Twitter Bird Gadget

Saturday, January 24, 2015

စိုင်းနော်ခမ်းကို သေဒဏ်ပေးခဲ့သည့် တရုတ်နိုင်ငံ၊ တရုတ်ဥပဒေနှင့် လက်ရှိဖြစ်ပွားနေသည့် မြန်မာ့သစ်သူခိုး တရုတ်နိုင်ငံသားများအရေး


မြန်မာအစိုးရ တာဝန်ရှိသူတွေက ကချင် ပြည်နယ်တွင်းက သစ်မှောင်ခို လုပ်ငန်းတွေနဲ့ ဆက်နွှယ်ပြီး တရုတ်နိုင်ငံသား ၁၂၀ လောက် ကို ဖမ်းဆီးထား တဲ့အကြောင်း ကြေညာထား တာကို ဖတ်ရတော့ ဆက်စပ်တွေးမိတာတွေ တသီတတန်းကြီး ပေါ်လာပါတယ်။

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်မှာ မကြာ သေးခင်တုန်းက တရားမဝင် သစ် ထုတ်လုပ်မှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ် နိုင်ငံ သားတွေ ဘေးကင်း လုံခြုံအောင် စောင့် ရှောက်ထားဖို့နဲ့ တရားဥပဒေနဲ့ အညီ ဆောင် ရွက်ဖို့ တရုတ်နိုင်ငံက တိုက်တွန်းကြောင်း၊ လုံခြုံရေးနဲ့ ဥပဒေအရ ခံစားခွင့်တွေပေးဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei က ၁၉-၁-၂၀၁၅ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

မြန်မာအာဏာပိုင်တွေဘက်က တရုတ် နိုင်ငံရဲ့ စိုးရိမ်မကင်းတဲ့ သဘော ထားတွေကို အလေးထားပြီး အမှုမှာပါဝင် ပတ်သက်နေသူ တွေ ကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာ ဖြစ်တယ်လို့ တုံ့ပြန်ချက် ရရှိ ထားကြောင်း လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ခွင့်ရသူ က ပြော သွားပါတယ်။

ဒီအတောအတွင်း မကြာသေးခင် ရက် ပိုင်းတွေကစလို့ ကချင်လက်နက်ကိုင် တပ် ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်ထဲမှာ ပိတ်မိနေတဲ့ ရာနဲ့ချီတဲ့ အရပ်သားတွေထဲမှာ (တရားမဝင် ဝင်ရောက်နေကြောင်း ယူဆရတဲ့) တရုတ်နိုင်ငံသား အများအပြားလည်း ပါဝင်နေတဲ့အကြောင်း တရုတ်ကွန်မြူနစ် ပါ တီအာဘော် Global Time သတင်းစာက ဖော်ပြခဲ့တယ်။

ဒီလိုအကြောင်းတွေ ဖန်လာတော့ ၂၀၁၂ ခုနှစ်က သေဒဏ်ပေးခံရ တဲ့ မြန်မာနိုင်ငံသား (မူးယစ် ရာဇာလို့ဆိုတဲ့) စိုင်းနော်ခမ်းအပါအဝင် ၆ ဦး ရဲ့အမှုကို သတိရမိတယ်။ သူတို့တွေ အ ယူခံခဲ့ပေမယ့် တရုတ်၊ ယူနန်ပြည်နယ် ကူမင်းမြို့ (Intermediate Court) တရားရုံးက ပယ် ချခဲ့ပါတယ်။

