(၁) သင်္ဘောသီး
လိမ္မော်သီး တစ်လုံးမှာ ပါတဲ့ ဗီတာမင်စီဓာတ်ထက် သင်္ဘောသီးမှာပါတဲ့ ဗီတာမင်စီက နှစ်ဆ ပိုများပါတယ်။ ကျောက်ကပ်ရောဂါအတွက် ကောင်းမွန်ပါတယ်။ အမေရိကန် ဆန်ဖရန်စစ္စကို တက္ကသိုလ် သိပ္ပံပညာရှင်များက သွေးကို သန့်စင်ရာမှာ ဗီတာမင်စီ ပမာဏ နည်းပါးတဲ့ အမျိုးသမီးများဟာ ကျောက်ကပ်ရောဂါ ဖြစ်နိုင်တဲ့ အလားအလာကောင်းကြောင်း တွေ့ရတယ်။ ဗီတာမင်စီ ၁၈၀ မီလီဂရမ်ပါတဲ့ အလတ်စား သင်္ဘောသီး တစ်လုံးဟာ ဗီတာမင်စီ သာမက ကိုယ်စိတ်နှစ်ပါးကိုပါ လန်းဆန်းစေပါတယ်။
(၂) လျှော်စေ့
မုန့်ဖုတ်ရာတွင် စေးပျစ်မှု ရှိစေဖို့ လျှော်စေ့ကို သုံးကြတယ်။သို့သော် သိပ္ပံပညာရှင်များက အီစတြိုဂျင် ဟော်မုန်းဓာတ်ပေါင်း ကြွယ်ဝတဲ့ ဤအနီရောင် အစေ့များဟာ ရင်သားကင်ဆာ ကာကွယ်ရေး လက်နက်ကောင်းတစ်ခုအဖြစ် ရှူ မြင်ကြပါတယ်။ ရင်သားကင်ဆာရှိတဲ့ အမျိုးသမီးရဲ့ အစားထဲမှာ လျှော်စေ့ ဖြည့်စွက်လိုက်ရင် ကင်ဆာကို ဟန့်တားနိုင်တယ်လို့ ဆိုတယ်။ လျှှော်စေ့ကို ပေါင်မုန့်နှစ်လုံး ဖုတ်တဲ့အခါ ထည့်သွင်း အရသာ ဖြည့်ပေးမယ်ဆိုရင် အီစတြိုဂျင် ထွက်လာပြီး ရင်သားကင်ဆာ ကင်းဝေးစေပါတယ်။
(၃) တို့ဟူး
ပရိုတိန်း မြင့်မားတဲ့ ပဲပိစပ် တို့ဟူးဟာ ကိုလက်စထရော နှိမ့်ချပေးပြီး ဓမ္မတာ လာချိန်မှာ အဖြူဆင်းမှုကို နည်းစေပါတယ်။ အရိုး သန်မာစေတယ်။ အရိုးကို အကျိုးပြုဖို့ ပရိုတိန်းဓာတ် တစ်နေ့ ၂၅-၃၅ မီလီဂရမ် လိုအပ်တယ်။
(၄) ဝက်သား
အမျိုးသမီးများဟာ သူတို့ရဲ့ ဓမ္မတာအရ လေးလံထိုင်းမှိုင်းတတ်တဲ့အတွက် သွေးတွင်းသံဓာတ် နည်းပါးခြင်းကြောင့် ပြင်းထန်စွာ ပင်ပန်းနွမ်းနယ်တတ်ကြပါတယ်။ သံဓာတ် ရရှိစေဖို့ ဝက်သား စားသင့်တယ်။ ဝက်သားမှာ သံဓာတ်များပါလို့ အလွယ်တကူ အဆီများ ဖယ်ရှား စားသောက်နိုင်တယ်။ စင်္ကာပူနိုင်ငံ အစားအစာနဲ့ ပြန်ကြားရေးဌာန အဆိုအရ ဝက်သားတစ်တုံးမှာ သံဓာတ် ၁ ဒသမ ၄ မီလီဂရမ် ပါတဲ့အတွက် အမျိုုးသမီးတိုင်း ဝက်သား စားသင့်တယ်။
(၅) ဂေါ်ဖီထုပ်
ဂေါ်ဖီထုပ်ဟာ အမျိုးသမီး အများအပြား အသက်ကြီးရင် ဖြစ်တတ်တဲ့ သွေးဆုံးမီးယပ်ရောဂါ တိုက်ဖျက်ရာမှာ အထောက်အကူပြုနိုင်တယ်။ ပါဝင်တဲ့ ကယ်လ်ဆီယမ် နဲ့ ဗီတာမင်ဒီ လုံလောက်စွာ မရရင် အဆစ်များ နာကျင်စေတယ်။ ကယ်လိဆီယမ် နဲ့ ဗီတာမင်ဒီအပြင် ဗီတာမင်အေဟာ အရိုးကို ကာကွယ်နိုင်တဲ့ အစွမ်း ရှိတယ်။ အမျိုးသမီးများအဖို့ ဗီတာမင် ကြွယ်ဝတဲ့ အစာ စားဖို့ လိုပါတယ်။ နေ့စဉ် ဗီတာမင် ၁၀၉ မိုက်ခရိုဂရမ် မစားသုံးတဲ့ အမျိုးသမီးဟာ စားသုံးသူထက် ၁ဝနှစ်တာအတွင်းမှာ ခါးဆစ်ရိုးကျိုးခြင်း နဲ့ လေနာရောဂါ ခံစားရနိုင်တယ်။ ဂေါ်ဖီထုပ် ဗီတာမင် အကောင်းဆုံး ဟင်းသီးဟင်းရွက် ဖြစ်လို့ နေ့စဉ် စားသုံးသင့်တယ်။ အစာလည်း ဆေး ၊ ဆေးလည်း အစာ ဆိုသလို လူတို့ ကျန်းမာရေး ပြည့်ဝဖို့ အစားအစာကောင်းများ ရွေးချယ် စားသုံးဖို့ လိုပါတယ်။
@@@@@@@@@@@@@@@@@

No comments:
Post a Comment