ကင်ဆာရောဂါ ကြောက်စရာမလို
ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ စိတ်၀င်စားလာအောင် စတင်ဖော်ထုတ် ဆော်ဩခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ “အာလူးစိမ်း” ဖျော်ရည်ပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အာလူးစိမ်း ဖျော်ရည်ကြောင့် ရောဂါ သက်သာ ပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေ ဆီက ကျေးဇူးတင်ကြောင်း ပလူပျံသလို ရောက်လာတဲ့ စာတွေ အရှင်တိုမီဇာ၀ လက်ခံရရှိခဲ့ပါတယ်။ ဆရာတော်က "ဒီနှစ်ထဲမှာ ကင်ဆာ အများအပြားဟာ အာလူးစိမ်းဓါတ်စာကို မှီ၀ဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ သိသိသာသာ သက်သာသွားပြီး သေမင်းနှုတ်ခမ်း၀က ပြန်လာနိုင်ခဲ့ကြပါတယ်"။
အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ်။ ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင် ညှစ်ယူပါမယ်။ အဲဒီအရည် ဖန်ခွက်တစ်ခွက်မှ နှစ်ခွက် နေ့စဉ် မှီ၀ဲသွားမယ်ဆိုရင် အသည်းရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ခါးနာ၊ ပုခုံးနာ၊ ကျီးပေါင်းနာ ရောဂါတွေ ပျောက်ကင်း စေတယ်လို့ဆိုပါတယ်။ ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာများ ရရှိထား တယ်လို့ဆို ပါတယ်။
သာဓကတစ်ခုအနေနဲ့ကတော့ ......
မစ္စတာတီဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး ကင်ဆာကျိတ် ဖြစ်နေပြီး ခွဲစိတ်ကုသပြီး ဓါတ်ကင်ခဲ့ပါတယ်။ သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ်။ သက်ဆိုင်ရာ ဆရာ၀န်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့ မရနိုင်တော့ ဘူးလို့ ဆိုပါတယ်။ အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြားသိရတဲ့အတွက် အရှုံးမရှိဘူးဆိုပြီး သောက်ကြည့်တယ်။ အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ်။ အခုဆိုရင် ကင်ဆာ ကလပ်စည်းတွေ လေှျာ့ကျသွားပြီး ထိန်းချုပ်ထားနိုင် တဲ့အတွက် ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်း လာပါတယ်။ မူလ အလုပ်အကိုင်လည်း ပြန်ပြီးလုပ်ကိုင်နိုင်ပါပြီ ။

သုတေသီ တိုမီဇသက သူ့ရဲ့ “ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း” (The way to healthy life; Cancer not to be feared) ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာ ရောဂါ ခွဲစိတ် ကုသခဲ့သည့် တိုင်အောင် လူနာရဲ့ အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ်။ သူဟာ ကင်ဆာဆေး အဆက်မပြတ် မီှဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့ သတင်းမကြား ရသလောက်ပါပဲ ဒါ့အပြင် ပြင်းထန်တဲ့ ကုထုံးတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ်။ အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း အားအင် ချည့်နဲ့ လာခြင်းတို့ ဖြစ်လာရပါတယ်။ အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြား အားအင်ပြည့်ဖြိုး လာတာတွေ့ရပါတယ်။ အာလူးပင်ဟာ ပင်ကိုယ်က အာဟာရပြည့်၀နေတဲ့ အစာတစ်ခု ဖြစ်တဲ့အတွက် အက ကျိုးမယုတ်ပါဘူး။ သူ့ကို မှန်မှန်မှီဝဲခြင်း အားဖြင့် ကင်ဆာ ကလပ်စည်းတွေကို ဟန့်ထားစေပါတယ်လို့ ဖော်ပြထာားပါတယ်။ အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ်။ ပြီးတော့ အဲဒီအချိန်တို အတွင်းမှာ သူ့ရဲ့ အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ်။ ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့ နာကျင် ကိုက်ခဲမှု ေ၀ဒနာတွေ တစ်စတစ်စ လေှျာ့ပါးသွားပါတယ်။ ခံတွင်းပြန်ပြီး ကောင်းလာမယ်။ အသားအရေ ပြန်ပြီး ကောင်းလာမယ်။
အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့ နောက်တစ်ဦးကတော့ ဒေါက်တာ ကိုင်နိုရှိတ ဖြစ်ပါတယ်။ သူ့အဆိုတွေက “အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းက မဟာပထ၀ီမြေကြီးရဲ့ ပန်းသီး (Apple of the great earth)” လို့ခေါ်ခဲ့ကြောင်း သိရပါတယ် ။
အာလူးမှာ အဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့် ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့ အများဆုံးပါ၀င် ပါတယ်။ ရေှးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်း ဓါတ်စာရည်ကို .. အစာအိမ် အနာပေါက်ခြင်း၊ ၀မ်းချုပ်ခြင်းတွေ အတွက်ပေးရကြောင်း ဖော်ပြထားပါတယ် ။
ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်ခြင်းနှင့်ပါတ်သက်ပြီး အာကိတ တက္ကသိုလ် ဆေးသုတေသန ဌာနက ပါမောက္ခ ကာဂါမိ ကပြောကြားရာမှာ “ကင်ဆာကလပ်စည်းကို ထိန်းချုပ်စေတဲ့ ဓါတ်ကိုရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ်။” အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာ ကောင်းမွန်ကြောင်း တွေ့ရပါတယ်။ သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ (International Cancer Society Conference)မှာ ဖတ်ကြား တင်သွင်းခဲ့ပါတယ် ။
နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲ လွယ်ကူပါတယ်။ အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင် ဆေးပါ။ အခွံမနွှာရပါ။ အစို့ပေါက်လေးများ ရှိရင် ဖယ်ရှားပေးပါ။ ပြီးလှျင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ။ ပြီးက အဲဒီ အစလေးများကို သန့်ရှင်းသော ပိတ်စိမ်းပါးစဖြင့် ထုပ်ပြီး (အုန်းနို့ညှစ်သကဲ့သို့) အရည်ညှစ်ယူပါ အဲဒီအရည်ကို ခွက်ထဲမှာ ထည့်ပြီး အရသာ ကောင်းအောင် ပျားရည်နဲနဲ ရောစပ်ပြီး သောက်ပါ။ အဲဒီ အာလူးအရည်ကို နံနက်တိုင်း တစ်ခွက်နှုန်းဖြင့် သောက်ပေးနိုင်ပါတယ်။
ဖြန့်ဝေသူ၏ အမှာစကား
ယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျ များသော ရောဂါ ဖြစ်ပါသည်။ ကင်ဆာရောဂါ ပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး နိုင်ငံခြားဖြစ်ဆေး အမြောက်အများ ပေါ်ထွက် လျှက်ရှိပါသည်။
ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ေ၀ဒနာရှိခြင်း ဖြစ်ပါသည်။ မိမိပြုသော ကုသိုလ် အကုသိုလ် အစုစုတို့သည် သံသရာ ပြန်၍ တစ်ဖန် လည်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် စိတ်ဓါတ်မကျဘဲ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ၊ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည် ဖြစ်ပါသည်။ မိမိ၏ ကုသိုလ်ကံတရား အကျိုးပေးသော် မိမိနှင့် ကိုက်ညီသော ဆေးဝါးများ၊ ဆရာသမားများ (အနာနှင့် ဆေးတည့်သော်) တွေ့ကာ ရောဂါအမြစ်ပြတ်ကာ (လုံးဝ)အရှင်း ပျောက်ကင်းချမ်းသာ နိုင်ပါသည်။
သို့ဖြစ်ရာ အထက်တွင် ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည် ကုန်ကျစရိတ် နည်းပါးသည့် အပြင် ပြုလုပ်ရန် နည်းလမ်းသည် အလွန်ရိုးရှင်းပါသည်။ လူသားတို့ စားသုံးသော သဘာ၀ ဓါတ်စာဖြစ်သည့် အတွက်ကြောင့် ဘေးထွက်ဆိုးကျိူးမရှိပါ။ ထို့ကြောင့် ရောဂါေ၀ဒနာရှင်များ လက်တွေ့အသုံးချ နိုင်ရန် အကျိူးငှာ ဤဆေးနည်းအား တဆင့်ပြန်လည် ဝေငှပေးခြင်း ဖြစ်ပါသည်။

No comments:
Post a Comment