"သပိတ်ကျောင်းသားများနှင့် ပဥ္စာနန္တရိယကံ" ဆိုပြီး ဘဒ္ဒန္တ ဝေပုလ္လဧ။် ရေးသားချက်ကို ဖတ်လိုက်ရပါသည်။
" ဘုရား၊ တရား၊ သံဃာ၊ မိဘတို့နဲ့အတူ တစ်ဂိုဏ်းတည်းထား ကိုးကွယ်အပ်ရာကတော့ ဆရာသမားများဖြစ်ပါတယ်။ ဒါ့ကြောင့် အနန္တော၊ အနန္တငါးပါးအဖြစ် ဘုရား၊တရား၊ သံဃာ၊ မိဘ၊ ဆရာ လို့သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဆရာ သမားများကို စော်ကားပြစ်မှားခြင်းဟာလည်း ပဥ္စာနန္တရိယကံ ထိုက်မြောက်တယ်ဆိုတာ ဘုန်းကြီး ရှင်းပြလိုခြင်းဖြစ်ပါတယ်။
ဗုဒ္ဓသာသနာတော်ကို ခုတုံးလုပ်ပြီး ဝါဒမှိုင်းတိုက်လိုက်ခြင်း ဖြစ်ပါတယ်။ ဘုရားဟောမှာ ဒီလိုဖော်ပြထားပါတယ်။
၁။ မာတုဃာတက = အမေကိုသတ်ခြင်း
၂။ ပိတုဃာတက = အဖေကိုသတ်ခြင်း
၃။ ရဟန္တဃာတက = ရဟန္တာကိုသတ်ခြင်း
၄။ လောဟိတုပ်ပါဒက = ဘုရားကိုသွေးစိမ်းတည်အောင်လုပ်ခြင်းနဲ့
၅။ သံဃဘေဒက = သံဃာသင်းခွဲခြင်းတို့ပဲ ဖြစ်ပါတယ်။
ပဥ္စာနန္တရိယကံသည် အကြီးဆုံးသော ပြစ်မှုဖြစ်သည်။ အဝိစီငရဲသို့ ရောက်၏။ (ဥပမာ။ ။ ဒေဝဒတ်၊ အဇာတသတ် )
အနန္တော၊ အနန္တငါးပါး နဲ့ ပဥ္စာနန္တရိယကံ - ၅ ပါး အရေအတွက်၊ နန္တ စကားလုံး ဆင်တူမှုကို မှီပြီး ကွဲပြားခြားနားချက်ကို ဖုံးကွယ်ပြီး လိုရာဆွဲ ရေးသားကာ ဘုရားဟောတရားကို ဖျက်ဆီးလိုက်တာပါ။ ထိုပုဂ္ဂိုလ်ရေးသားချက် အရဆိုရင် "အာစရိဃာတက = ဆရာကို သတ်ခြင်း" ကို ပေါင်းထည့်၍ ဆဌနန္တရိယကံ လို့ ပြောင်းလဲ သတ်မှတ်ရမည် ဟူလို။
နောက်တချက်မှာ သတ်ဖြတ်ခြင်း၊ သွေးစိမ်းတည်အောင်လုပ်ခြင်း ပြုမှသာ ပဥ္စာနန္တရိယကံ ထိုက်ပါတယ်။ စကားအရာဖြင့် ဝေဖန်ခြင်းသည် ပဥ္စာနန္တရိယကံ မမြောက်ပါ။ အကုသိုလ်ဖြစ်မဖြစ်၊ အကုသိ်ုလ် ကြီးသေးပမာဏသည် ပြုလုပ်သူဧ။ ်စေတနာအပေါ် မူတည်ပါတယ်။ သံဃာသင်းခွဲခြင်းသည် ရဟန်းများနှင့်သာ သက်ဆိုင်ပါတယ်။
