Twitter Bird Gadget

Friday, April 17, 2015

အောင်ဆန်းစုကြည် ဟုခေါ်သည်




===================
မိုးကျရွှေကိုယ်....တော့
မဟုတ်ဘူး.....
ပြိုကျနေတဲ့....မိုး ကို ရွှေချမဲ့
သစ္စာတရားများ ရဲ့လက်နှစ်ဖက်ဟာ
သူမ...ဖြစ်တယ်...။

နေမင်း နဲ့ လမင်းတို့ သွေးက
ကမာ႓ကြီးရဲ့....တေးတပုဒ်
ဖြစ်လာတယ်......
ဆိုညည်းစမ်း.....ငြိမ်းချမ်းသောတေး
ငိုက်မြည်းနေတဲ့....ငါတို့သွေးဟာ
အသက်အောင့် လို့ အဓိဌာန်ပြု
စုမှ စုပါလို့.....။

သူမ လာရင် လက်ခုပ်သံတွေကြဲတယ်
သူမ လာရင် ဉာဏ်နည်းသူတွေ
နည်းသွားတယ်
သူမ လာရင် မိစ္ဆာတွေ ဘုံပျောက်
သူမ လာမှ.....သေနတ်သံတွေပျောက်
မျက်ရည်မိုးတွေ လည်း စဲ
ငြိမ်းချမ်းရေးလည်း လူလားမြောက်မယ်...။

ဟေ့....ပလ္လင်ပေါ်ကလူကြီး
ရှက်ရဲရင်....
ခင်ဗျား ဂုဏ်အစုစုထုပ်
သူမ....ထမိန်စုတ်နဲ့
လေလံဆွဲ ရဲသလား.....။

ဟေ့ ....ပလ္လင်ပေါ်က လူကြီး
ရှက်ရဲရင်
ခင်ဗျား ကိုယ်ကျင့်တရား အစုတ်နဲ့
သူမ....ခြေသည်း
စီးချင်းထိုး ရဲလား

ဟေ့....ပလ္လင်ပေါ်က လူကြီး
ရှက်ရဲရင်
ခင်ဗျား....သမိုင်းပုပ်နဲ့
သူမ....ဖိနှပ်စုတ်
ယှဉ်တွဲထားရဲ လား...။

သတ်မသေ အမတေငှက်
ခွပ်ဒေါင်းမျိုးစစ်စစ် ရဲ့သွေး
ပြည်သူအတွက်....
အောင် ဆန်း စု ကြည် ဖြစ်တယ်....။

ထလော့....ရွှေပြည်သား
နှင်းကွဲလုပြီ....ငါတို့ နေခြည်သောက်မယ် ..

ထလော့....ရွှေပြည်သား
မိုးစဲလုပြီ....ငါတို့ပျိုးကြဲရမယ်

ထလော့...ရွှေပြည်သား
မုန်တိုင်း နဲ့ သူနိုင်ကိုယ်နိုင်ကြဲ
နောက်ဆုံး တပွဲအတွက်
သူမလက်ကို ရဲရဲဆွဲထားကြမယ်...။

               

No comments:

Post a Comment