Twitter Bird Gadget

Saturday, May 23, 2015

အမေ

> အမေ
ကံခေနေတဲ့ပြည်သူ့အရေး
ဦးစားပေးပြီးဆောင်ရွက်
ကိုယ်ကျိုးအတွက်လုံးဝမရှိ
ပကတိရှင်းသန့်နေတယ်ဆိုတာ
ပြည်သူတွေသိပါတယ် … အမေ။

> အမေ
စောင်းစွေနေတဲ့လမ်းကိုဖြောင့်မတ်
စုတ်ပြတ်နေတဲ့လမ်းကိုပြုပြင်
အမြင်မှားသူတွေအမှားမြင်နေချိန်မှာ
အမြင်မှန်ပြီးအမှန်မြင်သူတွေဟာ
အစဉ်သာအားပေးလျက်ပါ … အမေ။

> အမေ
ဝေဝါးနေတဲ့နိုင်ငံ့အနာဂါတ်
သတ်မှတ်ချက်မဲ့နေတဲ့ခရီးကြမ်း
မငြီးမငြူလျှောက်လှမ်းနေယင်း
ပေးဆပ်ခြင်းများစွာရဲ့အကျိုး
ပြည်သူတွေတန်ဘိုးထားနေပါတယ် … အမေ။

> အမေ
ရှာဖွေနေတဲ့အမှန်တရားအတွက်
မနက်ဖြန်တွေမှာရှင်သန်နိုးထ
အစိုးမရတဲ့နယ်ပယ်များစွာဖြတ်သန်းခဲ့
သိက္ခာမဲ့သူတွေရဲ့တိုက်ခိုက်ခြင်းတွေကြား
တရားအသိနဲ့သတိရှိနေပေးပါ … အမေ။

> အမေ
ရှုတ်ထွေးပွေလီလှတဲ့လောကမှာ
ဟန်ဆောင်မှုတွေကိုခဝါချလျက်
လှည့်ကွက်များစွာကိုအံတုယှဉ်ပြိုင်
အနိုင်ယူယင်းအောင်ပွဲဆင်
ပြည်သူတွေမြင်နေပါတယ် … အမေ။

> အမေ
ကြွေလွင့်ပျောက်ကွယ်မှုအမှန်
အဖိနှိပ်ခံဘဝများစွာအတွက်
အာရုံတက်မနက်ဖြန်တွေလှပဖို့အရေး
ကြိုးစားပေးနေတဲ့ခေါင်းဆောင်အဖြစ်
သမိုင်းတွင်ကျန်ရစ်နေပါတယ် … အမေ။

> အမေ
ဘာမထီရွှေလရောင်မျိုးဆက်မှာ
အာဇာနည်အောင်ဆန်းသွေးတို့ပေါင်းစပ်
မြင့်မြတ်သောစိတ်ဓါတ်တွေကိုမာန်ဟုန်ဖွင့်
မျှော်လင့်ခြင်းတွေရဲ့သခင်မအဖြစ်
ပြည်သူတွေချစ်ခင်နေဆဲပါ … အမေ။

No comments:

Post a Comment