Twitter Bird Gadget

Thursday, February 26, 2015

တူရိယာအားလုံးထဲ အခက်ဆုံးက ဘာတူရိယာလဲ?


မြန်မာ့ဆိုင်းတူရိယာပါ။ဒီအကြောင်းလေးနည်းနည်းရေးပါရစေ။ ကမ္ဘာမှာရှိတဲ့ ဘယ်တူရိယာမဆို အသံကို အသေညှိပြီး ထားနိုင်ပါတယ်။ ကြိုးတပ်တူရိယာ ဥပမာ ဂစ်တာဆိုပါစို့ ကြိုး ၆ ကြိုးရှိယင် အဲ့ဒီကြိုး ၆ ကြိုးကိုပဲ ညှိရပါတယ်။ အသံအားလုံးကို ညှိစရာမလိုပါ။လေမှုတ်တူရိယာတွေဆို တီးမှုတ်တဲ့အခါ ဘာသံမှ ညှိစရာမလို ။
ဆိုင်းကျတော့ ပတ်လုံး ၂၁ လုံးရှိတယ်။တချို့ ၂၂လုံး ၂၃ လုံး လည်းထားကြပါတယ်။အမှန်က ၁၈ လုံး ၁၉ လုံးထားယင်လဲ ပြည့်စုံအောင်တီးနိုင်ပါတယ်။အလင်္ကာကျော်စွာ ဦးဘမောင်ဆို ဇာတ်ပို့ နှစ်ပါးသွားခန်းတွေမှာ ၁၄ လုံးက်ိုပဲ ပတ်စာကပ်ပြီးတီးပါတယ်တဲ့။ပတ်လုံး ၂၁ လုံးရှိတယ်ဆိုပါစို့။အသံကလည်း ၂၁ သံရှိပါတယ်။ဆိုင်းတီးတော့မယ်ဆို အဲ့ဒီ ၂၁ လုံးစလုံးကို ပတ်စာကပ်ပြီး အသံညှိရပါတယ်။ဒီတော့ အသံတိုင်းကို ညှိရတဲ့တူရိယာ က မြန်မာ့ဆိုင်းတစ်ခုပဲရှိပါတယ်။
ပတ်လုံးဆိုတာကလည်း ပိတောက်သားကို ထွင်းပြီးနွားသားရေနဲ့ကြက်ထားရတာမို့လို့ရာသီဥတု အပူအအေးကိုလိုက်ပြီး အတက်အကျအပြောင်းအလဲက အမြဲရှိနေပါတယ်။ ပတ်လုံးဆိညတာက အသံသေမဟုတ် အသံရှင်ဖြစ်ပြီး အသံမမြဲပါ။ ဒါကြောင့် တီးရင်းမှုတ်ရင်းနဲ့ကို အသံညှိထားပြီးသား ပတ်စာတွေက အပြောင်းအလဲရှိတတ်တာကြောင့်လည်း အသံက တက်သွားတာရှိတယ်။ကျသွားတာရှိတယ်။ဒီတော့ အသံသေထားထားတဲ့ကြေးတွေမောင်းတွေနဲ့ အသံမကိုက်တော့တာတွေဖြစ်လေ့ရှိပါတယ်။ဒီလို အသံအတက်အကျကို ဆိုင်းဆရာက နားနဲ့သိရပါတယ်။နားနဲ့သိတော့ အသံအနေအထားကိုလိုက်ပြီး ပတ်စာကိုလျှော့သင့်လျှော့ရတယ် ဖြည့်သင့်ဖြည့်ရတယ် ဒီလို ပတ်စာအတိုးအလျှော့လုပ်ပြီး အသံကို ပြန်ပြင််ညှိယူရပါတယ်။
