Twitter Bird Gadget

Sunday, November 1, 2015

ရှင်တို့ပြောတာဟုတ်ရဲ့လား

ကျွန်မက အာဏာမက်တယ်ဆို
လိုချင်ခဲ့တဲ့ အာဏာက
ပြည်သူတွေအတွက်ပါ 
ရှင်တို့ပြောတာ ဟုတ်ရဲ့လား
ကျွန်မက တိုင်းပြည်ကို
ဖျက်မယ့်မိန်းမဆို
ကျွန်မကြောင့်ဘာတွေပျက်ခဲ့သလဲ
ရှင်တို့ပြောတာ ဟုတ်ရဲ့လား
ကျွန်မက ရခိုင်ကိုသွားရင်
အသတ်ခံရမယ်ဆို
ရခိုင်တွေယဉ်ကျေးလိုက်တာမှတအား
ရှင်တို့ပြောတာ ဟုတ်ရဲ့လား
ကျွန်မက
လက်ပံတောင်းတောင်ကိစ္စ
မလုပ်ဘူးဆို
လျော်ကြေးနဲ့နိုင်ငံရပိုင်ခွင့်တွေ တိုးလာတယ်လေ
ရှင်တို့ပြောတာ ဟုတ်ရဲ့လား
ကျွန်မကဘင်္ဂါလီတွေကို
ကာကွယ်ပေးတယ်ဆို
ဘင်္ဂါလီဘယ်နှစ်ယောက်လောက်
ကျွန်မဝင်ခွင့်ပေးခဲ့လဲ
ရှင်တို့ပြောတာ ဟုတ်ရဲ့လား
ကျွန်မကစစ်သားတွေကို
မုန်းတယ်ဆို
ဖေဖေကိုယ်တိုင်က
စစ်သားကြီးပါ
ရှင်တို့ပြောတာ ဟုတ်ရဲ့လား
ကျွန်မသမ္မတဖြစ်ရင်
ကုလားတွေနေရာရမယ်ဆို
NLD အမတ်လောင်းတွေထဲမှာ ကုလားမပါပါဘူး
ရှင်တို့ပြောတာ ဟုတ်ရဲ့လား
ကျွန်မကိုယ်တိုင်က
အနမ်းခံချင်နေတာဆို
ကြီးကြီးငယ်ငယ် ကျား မ မရွေး
ကျွန်မပါးကိုနမ်းကြတာပါ
ရှင်တို့ပြောတာ ဟုတ်ရဲ့လား
ကျွန်မကနေရာရရင် တိုင်းပြည်ကိုရောင်းစားမယ်ဆို
သစ်တစ်တုံး ကျောက်တစ်တုံး
မရောင်းဖူးပါဘူး
ရှင်တို့ပြောတာ ဟုတ်ရဲ့လား
ကျွန်မကအသက်ကြီးပြီဆို
သူတို့တွေရောဘယ်မှာ
အသက်ငယ်လို့လဲ
ရှင်တို့ပြောတာ ဟုတ်ရဲ့လား
ကျွန်မက အတ္တကြီးတယ်ဆို
ကိုယ့်အတွက်ဘာတွေများ
လုပ်နေမိလို့လဲ
ရှင်တို့ပြောတာ ဟုတ်ရဲ့လား
ကျွန်မကမိန်းမရိုင်းကြီးပါဆို
ဘယ်သူ့ကိုဘယ်နေရာမှာ
ဆဲဆိုခဲ့ဖူးလဲ
ရှင်တို့ပြောတာ ဟုတ်ရဲ့လား
ကျွန်မက မဖြစ်နိုင်တာတွေ
ပြောတယ်ဆို
အပြောနဲ့အလုပ်မညီတာဘာရှိလဲ
ရှင်တို့ပြောတာ ဟုတ်ရဲ့လား
ကျွန်မကအပစ်ရပ်
ငြိမ်းချမ်းရေးအတွက်အရှုပ်ဆို
အခုလက်မှတ်ထိုးပြီးသွားကြပြီလေ
ရှင်တို့ပြောတာ ဟုတ်ရဲ့လား
ကျွန်မက နိုဘယ်လ်ဆုနဲ့
မထိုက်တန်ဘူးဆို
ပေးဆပ်ခဲ့ရတာတွေအများကြီးပါ
ရှင်တို့ပြောတာ ဟုတ်ရဲ့လား
ကျွန်မက ရိုသေကိုင်းရှိုင်းမှုနည်းတယ်ဆို
လူသွားလမ်းပေါ်တောင်
ဘုန်းကြီးကိုကန်တော့တာပါ
ရှင်တို့ပြောတာ ဟုတ်ရဲ့လား
ကျွန်မက သာသနာဖျက်မယ့်
မိန်းမကြီးဆို
ဘုရားဖြို သိမ်ဖျက် ဗလီတက်
မလုပ်ခဲ့ပါဘူး
ရှင်တို့ပြောတာ ဟုတ်ရဲ့လား
ကျွန်မကအခွင့်ထူးခံလူတန်းစားဆို
သီးသန့်လေယာဉ်နဲ့ခရီးသွားတာ
မရှိခဲ့ပါဘူး
ရှင်တို့ပြောတာ ဟုတ်ရဲ့လား
ကျွန်မက မက်လုံးတွေပေးပြီး
မဲဆွယ်တယ်ဆို
နဖူးစီးတွေ ထီးတွေ အကျႌတွေ
ဘယ်သူ့ကိုပေးခ့ဲလဲ
ရှင်တို့ပြောတာ ဟုတ်ရဲ့လား
ကျွန်မက ဗိုလ်ချုပ်အောင်ဆန်း သမီးမို့လို့ပါဆို
ကိုအောင်ဆန်းဦးကို
ဘယ်သူလက်ခံလဲ
ရှင်တို့ပြောတာ ဟုတ်ရဲ့လား
ကျွန်မကသားတွေကိုတောင်
သံယောဇဉ်မရှိဘူးဆို
သားသမီးကိုမချစ်တဲ့မိဘက
ဘယ်မှာရှိလဲ
ရှင်တို့ပြောတာ ဟုတ်ရဲ့လား
ကျွန်မကိုပြောနေကြတဲ့စကားတွေ
ကျွန်မပြန်ကြားနေရတဲ့စကားတွေ
ရှင်တို့ပြောတာ ဟုတ်ရဲ့လား
ရာစုသစ်

No comments:

Post a Comment