မြန်မာနိုင်ငံဆိုင်ရာ ယူအင်လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ ကို " -ာသည်မ " ဟု မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ မှ ခေါ်ဝေါ်ခဲ့ခြင်း အပေါ် တုန့်ပြန်မှုများအား The Ladies မှ ဆက်သွယ်မေးမြန်းရာ
ဦးလှဆွေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
ကျနော်ကတော့ ဥူးဝီရသူပြောတာနဲ့ပတ်သက်ပြီးတော့ လူတစ်ယောက်ရဲ့ သူက ပုထုဇဉ်လေ ပုထုဇဉ်တစ်ယောက်ရဲ့ပြောစကားနဲ့ ပတ်သက်ပြီး ဝေဖန် ပိုင်းခြား လိုခြင်း မရှိဘူး။ သူရဲ့ထင်မြင်ယူဆချက်သူပြောခြင်းရာမှာ သူ့နဂို ဇရိုက်ပါ ပါသွားတာပါ။ သို့သော် သူကို ဘုန်းကြီးအနေနဲ့တော မကိုးကိုယ်ဘူး။ သူကို ပုထုဇဉ် တစ်ယောက်အနေနဲ့ သူဟာ Freedom of Expression အနေနဲ့ သူပြောခွင့်ရှိတယ်။ ဒါပေမယ့် သူကို ဘုန်းကြီးတပါး အနေနဲ့ မသတ်မှတ် ထားပါဘူး။ ဒါ ကျနော်တစ်ယောက်ထဲရဲ့ ဝေဖန်သုံးသပ်ချက်ဖြစ်ပါတယ်။
ကျနော် တစ်ဦးတည်းရဲ့ အမြင်ပါ။ ပြည်ခိုင်ဖြိုးပါတီနဲ့ မဆိုင်ပါဘူး။
ဒေါ်ခင်ဝိုင်းကြည် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
အန်တီအနေနဲ့က ဂိုဏ်းသင့်မှာကြောက်တယ်။ ဂိုဏ်းသင့်တယ်ဆိုတာက အန္တတော အန္တ၅ပါး ဂိုဏ်းပေါ့ ရဟန်းသံဃာနဲ့ပတ်သက်ပြီးဝေဖန့်တဲ့အခါ အန်တီဝိုင်း အနေနဲ့ သာမန်လူတွေဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ရံဖန်ရံခါကျတော့ အားနည်းချက်တွေ အားသာချက်တွေ ရှိတာပေါ့။ ငရဲကြီးမှာကြောက်တဲ့အတွက် အန်တီဝိုင်းမဝေဖန်ရဲဖြစ်တယ်။ မဝေဖန်ချင်ဘူး။ ဘာသာရေးအရ ရဟန်း သံဃာတွေပြောတဲ့အခါ အန်တီဝိုင်းတို့ လူတစ်ယောက် အနေနဲ့ ပြောဖို့တော့ မသင့်ဘူးလေ။ တစ်ခုတော့ရှိတယ်။ အန်တီဝိုင်းစိတ်မကောင်းဘူးလေ ။ ရဟန်းသံဃာနဲ့ပတ်သက်ပြီး ဘာမှ မဝေဖန်လိုပါဘူး။
အရှင် ဦးဇနဝ (ရွှေဝါရောင်)
“ဦးဇင်းတို့ ဗုဒ္ဓဘာသာ ဆိုတာကလည်း တဘက်ကပြောလာတိုင်းလည်း လက်ခံမှာ မဟုတ်ဘူးပေါ့နော်။ ဝေဖန်ပိုင်းခြားပြီးတော့မှ အကျိုးနဲ့အကြောင်းနဲ့ လက်ခံရင်လည်း ဘယ်အကြောင်းကြောင့် လက်ခံတယ်၊ လက်မခံရင်လည်း ဘယ်လိုအကြောင်းကြောင့် လက်မခံဘူးဆိုတာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ လမ်းကြောင်းပေါ့။ အဲ့ဒီမှာ ဗုဒ္ဓဘာသာ ရဟန်းတော်တပါးအနေနဲ့ ကိုယ့် သိက္ခာပုဒ်တွေ တားမြစ်ထားတဲ့ ဥစ္စာကို ချိုးဖောက်ပြီးတော့ လူတွေ အချင်းချင်းတောင်မှ မပြောဆိုသင့်တဲ့ စကားမျိုးကို ရဟန်းတော်တပါး က ပြောလိုက်တဲ့ အခါကျတော့ ဘာတွေဖြစ်သွားသလဲဆိုရင် ဦးဇင်းတို့ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ရော၊ ရဟန်းတော်တွေရဲ့ပုံရိပ်ရော အားလုံး ပျက်စီး သွားတယ် လို့ ဦးဇင်းထင်တယ်။”
ကိုကျော်မင်းဆွေ ( အယ်ဒီတာချ ုပ် ၊ The Voice )
ဘာမှ ထွေထွေထူးထူး မပြောချင်တော့ဘူး။ ကျနော် ဒီကိစ္စနဲ့ ပတ်သက်ပြီး မကြာခဏ ရေးခဲ့၊ ပြောခဲ့ပြီးပြီ။ တစ်နေ့က အွန်လိုင်းပေါ်မှာ မြင်ရတဲ့ ဗီဒီယိုဖိုင် ကို ကြည့်ပြီး အတော်စိတ်မကောင်းဖြစ်သွားမိတယ်။ စိတ်လည်း အတော် ပျက် သွားတယ်။ ဒီပုံအတိုင်းဆို ရှေ့ဘာဖြစ်လာနိုင်တယ် ဆိုတာ လည်း တွေးကြည့် မိတယ်။ တွေးရင်း စိတ်ပူလာမိတယ်။ ကုန်ခဲ့တဲ့ နှစ်တွေက လိုများ ဖြစ်လာရင် ဒုက္ခ ပါလား.. လို့ (၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့သည်။)
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး
“မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သတ်ပြီး သွားရောက်လေ့လာနေတဲ့ ကုလ အဆင့်မြင့် သံတမန်တဦးကို အခုလိုမျိုး လိင်ကိစ္စနဲ့ နှိုင်းယှဉ်ပြီး စော်ကားမှုအပေါ် လုံးဝ လက်ခံနိုင်စရာမရှိပါဘူး။ မစ္စရန်ဟီလီ ဟာ သူလုပ်ရမယ့် အလုပ်တွေကိုပဲ လုပ်ခဲ့တာပါ။ ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအနေနဲ့ တာဝန်ပေးခဲ့တာကိုပဲ သူ လုပ်တာပါ။ ဘာသာရေးနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့လည်း မစ္စရန် ဟီလီ တွေ့ရှိခဲ့တဲ့ လူမှု အသိုင်းအဝန်းတွင်းက ကိစ္စရပ်တွေကို ဖြေရှင်းဖို့ ကျနော်တို့ ပြောလိုပါတယ်။” ဟု တရားဝင် သတင်းထုတ်ပြန်ထားကြောင်းလည်း သတင်းရရှိပါသည်။
The Ladies News Journal

No comments:
Post a Comment