သို့/
တူမောင်ကြီး သိန်းစိန်
နေကောင်းသေးတယ်မို့လား
ငါ့တူကြီး ကျမ္မာပါစေလို့ အမြဲဆုတောင်းနေရတယ်ဟေ့
မဟုတ်လို့ ဒီလို တိုင်းပြည်ရေနစ်နေချိန်ကြီး တခုခုထဖြစ်ရင် ဆေးဖိုးတွေ အလကား ထပ်ကုန်နေမှာ မို့လား
ဒီအချိန်မှာ ပိုက်ဆံက အရေးကြီးသကွယ့်
မတော်လို့ တိုင်းပြည်မငြိမ်မသက်ဖြစ်ရင် အထုပ်လေးကိုင်ထားမှ စိတ်ချရမှာမို့လား
ငါတူကြီးတို့အဖွဲ့ အခုထိ မလှုပ်ရှားသေးတာကောင်းပါတယ်ကွယ်
အခုဆိုပြည်သူတွေအချင်းချင်း စည်းလုံးညီညွတ်နေကြတာ မြင်ရတော့ ငါ့တူကြီးတို့ရဲ့စေတနာကို မချီးမွမ်းပဲကို မနေနိုင်ဘူးကွယ်
ဒါနဲ့
ဘကြီးစပါးကျီနဲ့ အိမ်တော့ ပါသွားပြီဟေ့
ရေတွေက ဒင်းကြမ်းကို တက်တာကလား
ဘကြီးလည်း ကြိုးစားပြီးဆယ်ပေမယ့် မရပါဘူးကွယ် .. ရှိပါစေတော့
လောလောဆယ် ပရဟိတအဖွဲ့တွေ ဝေတဲ့ခေါက်ဆွဲပြုတ်လေးသောက်ပြီး နှပ်နေသကွယ့်.. ဇိမ်တော့ကျသဟေ့
မောင်မင်းကြီးသား ငါ့တူကြီး ဒီထက်မက ထက်မြက်အောင်မြင်ပါစေကွယ်
ဒါနဲ့ အဲဒီပရဟိတ အဖွဲ့တွေလာတော့ ဘကြီးတို့ဆီက ငါ့တူကြီးရဲ့ တပည့်တွေက ပစ္စည်းတွေအပ်ခိုင်း၊ စာရင်းတွေ အပ်ခိုင်းနဲ့ လုပ်ကြသေးတယ်ကွယ့်
လာပို့ကြသူတွေ ပင်ပန်းမှာစိုးလို့ ကူပြီးဝေပေးမလို့ ထင်ပါတယ်ကွယ်
အဲဒါကို စေတနာ နားမလည်တဲ့ အဲဒီအဖွဲ့က မအပ်ဘူး၊ မပြဘူးချည်း ပြောနေတာနဲ့ ငါ့တူကြီးရဲ့ တပည့်တွေက ခေါ်ထားတဲ့ ဒုက္ခသည်ရွာသားတွေကို ဘာမှမဝေတော့ပဲ ပြန်လွှတ်လိုက်ကြသတဲ့.. အေးရောကွယ်
ဟုတ်တယ်ကွယ့်.. တခါတလေ ငါ့တူကြီးတို့ရဲ့စေတနာကို နားမလည်ကြတော့ အဲလိုလေးလည်း လုပ်ပေးလိုက်မှကွယ့် ..
မဟုတ်ရင် ကမ်းတက်တယ်..
ခွေးမှန်းသိအောင်တော့ ဟောင်ဟောင်ပြရမှာပဲလေ..