စိုင်းနော်ခမ်း အပါအဝင် ၆ ဦးဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာလက ထိုင်း-မြန်မာနယ် စပ် မဲခေါင်မြစ်ထဲမှာ တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ် ခဲ့တယ်။ ဘာကြောင့် လူ နည်းစုက လူများစုကို သတ်ဖြတ်နိုင် ခဲ့တာလဲ။ မေးခွန်းထုတ်စရာပါ။ မကောင်းမှု (ဘိန်း၊ မူး ယစ်) အတူလုပ်ရင်း အဝေ မတည့်လို့လား၊ တ ရုတ်တွေက ညစ်လို့လား၊ အမှုဖြစ်စဉ်ကို ပြည် သူတွေ သိခွင့်မရခဲ့ဘူး။ ဒါပေမဲ့ လိပ်ကျွန်း လူသတ်မှု (ထိုင်း)ကျတော့ လွှတ်တော်ဥက္ကဋ္ဌ က အာမခံရဖို့ထိ ပြောဆိုရပ်တည် ခဲ့တယ်။ နော်ခမ်းအမှုမှာ သူအပါအဝင် ၄ ဦး (ဆန်ခမ်း၊ ယီလိုင်းနှင့် ဂျဆီးကား) ကို သေဒဏ်ပေးခဲ့ တာပါ။ ကျန် (လားဟူ အမျိုးသား) ၂ ယောက် အနက် ဂျပိုးကို ဆိုင်းငံ့သေဒဏ်၊ ဂျထူးပိုးကို ထောင်ဒဏ် ၈ နှစ် စသဖြင့် ပြစ်ဒဏ်ကိုချ မှတ်ခဲ့တယ်။ ဒီတော့ နော်ခမ်းကို ပြန်တောင်း တာ၊ မတောင်းတာရဲ့ အကျိုးအပြစ် အားသာ ချက် အားနည်းချက် ရှိပါလိမ့်မယ်။ ဒါကို အဓိက ဆိုလိုချင်တာ မဟုတ်ပါ။ မြန်မာနိုင်ငံရဲ့ မူးယစ်ဥပဒေ မှာလည်း သေဒဏ် ပါပါတယ်။

၂၀၁၂ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ စိုင်းနော် ခမ်းနဲ့ တရားစွဲခံထားရသူတွေက အပြစ်ကျူး လွန်ခြင်းမရှိကြောင်း ထွက်ဆိုအယူခံဝင်ခဲ့တာ တောင် တရားရုံးက အယူခံကို ပယ်ချခဲ့တယ်။

အသက် ၄၃ နှစ်အရွယ် စိုင်းနော်ခမ်းကို ထိုင်း- မြန်မာ- လာအိုနဲ့ တရုတ်နိုင်ငံတွေ က မူးယစ်ဆေးဝါးမှု၊ ပြန်ပေးဆွဲမှု၊ လူသတ်မှုတွေ နဲ့ အလိုရှိနေ တဲ့ သူဖြစ်ကြောင်း သိရပေမဲ့ ကျွန်တော်တို့နိုင်ငံမှာ ဒီလို မူးယစ်ဆေးဝါး ထုတ်၊ လက်နက်ကိုင် တပ်ဖွဲ့ထောင်၊ လူသတ် တဲ့ နာမည်ကြီးတွေကို လက်ခံခဲ့တဲ့ အစဉ်အ လာရှိပြီး ဖြစ်ပါတယ်။ တကယ်တော့ သူဟာ ဘိန်းဘုရင် ခွန်ဆာရဲ့ တပ် MTA မှာ (ဆက် ကြေးကောက်တာဝန်ခံ လို့လည်း ဆိုတယ်) တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်တယ်။ ဒီလိုနာ မည်ကြီးတွေ ရဲ့ မျိုးဆက်တွေဟာ အဲဒီငွေတွေ နဲ့ သူဌေးကြီးတွေဖြစ်ပြီး မြန်မာ့စီးပွားရေး နယ်ပယ် မှာ ဘယ်လိုရှိနေသလဲဆိုတာ အား လုံး သိပြီးဖြစ်ပါတယ်။

နော်ခမ်းဟာ မဲခေါင်မြစ်ကြောင်းမှာ သွား နေတဲ့ တရုတ်သင်္ဘောပေါ် က လောင်းကစားဝိုင်းတွေထံက ဆက်ကြေးကောက်သတဲ့။ တရုတ် သင်္ဘောတွေပေါ် လောင်းကစားဝိုင်း လုပ်တာ တရုတ်အစိုးရ ရဲမသိဘူးလား။ တစ် ဖက်နိုင်ငံ ပိုင်နက်အတွင်း နော်ခမ်းက ဝင်ပြီး ဆက်ကြေးကောက်နိုင်တဲ့ အခြေအနေကဘာ ကြောင့်လဲ။ တရုတ်သင်္ဘောက CCTV ကင်မရာနဲ့ သေ ဒဏ်ပေးခံရတဲ့ ၄ ဦးအနက် ဆန်ခမ်းနဲ့ ယီလိုင်းတို့ရဲ့ ပုံတွေကို မှတ်တမ်းတင် နိုင်ပေမယ့် စိုင်းနော်ခမ်းပုံကို မတွေ့ရဘူး။ စိုင်းနော်ခမ်း ပါတယ် ဆိုတဲ့ အထောက်အထား မရှိဘူးလို့ သိရတယ်။ စစ်ဆေးရာမှာလည်း စိုင်းနော်ခမ်းက သတ်ဖြတ်ဖို့ အမိန့်မပေးပါ လို့ ထွက်ဆိုကြတယ်တဲ့။

