၂၀၀၈ အခြေခံဥပဒေပုဒ်မ ၅၉(ဃ) ကို ၅၉(စ)လောက် သိပ်အလေးထားတာမတွေ့ရဘူး ။ တကယ်တော့ ၅၉(ဃ) က ဘိုးဘိုး တို့ကို တသက်လုံး ဒီမိုကရေစီ အတု နဲ့နေခိုင်းမယ့် ပုဒ်မပါခင်ဗျ ။ ခွေးတွေယုတ်မာထားတာပါ ခင်ဗျ ။ ဘယ်လိုယုတ်မာထားသလဲဆိုရင် ၅၉ (ဃ) မှာ စစ်ရေးအမြင်ရှိရမည် လို့ပါတယ်။ ဟုတ်ကဲ့ ဘိုးဘိုး တို့ နိုင်ငံမှာ သမ္မတ ရွေးနည်းကတော့ ထူးဆန်းတယ် ကမ္ဘာမှာ ဘယ်နိုင်ငံမှာ မှ မရှိတဲ့ရွေးနည်း ဒုသမ္မတ သုံးယောက်ကို အရင်ရွေးရတယ်။ ပြီးမှ အဲ ၃ယောက်ထဲက တစ်ယောက်ကိုသမ္မတလုပ်ခိုင်းတယ် ။ ဒုသမ္မတကိုဘယ်လိုရွေးကြသလဲ ။ သမ္မတရွေးချယ်ရမယ့်အဖွဲ့တွေက ရွေးချယ်ရမယ်လို့ အခြေခံဥပဒေပုဒ်မ ၆၀(က)မှာပြောထားတယ်။ရွေးချယ်တဲ့အဖွဲ့က ဘယ်လိုဖွဲ့သလဲ ဟုတ်ကဲ့ ပြည်ထောင်စုလွှတ်တော်ကနေဖွဲ့ပါတယ် ပုဒ်မ၆၀(ခ) ပါပြီးသား ။ အဲလိုဖွဲ့တော့ ၃ဖွဲ့ရှိတယ် ။ (ယုတ်မာတာစပြီး) ပုဒ်မ၆၀(ခ) ၁ မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (တပ်မတော်သားအမတ်မပါ) ၂။ အမျိူးသားလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့(တပ်မတော်သား မပါ) ၃။ တပ်မတော်သားကိုယ်စားလှယ်များအဖွဲ့(ဘာကိစ္စ တပ်မတော်သားကို ခွဲပြီး ဖွဲ့ထားရသလဲ) ။ အဲအဖွဲ့ ၃ဖွဲ့ကနေ ဒုသမ္မတ ၃ယောက်ရွေးထုတ်ရမယ်။ အဲ တပ်မတော်သား အဖွဲ့က ဘယ်သူ့ကိုရွေးမယ်ထင်သလဲ ? တပ်မတော်သားကိုပဲရွေးမှာပေါ့ ( စစ်တပ်ရဲ့သဘောတရားအရ အထက်အမိန့်ကျသလိုပေါ့) ကာချူပ် ရွေးခိုင်းတဲ့တပ်မတော်သားကိုပဲရွေးမှပေါ့ ။ ဟုတ်ကဲ့ ပြည်သူ တွေရွေးကောက်တဲ့ အရပ်သား ဒုသမ္မတ ၂ ယောက်နဲ့ တပ်မတော်ဦးစီးချူပ်က ရွှေးချယ်တဲ့ တပ်မတော်သား ဒုသမ္မတ တစ်ယောက် ။ဟုတ်ပြီးနော် ။ပုဒ်မ ၆၀(ဃ)မှာ သမ္မတလောင်း ၃ယောက်ကို ပြည်ထောင်စုလွှတ်တော် ၊ ပြည်သူ့လွှတ်တော် ၊ အမျိူးသားလွှတ်တော် အကြီးအမှူးတွေပါဝင်တဲ့ သမ္မတ စီစစ်ရေးအဖွဲ့က အခြေခံဥပဒေပါသမ္မတအရည်အချင်း နဲ့ ကိုက်ညီမညီ ကို စိစစ်ပြီး (င) အရ သမ္မတလောင်း ၃ယောက်ကနေတစ်ယောက်ကို သမ္မတအဖြစ်ရွေးရမယ် ။ ကဲ သေချာပြန်စဉ်းစားကြည့် သမ္မတလောင်း ၃ယောက်ကို စီစစ်တဲ့အခါ မှာပုဒ်မ ၅၉(ဃ) မှာ ပါတဲ့ စစ်ရေးအမြင်ရှိရမည် ဆိုတော့ အရပ်သား သမ္မတလောင်းထက်စာရင် ကာကွယ်ရေးဦးစီးချူပ် ရွေးတဲ့တပ်မတော်သား အမတ် သမ္မတလောင်း ဘယ်သူက စစ်ရေးအမြင်ရှိပါသလဲ ? ဒါဆို သမ္မတ က ဘယ်သူဖြစ်နိုုင် မလဲ ? ပုဒ်မ ၆၃ မှာ သမ္မတနဲ့ဒုသမ္မတတွေက နိုင်ငံဝန်ထမး်မဖြစ်ရဘူး ။ တကယ်လို့ ရွေးခံရရင် တာဝန်ကနေအပြီးနုတ်ထွက်ရမယ် လို့ပါတယ်။ တပ်မတော်သားအမတ်ကို ၅၉(ဃ) အရ သမ္မတ ဖြစ်သွားရင် သူ့က တပ်မတော်ထဲကနုတ်ထွက်တယ်ပဲထားအုံး ။ ကာချူပ်ညွှန်ကြားချက်အရ သမ္မတဖြစ်လာတဲ့သူ ဟာ ဘယ်သူ့ သြဇာလွမ်းမိုးခံနေရမလဲ ဆိုတာ သဘောပေါက် ကြပါ ။ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်လာတဲ့ ခုလက်ရှိသမ္မတ သိန်းစိန် ကိုလဲ ဘယ်သူ့သြဇာ လွှမ်းမိုးနေသလဲ ။ သိန်းစိန် ဘယ်ကလာသလဲ ဆိုတာသဘောပေါက်နိုင်ပါစေ။ ၂၀၀၈အခြေခံဥပဒေ ပုဒ်မ ၅၉(ဃ) ရှိနေသရွေ့ မြန်မာပြည်မှာ အရပ်သား သမ္မတ ဖြစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာ သိထားကြပါ ဒါကြောင့် အရပ်သား အစိုးရ အရပ်သား သမ္မတ ဖြစ်ဖို ့ ၅၉(ဃ) ကိုဖျက်သိမ်းကြပါစို့ ၊
@@@@@@@@@@@@@@@@@@@@
No comments:
Post a Comment