မဟုတ်ရင် အမြီးလာလာ နင်းချင်နေကြတယ်ကွယ့်
အခုလို တိုင်းပြည်ရေဆေးနေတာကို
တချို့လူတွေက ရေမြုပ်တယ်ချည်း ပြောပြောနေကြတာတော့ ဘကြီးလက်မခံဘူးကွယ့်
အမှန်က အနှစ်နှစ်အလလက တင်ရှိနေတဲ့ အမှိုက်သရိုက်နဲ့ အညစ်အကြေးတွေကို ဆေးကြောသန့်စင်ပေးတာပါကွယ်
ရှေးက သာကီဝင်မင်းတွေဟာ သန့်ရှင်းရေးအတွက် နန်းရင်ပြင်ကို နွားနို့နဲ့ဆေးကြောခဲ့သေးတာ ဘာဟုတ်သေးလည်းကွယ်
ငါ့တူကြီးရဲ့ ဘုန်းကံကိုမှီပြီး တတိုင်းပြည်လုံး ရေနဲ့ဆေးဖို့ဆိုတာ တော်ရုံတန်ရုံဘုန်းကံနဲ့ ရရိုးလားကွယ်
အချိန်တိုအတွင်း ဆေးကြောဖို့ဆိုတာ ရေစီးတော့သန်ရမယ်၊ မြန်ရမယ်၊ များရမယ်မို့လား
ခနော်ခနဲ့ ဆောက်ထားတဲ့အိမ်ကတော့ ပါမှာပေါ့ကွယ်..
မပါချင် ငါ့တူကြီးတို့လို တိုက်အိမ်ဆောက်ထားပေါ့ .. ဟုတ်တယ်မို့လား
ခြံတွေမြုပ်တာ၊ လယ်တွေမြုပ်တာ လာမပြောနဲ့လေ
မမြုပ်စေချင်ရင် ငါ့တူကြီးလို နေပြည်တော်နားမှာဖြစ်ဖြစ်၊ အဝေးပြေးလမ်းမကြီးဘေးမှာဖြစ်ဖြစ် ခြံကွက်တွေ ယူထားပေါ့..
ဟုတ်တယ်မို့လားကွယ်
မကျေနပ်ရင် ပင်လယ်ဝကနေ သွားစောင့်ပြီး မျောတာတွေ ဆယ်ကြပေါ့ကွယ်
ခုဟာက ထစ်ခနဲ့ရှိ အဆိုးရဘာမှ မလုပ်ဘူးလားချည်း မေးမေးနေကြတာ ဘကြီးသိပ်သဘောမတွေ့လှဘူးကွယ်
သူတို့ ဝေယျာဝစ္စမှန်သမျှ လုပ်ပေးနေရအောင် ငါ့တူကြီးတို့ အဆိုးရအဖွဲ့ကို သူတို့ကိုယ်တိုင် မဲပေးပြီးတင်ထားတဲ့ ဝန်ထမ်းတွေများ မှတ်နေသလား မသိပါဘူးကွယ်
ငါ့တူကြီးတို့က ကိုယ့်ဟာကိုယ် ဒီနေရာကို မရရအောင် ယူထားကြရတာမို့လား..
ဒီနေရာရလာဖို့ ငါ့တူကြီးတို့ ဘယ်လောက်တောင် ကလိန်ကကျစ်ကျပြီး ကြိုးစားခဲ့ကြရတယ်ဆိုတာ ဘကြီးသိတာပေါ့ကွယ်
အာ့ကြောင့် ဘကြီးကတော့ မခိုင်းရဲပါဘူးကွယ်
အမှန်ဆို ကိုယ်တွေကတောင် ချီးမြောက်ထောက်ပံ့ရအုံးမယ်မို့လား
ဟော အခုကြည့် ..
မနေနိုင်တဲ့ သူတွေ ထလုပ်ကြတော့ အဆင်ပြေနေတာပဲမို့လား
နေနိုင်လို့ နေနေတာကို လာလာခလုတ်တိုက်နေကြတာ ဘကြီးအနေနဲ့ ကြားရဆိုးလှသကွယ်
ပြည်သူ့အတွက် အသက်ပင်သေသေဆိုတဲ့ စစ်သားတို့၊ ရဲတို့၊ မီးသတ်တို့နဲ့ တခြားဝန်ထမ်းတွေ ရှိနေတာပဲကွယ်
သူတို့တွေ ဒီနေရာမှ အားမကိုးရရင် ဘယ်နေရာ သွားသုံးစားမလဲ၊ ဟုတ်တယ်မို့လား..
