Twitter Bird Gadget

Wednesday, February 25, 2015

မိုက်ကယ်အဲရစ်ကြောင့်ဆိုရင်တော့မှားပါတယ်


တိုင်ပြည်ကိုဒေါ်အောင်ဆန်းစုအုပ်ချုပ်လျှင် ဘာသားခြားနိုင်ငံကြီးဖြစ်သွားလိမ့်မယ်၊
တနည်းအားဖြင့် ကုလားနိုင်ငံဖြစ်သွားမယ်လို့သတင်းလွှင့်အပုတ်ချနေသူများခင်ဗျာ
ဒေါ်အောင်ဆန်းစုဟာ မိုက်ကယ်အဲရစ်ကိုလက်ထပ်ခဲ့တယ်ဆိုတာမှန်ပါတယ်
မိုက်ကယ်အဲရစ် ဆိုတာအင်္ဂလိပ်ကြီးပေါ့ တိုင်းပြည်ကိုနှစ်ပေါင်းတစ်ရာကျော်အုပ်ချုပ်
ကျွန်ပြုခဲ့တဲ့နိုင်ငံက လူတစ်ယောက်ပေါ့ မိုက်ကယ်အဲရစ် ရဲ့ပညာအရည်အချင်းကိုဆန်းစစ်
ကြည့်လိုက်တော့ "အရှေ့တိုင်းပါဠိဘာသာပါမောက်ခ" ပါဠိ ကျွန်တော်တို့နဲ့ရင်းနီတဲ့
စကားလုံးလေးပါလာပြီ ပါဠိ နာမည်ကျော်တဲ့စာတန်းက နီပေါနဲ့ဘူတန်ဆိုင်ရာယဉ်ကျေးမှု
သုတေသနစာတန်းနဲ့နာမည်ကြီးတဲ့ပညာရှင်ပါ။ဒီကနေ့ ဘူတန်နိုင်ငံရဲ့ဘုရင်ဖြစ်နေတဲ့သူဟာ
မိုက်ကယ်အဲရစ် ဆရာဖြစ်စဉ်အချိန်တုန်က ၁၇ နှစ်သားပါ။ဒီကနေ့ဘူတန်ဘုရင်ဟာ
မိုက်ကယ်အဲရစ်ရဲ့တပည့်ဖြစ်ပါတယ်။အရှေ့တိုင်းပါဠိဘာသာပါမောက်ခ နီပေါနဲ့ဘူတန်ဆိုင်ရာ
ယဉ်ကျေးမှုသုတေသနစာတန်းနဲ့နာမည်ကြီးခဲ့တဲ့သူ၊သားနှစ်ယောက်ရှင်ပြုပေးခဲ့ပြီး ကိုယ်တိုင်
ဗုဒ္ဓဘာသာဝင်းအဖြစ်လက်ခံကျင့်သုံးခဲ့တဲ့သူတစ်ယောက်ပါ။ နိုင်ငံရေးအခြေအနေအရ
ဇနီးနဲ့ခင်ပွန်းခွဲနေခဲ့ကြရပါတယ်။ ခင်ပွန်းသည်ရှိရာကိုဇနီကမသွားနိုင်ခဲ့ ဇနီသည်ရှိရာကိုလည်း
ခင်ပွန်သည်လာခွင့်မရရှိခဲ့ပဲ ကွဲကွာနေကြရပါတယ်။ အဲဒီလိုနဲ့ ၁၉၉၉ မတ်လ ၂၇ ရက်နေ့
တိုက်တိုက်ဆိုင်ဆိုင် မိုက်ကယ်အဲရစ်ဟာ ကွယ်လွန်သွားခဲ့ပါတယ်။ ရောဂါဝေဒနာက
ဆီးကြိတ်ကင်ဆာ ယောက်ျားတွေမှာအများဆုံးဖြစ်တတ်တဲ့ ရောဂါနဲ့ကွယ်လွန်ခဲ့တာပါ။
နိုင်ငံရေးအခြေအနေတွေကတင်းမာနေတဲ့အချိန်ဖြစ်တဲ့အတွက် ဘယ်လိုမှအဆက်အသွယ်မရခဲ့
ကြဘူး။ ခင်းပွန်းသည်နေမကောင်းဘူဆိုတာကိုသိတယ် ခင်ပွန်သည်ဆီလိုက်သွားရင်လည်
ဒီနိုင်ငံကိုပြန်ဝင်ခက်သွားပြီဆိုတာကိုသိတဲ့လူထုခေါင်းဆောင်ဟာ အံကြိတ်ပြီးနေခဲ့တယ်
လိုက်မသွားခဲ့ဘူး။ အဆက်အသွယ်မရဘူး သို့သော် သေခါနီးနှစ်ရက်အလိုမှာ တယ်လီဖုန်း
အဆက်အသွယ်ရခဲ့ကြတယ် မိုက်ကယ်အဲရစ် ဆီကပါ။ ဟဲလို...စုရေကိုယ်တော့ဖြင့် ဆီးကြိတ်
ကင်ဆာဝေဒနာကို ဝိပါတ်သနာတရားနည်းဖြင့် ကြံ့ကြံ့ခံကာတရားအားထုတ်နေပြီ.....
အခုလိုနေထိုင်မကောင်းဖြစ်တဲ့ကာလမှာ စုကိုကိုယ်သတိရတာပေါ့....ကိုယ်အတွက်စုလိုအပ်တာ
