Twitter Bird Gadget

Tuesday, September 1, 2015

တူမောင်ကြီးသိန်းစိန်သို့ ပေးစာ - ၁၀



သို့...
တူမောင်ကြီးသိန်းစိန်

ဘကြီးစာရေးလိုက်တယ်
ငါ့တူကြီးလည်း ကျမ္မာနေလိမ့်မယ်လို့ ယုံကြည်ပါတယ်

ငါ့တူကြီးက သူတော်ကောင်ကြီးမို့ နတ်တွေ သိကြားတွေ စောင့်ရှောက်မှာပါကွယ်

ဒါပေမယ့် ငါ့တူကြီးအတွက်တခုတော့ စိုးရိမ်မိသကွယ့်

နတ်တို့၊ သိကြားတို့ဆိုတာ မိဖုရား တဖက်လေးငါးရာနဲ့ နေကြတာဆိုတော့ တနေ့က ငါ့တူကြီးထုတ်တဲ့ လက်မထပ်ပဲအတူနေခွင့့်မရှိတဲ့ ဥပဒေကို သူတို့ကြိုက်ပါ့မလားလို့ပါကွယ်...
သူတို့တွေက လက်ထပ်ပေါင်းသင်းကြတာမဟုတ်ဘူးလို့ ဘကြီးကြားဖူးတယ်နော်

ဘုရားမကြိုက်၊ နတ်မကြိုက်တဲ့အလုပ်လုပ်ရင် သူယုတ်မာလို့ဆိုပြီး သေရင်ဒယ်အိုးလို့ ဆိုထားလေတော့ ငါ့တူကြီးက နတ်မကြိုက်တာတွေ လုပ်လိုက်ပြီဆိုတော့ သေရင် ငရဲအိုးများဂျိုးကပ်နေမလားလို့ပါကွယ်...

ဘကြီးအတွေးပါကွယ်..
ငါ့တူကြီးအတွက် စိတ်ပူလွန်းလို့ပါ..

အဲဒီဥပဒေထုတ်တာ ဘကြီးတော့ အတော်သဘောကျသကွယ်

မြန်မာမိန်းကလေးတွေအတွက် အင်မတန်လုံခြုံသွားတာကွယ့်...

လက်မထပ်ခင် အပျိုစင်မပျက်တော့ဘူးပေါ့ကွယ်
ထောင် ၃ နှစ်ကျခံနိုင်တဲ့ကောင်တွေလောက်ပဲ ကြောက်ရမှာ

ဒီကြားထဲ ငါ့တူကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့့်နဲ့တိုးရင်တော့ ၈ ရက်နဲ့ လွတ်မှာပေါ့လေ...

ဘကြီးတောင် နီးစပ်ရာ အိမ်ထောင်သည်ယောကျ်ားတွေကို သတိပေးထားရတယ်..

မင်းတို့တွေ မယားငယ်မထားကြနဲ့
ထောင် ၇ နှစ်ကျနေမယ်လို့..
မနေနိုင်ရင် မုဒိမ်းကျင့်ကြ
အဲဒါ ထောင် ၃ နှစ်ပဲကျမှာလို့...

ဘကြီးလည်း တတ်နိုင်သလောက် အမျိုးကိုစောင့်ရှောက်တာပါကွယ်..



ငါ့တူကြီးလိုတော့ တနိုင်ငံလုံးကို အမိန့်မပေးနိုင်ဘူးပေါ့..

အခုဆိုရင် ဖာသယ်မတွေ ထမင်းငတ်တော့မယ်ကွယ့် သိလား...
သူတို့နဲ့ ဘယ်သူမှ မနေရဲကြတော့ဘူးလေကွယ်..
နေရင်လည်း လက်ထပ်ထားတာမဟုတ်တော့ ထောင်ကျနေအုံးမယ်မို့လား

ဒီကြားထဲ ရဲနဲ့ဖာသယ်မနဲ့ပေါင်းပြီး ဖောက်သည်ကို ငွေညှစ်နေရင် ဘယ်လိုလုပ်ကြမလဲဆိုပြီး ဘယ်သူမှ အဲဒီဘက်မလှည့်တော့ဘူးကွယ့်...

