Twitter Bird Gadget

Tuesday, September 8, 2015

တူမောင်ကြီးသိန်းစိန်သို့ ပေးစာ - ၁၁



သို့...
တူမောင်ကြီး သိန်းစိန်

ဘကြီးစာရေးလိုက်တယ်
အကြောင်းကနဲနဲ ထူးတယ်ကွယ့်

မင်းကြီးဒေါ်က ရခိုင်၊ မြောက်ဦးက ဘုရားဖူးချင်တယ်ဆိုလို့ ဘကြီးလိုက်ပို့ဖြစ်တယ်..
အဲဒီမှာ အသိအိမ်တအိမ် ဝင်တည်းနေတုန်း ရဲတွေလာစစ်ကြတယ်ကွယ့်

ဘကြီးတို့က လင်မယားဟုတ်ရဲ့လား၊ ဘာညာနဲ့ ဟိန်းဟောက်နေလိုက်တာများကွယ် ငယ်ငယ်က ခွေးလိုက်ဆွဲခံရတဲ့အတိုင်းပဲ..

ဘကြီးကတော့ မကြောက်ပါဘူးကွယ်..
ဟုတ်တဲ့အကြောင်း ပြန်ပြောလိုက်တော့ မယုံသင်္ကာနဲ့ ကြည့်နေတာနဲ့ ဘကြီးက လှန်ပြလိုက်မှပဲ ယုံသွားတယ်ကွယ့်...

မှတ်စုစာအုပ်ထဲက မင်္ဂလာဆောင်တဲ့ ရက်စွဲပါကွယ်...

ငါ့တူကြီး ဝန်ထမ်းတွေက အတော်တာဝန်ကျေတာကိုးကွယ့်..
တအိမ်တက်ဆင်း လိုက်စစ်နေကြတာ မသိရင် ပိုက်ဆံလိုက်ရှာနေကြသလိုပဲကွယ်...
တက်ကြွနေလိုက်ပုံများ နွားတွေ စားကျက်ထဲလွတ်လိုက်သလိုပဲကွယ်...

အဲဒီ ရခိုင်မှာပဲ ငါ့တူကြီးတို့ နိုင်ငံသားပေးထားတဲ့ ဘင်္ဂလီတွေ မနည်းမနောပါလားကွ...
ဘကြီးက အဲလောက်မများဘူးထင်ထားတာ
ကိုယ်တိုင်မျက်စိနဲ့မြင်ရမှ ယုံတော့တယ်ကွယ်


ဒါ့ကြောင့်လည်း ငါ့တူကြီးက ရခိုင်ကို အပိုင်တွက်ထားတာကိုးကွယ့်.. ငါ့တူကြီးတို့ ကြံ့ဖွတ်ပါတီဝင်အင်အားမှာတင် ကုလားက ၅ သောင်း ရှိပြီဆိုမှတော့ မဲဆွယ်စရာ ဘာလို့တော့မလဲကွယ်..

အကုန်လုံးက ငါ့တူကြီးပေးထားတဲ့ နိုင်ငံသားကတ်၊ အစိမ်းကတ်လေးတွေနဲ့ ဆိုတော့ ငါ့တူကြီးမှ ငါ့တူကြီးပဲဟေ့...

ငါ့တူကြီးတို့ကြောင့် ကုလားတွေ ပေါလာတယ်၊ နိုင်ငံသားရကြတယ်၊ ခိုးဝင်ခွင့် ရလာတယ်၊ နောက်ဆုံး လွှတ်တော်ထဲရောက်တယ်၊ မဲပေးခွင့် ရကြတယ်...

ဒါနဲ့တောင် ကုလားအားပေးဆိုတဲ့ ခေါင်းစဉ်က တဖက်ပါတီကို ရောက်သွားတာ အတော်အံ့သြဖို့တော့ ကောင်းတယ်နော်...

ငါ့တူကြီးတို့ လိမ်ကြတာကတော့ထားပါ၊
ယုံတဲ့လူတွေကို ဘကြီးအံ့သြတာပါ...
ခွေးတောင်မှ ရန်သူနဲ့ မိတ်ဆွေ ကွဲပါတယ်ကွယ်

ဒီကောင်တွေက ဘယ်သူလုပ်တာလဲ သိသိကြီးနဲ့ တလွဲအပြစ်တင်နေကြတာတွေ့ရတော့ ခွေးတွေလောက်တောင် ဦးနှောက်မကောင်းဘူး ပြောရမလား မသိပါဘူးကွယ်...

ဘာပဲဖြစ်ဖြစ် အဲဒီလို ထင်အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ငါ့တူကြီးရဲ့ ကလိမ်ကကျစ်ပညာကိုတော့ ဘကြီးလေးစားမိတာအမှန်ပဲကွယ့်..

