ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ အားကစား အစရှိတဲ့ နယ်ပယ် အသီးသီး မှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ တွေ့ရလေ့ရှိတယ်။ အမေရိက က နိုင်ငံရေး ပါတီကြီးနှစ်ခုရဲ့ ပါတီတွင်းနဲ့ သမ္မတရွေးကောက်ပွဲတွေလိုပေါ့။ ဂုဏ်သိက္ခာ ကို အခြေပြုတဲ့ နိုင်ငံရေးအသိုင်းအဝန်းဆိုတော့ ယှဉ်ပြိုင်ချိန်မှာ တဖက်နဲ့တဖက် အနိုင်ရ လိုမှု စိတ်အခြေခံ အားသွန်ခွန်စိုက်ကြိုးပမ်းလေ့ရှိ ကြပေမယ့် အဆုံးရလဒ် သိတဲ့အချိန်မှာ နှစ်ဖက် စလုံးက လေးစာမှုအပြည့်နဲ့ အနိုင်၊ အရှုံး ကို လက်ခံလေ့ရှိကြတယ်။ အမြင်မတူတာတွေ ကို ဝေဖန်ထောက်ပြကြပေမယ့် တူတာတွေကို တွဲလုပ်ကြဖို့လည်း ဝန်မလေးကြဘူး။ ဥပမာ - ဟီလာရီ ကလင်တန် ဟာ ဒီမိုကရက်တစ် ပါတီတွင်း သမ္မတလောင်းရွေးပွဲမှာ အိုဘားမား ကို ရှုံးခဲ့ပေမယ့် နောက်ပိုင်း ပါတီမဲဆွယ်ပွဲတ လျှောက် အိုဘားမား ဘက် က ထောက်ခံပေး ပြီး အိုဘားမား အစိုးရအဖွဲ့ ပထမသက်တမ်း မှာလည်း အရေးပါတဲ့ နိုင်ငံခြားရေးဝန်ကြီး ရာထူး တာဝန်ယူပေးခဲ့တယ်။ ဒါဟာ ဘုံအ ကျိုး စီးပွား ပါတီအကျိုးကြောင့်ပါဆိုတာ မှန် ပေမယ့် အနည်းဆုံး ပြိုင်ဘက်တွေ ဟာ စိတ် သဘောထားကြီးကြီး ထားနိုင်ရင် အလုပ်တွဲ လုပ်နိုင်တယ်ဆိုတာကို သာဓကဖြစ်စေတယ်။
အတွေးအခေါ်မတူ၊ အယူအဆကွဲပေမယ့် နောက်ဆုံး သမာသမတ်ကျကျ၊ မျှတမှုရှိရှိ တရားသဖြင့် အနိုင်ယူသွားတယ်ဆိုရင် ကျေ ကျေနပ်နပ် လက်ခံလေ့ ရှိတယ်ဆိုတဲ့ အစဉ် အလာကောင်းတွေကို အမေရိကန်ရွေးကောက် ပွဲသမိုင်း မှာ အမြဲတွေ့ရလေ့ရှိတယ်။ ၂၀၀၀ ပြည့် နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ၊ အယ်လ် ဂိုးနဲ့ ဂျော့ဘွရှ် (အငယ်) တို့ ပြိုင်ကြတုန်းကဆို သမိုင်းဝင် ဗဟို တရားရုံးအထိ တက်ပြီး အရှုံး၊ အနိုင်ဆုံးဖြတ်ခဲ့ရပေမယ့် နောက်ဆုံး တရားရုံး အဆုံးအဖြတ်ကို ရှုံးနိမ့်သူအယ်လ်ဂိုး က ကျေ ကျေနပ်နပ် လက်ခံ ခဲ့တယ်။ နောက်ပိုင်း အယ်လ် ဂိုးဟာ ဘွရှ်(အငယ်) အစိုးရအဖွဲ့ကို အာဖဂန် စစ်ပွဲနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန် ခဲ့တယ်။ နို့ပေမဲ့ ဒါက သူနဲ့ အမြင်သဘော ထားမတူလို့ သူယုံကြည်တဲ့ဘက်ကနေ ရိုးရိုး သားသား ရပ်တည်ပြီး ဝေဖန်တာသာဖြစ်ပြီး သူ့ကို အနိုင်ယူသွားသူရဲ့ အစိုးရအဖွဲ့ဖြစ် လို့ ဝေဖန်ခဲ့ခြင်းမျိုး မဟုတ်ဘူး။