နောက်ဆုံးတော့ ရဲနဲ့ အပျက်မတွေနဲ့ပေါင်းပြီး ရဲကိုယ်တိုင် ဖာခေါင်းလုပ်ပေးကြပါလိမ့်မယ်ကွယ်..

ဒါလည်း သိပ်တော့ မထူးဆန်းပါဘူးကွယ်
အခါတိုင်းလည်း ဥပဒေချိုးဖောက်နေကြတာက ငါ့တူကြီးတို့ အဆိုးရအဖွဲ့ကဆိုတော့ ခွေးအလုပ်ခွေးလုပ်တယ်ပဲ မှတ်ပါတယ်ကွယ်..

မနေနိုင်ရင် မနေနိုင်တဲ့ လူတွေပေါင်းပြီး အမျိုးသမီးတယောက်လောက် ကားတင်ပြေးပြီး အဓမ္မကျင့်ကြပါလိမ့်မယ်ကွယ်

မျက်နှာဖုံးစွပ်ပြီး လုပ်လို့ ဘယ်သူမှ မသိဘူးဆိုရင် အမှုလည်း အခါတိုင်းလူသတ်မှုတွေလို ပြီးသွားပါလိမ့်မယ်ကွယ်..

ဘယ်ရဲမှလည်း အဲလောက်အလုပ်မလုပ်မှန်း သိကြတယ်လေ...

ငါ့တူကြီးက အကြံ တယ်ပိုင်သကိုးကွယ့်..

မုဒိမ်းကျင့်မယ့်ကောင်တွေကို မြန်မြန်ကျင့်ဖြစ်အောင် ဥပဒေထုတ်ပြီး အောက်ကဝန်ထမ်းတွေအတွက် စားပေါက်ဖွင့်ပေးလိုက်သလိုပဲကွယ်...

ဘကြီးတောင် ယာယီလက်ထပ်စာချုပ် အရောင်းစင်တာနှင့် ရုံးခန်းဖွင့်မလားလို့ပါကွယ့်...

တချို့ Living Together အတွဲတွေအတွက် အဆင်ပြေအောင်လို့ပါကွယ်...

ဟော်တယ်တွေ၊ တည်းခိုးခန်းတွေနဲ့ချိတ်ဆက်ပြီး ကောင်တာမှာပဲ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုး၊ ပြန်ထွက်ရင် ကောင်တာက စာချုပ်တောင်းပြီး ဖျက်စီးပစ်လိုက်ပေါ့ကွယ်..

ဘယ်လောက် အန္တရာယ်ကင်းသလဲကွယ်..
ဘကြီးအဲဒ်ိီလုပ်ငန်း လုပ်ဖြစ်မှာပါကွယ့်.. ငါ့တူကြီး ရှယ်ရာဝင်ချင်သေးလား...

ဒီလုပ်ငန်းက ဒီဥပဒေတည်နေသရွေ့့အလုပ်ဖြစ်မှာကွယ့်...

ဒါမျိုးက တားမရဘူးလေ..
ငါ့တူကြီးတို့ အာဏာမက်သလိုပဲမို့ ကိုယ်ချင်းစာကြည့်ပေါ့ကွယ်...

ငါ့တူကြီးတောင် မလုပ်ဘူး၊ လုပ်မယ်နဲ့ ဖာပါးစပ်လို ဗလောင်းဗလဲ ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲကွယ်...

အခုတော့ လူတွေ တော်တော်လေး ဂယက်ရိုက်နေကြတယ်..
ရဲတွေကလည်း ငွေညှစ်ဖို့ မြင်သမျျှအတွဲ မျက်စောင်းထိုးနေကြတယ်ကွယ့်

ဘကြီးတောင် မင်းဂျီးဒေါ်ကြီးနဲ့ လက်ထပ်စာချုပ်မရှိလို့ မျက်ခုံးလှုပ်နေရတယ်ကွယ့်

မတော်လို့ ငါ့များလာစစ်ရင် လက်ထပ်ထားကြောင်းမပြနိုင်လို့ သေချာပေါက် ထောင် ၇ နှစ်ကျမယ့် ကိန်းကွယ့်...

