၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၆၇ ကြိမ်မြောက် လွတ်လပ် ရေးနေ့ အခမ်းအနားကိုပေးပို့တဲ့ သဝဏ်လွှာထဲမှာ သမ္မတဦးသိန်းစိန်က ယနေ့အချိန်အခါ တွင် နိုင်ငံတော်၌ ဖြစ်ထွန်းလျက်ရှိသော နိုင်ငံရေးဖြစ်စဉ်နှင့် ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ် အဆင့်ဆင့်တို့သည် အတိုင်းအတာ တစ်ခုသို့ အောင်မြင်စွာရောက် ရှိနေပြီဖြစ်သည်။
မိမိတို့အစိုးရ၏ နိုင်ငံရေးအရလည်းကောင်း၊ အမျိုးသားပြန်လည်ညီညွတ်ရေး အရ လည်းကောင်း၊ ငြိမ်းချမ်းရေးအတွက် လည်းကောင်း၊ ကြိုးပမ်းအကောင်အထည် ဖော်ခဲ့ကြသည့်အထဲမှ သိသာထင်ရှားသည့် ရလဒ်တစ်ခုမှာ နိုင်ငံရေးယဉ်ကျေးမှုသစ် အ သက်ဝင်ရှင်သန်လာခြင်းပင်ဖြစ်သည်။ စေ့ စပ်ဆွေးနွေး အဖြေရှာကြရန်ဆိုသည့် နိုင်ငံ ရေးယဉ်ကျေးမှုသစ်က သက်ဝင်ရှင်သန်လာ သည့်အတွက် ဒီမိုကရေစီအသွင်ကူးပြောင်း ရေးသည် ယနေ့အထိ လမ်းကြောင်းမှန်ပေါ် တွင် ဆက်လက်ရှင်သန်နေခြင်းဖြစ်ပါသည်}လို့ ဖော်ပြထားပါတယ်။ သမ္မတကြီးဦးသိန်း စိန်ရဲ့ လက်ရှိ နိုင်ငံရေးအနေအထားအပေါ် အကောင်းမြင်ဝါဒနဲ့ အကဲဖြတ်ချက်တွေထဲ မှာ၊ အဓိကအပိုင်း ၂ ပိုင်း ပါဝင်နေပါတယ်။ တစ်ပိုင်းကတော့ ဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အဆင့် ဆင့်ဟာ အောင်မြင်ဖြစ်ထွန်းနေကြောင်းနဲ့ နောက်တစ်ပိုင်းကတော့ စေ့စပ်ဆွေးနွေး အ ဖြေရှာရေး နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ် ရှင်သန်လာတဲ့အတွက် ဒီမိုကရေစီအသွင် ကူးပြောင်းရေးဟာ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေကြောင်းတို့ပဲဖြစ်ပါတယ်။
ဒီမှာတင် သမ္မတရဲ့သဝဏ်လွှာပါ အောင် မြင်မှုဆိုတာတွေအပေါ် ဝေဖန်ဆွေးနွေးစရာ တွေရှိ လာပါတော့တယ်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တော့ ]ကျွန်မတို့မြန်မာနိုင်ငံဟာ လွတ်လပ် ရေး ရလာတာ အခု ၆၇ နှစ်ရှိသွားပါပြီ။ ကျွန် မအမြင်အနေနဲ့ ပြောရရင် ဒီနိုင်ငံရဲ့ အခြေအ နေနဲ့ပတ်သက်လို့ ကျေနပ်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ် ဟာ အင်မတန်နည်း လိမ့်မယ်လို့ထင်ပါတယ်။ နည်းလည်း နည်းသင့်ပါတယ်။ တိုးတက်ဖို့ အများကြီး လိုပါသေးတယ်။ ဒါကြောင့် နိုင်ငံ ရဲ့လက်ရှိအခြေအနေကို ကျေနပ်နေလို့မဖြစ် ပါဘူး} လို့ ပြောသွားခဲ့ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ လက်ရှိတိုင်းပြည်အခြေ အနေ ကို ကျေနပ်နေတဲ့ လူနည်းစုဆိုတာ ဘယ်သူရယ်လို့ ထုတ်ဖော်ပြောမသွားပေ မယ့် သမ္မတရဲ့ လွတ်လပ်ရေးသဝဏ်လွှာပါ အမြင်တွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် အာ ဏာရ အသိုင်းအဝိုင်းထဲက လူတစ်စုလောက် သာ ဖြစ်လိမ့်မယ်ဆိုတာ အလွန်ရှင်းပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျင်းပတဲ့ သ တင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစု ကြည်ပြောသွားတဲ့ ကောက်ချက်က ပိုပြီးရှင်း လင်းပြတ်သားပါတယ်။ အဲဒီမှာ ]အစိုးရ ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဘယ် ဟာမှ အောင်မြင်တယ်လို့ ပြောစရာ မရှိပါဘူး} ဆိုပြီး ထောက်ပြလိုက်ပါတယ်။
ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေဖန် ထောက်ပြချက်ကို အဲဒီ့အချိန်က သမ္မတ ဦးသိန်းစိန် လည်း ဝန်ခံဖြောင့်ချက်ပေးခဲ့ပါ တယ်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နိုင်ငံတော် အခြေအနေ အစီရင်ခံစာတင်ပြရာ မှာ သမ္မတဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအမြောက်အမြားကို တစ်ပြိုင်နက် ဆောင်ရွက်ရသည့် အတွက် ပြည်သူ များ မျှော်လင့် သလောက် မဆောင်ရွက်နိုင်ခဲ့ကြောင်း ဝန်ခံခဲ့တာဖြစ်ပါတယ်။ ပြည်သူအများစုရဲ့ ဆန္ဒနဲ့ လိုလားချက်တွေ ပြည့်မီရေးအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အဘက်ဘက် က ရေရှည်ခေတ်နောက် ကျခဲ့တဲ့ မြန်မာနိုင်ငံ မြန်မာ့လူ့အဖွဲ့အစည်း ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ် အောင်မြင်စွာအ ကောင်အထည်ဖော်နိုင်ရေးအတွက် အခက် အခဲတွေပြည့်နှက်နေ တဲ့ စိန်ခေါ်မှုများစွာကို ကျော်လွှားရဦးမယ်လို့လည်း သတိပေးသွားခဲ့ ပါတယ်။ နောက်ဆုံးမှာ ရည်မှန်းချက်ပန်း တိုင်ကိုရောက်ဖို့ များစွာဝေးကွာလိုအပ်နေဆဲ ဖြစ်တယ်လို့လည်း ဝန်ခံသွား ခဲ့ပါသေးတယ်။ ဒါပေမဲ့ နောက် ၃ ရက်အကြာ ပေးပို့တဲ့ လွတ် လပ်ရေး သဝဏ်လွှာ မှာတော့ အောင်မြင်မှု တွေနဲ့ ရွှန်းရွှန်းဝေနေသယောင်၊ ပြောင်ပြောင် တင်းတင်း တင်ပြသွားခြင်းဖြစ်ပါတယ်။ တိုင်း ပြည်ကို အခြေအနေမှန်အတိုင်း ရှင်းလင်းပြတ် သားစွာ အသိပေးဖို့ တာဝန်ရှိတဲ့ နိုင်ငံတော် အကြီးအကဲတစ်ယောက်အနေနဲ့ ]အခု ... စာကလေးကြော်၊ အခု ...ဆီထမင်း}ဆို တာလို အမြင်သဘောထားတွေ တစ်နေ့တစ် မျိုးဖြစ်နေတာ သိပ်မသင့်လျော်လှပါဘူး။
နိုင်ငံရေးယဉ်ကျေးမှုသစ်
သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံရေးအရ အမျိုးသားပြန်လည်စည်းရုံး ရေးနှင့် ငြိမ်းချမ်းရေးအရ ကြိုးပမ်းအကောင် အထည်ဖော်ရင်း၊ ရလဒ်အဖြစ် စေ့စပ်ဆွေး နွေးအဖြေရှာရေးဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှု အသစ်တစ်ရပ် ရှင်သန်သက်ဝင်လာပြီလို့ ဆို ပြန်ပါတယ်။ တကယ်တော့ စေ့စပ်ဆွေးနွေး အဖြေရှာရေးဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ် ဆိုတာကို တောင်းဆိုတင်ပြခဲ့တာ သမ္မတ ဦးသိန်းစိန်၊ အစိုးရအဖွဲ့မဟုတ်ပါဘူး။ တွေ့ ဆုံဆွေးနွေးရေး ယဉ်ကျေးမှုသစ်ကို ရှစ်လေး လုံးအရေးအခင်းပြီးစကတည်းက တောင်းဆို တင်ပြခဲ့တာ ဒေါ်အောင်ဆန်းစုကြည်ပါ။ အဲဒီအချိန်က ငြင်းပယ်ခဲ့တာ ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့ နဝတအစိုးရအဖွဲ့ပါ။ ဗိုလ်ချုပ် မှူးကြီးသန်းရွှေလက်ထက်မှာလည်း နေအိမ် အကျယ်ချုပ်ကျနေတဲ့ဘဝကို ရောက်နေခဲ့ တာတောင် ဒေါ်အောင်ဆန်းစုကြည်က ထပ် မံတွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သုံးယောက်တွဲ ဓာတ်ပုံရိုက်ပြခဲ့တာကလွဲလို့ နိုင်ငံရေးဆွေး နွေးပွဲဆိုတာမျိုး ရှိခဲ့ပုံမရပါဘူး။ န .အ .ဖ အစိုးရအဖွဲ့လက်ထက်မှာလည်း ဆက်ဆံရေး အရာရှိ ဦးအောင်ကြည်ကတစ်ဆင့် ဒေါ်အောင် ဆန်းစုကြည်ရဲ့ အမြင်သဘောထားတချို့ တင်ပြခွင့်ရခဲ့တာကလွဲလို့ တူတူတန်တန် အ ပြန်အလှန် ဆွေးနွေးတင်ပြခွင့်ရခဲ့တယ်ဆို တာ မရှိသလောက်ပါပဲ။ ၂၀၀၉ ခုနှစ်ကဆို ရင် တိုင်းပြည်ရဲ့ပြဿနာတွေကို ဆွေးနွေးညှိ နှိုင်းခွင့်ရဖို့ ဘယ်လိုတန်ဖိုးမျိုးပဲပေးရပေးရ တွေ့ဆုံရပါစေလို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းပန်မေတ္တာရပ်ခံခဲ့တာကိုတောင် ဗိုလ် ချုပ်မှူးကြီးသန်းရွှေက မတူမတန်သလို ငြင်း ဆန်ပယ်ချခဲ့ပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေး စိတ်ဓာတ်နဲ့ စေ့စပ်ဆွေးနွေးအ ဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်ထူထောင် ဖို့ ပထမဆုံးနဲ့တစ်လျှောက်လုံး တောင်းဆိုခဲ့ သူဟာ ဒေါ်အောင်ဆန်းစုကြည်ပါ။ ဒီ ယဉ် ကျေးမှုသစ်ကို တစ်လျှောက်လုံး ငြင်းဆန်ပယ် ချခဲ့တာ စစ်အာဏာပိုင်တွေဘက်ကပါ။