ဒီနေရာမှာ သတိပြုရမှာက အယ်လ်ဂိုး ဟာ ဂျော့ဘွရှ် (အငယ်) ရဲ့ဖခင် ဂျော့ဘွရှ် (အကြီး) ဦးဆောင်တိုက်ခဲ့တဲ့ ပထမပင်လယ် ကွေ့စစ်ပွဲ ၁၉၉၀ တိုက်ဖို့ ဆုံးဖြတ်ချက်ကို လွှတ်တော်မှာထောက်ခံခဲ့တဲ့ လက်တဆုပ်စာ ဒီမိုကရက် အမတ်ထဲမှာ တစ်ဦးအပါအဝင်ဖြစ် ခဲ့တယ် ဆိုတာပါ။ ၁၉၉၀ တုန်းက အီရတ် က အားနည်းတဲ့ ကူဝိတ်ကိုကျူးကျော်ခဲ့လို့ အား နည်းတဲ့ မဟာမိတ်ဘက်က (ရေနံကြောင့် လည်း ပါတာပေါ့လေ-စကားချပ်) ဝင်ကူတိုက် ရမယ်ဆိုတာဟာ မှန်တယ်ဆိုပြီး ထောက်ခံခဲ့တယ်။ ၂၀၀၂ အာဖဂန်စစ်ပွဲက အမေရိကန် အတွက် မလိုအပ်ဘူး၊ အကျိုးမဲ့စေတယ် ယူဆလို့ ကန့်ကွက်ခဲ့တယ်။ သူတို့ဆီက အတု ယူရမှာက ပါတီစွဲ၊ ပုဂ္ဂလိကပြိုင်ဆိုင်မှု၊ အငြိုး အတေး၊ အာဃာတ စတာတွေထက် အယူ အဆရေးရာ ကွဲလွဲမှုကြောင့်သာ ထောက်ခံ တာ၊ ဝေဖန် တာ တွေဟာ ဖြစ်လေ့ရှိတယ်ဆို တာကိုပါ။
စီးပွားရေးနဲ့ နည်းပညာ ပြိုင်ဆိုင်မှုတွေ မှာဆိုလည်း ဘီလ်ဂိတ်(စ်) (Microsoft)၊ စတိဂျော့ဘ်(စ်) (Apple) (ကွယ်လွန်) တို့ကို နမူနာယူကြည့်ပါ။ တဦးနဲ့တဦး အမြင် မတူ လို့ ဝေဖန်ထောက်ပြတာတွေရှိခဲ့၊ စီးပွားရေး ရာ ဆက်စပ် ဈေးကွက်ပြိုင်ဆိုင်မှု၊ နည်းပညာ ယှဉ်ပြိုင်မှုတွေရှိပေ မယ့် နှစ်ဦးနှစ်ဖက် အပြန် အလှန် လေးစားမှုရှိခဲ့တယ်။ နှစ်ဦးစလုံးရဲ့ ခေတ် သစ် ကမ္ဘာလူသားတွေအတွက် နည်းပညာပေး ဆပ်ခဲ့မှု၊ အကျိုးပြုစေခဲ့မှုတွေကို အပြန်အလှန် အသိအမှတ်ပြုမှုတွေ အမြဲတမ်းပြသ နိုင်ခဲ့ကြတယ်။