မင်းဂျီးဒေါ်ကတော့ ပြောပါတယ်..
လာမေးရင်တော့ လှန်ပြလိုက်ရင် သဘောပေါက်မှာပါလို့တော့ ပြောတာပဲ...

အာ့ကြောင့် အကယ်၍များ ဘကြီးကိုလာစစ်ကြရင်တော့ လှန်ပြဖို့ အသင့်လုပ်ထားရတယ်ဟေ့...

ဘကြီးရေးတဲ့ ဒိုင်ယာရီစာအုပ်ထဲမှာတော့ ဘကြီးတို့ရဲ့ အကြောင်းတွေရေးထားဖူးတယ်လေ.. အဲဒါပြောတာပါကွယ်

အခုဥပဒေက အမျိုးသမီးတွေ အကျိုးရှိတာက နည်းနည်း၊ ရဲနဲ့ တရားရုံးတွေ အလုပ်ဖြစ်မှာကတော့ ကျိမ်းသေတယ်ဟေ့

ရဲက ဖမ်းလိုက် ငွေညှစ်လိုက်
တရားသူကြီးက လင်မယားလို့ဝန်ခံရင် လက်ထပ်စာချုပ်လက်မှတ်ထိုးဆိုပြီး ဒဏ်ငွေတွေရိုက်လိုက်နဲ့ ခွေးအချင်းချင်းတောင် ဗိုက်ခွေးနမ်းအုံးမယ့် ဥပဒေကွယ့်

နေရင်းထိုင်ရင်း အမျိုးသားတချို့ ထောင်ကျပြီး တချို့ မိန်းမရကုန်ကြမှာလည်း မလွဲဘူးကွယ့်

ဒီလောက် လက်တလုံးခြားဥပဒေကို စဉ်းစားတဲ့ဦးနှောက်ရယ်၊ ဝိုင်းပြီးအတည်ပြုလိုက်တဲ့ ဦးနှောက်တွေကို မသေခင် လတ်လတ်ဆတ်ဆတ်ထုတ်ပြီး ပြတိုက်ထဲ ထည့့်ထားသင့်တယ်လို့ ဘကြီးအကြံပေးချင်တယ်

ဖြစ်နိုင်ရင် ရွေးကောက်ပွဲမတိုင်ခင်လေး လုပ်ပေးပါလားကွယ်
ဘကြီးနဲ့ ပြည်သူတွေ ဂုဏ်ပြုချင်လွန်းလို့ပါကွယ်

အမှန်ဆို လုပ်စားနေတဲ့ မိန်းကလေးတွေအတွက် အလုပ်အကိုင်လေးဖန်တီးပေးပြီးမှ ဒီဥပဒေကို အတည်ပြုသင့်ပေမယ့် အဲဒီလို လူသားဆန်ဆန်စဉ်းစားနေရင် ဘယ်မှာ အဆိုးရပီသတော့မှာလည်းကွယ်

အလကားနေ အဆိုးရနာမည်ပျက်နေအုံးမယ်
အာ့ကြောင့် အခုလိုမြန်မြန်အတည်ပြုလိုက်တာ ကောင်းပါတယ်ကွယ်

ကျန်နေသေးတဲ့ မျိုးစောင့်ဥပဒေတွေကိုလည်း အမြန်ဆုံးအတည်ပြုပေးလိုက်ပါကွယ်
ဒါမှ မြန်မာမိန်းကလေးတွေ ကုလားတွေရန်က အမြန်လွတ်မယ်လို့ ပြောသံကြားတယ်ကွယ့်

ဘကြီးက စူပါမင်းကားတွေကြည့်ဖူးတော့ အဲလိုကယ်တင်ရှင်လူစွမ်းကောင်းကို အရမ်းလေးစားတယ်ကွယ့်

အဲဒီဥပဒေအတည်ပြုပြီးရင်တော့ မုဒိမ်းကျင့့်ခါနီးကျရင် အဲဒီဥပဒေက ဘယ်နားကနေ ထွက်လာပြီး မိန်းကလေးကို လာကယ်မလဲဆိုတာ ဘကြီးသိချင်လိုက်တာကွယ်...