လက်ရှိသမ္မတဦးသိန်းစိန်ရဲ့ အရပ်သား တစ်ပိုင်း အစိုးရလက်ထက်မှာလည်း ၂၀၁၃ ခုနှစ် စက်တင်ဘာလကတည်းက ဒေါ်အောင် ဆန်းစုကြည်ဟာ စေ့စပ်ဆွေးနွေးအဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှုထူထောင်ဖို့ လေးပွင့် ဆိုင်တွေ့ဆုံရေးကို တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ သမ္မတနဲ့ကာ/ချုပ်တို့က လက် ရှောင်နေခဲ့ကြပါတယ်။ ၂၀၁၄ နိုဝင်ဘာလ သမ္မတအိုဘားမားခရီးစဉ်နီးခါမှ ၁၄ ပွင့် ဆိုင်နိုင်ငံရေးဇာတ်တစ်ပုဒ် ကမန်းကတန်းပွဲ ထုတ်ရင်း ထိပ်သီးထမင်းစားပွဲတစ်ရပ် ကျင်း ပလိုက်ပါသေးတယ်။ နိုင်ငံရေးအရ ဘာမှ အနှစ်အသားမပါတဲ့ ဗလာလုပ်ဇာတ်တစ်ပွဲ ပါပဲ။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်က ‘ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ’မယ့် ‘၆ ပွင့်ဆိုင်’တွေ့ဆုံဆွေးနွေးကြဖို့ အ စိုးရအဖွဲ့ကို တိုက်တွန်းကမ်းလှမ်းလိုက်ပါ တယ်။ ဒီလွှတ်တော်ရဲ့ကမ်းလှမ်းချက်ကို အ စိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်မှတစ်ဆင့် ၁၂ ပွင့်ဆိုင်တွေ့ဆုံရေးဆိုတဲ့ အဆိုပြုချက်နဲ့ ဖျက်မြင်းမွေးပေးလိုက်ပါတယ်။ ဆိုရရင် အာဏာပိုင်အသိုင်းအဝိုင်းအနေနဲ့ ဘယ်နှပွင့်မှ ဆိုင်လိုတဲ့ဆန္ဒမရှိကြောင်း ဒီဖြစ် စဉ်က သက်သေထူပြနေပါတယ်။ ဒါကြောင့် သမ္မတကြီးရဲ့ စေ့စပ်ဆွေးနွေး အဖြေရှာ ရေးဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ် ရှင်သန်အသက်ဝင်လာပြီဆိုတဲ့ ကောက် ချက်ဟာ အတော်သံသယရှိစရာ ကောင်းပါတယ်။
DIALOUGE - သီဝရီတွေအလိုအရ တော့ တွေ့ဆုံဆွေးနွေးရေးဆိုတာ ဘက်နှစ် ဖက်လုံးမှာရှိတဲ့ အကျပ်အတည်း (ဃျွှ) တွေ၊ မျှခြေရောက်မှ ဖြစ်လေ့ရှိတယ်လို့ဆိုပါ တယ်။ တောင်အာဖရိကမှာ မင်ဒဲလားနဲ့ဒီက လာခ်တို့ တွေ့ဆုံဆွေးနွေးကြတယ်ဆိုတာ လူဖြူအစိုးရမှာ အကျပ်အတည်းဆိုက်နေသ လို၊ ဗဃြ မှာလည်း အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရလို့ပါ။ အစစ်အမှန်တွေ့ဆုံ ဆွေးနွေးပွဲတွေ ဖြစ်ထွန်းလာတယ်ဆိုတာ သူ့မှာလည်း အကျပ်အတည်းရှိ၊ ကိုယ့်မှာ လည်း အကျပ်အတည်းကြုံနေပြီး ‘နိုင်ငံရေး အရ ရှေ့မတိုးနောက်မဆုတ်သာ’တဲ့ အနေ အထား (POLITICAL-DEADLOCK) ဆုံမှတ်တစ်ခုကိုရောက်မှ ဖြစ်နိုင်လေ့ရှိပါ တယ်။ အရင်စစ်အစိုးရတွေခေတ်က သူတို့ မှာ စစ်တပ်လည်းရှိ၊ အာဏာလည်းရှိ၊ ဓန အင်အားလည်း အပြည့်အစုံရှိနေတော့ တွေ့ ဆုံဆွေးနွေးဖို့ မစဉ်းစားခဲ့ကြပါဘူး။ ဒါကြောင့် တစ်လျှောက်လုံး ထွက်ပေါက်ရှာပြီး Dialouge မှန်သမျှ ရှောင်တိမ်းခဲ့ကြတာချည်းပါပဲ။ ဒီနေ့လို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအ တွက် နိုင်ငံတကာ ဖိအားကြီးမားနေချိန်၊ LDC နိုင်ငံဘဝက ရုန်းထွက်ဖို့ စီးပွားရေးဖွံ့ဖြိုးတိုး တက်ဖို့ အကူညီလိုအပ်နေချိန် တပ်မတော် နဲ့ ပြည်သူလူထု၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်များအကြား ပဋိပက္ခများ ကြီးထွားနေချိန်ဖြစ်သလို အတိုက်အခံ နိုင်ငံရေး အင်အားစုများနဲ့ ပြည်သူလူထုအကြား၊ တိုင်း ရင်းသားတွေနဲ့ လက်နက်ကိုင်အဖွဲ့များအကြား ပိုမိုစုစည်းညီညွတ်လာချိန်မှာ မြန်မာ့နိုင်ငံရေး ရပ်ဝန်းဟာလည်း ရေသေ (Deadlock) အနေအထားကို ရောက်ရှိလာပါပြီ။ ပဋိပက္ခ တွေဟာ အကျပ်အတည်းတစ်ခုဆီကို ဦးတည် ရွေ့လျားနေချိန်မှာ ထိပ်တိုက်ရင်ဆိုင်တိုးကြ မှာလား၊ ဒါမှမဟုတ် စေ့စပ်ဆွေးနွေးဖြေရှင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်ကို ကျင့်သုံးမှာ လားဆိုတာကို အာဏာပိုင်တွေ ရွေးချယ်ဆုံး ဖြတ်ကြရတော့မှာပါ။ ဒီလို နိုင်ငံရေးရေသေ ရပ်ဝန်းမှာ ပဋိပက္ခတွေ စုဆုံလာချိန်ဖြစ်လို့ ‘နိုင်ငံရေးယဉ်ကျေးမှုသစ်’ဆိုတာကို သမ္မတကြီးထုတ်ပြောလာပုံပါပဲ။
ငြိမ်းချမ်းရေး၊ အလားအလာ
သမ္မတဦးသိန်းစိန်ရဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာထဲမှာ အမျိုးသားပြန်လည်စည်း လုံးရေးနဲ့ ငြိမ်းချမ်းရေးတို့ အကောင်အထည် ဖော်ရင်းနဲ့ စေ့စပ်ဆွေးနွေး အဖြေရှာရေးဆို တဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ် ရှင်သန် အသက်ဝင်လာခဲ့ပြီလို့ နိဒါန်းကျူးခဲ့ပါတယ်။ တကယ်လည်း အဓွန့်ရှည်တည်တံ့မယ့် ငြိမ်း ချမ်းရေးဖြစ်ပေါ်လာဖို့ ဦးစွာတစ်ပြည်လုံး အ ပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုး နိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်ရေးကော်မတီ (UPWC) နဲ့ ညီညွတ်သော တိုင်းရင်းသား များ ဖက်ဒရယ်ကောင်စီ (UNFC) တို့အကြား၊ စားပွဲဝိုင်းထိုင်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြတာ ၆ ကြိမ်ရှိခဲ့ပါပြီ။ ၂၀၁၄ ခု စက်တင်ဘာလ တွေ့ ဆုံဆွေးနွေးပွဲအပြီးမှာတော့ ၂၀၁၄ ခုနှစ်မကုန် မီ၊ အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးနိုင်လိမ့် မယ်လို့ နှစ်ဦးနှစ်ဖက် ယုံကြည်လာကြတဲ့အ ထိ အလားအလာကောင်းနေခဲ့ပါတယ်။ ဒါ ပေမဲ့ စက်တင်ဘာလ ၁၉ ရက်၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှာပြောခဲ့တဲ့ ကာ ချုပ်ရဲ့ မိန့်ခွန်းထဲမှာ တပ်မတော်ရဲ့ မူ ၆ ချက် နဲ့ UNFC အဖွဲ့အပေါ် သတိပေးချက်ထွက် ပေါ်လာပြီးနောက်၊ ၆ ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပွဲဟာလည်း ဘာသဘောတူညီချက် မှ မရခဲ့ဘဲ ပွဲပျက်သွားခဲ့ရပါတယ်။ ဆွေးနွေး ညှိနှိုင်းပွဲ ပွဲပျက်ပြီးတာနဲ့ တစ်ဆက်တည်းဆိုသ လို သဘာဝကျစွာပဲ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်နဲ့ မွန်-ကရင်ပြည်နယ်တွေမှာ သေ နတ်သံတွေ ပြန်ဟိန်းညံလာခဲ့ပါတယ်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှာ တော့ တပ်မတော်ဘက်က ရည်ရွယ်ချက်ရှိ စွာ ပစ်ခတ်လိုက်တဲ့ အမြောက်လက်နက်ကြီး ကျည်ထိမှန်ခဲ့တဲ့အတွက် KIဗ ဗိုလ်သင်တန်း ကျောင်းက ဗိုလ်လောင်း ၂၃ ယောက် ကျ ဆုံးပြီး အများအပြား ဒဏ်ရာရသွားခဲ့ပါတယ်။ ဒီလက်နက်ကြီးကျည်ဟာ၊ ဗ်ိုလ်သင်တန်း ကျောင်းကို ဖြိုခွဲခဲ့ရုံမက အမျိုးသားပြန်လည် သင့်မြတ်ရေးကြိုးပမ်းမှုများကိုပါ ဖျက်ဆီး လိုက်တဲ့အတွက် တွေ့ဆုံဆွေးနွေးပွဲပျက်ပြီး နှစ်ဖက်တင်းမာမှုတွေ ပိုမိုကြီးထွားလာခဲ့ပါ တယ်။
ဒါကြောင့် ဒီဇင်ဘာလမှာကျင်းပခဲ့တဲ့ နှစ်ဖက်တွေ့ဆုံညှိနှိုင်းပွဲမှာ UNFC ခေါင်း ဆောင်ဖဒိုကွယ်ထူးဝင်းတစ်ဦးသာ တက် ရောက်လာခဲ့ပြီး လွတ်လပ်ရေးနေ့ ဗိုလ်ရှုသ ဘင်အခမ်းအနားကိုလည်း KIA နဲ့ မဟာ မိတ်တွေ မတက်ရောက်ခဲ့ကြပါဘူး။ ယုံကြည် မှုပြိုကွဲသွားပြီဖြစ်တဲ့အလျောက် အပစ်ရပ်စာ ချုပ်လက်မှတ် ရေးထိုးရေးဟာလည်း ၂၀၁၅ ခုနှစ်ထဲကို ပြောင်းရွှေ့သွားခဲ့ရပါပြီ။ UPWC အနေနဲ့ ဖေဖော်ဝါရီလ ၁၂ ရက်မှာ အပစ် ရပ်စာချုပ်လက်မှတ်ထိုးဖို့ အဆိုပြုခဲ့ပေမယ့် ဖြစ်နိုင်ခြေအတော်နည်းပါးသွားပါပြီ။
ဆိုရရင် သမ္မတဦးသိန်းစိန်ရဲ့ ဒီမိုကရေ စီပြုပြင်ပြောင်းလဲရေးအတွက် ၂၀၀၈ ဖွဲ့စည်း ပုံပြုပြင်ရေး ကြိုးပမ်းမှုတွေဟာ အခြေခံအား ဖြင့် မအောင်မြင်ဘူးလို့ အကဲဖြတ်ရမှာပါပဲ။ အလားတူ အမျိုးသားပြန်လည်စည်းလုံးရေး နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာလည်း အကျပ်အတည်းတစ်ရပ်စီကို ဦးတည်နေပါ ပြီ။ ဒါကြောင့် စေ့စပ်ဆွေးနွေးဖြေရှင်းရေးဖြင့် အဖြေရှာရန်ဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ် ဟာလည်း အကျပ်အတည်း အတားအဆီး တွေနဲ့ ရင်ဆိုင်နေရပါပြီ။ ဒီလိုအခြေအနေ အောက်မှာ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်း ရေးဟာ သမ္မတဦးသိန်းစိန်ပြောသလို လမ်း ကြောင်းမှန်ပေါ်ရောက်နေတာ မဟုတ်ပါဘူး။ နိုင်ငံရေးရေသေ (Political-Deadlock) ရပ်ဝန်းထဲမှာ ပိတ်မိနေတာပါ။
သန်းစိုးနိုင်

No comments:
Post a Comment