အသံညှိရတဲ့နေရာမှာလည်း နားတစ်ခုထဲမရဘူး ။ကျန်နဲ့တူရိယာတွေမောင်းကြေး စတာတွေနဲ့ပတ်သက်နေတယ်။သူတို ့နဲ့အသံကိုက်အောင် ညှိရတယ်။သီချင်းတစ်ပုဒ်ကို တီးနေတုန်းမှာလည်း ဒီတစ်ပုဒ်မဆုံးခင်ကို အသံက တက်ချင်တက်သွားတယ်ကျယင်ကျသွားပါတယ်။ဒီတော့ဆိုင်းဆရာက နားလည်းလည်ဖို့လိုပါသေးတယ်။
လက်ကျ
----------
ဆိုင်းဝိုင်းထဲ က ဗုံလေးတွေကိုတီးရာမှာလည်း ဒီတိုင်းဝင်တီးလို့မရပါ။ဗုံအသေးအကြီးပေါ်မူတည်ပြီး တီးတဲ့လက်အနေအထားတီးတဲ့အားအလေးအပေါ့အမျိုးမျိုးထားပြီးတီးရတယ်။အဲ့ဒါကိုပဲလက်ကျလို့ခေါ်ပါတယ်။
ဗုံပေါ်မှာ လက်ညှိုးလေး တစ်ချောင်းထဲနဲ့တီးရတာရှိတယ် ။လက်၄ချောင်းနဲ့ပြားလိုက်ရိုက်တီးရတာရှိတယ်။အဖျားလုံးလေးတွေဆို လက်ညှိုးလေးတင်မဟုတ်ဘူး။လက်တစ်ဆစ်ထဲနဲ့မြည်အောင်တီးရတာရှိတယ်။လက်လေး နှစ်ဆစ်နဲ့ဝင်အောင်တီးရတာရှိတယ်။ဇောင်းတီးတယ်ဆိုတာလည်းရှိသေးတယ်။လက်ကို တည့်တည့်မရိုက်ပဲနဲ့ လက်ဝါးစောင်းလေးနဲ့ လက်သန်း လက်ခလယ် လက်သူကြွယ်သုံးချောင်းနဲ့ထိအောင်တီးရတယ်။ဗုံရဲ့အရွယ်အစားကိုလိုက်ပြီးတော့ ဘယ်အလုံးကို ဘယ်ပုံ တီးရမလဲဆိုတာတွေက တီးကြည့်စမ်းသပ်ကြည့်ပြီးမှ အတော်ကြာမှသိရတာမျိုးပါ။ဆိုင်းမှာ အဓိကထားတီးတာက သံရိုးခြောက်ပေါက် နှစ်ပေါက်ဆစ်ကြီး ငါးပေါက် ပတ်စပိုး ဆိုပြီး ဒီလေးသံကို အဓိကထားတီးကြပါတယ်။ဒီလေးသံစလုံးက အသံမပြည့်ဘူး။ဒီတော့ တီးတဲ့အသံကိုလိုက်ပြီး ဖက်တွဲတီးတတ်ဖို့လိုပါတယ်။ ဒါတွေက အသိနဲ့သိရပါတယ်။တီးကောင်းတိုင်းတီးဖြစ်တိုင်းလိုက်တီးတဲ့အခါ အသံမပြည့်တဲ့နေရာသွားတီးမိတော့ အသံကမရှိတော့ဘူး။ဒိလို ဒီလို ခက်ခဲ့တဲ့ မြန်မာ့ဆိုင်းပညာပါတဲ့ခင်ဗျာ။
(မြန်မာ့ဆိုင်းနဲ့ပတ်သက်လို့ပြလုပ်ပုံဖွဲ့စည်းပုံဆိုင်းဆရာကြီးများစတာတွေဆက်လက်တင်ပြသွားပါအုန်းမယ်ခင်ဗျာ။

အသံဖိုင်မတင်နိုင်ချိန် တင်လို့ရတဲ့စာတွေရေးတင်သွားမယ်လို့ရည်ရွယ်ထားကြောင်းပါ)
နန်းညွန့်ဆွေ- ဦးဟန်ပ စာအုပ် စိန်တင်ဟန် -ဆိုင်းသမား စာအုပ်နှင့် mitv နှင့်အင် တာဗျူးမှ အဘ ဦးစိန်စတင်းရံ့ပြောပြချက်များကို မှီငြမ်းကိုးကားပါသည်။

No comments:

Post a Comment