အဆိုးရကောင်းဆိုတာ ရှိတယ်လို့ မထင်ရအောင် နေတတ်ရတယ်လို့ အဆိုရှိသကွယ့်
အခု ငါ့တူကြီးတို့က အဲလိုပဲနေနေတာကို အပြစ်တွေတင်နေကြတာ ဘကြီး အခံရခက်သကွယ်
အဲလိုဆဲဆိုပြောဆိုနေတာကို မသိကျိုးကျွံပြုပြီး ခွင့်လွတ်ထားနိုင်တဲ့ ငါ့တူကြီးရဲ့ သမာဓိကိုတော့ ဘကြီးလေးစားမိတာအမှန်ပဲ..
အဲဒါကို အရှက်မရှိလို့ မျက်နှာပြောင်တိုက်နေတာလို့ပြောရင် ဘကြီးအရမ်းစိတ်ဆိုးတာပဲ
ငါ့တူကြီးဘက်က မခံနိုင်လွန်းလို့ပါကွယ်
တကယ်ဆို အခုလို သမာဓိအားကောင်းကောင်းနဲ့ ဥပေက္ခာပြုထားနိုင်တာဟာ နည်းတဲ့ ပါရမီမှ မဟုတ်တာပဲကွယ်
အဲဒါတောင် နားမလည်ကြဘူးနဲ့ တူပါတယ်ကွယ်
ငါ့တူကြီးတို့အနေနဲ့ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေဟာ ရေဘေးသင့်ဒေသတွေဖြစ်တယ်လို့ မနေ့က ကြောငြာပေးလိုက်ပြီပဲဟာ
အဲဒီလောက်သိရရင် အဲ့နေရာတွေ သွားကူညီကြပေါ့..
အခုလောက် ကြေငြာပေးတာနဲ့တင် ငါ့တူကြီးတို့ အလုပ်အတော်ရှုပ်နေရပြီလေ
ဒီလို နေရာအတိအကျဖော်ပြနိုင်ဖို့ ငါ့တူကြီးတို့ ဘယ်လောက်ကွင်းဆင်းပြီးလေ့လာထားရသလဲဆိုတာ အဲဒီလူတွေ မသိကြဘူးကွယ့်
အခုသိကြပြီဆို ကိုယ်တိုင်သွားကြပေါ့
အဆိုးရကို ဘာအဖော်ညှိစရာလိုလဲကွယ်
အဆိုးရအနေနဲ့ ကူညီချင်ကူညီမယ်၊ မကူညီချင် မကူညီဘူးပေါ့
ဘယ်သူ့ဂရုစိုက်စရာ လိုတာမှတ်လို့
ဘယ်သူ့ကြောက်နေရမှာလဲ၊ ဟုတ်တယ်မို့လား..
ဒီထက်ဆိုးပါတယ်ဆိုတဲ့ နာဂစ်လို ကာလကြီးမှာတောင် ပြုံးပြုံးလေး မသိချင်ယောင်ဆောင်ပြီးကျော်ဖြတ်ခဲ့သေးတာပဲကွယ်
ဒီရေကြီးလို့ အလွန်ဆုံးရေမြုပ် ဆယ်မြို့၊ ဆယ့်ငါးမြို့ပေါ့ကွယ်
လူတွေ ဒုက္ခသည်ဖြစ်လည်း တသိန်း၊ နှစ်သိန်းပေါ့ကွယ်
အသေအပျောက်လည်း နာဂစ်လောက်မများနိုင်ပါဘူးကွယ်
အလကားသက်သက် ပြည်ပအကူအညီလိုချင်နေကြတယ်
နာဂစ်တုန်းကတောင် ပင်လယ်ဝရောက်နေတဲ့ ပြည်ပကယ်ဆယ်ရေးအဖွဲ့တွေကို ဝင်ခွင့်မပေးခဲ့တာ ဒီလောက်နဲ့ကျမှ ဝင်ခွင့်ပေးလိုက်ရင် ငါ့တူကြီးတို့ သိက္ခာကျသွားမှာပေါ့ကွယ်
ပေးဝင်စရာမလိုဘူးလို့ ဘကြီးထင်တယ်
