========================
ဖတ်ပြီးမျက်ရည်တောင်ကျတယ်..ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြ........
(အလွန်လေးစားဂုဏ်ယူမိပါတယ်
အမေရယ်..ကြီးမြတ်လွန်းတဲ့ စိတ်ဓါတ်ပါဘဲ) ချစ်မေမေဒေါ်စု ရဲ့သေတမ်းစာလေးကိုအားကြမိပါတယ်ခင်ဗျာ
*ဘဝ ဟူသည်
တိုတောင်း လှပေစွ.
ကန်ရေပြင်၌ တက်သော
ရေပွက်မျှသာ ဖြစ်တယ်။*
*ကွေးသောလက်များ
ဆန့်မသွားမီ
မတည် သော အသက်
ခန္ဓာ ဟူသည်
ဇာတိ ဇရာ မရဏ
သောက ပရိဒေဝ အနိစ္စ
အမြဲမှန်ကန်သော အရာ
မမြဲခြင်းသာ ဖြစ်တယ်။
ဘုရားရှင်သော်မှ
မလွှဲနိုင်တဲ့တရား.
အနိစ္စ သေဆုံးခြင်း၏
တရား။*
*တနေ့တချိန်
လေမှာလွင့်သော..ပွင့်ချပ်ငယ်နှယ်
ကျွန်မ သေဆုံးပါလိမ့်မယ်။
ကျွန်မ အသက် လူကြီးအရွယ်
သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်။*
*ကျွန်မ ကိုယ် ကျွန်မ
ဖေဖေ့လို အာဇာနည်လို့မယူဆပါဘူး။
အမှန်တရားနဲ့ တရားဥပဒေသာ
မြတ်နိုးပါတဲ့ သာမန်လူ
မြန်မာအမျိုးကောင်းစားရေးကို
ရှေးရှူသူသာဖြစ်တယ်။*
*အကယ်၍ ကျွန်မ သေလွန်တဲ့အခါ
မငိုပါနဲ့ မပူဆွေးကြပါနဲ့
ကြီးကြီးကျယ်ကျယ်
စျာပနပွဲ မလုပ်ကြပါနဲ့။
ကျွန်မ ကိုချစ်သူ
မချစ်သူ
မည်သူမဆို လာရှူနိုင်တယ်
ပုပ်ပွ ဖူးယောင်
လူသေကောင်၏
မျက်မြင်မုချ အသုဘ
ကမ္မဌာန်း..
အိုနာ သေခြင်း၏ မမြဲသောလမ်း။*
*ကျွန်မ သေဆုံးပြီးနောက်
ချန်ထားခဲ့ပါရစေ။
ကျွန်မ၏ အထွဋ္ဋ်မြတ်သော
ဆံပင်
ရွှေတိဂုံဆံတော်ရှင်သို့လှူဒါန်းပါ။
ကျွန်မ၏ မျက်ကြည်လွှာ..
အလင်းမရသူကို လှူဒါန်းပေးပါ။
ကျွန်မ၏ နှလုံးသား..ကျောက်ကပ်
အသည်း ကလီဇာများ
ကောင်းသေးပါက လိုအပ်သူများအားလှုဒါန်းပေးပါ။*
*မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
နာရေးကူညီသော စေတနာရှင်
စင်ကြယ်သောကုသိုလ်နဲ့
ကိုကျော်သူ
ကျွန်မ အသက်မဲ့ ခန္ဓာ
ကို လှူပါတယ်။
ဖုတ်ကျည်းသင်္ဂြိုလ်ပေးပါ။*
*ပုပ်ပွလာမဲ့ ခန္ဓာအား
မီးသင်္ဂြိုလ်ပြီး..
ရလာသောခန္ဓာ၏ ပြာမြေဇာ
အပင်တို့အတွက် မြေသြဇာကြွေးပေးပါ။*
*နောင်လာနောက်သားများအတွက်
ကျွန်မ၏ နေအိမ်
(သို့) ကျမ၏အကျဉ်းထောင်
အင်းစိန် ထောင်ခွဲ
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း
အောင်ဆန်းစုကြည်၏
ပြတိုက်အဖြစ်
ကျွန်မ၏ အသုံးအဆောင်..စာအုပ်
တီးသူမဲ့သော စန္ဒယား
ကျွန်မ၏ မြန်မာ အဝတ်အစား
ရိုးသားသော မြန်မာအမျိုးသမီး၏တန်ဖိုးများ.
နောင်လာနောက်သားများရှူမြင်စေ။*
*ကျွန်မ၏ ကျန်ရစ်သော
ဘဏ်ငွေသားအနည်းငယ်။
ကျွန်မ၏ စျာပန စရိတ်
နှင့်
ဆင်းရဲသော သံဃာအိုများ
အတွက်ကျန်းမာရေး
ဇီဝိတဒါန ဆေး အလှူ
ကွယ်လွန်သူ မိဘများ
အမှုထား၍
ကျွန်မနှင့် ကွယ်လွန်သော
ခင်ပွန်းအတွက်
သားများမှရေစက်ချ..အမျှဝေစေချင်ပါတယ်။*
ကျွန်မ ရသော ငြိမ်းချမ်းရေး
နိုဘယ်ဆုငွေသား
$1.3 million အား
ကိုယ်ကျိုး အတွက်
မသုံးစွဲ
တပြားမချန် မြန်မာပြည်သူများအတွက်
ကျမ်းမာရေးနဲ့ ပညာရေး
ရံပုံငွေ
လှုဒါန်းခဲ့ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ
ကျမ်းမာ ချမ်းသာကြပါစေ။
ကြား ကြားသမျှ အမျှ
အမျှ အမျှ ယူတော်မူ။*
*အမျိုးအတွက်ထားတဲ့
အမေ့ရဲစေတနာကို
နားလည် ပါရမီဖြည့်ပေးသူ
သားများ
အမေဘဝမှာ မွေးရကျိုးနပ်ပါတယ်။
အမေ့ဘဝအတွက်အကောင်းဆုံး
ဘုရားပေးသောဆုလာဒ်
ဒီသားများသာ ဖြစ်ပါတယ်။*
*ဒီ သားများ အတွက်..