မြန်မာပြည်မှာ အဲလောက် နုံအတဲ့လူတွေရှိပါသေးလားဆိုပြီးလည်း စိတ်မကောင်းတော့ ဖြစ်မိပါတယ်...

တနေ့ကလည်း ဧရာဝတီတိုင်းထဲက ရုပ်စိုင်ဆိုတဲ့ရွာက ဘကစာသင်ကျောင်းကိစ္စမှာ မဆီမဆိုင် NNER နဲ့ ဗကသ၊ တကသ ကျောင်းသားတွေကို ထိုင်ဆဲနေကြတာ အံ့ရောကွယ်...

ဖြစ်စဉ်က ငါ့တူကြီးတို့ ဖွင့်ပေးထားတဲ့ အထကကျောင်းအသစ်မှာ ပိုက်ဆံအကုန်ခံပြီး မတက်ကြပဲ အလကားတက်ရတဲ့ ဘုန်းကြီးကျောင်း သွားတက်နေကြလို့ အာ့ဘုန်းကြီးကျောင်းကို ပိတ်ပစ်တာပါကွယ်...

ဟုတ်တယ်လေကွယ်.. ဒါပိတ်သင့်တယ်ကွယ့်
ငါ့တူကြီးတို့ ဆောက်ပေးထားတဲ့ကျောင်းမှာ ငွေသွင်းပြီး တက်ပေါ့ကွယ်...

ဘာကိစ္စ အလကားရတဲ့ ဘုန်းကြီးကျောင်းသွားတက်နေကြသတုန်း...
ဒါသက်သက် အဆိုးရကို အကြည်ညိုပျက်စေတာကွယ့်..

အကုန်ဖမ်းပြီး ထောင်ချပစ်ရမှာကွယ့်..
ဒီကျောင်းသား ၂၀၀ လုံး ကျောင်းထွက်သွားတာ ဘာအရေးလဲကွယ်..

မြန်မာပြည်မှာ ကျောင်းနေအရွယ်ကလေးတွေ ကျောင်းမနေရတာ သိန်းနဲ့ချီရှိနေတာပဲကွယ်...

ဒါဘာ ဂရုစိုက်စရာလိုလို့လဲ..
စာတတ်ချင်ရင် အဆိုးရကျောင်းတွေမှာ ငွေသွင်းပြီး တက်ကြပေါ့.. ငွေမသွင်းနိုင် မတက်နဲ့ပေါ့ကွယ်...

မိဘပြည်သူတွေ လုပ်နေပြီး ကိုယ့်ကလေးကိုယ် ကျောင်းမထားနိုင်ကြတာကတော့ ဒါပြည်သူတွေ ညံ့တာကွယ့်...

ငါ့တူကြီးတို့က တာဝန်ကျေပါတယ်ကွယ်..

အော်.. ငါ့တူကြီးကို အကြံပေးရအုံးမယ်
အခု ငါ့တူကြီးရဲ့ ဆရာသမားဖြစ်တဲ့ မောင်သန်းရွေှက ဘုန်းကံကြီးတဲ့ ဘုရင်တဲ့ကွယ့်

ဘုရား ဗျာဒိတ်တော်ထားခဲ့သလို နေပြည်တော်ကိုတည်ထောင်နိုင်ခဲ့တာဆိုပဲ..
မောင်တင်အေးသား ဂျာနယ်မှာပါလာသကွယ့်

အဲဒါဟုတ်လောက်တယ် ငါ့တူကြီးရေ
ငါ့တူကြီးတောင် ဒီလောက်ဘုန်းကြီးနေတာ ငါ့တူကြီးဆရာဆိုရင် ပိုပြီးဘုန်းကြီးမှာပေါ့ကွယ်

ဘုရားရှင်ကို အံတုပြီး သံသရာတလျှောက်လုံး ဒုက္ခပေးလာတဲ့ ဒေဝဒတ်တောင် တန်ခိုးကြီးသေးတာပဲကွယ်.. ငါ့တူကြီးတို့ဆရာတပည့် ဘုန်းတန်ခိုးကြီးတာ ဘာဆန်းတာမှတ်လို့...