ဒီလို တရားမျှတ၊ ဂုဏ်သိက္ခာအရင်းတည် ယှဉ်ပြိုင်မှု၊ အနိုင်ရမှု၊ ရှုံးနိမ့်မှုတွေကို ကမ္ဘာ့ သတင်းဖြစ်ရပ်တွေမှာ အများအပြားတွေ့နိုင် ပါတယ်။ ယူတတ်ရင် သင်ခန်းစားတွေ ရနိုင် သလို ကိုယ့်ဆီမှာလည်း လက်တွေ့ကျင့်ကြံနိုင် ရင် ကောင်း ပါတယ်။ ကျွန်တော့်ရင်ကို ထဲထဲ ဝင် ဝင် ထိခိုက်စေပြီး အမြဲ စွဲထင်ကျန်ရစ်စေခဲ့တဲ့ သိက္ခာရှိတဲ့ ပြိုင်ဆိုင်မှု၊ အကောင်းဆုံး အနိုင် ရသူ၊ သိက္ခာ ရှိတဲ့ အရှုံးသမား ပုံရိပ်တွေကို အကောင်းဆုံးပုံဖော်စေတဲ့ သတင်းမြင်ကွင်း လေးတစ်ခုကတော့ အားကစားပွဲမှာ ဖြစ်သွား ခဲ့တာပါ။ ၂၀၀၉ ခုနှစ် ဩစတြေးလျ အလွတ် တမ်းတံခွန်စိုက် ထိပ်သီး တင်းနစ်ပြိုင်ပွဲ ရဲ့ ရော် ဂျာဖက်ဒရယ် (ဆွစ်ဇာလန်)နဲ့ ရာဖယ်လ်နာ ဒယ်လ် (စပိန်) တို့ပြိုင်တဲ့ နောက်ဆုံးဗိုလ်လုပွဲ ဆုပေးပွဲ အခမ်းအနားလေးတစ်ခုပါ။
ပထမဆုံးအနေနဲ့ ဆုပေးပွဲတာဝန်ရှိသူက ဆုရတဲ့ကစားသမားနှစ်ဦးဟာ စံနမူနာပြုထိုက် တဲ့ အားကစားသမားကောင်းတွေ ဖြစ်တဲ့အ ကြောင်း မိတ်ဆက်ပြီး ဒုတိယရသွားတဲ့ ဖက် ဒရယ်ကို ဆုယူဖို့ဖိတ်ရင်း အမှတ်တရ စကား ပြောစေတယ်။ ဗိုလ်လုပွဲမှာ ငါးနာရီနီးပါးကြာ အကြိတ်အနယ် ယှဉ်ပြိုင်ပြီး နောက်ဆုံး အဆုံး အဖြတ် ၅ ပွဲမြောက်မှာ နာဒယ်လ်ကို ရှုံးခဲ့တဲ့ ဖက်ဒရယ် ဟာ ကြေကွဲဝမ်းနည်းလွန်းလို့ စကား ပြောထွက်ဖို့ အတော်ကြိုးစား ရတယ်။
အဲဒီအချိန်က နိုင်ခဲ့ရင် အရင်တင်းနစ် သမိုင်းရဲ့သူရဲကောင်း ဆမ်းပရပ်စ် (အမေရိကန်) တင်ခဲ့တဲ့ အဓိကပြိုင်ပွဲကြီး (Grand Slam) တွေမှာ ၁၄ ကြိမ် ဗိုလ်စွဲတယ်ဆိုတဲ့ စံချိန်ကို ရစေမှာဖြစ်တဲ့အတွက် သူရှုံးသွားရတာဟာ တကယ့် ကို အထိနာစေခဲ့တယ်။ ဒါ့အပြင် အဲ ဒီပြိုင်ပွဲ ဩစတြေးလျအိုးပင်းဟာ သူပိုင်နိုင် ကျွမ်းကျင်တဲ့ (နာဒယ်လ် မကျွမ်းကျင်၊ စိတ် ကြိုက်မဖြစ်တဲ့) ကွင်းမာ (Hard Court) (မြေ စေးကွင်း Clay Court မဟုတ်) ဖြစ်တဲ့အ တွက် သူ့ရဲ့ရှုံးနိမ့်မှု၊ တနည်းအားဖြင့် နာဒယ်လ် ရဲ့အားသာလာမှုက ပိုပြီးသိသာလာစေခဲ့တယ်။