သို့သော် ဘဒ္ဒန္တ ဝေပုလ္လက အလွန်အကျူး ခြိမ်းခြောက် ဝါဒမိုင်းတိုက်နေခြင်းဖြစ်ပါတယ်။ မောင်ဇေယျာလွင် ဖြစ်ရပ်တွင် ဖရုဿဝါဒ ကြမ်းတမ်းစွာ ရိုင်းဆိုင်းဆဲဆိုသော ဒုစရိုက်ကံကျူးလွန်ခြင်း မဟုတ်ပါ။ တုံပြန်ရှင်းလင်းခြင်းသာ ဖြစ်ပါတယ်။ ထိုထို အသေးအဖွဲ ကိစ္စများကို ဇာချဲ့နေသော်လည်း ကမ႓ာကျော် ဝစီဒုစရိုက်ကံကျူးလွန်သော ဦးဝီရသူကို ဘဒ္ဒန္တ ဝေပုလ္လက ဝေဖန်သတိပေးခြင်း မရှိသည်မှာ ထူးခြားချက်ပင်။
ကျောင်းသားများသည် ဆရာကို သတ်ခြင်း မရှိသောကြောင့် ဘဒ္ဒန္တ ဝေပုလ္လ တီတွင်ရေးသားသော ဆဌနန္တရိယကံလည်း မထိုက်ပါ။ ဘဒ္ဒန္တ ဝေပုလ္လသည်သာ သာသနာ ( အဆုံးအမတော်) ကို ဖောက်လွဲဖောက်ပြန်လုပ်ခြင်းဖြင့် ထေရဝါဒမှကွဲလွဲသော သီးခြား ဂိုဏ်းအယူအဆတခုကို ထူထောင်ရာရောက်ပေလိမ့်မည်။
လောကတွင် သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာဟူ၍ ဆရာအမျိုးမျိုးရှိလေရာ ထိုဆရာများတွင် အဟိတ်တိရိစ္ဆန်များလည်း ပါဝင်ပေသည်။
လူတို့သည် ထိုထိုတိရိစ္ဆန်များကို သတ်ဖြတ်သော် " ဘဒ္ဒန္တ ဝေပုလ္လ တီတွင်ရေးသားသော ဆဌနန္တရိယကံ" ထိုက်သလော။ လူတို့သည် ထိုထိုတိရိစ္ဆန်များကို ဆဲဆိုကြိမ်းမောင်းသော် " ဘဒ္ဒန္တ ဝေပုလ္လ တီတွင်ရေးသားသော ဆဌနန္တရိယကံ" ထိုက်သလော။
ဆရာတို့တွင်လည်း အယူဝါဒ အမျိုးမျိုးရှိ၏။ သမ္မာဒိဌိ ဆရာလည်းရှိ၏။ မိစ္ဆာဒိဌိဆရာလည်း ရှိ၏။ တပည့်သည် မိစ္ဆာဒိဌိဆရာ၊တိတ္ထိအရည်းဆရာများကို ဝေဖန်ပြစ်တင်သော် " ဘဒ္ဒန္တ ဝေပုလ္လ တီတွင်ရေးသားသော ဆဌနန္တရိယကံ" ထိုက်သလော။ အရှင်အရဟံနှင့် တွေ့ပြီးနောက် အယူမှန်လာကာ၊ ဆရာဖြစ်သော မိစ္ဆာဒိဌိ အရည်းကြီးများကို တိုက်ခိုက် သုတ်သင် ဖယ်ရှားသော အနော်ရထာမင်းသည် " ဘဒ္ဒန္တ ဝေပုလ္လ တီတွင်ရေးသားသော ဆဌနန္တရိယကံ" ထိုက်သလော။
သံဃာကို သတ်ဖြတ်ညှင်းပန်းရာတွင် တာဝန်ရှိသော စစ်တပိုင်းအစိုးရ အလိုတော်ရိအဖြစ် သာသနာတော်ကို ခုတုံးလုပ်ကာ ဝါဒမှိုင်း မတိုက်ပါနှင့်ဟု သတိပေးလိုပါသည်။

No comments:
Post a Comment