Twitter Bird Gadget

Friday, February 27, 2015

မအိုပါနဲ့ဦး အမေရယ်


နေညိုရင်တောင်
အမေ
မအိုပါနဲ့ဦး အမေရယ် ။

နိုင်ငံအဝှမ်းက အိုးတန််လို့မှ
ဆန်ခပ်စရာမရှိတဲ့ဘဝတွေအတွက်
အမေ ပျိုရွယ်ပေးပါဦး။

နိုင်ငံအဝှမ်းက မိုးရွာလို့မှ
အကာမရှိတဲ့ဘဝတွေအတွက်
အမေပျိုရွယ်ပေးပါဦး။

နိုင်ငံအဝှမ်းကသူခိုးလာလို့မှ
ယူစရာမရှိတဲ့ဘဝတွေအတွက်
အမေ ပျိုရွယ်ပေးပါဦး။

ဘယ်သူဘာပြောပြော
အမေဆိုတာကျွန်တော်တို့အတွက်
ဒုတိယဘုရား။

ဘယ်သူတွေဘယ်လိုမြင်မြင်
အမေဆိုတာကျွန်တော်တို့တွေအတွက်
မရှိမဖြစ်တဲ့အား။

ဘာတွေဘယ်လိုကြားကြား
အလှဆုံးပြုံးထားစမ်းပါ
ကျွန်တော်တို့ မနက်ဖြန်တွေအတွက်
အမေ မအိုပါနဲ့ဦး အမေရယ် ။
 ##############

No comments:

Post a Comment