ဒါပေမယ့် တရုတ်အာဏာပိုင်တွေက စိုင်းနော်ခမ်းရဲ့ ညွှန်ကြားချက်မပါဘဲ ၎င်းရဲ့ လက်အောက်ငယ်သားတွေက တရုတ် ၁၃ ဦးကို သတ်ဖြတ်မှာမဟုတ်လို့ ယုံကြည်ခဲ့ကြ တယ်တဲ့။

အဲဒီအမှုနဲ့ပတ်သက်လို့ တရုတ်က ဘယ် လောက် လူပါးဝသလဲဆိုရင် တရုတ် အဆင့် မြင့် အရာရှိတွေကို ကျိုင်းတုံအထိ လွှတ်ပြီး စိုင်းနော်ခမ်းရဲ့ ဒုတိယ လက်ထောက် စိုင်း အောင်မြတ်ခေါ် ဇိန်းဟုန်ကို မြန်မာနိုင်ငံသား မဟုတ်လို့ စွပ်စွဲပြီး သူတို့ကိုလွှဲပေးဖို့ တောင်း ဆိုခဲ့ကြတယ်။ ဒါကို မြန်မာအစိုးရက လက်မခံ ခဲ့ဘူး၊ တကယ်တော့ စိုင်းအောင်မြတ်မှာ တာလေမြို့နယ်ခွဲ မိုင်းလင်း ကျေးရွာအုပ်စု နမ့်ခင်း(မ်း)ရွာနေ သူ့ မိဘတွေ၊ ဇနီးသား သမီးတွေ၊ မောင်နှမတွေရှိနေပါတယ်။

တစ်ဖက်ကလည်း စိုင်းအောင်မြတ်ဟာ တရုတ် ၁၃ ဦးကို သတ်ရာမှာ ကိုယ်တိုင် ပါဝင် ဦးဆောင်ခဲ့သူဖြစ်ကြောင်း ထိုင်းနယ်စပ်သ တင်းတွေမှာ ဆိုထားတယ်။ မြန်မာအစိုးရက တော့ လက်နက်ချတဲ့ မြန်မာနိုင်ငံသား တစ်ဦးဖြစ်တာကြောင့် တရုတ်အစိုးရထံ လုံးဝလွှဲအပ်ပေးမှာ မဟုတ်ကြောင်း သိရ တယ်။ အဲဒီတုန်းက သျှမ်းသတင်းစဉ်မှာ ဘိန်း စိုက်ပြီး မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ် ပြီး ရှမ်းပြည်နယ်အတွက် လက်နက်ကိုင်နေ တာပါ လို့ ပြောနေသူတွေကို မြန်မာအစိုးရဆီ မှာ အမှားဝန်ခံ လက်နက်ချဖို့နဲ့ မချ ရင်တော့ စိုင်းနော်ခမ်းနောက် မကြာခင် လိုက်ရမယ်လို့ ဖော်ပြခဲ့တယ်။ ၂၀၁၂ မေလလယ်ပိုင်းက နော်ခမ်းရဲ့ တပ်ဖွဲ့ဝင် ၂၅ ဦးဟာ မြန်မာစစ် တပ်ထံ လက်နက်ချခဲ့တယ်။

နော်ခမ်းအမှုဖြစ်စဉ် အကျဉ်းနဲ့ တရုတ် တို့ အရေးယူခဲ့ပုံကို ဖော်ပြခဲ့ပြီးပါပြီ။ ဆက်ပြီး ဆိုလိုချင်တာက နော်ခမ်းဟာ ဒီတရုတ်တွေ ကို သတ်၊မသတ်လည်း မသိရဘူး။ သံသယ ရဲ့အကျိုးကို ခံစားခွင့်လည်းမရခဲ့ဘူး။ တရုတ် က သူ့ဥပဒေ အတိုင်း ပြတ်ပြတ်သားသား စီ ရင်ခဲ့တယ်။