အမေ မွေးခဲ့သောဇီဝိတ
အသက်
အဖေပေးခဲ့သော ပညာ
မှတပါး
အခြားပေးရန် စည်းစိမ်
အမွေ မရှိ။
စိတ်ဓါတ်နှင့်ကြံ့ခိုင်သောမျိုးရိုး၏အမွေ
အောင်ဆန်းမျိုးရိုး..ဆက်ကျန်နေပါစေ။*
*အတူနေ မမဒေါ်ခင်ဝင်းနှင့်
သမီးများ
ကျွန်မအား စောင့်ရှောက်သောကျေးဇူး
အထူး မမေ့ပါ။ ကျေးဇူးတင်ပါတယ်။*
*ဆေးဝါး ကုသပေးသော
မောင်ငယ် ဒေါက်တာတင်မျိုးဝင်း
သမားစိတ်ရင်း ကြောင့်
ကျမ အသက်ရှည်..
ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ
ကျမ
ဦးချပြီး.ဆပ်ပါရစေ။*
*ပြည်တွင်းပြည်ပ..
ကျွန်မကို ချစ်ခင်ကြသော
ကျွန်မကို အားပေးကြသော..
မိတ်ဆွေ သင်္ဂဟ
သိသူ မသိသူ မှန်သမျှ
ကျွန်မပြုသောကုသိုလ်
အဖို့ဘာဂ ဝေမျှပါတယ်။
ရွှင်လမ်းကြစေ။*
*ကျွန်မ၏ တဦးတည်းသော
ချစ်ရသောအကိုကြီး.
သွေးသားစပ်သူ ဦးအောင်ဆန်းဦး
အတွက်..
ကျွန်မ အဖေ၏ ပန်းချီတချပ်..
သူမသေခင်..ခေါင်းရင်းမှာ
ချိပ်ဖို့ပေးအပ်ခဲ့တယ်။*
*အနှစ် ၂၀ သက်တမ်းရ.သက်တော်ရှည်
အဝေးရောက် ဝန်ကြီးချုပ်
ကျွန်မ၏ တဝမ်းကွဲမောင်
ဒေါက်တာစိန်ဝင်း..
ကျွန်မရဲ့ အနှစ်
(၂၀) အချုပ်ကာလအတွင်း
ကျွန်မ ရတဲ့ဆုတွေလက်ခံတဲ့အခါ
စင်ပေါ်တက်
မျက်နှာပြ ဖော်ရပေးတာ
အထူးကျေးဇူး တင်ပါတယ်။*
*ဖေဖေ့မျက်နှာနဲ့
ကျွန်မအပေါ်..မရှိတဲ့
အပြစ်ကိုတင်.အကွက်ဆင်
အတင်းထောင်ချ..သပ်သျှို
ပြန်ကယ်ပြတဲ့
အတုယူ ချီးမွမ်းထိုက်ပါသော
မှုးကြီးသန်းရွှေရဲ့
မေတ္တာ စေတနာ
မှတ်ကျောက် စာထိုးခဲ့ပါတယ်။
ကလိမ်ခြုံ နအဖ၏ ဂန္ဓဝင်မိချောင်းမျက်ရည်။*
*ကျွန်မ မခေါ်ဘဲ
အလည်လာတဲ့ဧည့်သည်.
ကျွန်မ အသက်ဘေးအတွက်
သူ စိုးရိမ်တယ်။
မောပမ်း မေ့လဲနေသော
ဆီးချိုလူနာသည်သူ
ပုတုဇ္ဇနော ဥမ္မတကော
အဆိုရှိ
တကယ်မှန် မှန် မမှန်
မှန်..
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ခမြာ..စေတနာနဲ့ သတိပေးရန်ကြံတဲ့အတွက်
သူ၏ ထားရှိသော ဂရုဏာ
စေတနာ
ကျေးဇူးတင်ပါထိုက်ပါတယ်။*
*ကျွန်မ သွားတဲ့အခါ..
တရား သံဝေဂရ..
မျက်ရည် မကျုကြပါနဲ့။
မပြီးဆုံးသေးတဲ့
ကျွန်မရဲ့ဝတ္တရား
ကျရာနေရာ ကူညီပါဝင်
ဖြည့်ဆည်းပေးကြပါ။
ကျွန်မ အတွက်ထားတဲ့
ချစ်မေတ္တာ
တိုင်းပြည်အမျိုးအတွက်
လက်ဆင့်ကမ်းကြိုးစားပေးပါ။
အဖေ ပေးခဲ့တဲ့ လွတ်လပ်ရေး
ကျွန်မ လက်ထက်မှာ
မရသေးခင်
ကျွန်မ သေလွန်ခဲ့ပါလျှင်
ကျွန်မ ကိုယ်စား
တာဝန်ဆက်ယူပေးနိုင်စေ.
တနေ့မှာ..ဒေါင်းမျိုးနွယ်ဆက်
ပြန်ခေါင်းထောင်ထကြပါစေ
ဒို့ မြန်မာအမျိုး..သိက္ခာ
မျိုးနွယ်ဆွေ။

No comments:
Post a Comment