စူပါမင်းတွေဆိုရင်တော့ ဝတ်ရုံနီကြီးတဖားဖားနဲ့ ဝီခနဲဆို ရောက်လာမှာကွယ့်

အခုမျိုးစောင့်ဥပဒေက ဘာကြီးခြုံ ပြီး ရောက်လာမှာလဲလို့ ဘကြီးစဉ်းစားနေတာကွယ့်..

ဝတ်ရုံနီဆိုပြီး သင်္ဃန်းကြီးတော့ မခြုံ လောက်ပါဘူးလို့တော့ ဘကြီးတွေးမိပါတယ်ကွယ်...

အခုတော့ ဘယ်သူ မုဒိမ်းကျင့်ကျင့် ထောင် ၃ နှစ်ကတော့ သေချာသွားတာပေါ့ကွယ်...

ဘကြီးခန့်မှန်းတဲ့အတိုင်းဆို ဘင်္ဂလီတွေက အရင်လို မြန်မာမတွေကို လက်ထပ်ယူကြတော့မှာမဟုတ်ဘူးကွယ့်.. ထပ်ယူရင် ၇ နှစ်ဆိုတော့ မုဒိမ်းပဲကျင့်ဖို့များတယ်..

မဆိုးပါဘူးကွယ် ..
အတော်အဆင်ပြေသားပဲကွယ့်
တချို့ဆို အဲဒီမုဒိမ်းကျင့်ခံရတဲ့သတင်း နားစွင့်နေကြရှာတာကွယ့်...

ဒါနဲ့ ရခိုင်မှာ ဘင်္ဂလီတွေများနေတာကို ရန်ကုန်တို့၊ မန်းလေးတို့မှာ ဖြန့်ပြီးပို့ကြလေကွယ်..

အခါတိုင်းလို စစ်ကားတွေနဲ့ သယ်ပို့စမ်းပါကွယ်.. ဒါမှ မဲပေးစရာလူတိုးမှာကွယ့်..

စစ်ကားတောင်မှ ငါ့တူကြီးတို့လူကြီးတွေစီးတဲ့ မှန်ပိတ်ကားတွေနဲ့ သယ်ကွယ့်

မဟုတ်ရင် အစစ်အဆေးအမေးအမြန်း တယ်ထူသကိုးကွယ့်
အလုပ်နှောင့်နှေးတော့ ရံပုံငွေလျော့တာပေါ့ကွယ်

အရေးထဲ မောင်ဇော်ဌေးဆိုတဲ့မှုးဇော်က ငါ့တူကြီးကို ရိုးရိုးရှင်းရှင်းနံနက်ခင်းဆိုပြီး ဆန်နဲ့လုပ်တဲ့မုန့်တွေ စစ်ဆေးနေတဲ့ပုံကို နံနက်စာစားသလိုလို ဘာလိုလိုနဲ့ ထပြီးအချွန်နဲ့မနေတာ ငါ့တူကြီးက ဘာမှမပြောဘူးလားကွယ့်

ဟို ပါးရိုက်မယ့်ကောင်က ဝင်ထောက်ပြမှ ပြန်ပြီးပြင်နေရတာ အတော် ပုံပဲ့သကိုးကွယ့်

သမ္မတလော်ဘီတယောက်လုပ်နေပြီး အဲလောက်မှားရသလားကွယ်
ပြန်ပြင်တာလည်း ကြည့်ပါအုံး ၁၁ ခါတဲ့ကွယ်

နဲနဲနောနော ဖာချက်လားကွယ်
တော်ရုံလူဆို ရှက်လွန်းလို့ အကောင့်တောင်ပိတ်လောက်တယ်..

တော်သေးတယ်
ငါ့တူကြီးလူတွေက မရှက်တတ်တဲ့ လူတွေမို့လို့ပေါ့ကွယ်
သောက်ရှက်နည်းချက်ကတော့ ငါ့တူကြီးတပည့် ပီသပါပေ့ကွယ်

ပြောရအုံးမယ်
ငါတူကြီးတို့ ဆာဗာဖောက်ခံရတယ်ဆိုပြီး ကြီးကြီးကျယ်ကျယ် သတင်းတွေလွှင့်ပြီး ဟောထွက်လဲလာရော သောက်တလွဲတွေပါလားဟ...

