သူမသည်
ပြည်သူကချစ်သော ..ပြည်သူကလေးစားသော ..
လူထုခေါင်းဆောင် တစ်ဦးသာဖြစ်သည်..။
-------------------
သူမသည်..
အများပြည်သူက ချစ်သော
လွှတ်တော်အမတ်တစ်ယောက်သာဖြစ်သည်...။
-------------------
သူမသည်....
ကမ္ဘာကလေးစားသော ....
မြန်မာနိုင်ငံ၏ စံပြပုဂ္ဂိုလ် တစ်ဦးသာဖြစ်သည်..။
--------------------
သူမသည်
မြန်မာနိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေးအတွက်
ကမ္ဘာ့ အလှူရှင်များ ..ကမ္ဘာ့တက္ကသိုလ်များ
လာရောက် Foundation ချစေရန် စီမံပြီး... ..
မည်သည့်ဝန်ကြီးမျှ ဘတ်ဂျက်ကိုင်ပြီး .
မလုပ်နိုင်သော စွမ်းဆောင်မှုမျိုးကို ...
စွမ်းဆောင်ထားသူဖြစ်သည်..။
-----------------------
သူမသည်
တိုင်းပြည်အား နစ်နာစေသော
ဆယ်ချိုုးတစ်ချိုးသာခံစားရသည့်
တရုတ်နှင့်ပတ်သက်သောလက်ပံတောင်းတောင်
စီမံကိန်းအား ရာနှုန်းခြောက်ဆယ်ဖြင့် ဆွဲစေ့ကာ ..
တရုတ်ကြီးအား နောက်စီမံကိန်းများအတွက်...
စည်းကမ်းဘောင်များဖြင့် မလှုပ်နိုင်အောင်
ပြည်သူ့မျက်နှာ အညိုခံပြီး ..
ထိန်းကွပ်ခဲ့သူလည်း ဖြစ်သည်..။
တစ်နည်းအားဖြင့် တိုင်းပြည်အကျိုးမကြည့်ပဲ..
မိမိ ငွေရဖို့တစ်ခုတည်းသာကြည့်ပြီး
လက်မှတ်ထိုး ကတိကျွံခဲ့သော အာဏာပိုင်တို့အား .
.နိုင်ငံတကာနှင့် စီးပွားရေးလုပ်သည်မှာ
ဘယ်လို လုပ်ရသည် ဟု......
.တစ်ကွက်ပဲပြကာ ..
သင်ကြားပေးခဲ့သူဖြစ်သည်..။
------------------------
သူမသည်..
Rule of Law (တရားဥပဒေစိုးမိုးခြင်း)
စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ရန် မိမိရရှိထားသော
အခွင့်အာဏာသေးသေးလေးကို အသုံးပြုကာ..
တရားရေးမဏ္ဍိုင် ကြီးတစ်ခုလုံး စုတ်ပြတ်သက်
မျက်ကလဲဆံပြာ ဖြစ်သွားလောက်အောင် ..
အစီရင်ခံစာတင်ပြီး ကြီုးစားခဲ့သူဖြစ်သည်..။
--------------------------
သူမသည်
နိုင်ငံတကာရင်းနှီးမြုပ်နှံသူများ၏ ..မျက်နှာသာပေးမှု၊
နိုင်ငံတကာ စီးပွားရေးသမားများ၏ မျက်နှာသာပေးမှု
နိုင်ငံတကာ စစ်ရေးဆိုင်ရာ ကျွမ်းကျင့်သူများ၏ မျက်နှာသာပေးမှု
နိုင်ငံတကာ နည်းပညာရှင် အတတ်ပညာရှင်များ၏ မျက်နှာသာပေးမှု ..
ထို personal power တစ်ခုတည်းဖြင့် ..
နိုင်ငံတိုးတက်ခြင်းကိုကျားကန် ..ရုန်းကန်ပေးနိုင်စွမ်းရှိသည့်...
တစ်ယောက်ထည်းသော..
ပုဂ္ဂိုလ်လည်းဖြစ်သည်..။
--------------------------
သူမသည်
လက်နက်ကိုင်သူများက စနစ်တကျ ဖန်တီးထားသည့်
အောက်တန်းကျ ဘာသာရေး ခေါင်းစဉ်တပ်
နိုင်ငံရေးထောက်ချောက်များ..။
ပုဂ္ဂိုလ်ရေးအရ သိက္ခာချ ဝေဖန်တိုက်ခိုက်မှုများ..
ပြည်သူနှင့် ရန်တိုက်ပေးမှုများအား ..
အပ်တို တစ်ချောင်းမျှ မပါပဲနှင့် ..ကြံ့ကြံ့ခံကျော်လွှားကာ ..
မိမိယုံကြည်ချက်..မိမိ ခံယူချက်အတိုင်း ...
ဆက်လျှောက်လှမ်းနေသူဖြစ်သည်...။
---------------------------
သူမသည်
မိမိဖခင်၏ စိတ်ဓါတ်အတိုင်း..
ဆိုခဲစေ မြဲစေ..။ စကားကိုလွယ်လွယ်မပြော..
ကတိကို လွယ်လွယ်မပေး..။
ပြောထားသောစကားများကို အမြဲတမ်းအမှတ်ရနေသူ..။
ဆရာကြီးမလုပ်..။ မသိနားမလည်ရင် နားမလည်ဘူးဟု ဝန်ခံသူ..။
အရာရာတိုင်းကို စနစ်တကျ ဘက်စံထောင့်စုံက သုံးသပ်သူ..။
ဝေဖန်ပိုင်းခြား နိုင်စွမ်းရှိသူ တစ်ဦးသာဖြစ်သည်..။
-------------------------
သူမသည်..
နှစ်နှစ်ဆယ်ခန့် အကျယ်ချုပ်ကျနေချိန်တွင် ..
တရားထိုင်ခြင်း ဝေဖန်သုံးသပ်ခြင်း .
စာရေးသားခြင်းများဖြင့် ေ
အးချမ်းစွာ နေထိုင် အချိန်ကုန်ခဲ့သူ.။
မိမိရရှိထားသော ဆုကြေးငွေများနှင့်
အကျိုးခံစားခွင့်များအား .
ပရဟိတဂေဟာများ ဆေးရုံများသို့
.ပြန်လည်လှူဒါန်းခဲ့သည့်..
ပေးဆပ် အနစ်နာခံခဲ့သော ...
လောဘကင်းသူတစ်ဦးသားဖြစ်သည်..။
ထိုကဲ့သို့သော...
ဒေါ်အောင်ဆန်းစုကြည် ဟူသော.....
သူမသည်.။
၁၉-၆-၂၀၁၅ နေ့တွင် ....
အသက် (၇၀) နှစ် ပြည့်မြောက်တော့မည်ဖြစ်ပါသည်.။

No comments:
Post a Comment