ဗိုလ်ချုပ် အောင် ဆန်း ရာပြည့် စာတမ်း
------------------------------------------
ဗိုလ်ချုပ် အောင် ဆန်းဟာ
သူ့ဘဝ တစ်လျောက်လုံးကို
မြန်မာပြည် လွတ်လပ်ရေး
မြန်မာလူမျိုး ကောင်းစားရေးအတွက်
စွန့်လွှတ် ဆောင် ရွက်ခဲ့တဲ့
အမျိုးသားရေးဝါဒီ
အမျိုးသားခေါင်းဆောင် စစ်စစ်ဖြစ်တယ်။
ဗိုလ်ချုပ် အောင် ဆန်းဟာ
ဘယ်လူမျိုး တစ်စု
ဘယ်ပါတီတစ်ခု
ဘယ်လူတစ်စုကိုမျှ ကိုယ်စားမပြု
မြန်မာပြည်သူလူထုကိုသာ ကိုယ်စားပြု
ပြည်သူ့သားကောင်း စစ်စစ်ဖြစ်တယ်။
မောင် ထိန်လင်းဘဝဟာ
လူငယ် ကျောင်းသားတွေအတွက် နမူနာ
ကိုအောင် ဆန်း ဘဝဟာ
တက္ကသိုလ်ကျောင်းသားတွေအတွက် နမူနာ
ဗိုလ်တေဇ ဘဝဟာ
မျိုးချစ်သူရဲကောင်းတွေအတွက် နမူနာ
ဗိုလ်ချုပ် အောင် ဆန်း ဘဝဟာ
စစ်သားတွေအတွက် နမူနာ
ဦးအောင် ဆန်း ဘဝဟာ
နိုင် ငံရေးသမားတွေအတွက် နမူနာ
သူဟာ မြန်မာပြည်အတွက်
နမူနာလူသားစစ်စစ်ဖြစ်တယ်။
ဗိုလ်ချုပ် ရဲ့ မိန့်ခွန်းအမှာစကား
ရိုးသားမှုများကို ရှာတွေ့နိုင် တယ်။
ဗိုလ်ချုပ် ရဲ့ အ နေ အထိုင် အသွားအလာ
ရိုးသားမှုများစွာကို ရှာတွေ့နိုင် တယ်။
ဗိုလ်ချုပ် ရဲ့ ဘဝမှာ
ကိုယ်ကျိုးရှာမှုဆိုတာ လုံးလုံးမရှိခဲ့
သူ့ရဲ့ဘဝရည်မှန်းချက်ဟာ
ပြည်သူကို အသိပညာပေးမယ့်
စာရေးဆရာတစ်ယောက် ရဲ့ဘဝပါပဲ။
ကဲ ဗိုလ်ချုပ် ရဲ့ နှစ်တစ် ရာပြည့်မှာ
ဗိုလ်ချုပ်ကို ဘယ်လို ဂုဏ်ပြုကြမှာလဲ။ ?
အလှူခံဖလားတကားကားနဲ့
ဗိုလ်ချုပ်ကို လုပ်စားကြမှာလား။
ဗိုလ်ချုပ် အမှာစကားကို မှောင် ချထား
ကိုယ်လိုရာ ဆွဲပြောကြမှာလား။
အမျိုးသားရေးဗိုလ်ချုပ်ကို
ဒီမိုက ရေစီ အရှုပ်ထုပ်ထဲ ဆွဲထည့်ကြမှာလား။
ပါတီတစ်ခု လူတစ်စုအတွက်သာ
ဗိုလ်ချုပ်ဟာ တည် ရှိ စေ တော့မှာလား။
ဗိုလ်ချုပ် အောင် ဆန်းကို အ ကြောင်းပြ
ကိုယ့်ဝါဒကို ရှေ့တန်းတင်ကြမှာလား။
ကဲ စဉ်းစား
ရိုးသားတဲ့ ဗိုလ်ချုပ်
စွန့်စားတဲ့ ဗိုလ်ချုပ်
အနစ်နာခံတဲ့ ဗိုလ်ချုပ်
ဆင်းရဲခံတဲ့ ဗိုလ်ချုပ်
အမျိုးသား ညီညွတ်ရေးအတွက်
တစ်ချက်မှ စိတ်မ အေးခဲ့တဲ့ ဗိုလ်ချုပ်
နောက်ဆုံး
တိုင်းပြည် လူမျိုး အနာဂါတ် အ ရေး
အိပ်မက်ထဲမှာတောင် တွေးပြီး
ငိုမိခဲ့တဲ့ ဗိုလ်ချုပ်
ဗိုလ်ချုပ် အောင် ဆန်းစကားကို
နားမ ထောင် ရင်တောင်
ဗိုလ်ချုပ်အောင် ဆန်းကို မျက် ရည်ကျအောင်