အဲသလို နောက်ခံအခြေအနေမို့ လေးလုံး ခြောက်ဖက် ယောက်ျားရင့်မာကြီး ဖက်ဒရယ် ဟာ ကမ္ဘာ့ပရိသတ်အလယ်မှာ စကားမပြော နိုင်ဘဲ မျက်ရည် စက်လက်နဲ့ ချုံးပွဲချ ငိုရရှာ တယ်။ တာဝန်ရှိသူက ဖက်ဒရယ်ပြန်ပြီး စကား ပြောနိုင်အောင် အချိန်ပေးတဲ့အနေနဲ့ ခဏ နားစေပြီး ပထမဆုယူဖို့ နာဒယ်လ်ကို ဖိတ် တယ်။ အနိုင်ရသူ နာဒယ်လ် ကလည်း အောင် မြင် မှုကြောင့်ရယ်၊ ဖက်ဒရယ် အဖြစ်ကိုကြည့် ပြီးတော့ရယ်ကြောင့် မျက်ရည်တွေ ဝဲနေတယ်။ ဆုယူဖို့ စင်မြင့်ကိုတက်တဲ့လမ်းမှာ ‘အနိုင်ရသူ’ နာဒယ်လ် က လေးစားချစ်ခင်မှု၊ အားပေးမှုပြ တဲ့အနေနဲ့ ‘ရှုံးနိမ့်သူ’ ဖက်ဒရယ်ရဲ့ခြေထောက် ကို ထိပြီးနှုတ်ဆက်တယ်။ ပြီးတော့မှ ပထမ ဆုကို ယူတယ်။
အဲဒီအချိန်မှာပဲ ဖက်ဒရယ်က သူကြိုးစာပြီး စကားထပ်ပြောကြည့်မယ်ဆိုပြီး စကားစပြော တယ်။ မျက်ရည်တွေကြားထဲက ဖက်ဒရယ် ပထမဆုံး စပြောတဲ့စကားက ‘နာဒယ်လ်ဟာ ထိုက်ထိုက်တန်တန် အနိုင်ယူပြီး ဒီဆုကိုရ သွားတာပါ’ ဆိုတာဖြစ်တယ်။ နာဒယ်လ်ကို ဂုဏ်ပြုစကား လှိုက်လှိုက် လှဲလှဲ ဆိုပြီး နောက် နှစ်တွေမှာ သူပိုကြိုးစားမယ့် အကြောင်းတွေ ဆက်ပြောခဲ့တယ်။
နာဒယ်လ်စကားပြောဖို့ အလှည့်ရောက် တော့လည်း ဖက်ဒရယ်ဟာ ကမ္ဘာ့ တင်းနစ်သ မိုင်းမှာ အကြီးကျယ်ဆုံးထဲက တယောက်ဖြစ် ပြီး သူ ဘယ်လို လေးစားအားကျခဲ့ရတယ်ဆို တာတွေကို ထောင်လွှားမာနမပါ၊ အပေါ်ယံ မဟုတ်ဘဲ ရင်ထဲရှိတဲ့အတိုင်း ထုတ်ဖော်ချီး မွမ်းသွားခဲ့တယ်။
၂၀၀၀ ပြည့်နှစ်များရဲ့ အလယ်နှစ်တွေက စခဲ့တဲ့ ရော်ဂျာဖက်ဒရယ်နဲ့ နာဒယ်လ် တို့ရဲ့ ပြင်းထန်တဲ့ တင်းနစ်ကွင်းထဲက ပြိုင်ဆိုင်မှု တွေဟာ ပုဂ္ဂိုလ်ရေး မုန်းတီးမှု လုံးဝမပါ၊ တစ်ဦး နဲ့ တစ်ဦးနဲ့ လေးစားမှု၊ အသိအမှတ်ပြုမှုတွေ ဝေဆာနေတဲ့ သိက္ခာရှိတဲ့ ပြိုင်ဆိုင်မှုတွေဖြစ် ခဲ့တယ်။ သူတို့နှစ်ယောက်ရဲ့ စာနယ်ဇင်းတွေ့ ဆုံမေးမြန်းခန်းတွေကိုကြည့်ရင် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစား အသိအမှတ်ပြုမှု၊ တစ် ဦးရဲ့အရည်အချင်းက တစ်ဦးကို အထောက် အကူပြုမှု စတဲ့ အတုယူထိုက်တဲ့ အပြုအမူ၊ အပြောအဆိုတွေကို တွေ့နိုင်တယ်။ ဖက်ဒ ရယ်ဟာ တင်းနစ်မှာ ကမ္ဘာ့နံပါတ်တစ်နေရာ ကို အချိန်အကြာကြီး ယူနိုင်ခဲ့ တာဟာ နာ ဒယ်လ်ရဲ့ ပြင်းထန်တဲ့၊ ကြိုးစားတဲ့ ပြိုင်ဆိုင်မှု ကြောင့်ပါဆိုတာ အမြဲလိုလို ဝန်ခံလေ့ရှိခဲ့တယ်။ နာဒယ်လ်ကလည်း သူ နောက်ပိုင်း နံပါတ် တစ်နေရာကို ယူနိုင်ခဲ့တာဟာလည်း ဖက်ဒ ရယ်ကိုနမူနာထားပြီး ကြိုးစာခဲ့ လို့ပါဆိုတာ အမြဲဖွင့်ဟလေ့ရှိခဲ့တယ်။
