ဒေါ်အောင်ဆန်းစုကြည်ကို
အစ္စလာမ် ဘာသာဝင်ပုံတွေနဲ့
တစ်မျိုးပြီးတစ်မျိုး
တိုက်ခိုက်နေကြတာဟာ
တော်တော်လေး အ့ံသြဖို့ကောင်းပါတယ်။
တိုက်ခိုက်တဲ့သူတွေဟာ ကိုယ်တိုင်ဗုဒ္ဓဘာသာ
အဖြစ်ခံယူထားကြပြီးကိုယ်ရဲ့အပြုအမှုဟာ
ဗုဒ္ဓဘာသာရဲ့အဆုံးအမတွေဟုတ်ရဲ့လားလို့
ပြန်မေးကြစေချင်ပါတယ်။
ကုလားနဲ့ဓာတ်ပုံရိုက်တယ်...
ရိုက်တော့ဘာဖြစ်လဲ
မြတ်စွာဘုရားကိုယ်တိုင်ဟောကြားထားတာ
အသားအရောင်တွေ ဘာသာတရားတွေကို
ခွာချလိုက်ရင် လူဟာလူပါပဲ...
လူကိုလူလို့ပဲမြင်တာကောင်းပါတယ်။
သူမဟာ အထက်တန်းစား ဗုဒ္ဓဘာသာဝင်ပါ
တောင်မြင်တိုင်း ဘုရားတည်တက်တဲ့
သူကြီးဘုရား ရွာသားကောင်းမှုဆိုတဲ့
အလုပ်ကို ဟန်ပြမလုပ်တက်သူပါ
ပိုလျှံနေတဲ့နေရာကို ထပ်မဖြည့်သူပါ
လိုအပ်တဲ့နေရာကို ဘာလုပ်ရမလဲ
အမြဲတမ်းကြည့်နေသူပါ။
သူမလိုအဆင့်နဲ့ မြန်မာပြည်သမ္မတနဲ့သာတဲ့
နေရာတွေဟာ အချိန်မရွေးလုပ်နိုင်ပါတယ်
ဒေါ်အောင်ဆန်းစုကြည်ဟာ လူကိုလူလို့ပဲ
မြင်တက်သူပါ။
ခုတော့ ကမ႓ာကအသိအမှတ်ပြုတဲ့
ခေါင်းဆောင်တစ်ယောက်က
ဲ့သာမာန်လွှတ်တော်အဆင့်နဲ့ လွှတ်တော်ထဲရောက်နေပါတယ်..
ဦးနေဝင်း၊ဦးသန်းရွှေ၊ဦးရွှေမန်းတို့သာဆို
သာမာန်လွှတ်တော်အမတ်အဆင့်နဲ့
လွှတ်တော်ထဲဝင်ထိုင်နေမယ်ထင်လား
ဝေးပါသေးတယ်....
မင်းသားမလုပ်ရရင် ပတ်မကြီးထိုးဖောက်မယ်ဆိုတဲ့
လူတန်းစားတွေလေ။
ခုတော့....
မြန်မာပြည်ဟာ ကမ႓ာကလေးစားတန်ဖိုးထားရတဲ့
ခေါင်းဆောင်ကိုပိုင်ဆိုင်ထားရပေမယ့်
အဲဒီ့ခေါင်းဆောင်ရဲ့တန်ဖိုးကို
မမြင်ကြတာတော့ ရင်နာဖို့ကောင်းပါတယ်။
No comments:
Post a Comment