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ကျော်က ဂေါတမမြတ်စွာဘုရားနဲ့အပြိုင် ဘုရားတွေပေါ်ခဲ့ဖူးတယ်ကွယ့်

တိတၳိတွေကလည်း သူတို့ကိုယ်သူတို့ ဘုရားလို့ဆိုကြလေတော့ မောင်သန်းရွေှကို ဗျာဒိတ်ပေးတာ သူတို့ပဲရှိမှာပေါ့ကွယ်

လက်ဝဲရံ ရှင်မောဂ္ဂလန်ကို ရိုက်သတ်ဖို့ ခိုးသားငါးရာကို လက်ထောက်ချတဲ့ သူတွေရယ်၊ စိဉ္ဇမာန ဆိုတဲ့ မိန်းမယုတ်ကို ဗုဒ္ဓအသရေဖျက်ဖို့ ခိုင်းစေခဲ့တဲ့ သူတွေရယ်...
သူတို့တွေကလည်း သူတို့ခေါင်းဆောင်ကို ဘုရားလို့ပြောကြလေတော့ ဘကြီးထင်တာမမှားဘူးဆိုရင် ငါတူကြီးရဲ့ဆရာ မောင်သန်းရွေှကို ဗျာဒိတ်ပေးတဲ့ ဘုရားဟာ အဲ့ဘုရားပဲဖြစ်မှာပါကွယ်

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီခေတ်အခါတုန်းကလည်း သူယုတ်တို့ရဲ့ ဘုရားအဖြစ် နာမည်ကြီးခဲ့တဲ့သူရဲ့ ဗျာဒိတ်ကိုရခဲ့တဲ့ မောင်သန်းရွေှကလည်း သူတို့အဖွဲ့ဝင်ဖြစ်ခဲ့မှာပဲကွယ့်

အခုငါ့တူကြီးကလည်း မောင်သန်းရွေှအမွေကို လက်ဆင့်ကမ်းထားတာဆိုတော့ အဲဒီကတည်းက တပည့်ကျော်ဖြစ်ခဲ့တာ နေမှာပေါ့ကွယ်

ဘယ်လိုပဲဖြစ်ရဖြစ်ရ ဘုရင်ဖြစ်ရဖို့အရေးကြီးသကွယ့်
ခွေးဖြစ်တော့လည်း ခွေးဘုရင်ပေါ့ကွယ်
ဘာအားငယ်စရာရှိတာမှတ်လို့
စားခွက်လုလိုက်
အနိုင်ယူလိုက်
ကိုက်ချလိုက်နဲ့ ဘယ်လောက်ဂုဏ်ယူစရာကောင်းသလဲကွယ်

ငါ့တူကြီးဆရာ မောင်သန်းရွေှဆိုရင် ငါ့တူကြီးထက်တောင်မှ စားမာန်ခုတ်ခဲ့ရမှာကွယ့်..

အခုသူစားလို့ဝမှ သားရေချပ်လေး ငါ့တူကြီးလက်ထဲရောက်လာတယ်လို့ သဘောထားပေါ့ကွယ်..
ဘကြီးက မြင်သာအောင် ဥပမာပြောတာပါကွယ်

ငါ့တူကြီးကို ခွေးနဲ့နှိုင်းတာမဟုတ်ပါဘူး
အလိုလိုနေရင်း ခွေးတွေအနေခက်နေမှာပေါ့ကွယ်

ငါ့တူကြီးကို ခွေးတွေနဲ့နှိုင်းလို့ မနှိုင်းကောင်းလို့ဆိုပြီး ခွေးတွေအကုန်မိုးကြိုးပစ်ချလိုက်လို့ နေရင်းထိုင်ရင်း ငါ့တူကြီးပါရောပါသွားရင် ဘကြီးပဲရင်ကျိုးရမှာကွယ့်...

ဘကြီးတော့ ငါ့တူကြီးကို အဆုံးအရှုံးမခံနိုင်ပါဘူးကွယ်..

ဘယ်သူတွေ ဘယ်လိုပြောနေနေ ဘကြီးငါ့တူကြီးကို စိတ်မပျက်ပါဘူးကွယ်

ဒါနဲ့ ဘကြီးတခုပြောရအုံးမယ်ကွယ့်
ဘကြီးတို့ သာသနာအရေးပါကွယ်

အသက်ကြီးပြီဆိုတော့ ဘုရားရိပ်တရားရိပ်မှာ အေးအေးချမ်းချမ်းနေချင်ပြီကွယ်

အဲဒါနဲ့ တောထွက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ပြန်တော့ မင်းကြီးဒေါ် ဘကြီးမိန်းမက ခေါ်မရပြန်ဘူးကွယ့်
အတော်ဂွကျ သကိုးကွယ့်

အဲဒါနဲ့ ညတရားပွဲလေးတခု လိုက်သွားလိုက်တာ
အတော်မောသွားတယ်ကွယ်

ဟောတဲ့ဘုန်းကြီးကိုယ်တိုင် လက်ခုပ်တီးပေးနေတာနဲ့ ဘကြီးလဲ ပိုစည်ကားသွားအောင်လို့ ထကပြီး ပြန်လာခဲ့လိုက်တယ်

ဘကြီးကတော့ သဘောကျသဟေ့

ဘကြီးက အသက်ကြီးပြီဆိုတော့ ဒုန်းဒုန်းဒိုင်းဒိုင်းတွေ နားထောင်ချင်ပေမယ့် အများအမြင်မတင့်တယ်ဘူးလကွယ်