စာဖတ်သူ မိတ်ဆွေများရဲ့ ညီငယ်၊ ညီမ ငယ်၊ ဒါမှမဟုတ် သားသမီးတွေ ကို လောက မှာစံနမူနာပြုစရာ စံပြပုဂ္ဂိုလ်(Role Model) အနေနဲ့ ခိုင်းနှိုင်းညွှန်ပြပြောဆိုဖို့ သာမန်သူလို ကိုယ်လိုထဲက ထူးချွန်၊ ထက်မြက်၊ ထင်ရှား လာပြီး အကျင့်စာရိတ္တပါ ကောင်းမွန်ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေပြ ပါဆိုရင်တော့ (ကျွန်တော့်အနေနဲ့) ဖက်ဒရယ်နဲ့ နာဒယ်လ် နှစ်ယောက်ကိုညွှန်း ချင်တယ်။ အားကစားကွင်း အတွင်း အောင် မြင်မှု၊ အားကစားသမားစိတ်ဓာတ် အပြည့်အဝ ရှိမှု၊ လူကြီး၊ လူကောင်းဆန်မှု၊ စိတ်သဘော ထားကြီးမြတ်မှုတွေ သာမက အားကစားကွင်း ပြင်ပ နေထိုင်၊ ပြောဆို၊ ပြုမူ ဆက်ဆံတဲ့ လူ နေမှု ပုံစံတွေကပါ လူငယ်တွေအတွက် အတု ယူစရာကောင်းတယ်။
ဒါ့အပြင် တရားသဖြင့် ယှဉ်ပြိုင်လိုမှု၊ အရှုံး ကို သိက္ခာရှိစွာ လက်ခံနိုင်မှု၊ အနိုင်ကို မဝံ့ ကြွားတတ်မှုတွေကိုလည်း ကျနော်တို့ဆီက စစ်ဝတ်စုံချွတ် နိုင်ငံရေး သမားဆိုသူ ဗိုလ်ချုပ် ဟောင်းများ၊ မိုးကျရွှေကိုယ် ယူနီဖောင်းဝတ် လွှတ်တော်အမတ် စစ်ဗိုလ်များ လေ့လာသင် ယူ ကျင့်သုံးတတ်စေချင်တယ်။
အခု တိုင်းပြည်ဟာ ခေတ်စနစ်တွေပြောင်း ပြီး ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ သွားနေ တယ် ဆိုပါတယ်။ နိုင်ငံရေးအရ ဒီမိုကရေစီ ဓလေ့အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွေလည်း ကျင်းပခဲ့ တယ်။ အခု ၂၀၁၅ နှစ်ကုန်ပိုင်းမှာဆိုရင် နောက် တကြိမ် ရွေးကောက် ပွဲကြီး တခုတောင် ထပ်မံ ကျင်းပပါတော့မယ်။ ဂုဏ်သိက္ခာရှိတဲ့ ပြိုင် ဆိုင်မှု၊ တရားမျှတတဲ့ ရလဒ်တွေ အတိတ်မှာ ဖြစ် ခဲ့ပါသလား၊ အနာဂတ်မှာ ဖြစ်နိုင် ပါမလား။