တရုတ်တွေဟာ ၂၀၁၂ ခုနှစ်က စတင်ပြီး သစ်အပါအဝင် သယံဇာတတွေကို ခိုးထုတ် နေခဲ့တယ်။ မြန်မာ့ဥပဒေတွေကို ချိုးဖောက် ပြီး တရားမဝင် ဝင်လာ တယ်။ သစ်ခိုးထုတ် တယ်။ အဲဒီတရုတ်တွေကို သစ်တောဥပဒေ၊ လဝက ဥပဒေတို့နဲ့ အရေးယူရင် အနည်းဆုံး ထောင်ဒဏ် တစ်နှစ်မှ ငါးနှစ်အထိ ချမှတ်နိုင် တယ်။ ဒါကြောင့် သူတို့ကို မြန်မာ့တရားစီ ရင်ရေးမှာ (နိုင်ငံသားတွေ ကို လုပ်သလိုမျိုး) ပုဒ်မ၊စွဲချက် အမျိုးမျိုးတင် ဆုံးဖြတ်ရင် နောင် ဘဝတောင် တရုတ်တွေ ထောင်က လွတ်နိုင် မယ် မထင်ပါဘူး။ လုပ်ချင်ရင် နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားလုပ်မှု (၆-၁၊ အပက-၃) အပြင် မူးယစ်ဥပဒေအရပါ တွဲလို ့ရတယ်။ ပြည်သူ ပိုင် ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆ (၁) နဲ့ အပက (၃) နဲ့ပါ တရားစွဲ ရင် ထောင်ဒဏ် ၁၀ နှစ်အထက် ချမှတ်နိုင် တယ်။ နောင်မလုပ်ရဲအောင် အမြီးကုတ်သွား အောင် ပြင်းပြင်ထန်ထန် အရေးယူ ရမယ်။ နောက်ဆုံးအဆင့် မြန်မာနိုင်ငံသားတွေ မတ ရားဖမ်းဆီး အရေးယူခံရရင် အခြေခံဥပဒေပါ အခွင့်အရေးအရ အကာအကွယ်ပေးနိုင်ဖို့ အကျဉ်းသားချင်း လဲလို့ရနိုင်တယ်။

မြန်မာနိုင်ငံအတွင်းမှ သစ်ခိုးထုတ်ခံရမှု များအနက် ၂၀၁၄ ခုနှစ်အတွင်း အဖိုးတန် သစ်တွေ အပါအဝင် အခြားသစ်တန်ချိန် ၄၀,၀၀၀ နီးပါးအထိ ဖမ်းဆီးနိုင်ခဲ့ပြီး ယင်းခိုး မှုမှာ တရုတ်နိုင်ငံသားတွေ ပါဝင်မှု အများဆုံး ဖြစ် တယ်။ ဒါပေမဲ့ ယခင်က အထူးအခွင့်အရေးရ တရုတ်တွေ ဟာ ငွေ ဒဏ်နဲ့ ပြည်နှင် ဒဏ်တွေသာ ကျခံခဲ့ရတယ်။ တရုတ်ဟာ ကမ္ဘာ မှာ တရားမဝင် သစ်လုပ်ငန်း အကြီးဆုံးလုပ် ကိုင်တဲ့ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ခုနစ်ဘီလီယံ ဖိုးခန့်ရှိ တရားမဝင်သစ်တွေကို တရုတ် နိုင်ငံအတွင်းသို့ တင်သွင်းနေပြီး ယင်းတို့ အ နက် ရာခိုင်နှုန်း ၉၀ ခန့်ဟာ မြန်မာနိုင်ငံမှ သစ်တွေဖြစ်နေကြောင်း သစ်တောအသင်းရဲ့ ဆွေးနွေးပွဲမှာ ဖော်ပြခဲ့တယ်။

၂၀၀၂ ကူမင်းကုန်စည်ပြပွဲ လုပ်တော့ မြန်မာဘက်က စီးပွား၊ ကူးသန်းဒုဝန်ကြီး ဗိုလ်မှူးချုပ်တင်နိုင်သိန်း သွားခဲ့တယ်။ သူ က ဒေသလေ့လာရေးအဖြစ် ကူမင်း အနီးတစ် ဝိုက်က ရင်ကျန်း၊ ထိန်ချုံး၊ လိုင်ဇာဘက် သွားလည်ရာ မှာ မြန်မာ ဘက် က ခိုးထုတ် သယ်ယူ စုပုံထားတဲ့ ကျွန်းသစ်၊ ပိတောက်၊ တမလန်း သစ်တွေ ကို တန်ချိန် သောင်းဂဏန်း နီးပါး တွေ့ရတဲ့အတွက် VIDEO ရိုက်ယူ သွားပြီး သစ်တောဝန်ကြီးနဲ့ ဦးသန်းရွှေတို့ထံ တင်ပြခဲ့ဖူးတယ်။ နောက်ဆုံးရ သတင်းတွေ အရ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသတွေ မှာ ကျွန်း၊ တမလန်းနှင့် ပိတောက် အပါအ ဝင် အဖိုးတန်သစ်တွေအပြင် တရုတ်တွေဟာ ကညင်၊ ကြေးလန်၊ စကားဝါ စတဲ့ သစ်မျိုး တွေကိုပါ ခိုးယူနေကြကြောင်း သိရတယ်။