တရားပွဲမသွားဘူးလား
ဘုန်းကြီးကျောင်းသွားသင့်ပြီ
ဘုရားတရားလုပ် ဆိုပြီး ခွဲခြားခွဲခြားလုပ်ချင်ကြတာကွယ့်

ဟော အခုလို
မောင်ဘသိုးတို့ တရားပွဲက မြူးမြူးကြွကြွလေးဆိုတော့ ဘကြီးအကြိုက်ပေါ့ကွယ်

ဘုရားစကားနားထောင်နေကြတာပဲကွယ်
သာသနာကို သူ့သားတွေပဲဖျက်မှာလို့ ဟောထားပြီးသားမို့ အခုလို ဦးလည်မသုန် နာခံပြီးကျင့်သုံးဖျက်စီးနေတာ ဘယ်မှာမှားလို့ကွယ်

ငါ့တူကြီးတို့အနေနဲ့လည်း ကိုယ့်အာဏာကို ထိခိုက်နေတာမျိုးမဟုတ်တဲ့အတွက် ခွင့်လွတ်လိုက်ပါကွယ်

ငါ့တူကြီးတို့ အပင်ပန်းခံပြီး ဖျက်နေစရာမလိုပါဘူးကွယ်
သူ့စရိတ်နဲ့သူ သွားပါလိမ့်မယ်

KTV တွေ၊ မာဆတ်တွေတောင် လွှတ်ပေးထားတာ ဒါမျိုးတော့ ထည့်တွက်မနေပါနဲ့ကွယ်

သစ္စာတရားတွေ၊ အမှန်တရားတွေ ဟောနေကြရင်တော့ ပိတ်သာပိတ်ကွယ့်

မဟုတ်ရင် အဲဒီတရားပွဲတွေက မေတ္တာထိုင်ပို့နေကြတော့ ငါ့တူကြီးတို့အဆိုးရအဖွဲ့ကို မေတ္တာစူးသကွယ့်

အခုလို အကုသိုလ်များနေကြတော့ ဘယ်မှာမေတ္တာစူးကြတော့မလဲကွယ်
သူတို့အကုသိုလ်နဲ့ သူတို့တောင် မအားကြဘူးကွယ့်

သာသနရေးအတွက် ဆရာ၊ ဒကာစီမံချက်နဲ့ လုပ်ဆောင်နေကြတဲ့အတွက် ဘကြီးအားရသကွယ်

ဆရာဖြစ်တဲ့ဘုန်းကြီးတွေကလည်း ဖျက်
ဒကာဖြစ်တဲ့ ငါ့တူကြီးတို့ကလည်း ဖျက်ဆိုတော့ ဒီသာသနာက ဘာမို့ခံနိုင်မလဲကွယ်

ဘကြီးတို့ရဲ့ အမျိုးဘာသာ သာသနာက ငါ့တူကြီးတို့လက်ထပ်မှ မပျက်ရင် ပျက်ဖို့အတော်ခက်သွားမယ်ကွယ့်

ဖျက်သာဖျက် ငါ့တူကြီးရေ
ဂျပန်မှာဆို ဘုန်းကြီးတွေ မိန်းမယူနေကြပြီဆိုလားကွယ့်
အမှီလိုက်ဖို့ မြန်မြန်ဖျက်ကြကွယ့်

ဆဲဆိုကြိမ်းမောင်းပြီး သစ္စာတရားမဟောပဲ လူအလုပ်လုပ်နေတဲ့ ဘုန်းကြီးမျိုးကို မြှောက်စားထားကွယ့်

လောကအမှန်တရားတွေ၊ သစ္စာတရားတွေဟောနေတဲ့ဘုန်းကြီးတွေကို အကြောင်းတခုခုရှာပြီး ထောင်ချ၊ လူဝတ်လဲထားလိုက်ပါကွယ်

မဟုတ်ရင် ငါ့တူကြီးတို့အဆိုးရရဲ့ မကောင်းကွက်တွေကို မြင်သိလာတော့ အကုသိုလ်များလွန်းလို့ပါ

ဘကြီးတို့လည်း အခုလို တရားပွဲလေးရှိမှပဲ ဆိုရ ကရ နန့်ရ တော့တယ်ကွယ်

ကျေနပ် အားရလိုက်ပါဘိ

ကဲကဲ.. ဘကြီးလည်း မောင်ဘသိုးရဲ့ တရားတပုဒ်လောက်ဖွင့်ပြီး ကလိုက်အုံးမယ်ကွယ်

ငါ့တူကြီး ကျမ္မာချမ်းသာပါစေကွယ်

ငါ့တူကြီးရဲ့ တောကဘကြီး
Yae TayZa

No comments:

Post a Comment