ပြီးခဲ့တဲ့ အကြိမ်များကတော့ ကြိုတင်မဲ တွေ၊ ကွယ်လွန်ပြီးသူများတောင် မဲပေး ခွင့်ရ ခဲ့တဲ့ မရဏမဲတွေ၊ မဲပေးမှ မီးပေး၊ ရေပေး၊ လမ်းခင်းပေးမယ် ဆိုတာတွေ သာ မျက်မြင် တွေ့ခဲ့ရတယ်။ အခုလည်း စစ်တပ်နောက်ခံရှိ အာဏာရပါတီကြီး က မဲဆွယ်မှုတွေ စလုပ် နေရာမှာ လူထု ဆန္ဒမဲကို ပြန်ပေးဆွဲလိုတဲ့ အလားတူ အသံ၊ ထပ်တူ အလုပ်တွေပဲ ထပ်မံ မြင်တွေ့ကြားနေရတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အင်အားကြီး စစ်တပ်ရဲ့ ကြားနေမှု၊ လက်ရှိ အာဏာရ အစိုးရရဲ့ သမာ သမတ်ကျမှုမျိုး အာမ မခံနိုင်ရုံမက ဒိုင်လူကြီး ဖြစ် သူ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဘက်မ လိုက်မှု၊ တရားမျှတမှု လူကြီးလူကောင်း ပီသ မှုမျိုးကိုပါ မတွေ့ရသေးပါဘူး။ အာဏာရပါတီ ဆက်လက် အာဏာ တည်မြဲရေးအတွက်သာ စစ်ဗိုလ် အဟောင်း၊ အသစ်များ ငါ့စကားနွားရ အပြော၊ အလုပ်တွေ တင်းကျမ်းပြည့် တနေ့ တမျိုး မရိုးရအောင် တွေ့နေရဆဲပါပဲ။
ဒီမိုကရေစီထုံးတမ်းစဉ်လာ ယှဉ်ပြိုင်မှုကို အားကစားသမားကောင်းစိတ်ဓာတ် (Sportsmanship) အလုပ်၊ အပြုအမူ၊ ကျင့်ဝတ်အ ပြည့်နဲ့ ပြိင်ပွဲဝင်လိုမှု မရှိဘဲ နိုင်ရင်ပြီးရော ဘာမဆို လုပ်ဝံ့၊ မတရားတာလည်း လုပ်ဖို့ ဝန်မလေးတဲ့ ကလိမ်ကကျစ် လောင်းကစား သမား (Gamesmanship) စိတ်ဓာတ်နဲ့သာ အနိုင်ရယူလိုစိတ် ရှိနေဆဲ ဆိုတာ မြင်နေရ တယ်။ ဒီမိုကရေစီစနစ်ရဲ့ လူမှုစီးပွားရေးရာမှာ လည်း လူအများစု သာတူညီမျှမှုရှိတဲ့ လူမှုတရားမျှတမှု (Social Jusice) ရရှိခံစားရမှုဟာ အဓိက အရေးပါပါတယ်။ ဒါပေမဲ့ လက်ရှိဒီမို ကရေစီနိုင်ငံ ကြွေးကြော်နေတဲ့ ကျနော်တို့ဆီ မှာ ထားစရာ မရှိလောက်အောင် ကြွယ်ဝနေ သူလူတစုနဲ့ စားစရာကိုမရှိဖြစ်နေတဲ့ လူအများစု ဆိုတဲ့ ဆင်းရဲချမ်းသာကွာဟချက်က ကြီးမား၊ အခွင့်အရေးချင် မတူညီ မမျှတတဲ့ တဖက်စောင်းနင်း တရားမဲ့ လူမှုလောကမြင် ကွင်းဟာ ပြတ်ပြတ်သားသား တနေ့တခြား ပိုသာဆိုးလာနေတယ်။