ပြောရရင် တရုတ်အစိုးရမှာ IMPORT/EXPORT စာရင်း အတိအကျရှိတယ်။ Border Trade Volume မှာ မြန်မာဘက်က တရားဝင်စာရင်းက အလွန်နည်း တယ်။ တရုတ် ဘက်ကတော့ မြန်မာဘက်က တရားဝင်၊မဝင် သွားတဲ့ ကုန်အားလုံး စာရင်းရှိတယ်။ အခွန် လည်းကောက်တယ်။ တစ်နှစ်တစ်ကြိမ် ကုန် သွယ်ရေးက တရားဝင် စာရင်းတိုက်ရင် မြန်မာ ဘက်က Export မှာ တန်ဖိုး ဘီလီယံချီပြီး နည်းနေလေ့ရှိတယ်။ ဒါကို မြန်မာအကြီးအကဲ တွေ ခေတ် အဆက်ဆက်က သိပြီးဖြစ်တယ်။ တရုတ်ဘက်က အခွန်ကောက်တဲ့အတွက် တရုတ် အစိုးရက သူခိုးလက်ခံပဲ ဖြစ်တယ်။

ထိုင်းနိုင်ငံ ဥပဒေပိုင်းဆိုင်ရာ အတိုင်ပင်ခံ ပုဂ္ဂိုလ်တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြော ဆိုဖူးတယ်။ ‘ရှေ့နေဆိုတာ အမှန်တရားနဲ့ အလုပ်မလုပ်ဘူး။ ဥပဒေကြောင်းနဲ့ အလုပ် လုပ်တယ်။ အမှန်တရားနဲ့ ဥပဒေကြောင်းဆိုတာ အမြဲတမ်းတူညီမနေဘူး’ တဲ့။

အခုဖြစ်စဉ်မှာ အမှန်တရားကတော့ သက် သေနဲ့တကွ ရှင်းပါတယ်။ နော်ခမ်း အမှုမှာ သတ်ကြောင်း မသေချာဘဲ တရုတ်အာဏာပိုင် တွေ က သေဒဏ်ပေး ခဲ့တယ်။ အခု တရုတ် တွေက တရားမဝင်çဝင်လာတယ်၊ သစ်ခိုးခုတ်၊ ထုတ် တယ်၊ မူးယစ်ဆေးဝါးတွေ တွေ့တယ်။ သူတို့ မွေးထားတဲ့ တရုတ်သူခိုးတွေ ဖမ်းမိ ကုန်တော့ ဘေးကင်းလုံခြုံအောင် စောင့်ရှောက် ထားဖို့နဲ့ တရား ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ဖိအားပေးသလိုလို၊ ရာဇသံလိုလို ပြောလာ တယ်။ ဒီတော့ မြန်မာဥပဒေအတိုင်း လုပ်ရင် တရုတ်ကဘာပြောမလဲ။ တကယ်လို့ အမှန်တ ရားနဲ့လည်း မလုပ်၊ ဥပဒေကြောင်းအရလည်း မလုပ်ရင် ဒီတစ်သက် တရုတ်လုပ်တိုင်း မြန်မာတွေ ခံရတော့မယ်။

ရှေ့ဆက် ဒီအမှုကို ဘယ်လိုကိုင်တွယ်မလဲ။ ဘယ်လောက် ပွင့်လင်းစွာ ပြည်သူ ကို ချပြမလဲဆိုတာကြည့်ပြီး ပြည်ခိုင်ဖြိုးကိုအကဲဖြတ်မယ်။ ၂၀၁၅ အတွက်ပေါ့။

သွေးသုန္ဒရ (စစ်ကိုင်း)

No comments:

Post a Comment