အောင်ဆန်းစုကြည် ကို အင်္ဂလိပ်လို စာလုံးပေါင်းတာတောင် မှားသေးတယ်ဆိုတော့ အတော်ကို အသုံးမကျတာပါလားကွယ့်

ငါ့တူကြီးတို့အနေနဲ့ ကိုယ့်ဟာကိုယ်ခိုးပြီး မဟုတ်တာလုပ်တယ်ဆိုရင်တောင် အဆင့်ရှိရှိတော့ လုပ်စေချင်တယ်ကွယ်

အခုဟာက နာမည်ကလည်းမှား၊ စာကလည်း အဝင်ရော အထွက်ရောမှ ၄ စောင်ပဲရှိသတဲ့..
အတော်ကို ယုတိ္တမရှိတာကိုးကွယ့်

ဒါမျိုးဦးနှောက်နဲ့တော့ တဖက်ပါတီကို ဘယ်လိုသွားညစ်မတုံးကွယ့်..
တော်တော်ကို ဦးနှောက်မရှိတဲ့ နလဗိန်းတုန်းကောင်တွေပဲ ယုံလိမ့်မယ်....

အာ့ကြောင့် ပြောတာပေါ့ ငါ့တူရယ်
ဘကြီးငါ့တူကြီးအတွက် စိတ်ပူတယ်လို့

ငါ့တူကြီးနားကကောင်တွေက ချီးဦးနှောက်နဲ့ အကြံပေးတာကို ငါ့တူကြီးကလည်း လို်က်လုပ်လို့ သူတို့ကြောင်နေတဲ့ ဟို ဖင်ပြောင်မကို သမ္မတပညာသင်ဆုသွားပေးပြီးပြီမို့လား...

ဒါကိုမမှတ်သေးဘူး...
ငါ့တူကြီးအစား ရင်လေးလိုက်တာကွယ်

ငါ့တူကြီးလည်း သတိတော့ထားနော်
ဟို နတ်ကန္နားရူး ဌေးဦးက ဘာကြီးလည်းမသိဘူး ခေါင်းပေါ်ဆောင်းပြီး သိဒ္ဓိတင်ထားတယ်ပြောတယ်

အာ့ကောင်က သိပ်တွက်မရဘူးရယ်

ခွေးရူးကောင်းစား တမွန်းတည့်နဲ့ကြုံ ပြီးငါ့တူကြီးကို ခွက်စောင်းလာခုတ်နေအုံးမယ်...

ခွေးရူးနဲ့ ခွေးကောင်း ကိုက်ရင် ခွေးကောင်းပဲနစ်နာတာကွယ့်..
ငါ့တူကြီးနစ်နာမှာ စိုးလို့ သတိထားဖို့ပါကွယ်..

ဘကြီးကတော့ ကိုယ့်ခွေးနဲ့ သူများခွေး ခွေးချင်းကိုက်ရင်တောင် ကိုယ့်ခွေးပဲနိုင်စေချင်တာကွယ့်

အာ့လို ငါ့တူကြီးနိုင်မှ ဘကြီးက ကျေနပ်တာကွယ့်

အချစ်ကြီးတာပေါ့ကွယ်..

ကဲတော်သေးပြီကွယ်

ဘကြီးလည်း မီးပွိုင့်နဲ့ တည်းခိုခန်းအနီးအနားတွေမှာ ယာယီလက်ထပ်စာချုပ်တွေ လက်ပွေ့ရောင်းဖို့ ကလေးတွေကို ခေါ်ထားလို့ အလုပ်ပေးလိုက်အုံးမယ်ကွယ်

ငါ့တူကြီး ကျမ္မာပါစေလို မေတ္တာပို့ရင်း....

ငါ့တူကြီးရဲ့ ဘကြီး
Yae TayZa

No comments:

Post a Comment