ပေါ့...ဒါပေမဲ့ စုအကြိမ်ကြိမ်ပြောခဲ့ဖူးတဲ့ စကားတွေလိုပဲ စုတိုင်းပြည်နဲ့ စုနိုင်ငံသူနိုင်ငံသား
တွေအတွက် စုကပိုပြီးအရေးပါတယ်ဆိုတာကိုယ်သိပါတယ်.....တာဝန်မကြေနိုင်ခဲ့ခင်ပွန်သည်
တစ်ယောက်ကိုစုခွင့်လွှတ်ပေးပါ..ကိုယ်အနားကိုမလာနိုင်တဲ့ မင်းကိုယ်လဲကိုယ်နာလည်ပါတယ်...
သတိရလျှက်ပါ... လွမ်းစွတ်လျှက်ပါစုရယ်...ဆိုပြီးဖုန်းလေးချသွားခဲ့ပါတယ်..နှစ်ရက်အလွန်မှာ
မိုက်ကယ်အဲရစ် ကွယ်လွန်သွားခဲ့ပါတယ်...။ ဗုဒ္ဓဘာသာဝင်တစ်ဦး ဝိပါတ်သနာတရားနဲ့ဝေဒနာကို
အံတုခဲ့တဲ့သူပါ။ အရှေတိုင်းပါဠိဘာသာပါမောက်ခပညာရှင်တစ်ဦး နီပေါနဲ့ဘူတန်ဆိုင်ရာ
ယဉ်ကျေးမှုသုသေသနစာတန်းနဲ့ကျော်ကြားတဲ့ပုဂ္ဂိုလ်တစ်ယောက်ပါ။ လာခွင့်ရခဲ့စဉ်အျိန်တုန်းက
မြန်မာနိုင်ငံကိုလာခဲ့ဖူးပါတယ်။ ရောက်ရောက်ချင်းမှာပဲမင်းကွန်းဆရာတော်ဘုရားကြီးကိုဖူးဖို့
သွားခဲ့တယ်။ ထောက်လှန်းရေးတွေမှိုလိုပေါက်နေတဲ့အချိန်ဖြစ်တဲ့အတွက် မင်းကွန်းဆရာတော်
ဘုရာကြီးနဲ့အတူ ဗမာလိုလျှောက်တင်ရတာလဲအဆင်မပြေ ၊ အင်္ဂလိပ်လျှောက်တင်ရတာလဲအထာ
မကျတဲ့အတွက် ၊ ထောက်လှန်းရေးတွေပတ်လည်ဝိုင်းနေတဲ့အတွက် ဆရာတော်နဲ့ဒါကာတို့ဟာ
ပါဠိလိုလျှောက်ကြတင်ကြချိန် လိုက်မှတ်တဲ့ထောက်လှန်းရေးတွေ ငုတ်တုတ်မေ့ပြီးပြန်ခဲ့ရဘူးပါ
တယ်။ ဒေါ်အောင်ဆန်းစုသာ တိုင်ပြည်ရဲ့အာဏာရသွားခဲ့ရင် ၊တိုင်ပြည်ရဲ့ခေါင်ဆောင်ဖြစ်သွားခဲ့
ရင် ဒိနိုင်ငံဟာဘာသာခြားနိုင်ငံကြီးဖြစ်သွားလိမ့်မယ်၊တည့်တည့်ပြောရရင် ကုလားနိုင်ငံကြီးဖြစ်
သွားလိမ့်မယ် ဆိုတာဟာ မိုက်ကယ်အဲရစ်ကြောင့်ဆိုရင်တော့မှားပါတယ်...။ဗုဒ္ဓဘာသာဝင်လို့ပြော
တဲ့ကျွန်တော်တို့တောင် မိုက်ကယ်အဲရစ် လောက်ပါဠိဘာသာမတတ်ကျွမ်းပါဘူး....။
ထေရဝါဒဗုဒ္ဓဘာသာဝင်တစ်ဦးလို့ပြောပေမယ့် ၊သရနဂုံသုံးပါကိုခါးဝတ်ပုဆိုကဲ့သို့မြဲအောင်
ကျင့်ကြံပေမယ့်၊ သူလောက်တော့ဖြင့်ကျွန်တော်တို့မကျွမ်းကျင်ပါဘူး။ အဲဒီလို ခင်မွန်သည်တစ်
ယောက်ကိုစွန့်လွှတ်လိုက်ရတဲ့ မုဆိုမပူပူနွေးနွေး ဒေါ်အောင်ဆန်းစုကြည် ကို ယောက်ျားကြီးတန်မဲ့
ဝေဖန်ကြတယ်..၊ကဲ့ရဲ့ကြတယ်...၊အပြစ်တင်ကြတယ်။ ယောက်ျားကြီးတန်မဲ့နဲ့ အမျိုးသမီးတစ်ယောက်ကို ဝိုင်းပြီးတော့ ဝေဖန်ကြ၊ကဲ့ရဲ့ကြ၊အပြစ်တင်ကြတာကျွန်တော်အပြစ်
မပြောလိုပါဘူး။ဘာလို့လဲဆိုတော့ အဲ့ဒီလိုယောက်ျားကြီးတန်မဲ့ ဒီလိုအလုပ်မျိုးတွေကို လုပ်တဲ့
အတွက် သူတို့ရဲ့အဆင့်အတန်းကို ဖော်ပြပြီးသားဖြစ်နေလို့ပါပဲ......

ဆင်ချင်တွေးတောနိုင်ကြပါစေ

No comments:

Post a Comment