ခင် ဗျားတို့ ထပ်ပြီးမလုပ်ကြပါနဲ့တော့ဗျာ။
-------------------------------------------
ဓမ္မစက္က ဦးမောင်မောင်
( စာပေ ဟောပြောပွဲ ကောက်နုတ်ချက်)
ဘယ်လူမျိုး တစ်စု
ဘယ်ပါတီတစ်ခု
ဘယ်လူတစ်စုကိုမျှ ကိုယ်စားမပြု
မြန်မာပြည်သူလူထုကိုသာ ကိုယ်စားပြု
ပြည်သူ့သားကောင်း စစ်စစ်ဖြစ်တယ်။
မောင် ထိန်လင်းဘဝဟာ
လူငယ် ကျောင်းသားတွေအတွက် နမူနာ
ကိုအောင် ဆန်း ဘဝဟာ
တက္ကသိုလ်ကျောင်းသားတွေအတွက် နမူနာ
ဗိုလ်တေဇ ဘဝဟာ
မျိုးချစ်သူရဲကောင်းတွေအတွက် နမူနာ
ဗိုလ်ချုပ် အောင် ဆန်း ဘဝဟာ
စစ်သားတွေအတွက် နမူနာ
ဦးအောင် ဆန်း ဘဝဟာ
နိုင် ငံရေးသမားတွေအတွက် နမူနာ
သူဟာ မြန်မာပြည်အတွက်
နမူနာလူသားစစ်စစ်ဖြစ်တယ်။
ဗိုလ်ချုပ် ရဲ့ မိန့်ခွန်းအမှာစကား
ရိုးသားမှုများကို ရှာတွေ့နိုင် တယ်။
ဗိုလ်ချုပ် ရဲ့ အ နေ အထိုင် အသွားအလာ
ရိုးသားမှုများစွာကို ရှာတွေ့နိုင် တယ်။
ဗိုလ်ချုပ် ရဲ့ ဘဝမှာ
ကိုယ်ကျိုးရှာမှုဆိုတာ လုံးလုံးမရှိခဲ့
သူ့ရဲ့ဘဝရည်မှန်းချက်ဟာ
ပြည်သူကို အသိပညာပေးမယ့်
စာရေးဆရာတစ်ယောက် ရဲ့ဘဝပါပဲ။
ကဲ ဗိုလ်ချုပ် ရဲ့ နှစ်တစ် ရာပြည့်မှာ
ဗိုလ်ချုပ်ကို ဘယ်လို ဂုဏ်ပြုကြမှာလဲ။ ?
အလှူခံဖလားတကားကားနဲ့
ဗိုလ်ချုပ်ကို လုပ်စားကြမှာလား။
ဗိုလ်ချုပ် အမှာစကားကို မှောင် ချထား
ကိုယ်လိုရာ ဆွဲပြောကြမှာလား။
အမျိုးသားရေးဗိုလ်ချုပ်ကို
ဒီမိုက ရေစီ အရှုပ်ထုပ်ထဲ ဆွဲထည့်ကြမှာလား။
ပါတီတစ်ခု လူတစ်စုအတွက်သာ
ဗိုလ်ချုပ်ဟာ တည် ရှိ စေ တော့မှာလား။
ဗိုလ်ချုပ် အောင် ဆန်းကို အ ကြောင်းပြ
ကိုယ့်ဝါဒကို ရှေ့တန်းတင်ကြမှာလား။
ကဲ စဉ်းစား
ရိုးသားတဲ့ ဗိုလ်ချုပ်
စွန့်စားတဲ့ ဗိုလ်ချုပ်
အနစ်နာခံတဲ့ ဗိုလ်ချုပ်
ဆင်းရဲခံတဲ့ ဗိုလ်ချုပ်
အမျိုးသား ညီညွတ်ရေးအတွက်
တစ်ချက်မှ စိတ်မ အေးခဲ့တဲ့ ဗိုလ်ချုပ်
နောက်ဆုံး
တိုင်းပြည် လူမျိုး အနာဂါတ် အ ရေး
အိပ်မက်ထဲမှာတောင် တွေးပြီး
ငိုမိခဲ့တဲ့ ဗိုလ်ချုပ်
ဗိုလ်ချုပ် အောင် ဆန်းစကားကို
နားမ ထောင် ရင်တောင်
ဗိုလ်ချုပ်အောင် ဆန်းကို မျက် ရည်ကျအောင်
ခင် ဗျားတို့ ထပ်ပြီးမလုပ်ကြပါနဲ့တော့ဗျာ။
-------------------------------------------
ဓမ္မစက္က ဦးမောင်မောင်
( စာပေ ဟောပြောပွဲ ကောက်နုတ်ချက်)
No comments:
Post a Comment