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့်အတွက် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ဘင်္ဂလားဒေချ့်နိုင်ငံအစိုးရတို့ ၏ နှစ်နိုင်ငံ ညှိနှိုင်းချက်အရ ထွက်ပြေးသွားသူများအား ဟင်္သာစီမံချက်ဖြင့် ပြန်လည်လက်ခံသွားရန် သဘောတူခဲ့ကြပါသည်။ ယင်းကြောင့် လက်ခံရေးစခန်း (၁၀)ခုဖွင့်လျှက် ( 15.9.78 )နှစ်စ၍ တစ်ကြိမ်လျှင် ဘင်္ဂလီခေါ်တောကုလား(၂၀၀၀) စီ လက်ခံခဲ့ပါသည်။
မောင်တောမြိုှု့နယ် လက်ခံရေးစခန်းများမှာ
၁။ ဝေလာတောင်စခန်း ၊ ၂။ တောင်ပြိုလက်ဝဲစခန်း၊ ၃။ တောင်ပြိုလက်ယာစခန်း၊
၄။ ကွမ်းသီးပင်စခန်း၊ ၅။ သဲချောင်းစခန်း၊ ၆။ ဇီးပင်ချောင်းစခန်း၊
၇။ ငါးခူရစခန်း ၊ ၈။ ရွက်ညှိုးတောင်စခန်း ၊ ၉။ မကျည်းချောင်းစခန်း ၊
၁၀။ ပြင်ဖြူစခန်းတို့ဖြစ်ကြသည်။
ထို့အပြင် နောက်ထပ်လက်ခံပေးရသည့် စခန်းများမှာ
1။ တမန်းသားစခန်း ၊ (မောင်တောမြို့နယ်) 2။ ကြိမ်ချောင်းစခန်း ၊(မောင်တောမြိုှုနယ်)
3။ မြင်းလွှတ်စခန်း ၊ (မောင်တောမြို့နယ်) 4။ မောင်တော် (၄)မိုင်စခန်း
5။ မှန်ဇီစခန်း (စစ်တွေမြိုနယ်) 6။ ဂုပ္ပီစခန်း (ဘူးသီးတောင်မြို့နယ်)
7။ ဘူးသီးတောင်မြို့ပေါ်စခန်း ၊ 8။ ဝက်ငါးအောက် (ဘူးသီးတောင်မြို့နယ်)
9။ ညောင်ချောင်းစခန်း (ဘူးသီးတောင်မြို့နယ်) 10။ လောင်းချောင်းစခန်း (ရသေ့တောင်မြို့နယ်)
11။ ရသေ့တောင်မြို့ပေါ်စခန်း 12။ အောင်ဒိုင်စခန်း (စစ်တွေမြို့နယ်)
13။ မင်းဂံစခန်း (စစ်တွေမြို့နယ်) တို့ ဖြစ်ကြပါသည်။
ထွက်ပြေးသွားသော ဘင်္ဂလီခေါ်တောကုလားများအား စီစစ်လက်ခံနိုင်ရန်အတွက် အောက်ပါအဖွဲ့တို့ကို အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်စေခဲ့သည်။
(၁) ပြန်လည်လက်ခံရေးနှင့် နေရာချထားရေးအဖွဲ့ ၊
(၂) ရခိုင်ပြည်နယ် ပြန်လည်လက်ခံရေးနှင့် နေရာချထားရေးအဖွဲ့ ၊
(၃) မြို့နယ်ပြည်လည်လက်ခံရေးနှင့် နေရာချထားရေးအဖွဲ့ ၊
(၄) လက်ခံရေးနှင့် စခန်းကြီးကြပ်ရေးအဖွဲ့များ တို့ဖြစ်ကြသည်။
နိုင်ငံတော် ဗဟိုအဖွဲ့တွင်
(က) ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးစိန်လွင်က ဥက္ကဌအဖြစ်၎င်း၊
(ခ) ဒုဝန်ကြီး ဦးခင်မောင်ရည် က အတွင်းရေးမှူးအဖြစ်၎င်း ၊
ရခိုင်ပြည်နယ်အဖွဲ့တွင်
ပြည်နယ်ပြည်သူ့ကောင်စီဥက္ကဌ က ဥက္ကဌ ၊
ပြည်နယ်လူဝင်မှုနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဌာနမှူးက အတွင်းရေးမှူးး၊
မြို့နယ်အဆင့်တွင်
မြို့နယ်ပြည်သူ့ကောင်စီဥက္ကဌက ဥက္ကဌ ၊
မြို့နယ်လူဝင်မှုနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဌာနမှူးက အတွင်းရေးမှူး
အဖြစ် ဆောင်ရွက်ကြရပါသည်။
ဟင်္သာစီမံချက် ( 1978) ခု သြဂုတ်လ (31) ရက်နေ့မှစ၍ 1980 ပြည့်နှစ် ဇန်နဝါရီလ (5)ရက် နေ့ထိ လက်ခံရေးစခန်းများပိတ်သိမ်းသွားသည်အထိ ဘင်္ဂလီခေါ်တောကုလား လက်ခံပြီးသူ စုစုပေါင်းမှာ အိမ်ထာင်စု (၃၁၅၂၅) စု ၊လူဦးရေ (၁၈၆၉၉၆ ) ဦးဖြစ်ပါသည်။
နဂါးမင်းစစ်ဆင်ရေး ဆောင်ရွက်စဉ်က မြို့နယ်များမှ အစစ်ဆေးမခံဝံ့ဘဲ ထွက်ပြေးသွား သူဘင်္ဂလီခေါ်တောကုလား များမှာ အိမ်ထောင်စု(၁၂၄၆၉) စု ၊လူဦးရေ(၇၉၈၂၃) ဦး သာ ဖြစ်ပါသည်။
တင်ပြသူ
မောင်ဖြူ (ကြွီတဲကျွန်း) 7.7.2014 ၊ 10း35 PM
ကိုးကား။
မောင်တောမြို့နယ် ဖြစ်စဉ်သမိုင်း ၊ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ၊မောင်တောမြို့နယ်ပါတီယူနစ်၊မောင်တောမြို့ (1982)ခု
No comments:
Post a Comment