ပြန်ချုပ်ရရင် အခုလို မြေစမ်း၊ ခရမ်းပျိုး အဆင့်ပဲရှိသေးတဲ့ ဒီမိုကရေစီပွင့်သစ်စ ကျွန် တော်တို့နိုင်ငံမှာ လွတ်လပ်မျှတတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို အနာဂတ်မှာ ရရှိစံစားချင်ရင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဥပဒေရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အစရှိတဲ့ တိုင်းပြည်ရဲ့ကဏ္ဍအသီးသီးမှာ သမာ သမတ် ကျ မျှတတဲ့ စနစ်တွေ အခြေတည်၊ ဆူကြုံနိမ့်မြင့် လူမျိုး၊ ဘာသာ လူတန်းစား မရွေး၊ သာတူညီမျှ တသမတ်တည်း တန်းတူ သက်ရောက် ဘက်မလိုက်တဲ့ နည်းလမ်းဥပဒေ စည်းကမ်းတွေ ရှင်သန်၊ တရားမှု အတွေးအ ခေါ်တွေ ဖွံ့ဖြိုးစေဖို့ လိုအပ်နေပါတယ်။ ကြီး နိုင်ငယ်ညှဉ်း အားကြီးသူသာ အမြဲ အသာရတဲ့ အရိုင်းအစိုင်း တောတွင်း ဥပဒေသ တိရစ္ဆာန် ဝါဒ အကျင့်အကြံ၊ အလုပ်တွေ ပပျောက်ဖို့ လည်း အရေးတကြီးလိုနေပါတယ်။ တရားမျှတ လွတ်လပ်ခြင်းအပြည့်နဲ့ ခွင့်တူညီမျှ ဝါဒဖြူ စင်တဲ့ပြည် တကယ်ဖြစ်စေမယ့် ဒီမိုကရေစီ လူ့ဘောင်သစ် တိုင်းပြည်မှာ ရေရှည်တည်တံ့ နိုင်ဖို့ရာ အပြန် အလှန်လေးစားမှုရှိ၊ တရားမျှတ ဂုဏ်သိက္ခာရှိတဲ့ ပြိုင်ဆိုင်မှုတွေကို အားပေး တဲ့ ရေပြင်ညီကစားကွင်း (Level Playing Field) တွေ နေရာ တိုင်းမှာ ဖော်ဆောင် ဖို့လည်း မဖြစ်မနေလိုနေပါတယ်။
အလိုအပ်ဆုံးကတော့ လက်ရှိ အာဏာရ၊ အသာရနေသူ စစ်ဗိုလ်ချုပ် အဟောင်း၊ အ သစ်ကြီးများ လာမယ့် ရွေးကောက်ပွဲမှာ မတ ရားအနိုင်ရသူ မဖြစ်စေဘဲ ပြည်သူ့ဆန္ဒအမှန် ကို လက်ခံရဲတဲ့ အကောင်းဆုံး ယှဉ်ပြိုင်သူ (Good Competitor)၊ သိက္ခာရှိတဲ့အရှုံးသမား (Gracious Loser) အဖြစ် ခံယူဝံ့တဲ့ နှလုံး ရည်မြင့်မား ရင်ဘတ်ကျယ်ပြန့်သူများ ဖြစ်ဖို့ ပါပဲ။
အရာရာအောင်တန်းနောက်တန်းကျခဲ့ရ တဲ့သမိုင်းဆိုးကို သင်ခန်းစာ ယူရင်း ကောင်းမွန် တဲ့ တိုင်းပြည် အနာဂတ် တည်ဆောက်နိုင်ဖို့ရာ လူထုအများ အကျိုးမျှော် ‘နိုင်လည်း နိုင်၊ ရှုံး လည်း နိုင်ရမယ်’ ဆိုတဲ့ စိတ်ဓာတ်တွေဖျောက် ဒီမိုကရေစီစနစ်မှာ ‘သိက္ခာရှိတဲ့ အရှုံးသမား’ များအဖြစ် ခံယူနိုင်ကြဖို့ ၂၀၁၅ နှစ် စမှာပဲ ကြိုတင် မေတ္တာရပ်ခံ တိုက်တွန်းလိုက်ကြောင်းပါခင်ဗျာ။
ငြိမ်းချမ်းအေး

No comments:
Post a Comment