ဒီကြားထဲ စိုးရိမ်စရာ မရှိပါဘူးတို့၊ ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက် ကယ်တင်နေပြီတို့စတဲ့ မဟုတ်ကဟုတ်က သတင်းတွေကို မကြာခဏ ကြေငြာပေးစမ်းပါကွယ်
မဟုတ်ရင် ရေကြီးလို့ ဒုက္ခရောက်ကြရတဲ့အထဲ သတင်းလှမ်းမေးပြီး ကူညီချင်ပါတယ်၊ စိတ်မကောင်းပါဘူး၊ ဘာညာနဲ့ပြောပြောနေကြတာ နားငြီးလွန်းလို့ပါ
ဒီမှာက ဒုက္ခဆိုတာထက် အသက်ရှင်ဖို့ပဲ မနည်းကြိုးစားနေရတာမို့လားကွယ်
ဒါကို ကံဆိုးတယ်၊ အဆိုးရမကောင်းဘူးလို့တော့ မပြောနိုင်ပါဘူးကွယ်
အကယ်၍ ကံကောင်းလို့ ရေကျသွားရင် အထက်ကချင်ပြည်နယ်က စီးလာတဲ့ရေထဲက ကျောက်စိမ်းတွေ၊ ဘာတွေတောင် ရချင်ရနေမှာကွယ့်
ရေတွေကျသွားတဲ့အချိန် ကိုယ့်နေရာ ကိုယ်ပြန်ကြပြီဆိုမှ ဘာမှမရှိတော့တဲ့ ကိုယ့်နေရာကိုကြည့်လို့ ငါ့တူကြီးတို့ စေတနာကို နားလည်ပြီး မေတ္တာထိုင်ပို့နေကြပါလိမ့်မယ်
ဟော..
အခု ပရဟိတအဖွဲ့ရောက်လာလို့တဲ့ ခေါ်နေပြန်ပြီ
သွားယူလိုက်အုံးမယ်ကွယ်
ငါ့တူကြီးဆီ စာရေးရတာ ကောင်းကောင်းမရေးရလို့ အားကိုမရပါဘူးကွယ်
အဲလိုပဲ အနှောင့်အယှက်တွေက ပေါ်ပေါ်လာတယ်
ငါ့တူကြီးတို့လို ဘာမှ လာမလှူကြရင် ဘကြီးလည်း အခုလို ထထပြီးသွားယူနေစရာ မလိုတော့ဘူးပေါ့
အခုဟာက လာလာလှူကြ၊ ပေးကြ၊ ကမ်းကြနဲ့ တနေ့တနေ့ သွားသွားယူနေရတာ ပင်ပန်းလိုက်တာကွယ်
အဲဒီအခါမျိုးတွေကျရင် ငါ့တူကြီးတို့ အဆိုးရအဖွဲ့လို ကိုယ့်ဟာကိုယ် နေတတ်သလို နေကြတဲ့ အကြီးအကဲတွေကိုပဲ တမ်းတမိသကွယ့်
ဘကြီးအတွက်လည်း ဘာမှမပူနဲ့
ရေကျသွားရင် ဖားတွေ ငါးတွေက မြောင်းကြိုမြောင်းကြားမှာ အပေါသားကွယ့်
ဒါပဲဒါပဲကွယ်
ပေးတာလေး သွားယူထားလိုက်အုံးမယ်
ငွေလေးဘာလေးပါရင် စုထားရမယ်ကွယ့်
ဒါမှ ရေကျတဲ့အချိန် ငါ့တူကြီးတို့လာရင် ဧည့့်ခံစရိတ်လေး လာကောက်ရင် ပေးနိုင်မယ်မို့လား..
ငါ့တူကြီးသာ နေကောင်းအောင်နေပါ
ဒီရေဘေးကိစ္စလောက်ကို ခေါင်းထဲ ထည့်မနေပါနဲ့ကွယ်
သူ့ဟာသူ အဆင်ပြေသွားပါလိမ့်မယ်
ငါ့တူကြီးရဲ့ တောကဘကြီး
Yae TayZa.

No comments:
Post a Comment