၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ဇန်နဝါရီ ၅ ရက်ကနေ ၁၁ ရက်နေ့ အထိ မြစ်ကြီးနားမှာ ကျင်းပရာမှာ ၈ ရက်ကနေ ၁၀ ရက်နေ့အထိ မနောပွဲထည့် ကျင်းပတဲ့ အတွက် ကချင်လူမှုအဖွဲ့အစည်း များက ကန့်ကွက်ပြီး ကန့်ကွက်လက်မှတ်တစ်သောင်းကျော် ပါတဲ့စာကို ပြည်နယ်ဝန်ကြီး ချုပ်ထံ ပို့ခဲ့ကြပါသတဲ့။ ဒါပေမဲ့ ကန့်ကွက် သူများကို ခေါ်တွေ့ပြီး မနောပွဲဆက်လုပ်မယ့် အကြောင်း ပြောပါသတဲ့။ အဲဒီကနေ အခု တော့ မူလ အစီအစဉ် အတိုင်း ပြည်နယ်ဝန်ကြီး ချုပ်ကိုယ်တိုင် ပျော်ပျော်ပါးပါး ကခုန်နေတာ တီဗီဖန်သားပြင် မှာ မြင်ရပုံများ အိမ်ကတီဗီ တောင် နည်းနည်း လှုပ်လှုပ်သွားသလိုပါပဲ။ တကယ်တော့ မနောပွဲ လို ရိုးရာပွဲမှာ ပျော်ပျော် ပါးပါးနဲ့ ညီညီညာလှုပ်သွက်ရွရင်း (မိုက်ခွက် ထိုးပေးရင်) ကြည်ကြည် သာနှုတ်မြွက်ဟကြပုံ များနဲ့ မင်္ဂလာရှိတဲ့ပွဲကို ဘာကြောင့် ကန့်ကွက်ကြလဲ မေးစရာ ပဲပေါ့နော်။
ဒါပေမဲ့ ကန့်ကွက်သူများကတော့ ဒေသ တွင်း တိုက်ပွဲတွေဖြစ်နေဆဲ၊ ဒုက္ခသည်များ လည်း နေရပ်မပြန်နိုင်သေး၊ သားငယ်သမီး ငယ်လေးများလည်း ကျောင်းမတက်နိုင်လို့ မျက်ရည်ဖြိုင်သက်ပြင်းချ၊ ငြိမ်းချမ်းရေးဆွေး နွေးပွဲ အဖြေကလည်း မတိမကျ၊ လူ့အခွင့် အ ရေးဖောက်ဖျက်မှုတွေလည်း မြင်နေကြားနေရ ဆဲမှာ ပျော်ပျော်ပါးပါး မနောပွဲကမယ် ဆိုတာ မဖြစ်သင့်လို့တားရတာပါလို့ ပြောကြပါတယ်။ တကယ်တော့ ဒုက္ခသည်အများစုဟာ ကချင် လူမျိုးတွေဖြစ်ကြပြီး သူတို့ဒုက္ခတွေကို ရှင်းမ ပေးနိုင်သေးတဲ့အပြင် လက်ငင်း အခက်အခဲ တွေကိုတောင် ယာယီ ဖြေရှင်းမှု ဝိုင်းမလုပ် ပေးသေးဘဲ ကချင်ရိုးရာ မနောပွဲ ကို ပျော်ပျော်ကြီး နွှဲကြမယ်ဆိုတာက သိပ်မဖြစ်သင့်ပါဘူး ပြောကြတာ သဘာဝကျတဲ့ပုံပါပဲ။
ဒါပေမဲ့ ကချင်ပြည်နယ်အစိုးရ လူမှုရေး ဝန်ကြီး ဒေါ်ဘောက်ဂျာကတော့ "တစ်ခုခုလုပ် မယ် ဆိုရင် ထောက်ခံသူလည်းရှိ၊ ကန့်ကွက် သူလည်းရှိတာပဲ၊ ဒီမိုကရေစီခေတ်ဆိုတော့ ကွဲလွဲခွင့် ရှိပါတယ်" လို့ အစချီပြီး လွတ်လပ်ရေး ကို မြတ်နိုးသူတိုင်းကတော့ ကချင်ပြည်နယ် နေ့ ကို ထောက်ခံတာပဲလို့ ဆိုလိုက်ပါတယ်။ ဝန်ကြီးစကားက ဒီမိုကရေစီ အစိုးရဝန်ကြီး လေသံနဲ့တော့ အတူသားခင်ဗျ။ ဒါပေမဲ့ ကွဲ လွဲခွင့်ရှိသလို ဘယ်လိုပဲကွဲလွဲကွဲလွဲ ဂရုမစိုက်ဘဲ လည်း နေခွင့်ရှိတယ်လို့ သဘောထားတာ မျိုးဆိုရင်တော့ ဘယ်ကောင်း ပါ့မလဲနော်။ တ ကယ်တော့ ကန့်ကွက်သူများကလည်း ကချင် ပြည်နယ်နေ့ကို မကန့်ကွက် ပါဘူး၊ မနောပွဲကို သာ ကန့်ကွက်တာပါလို့ ရှင်းပြထားကြတာ လည်း ရှိပါတယ်။
မနောပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးလ ခရီလအောင်က ‘ဒီမနောပွဲက အစိုးရကမဖြစ် မနေ လုပ်ခိုင်းတယ်ဆိုပြီး ပြောနေတယ်’လို့ ဆိုတာကိုလည်း ကြားရပါတယ်။ ဆိုလိုတာ ကတော့ ‘ဒီပွဲကို အစိုးရကလုပ်ခိုင်းလို့ လုပ်ရ တာလို့ပြောနေကြတာ၊ အဲဒါမဟုတ်ပါဘူးဗျာ’ လို့ ဆိုလို ပုံပေါ်ပါတယ်။ သူပြောတဲ့စကားမှာက ‘ပြောနေတယ်’ဆိုတာ အစိုးရက မဖြစ် မနေလုပ် ခိုင်းကြောင်း ထပ်ဆင့်ခိုင်းခဲ့တာလား၊ ဒါမှမဟုတ် အစိုးရကအဲဒီလိုလုပ်ခိုင်းတယ်လို့ လူတွေ က ပြောနေတာလား မရှင်းမရှင်း ဖြစ် နေတာလေ။ ကဲ၊ ထားပါလေ။ အစိုးရက ခိုင်း လို့ လုပ်ရရင်တော့ အစိုးရတာဝန်ပေါ့ဗျာ။ အစိုး ရကမခိုင်းဘဲ ကိုယ့်ဘာသာလုပ်တယ်ဆိုရင် ပို တာဝန်ကြီးသွားမှာ။ ဘာကြောင့်ဆိုတော့ အဲဒီ မနောပွဲကြီးက ကျပ်သိန်းပေါင်း ၄,၀၀၀ တောင် ကုန်မယ်ဆိုကိုးဗျ။ ကျပ်ပေါင်း ၄၀၀,၀၀၀,၀၀၀ တောင်မှနော်။ တစ်ပြိုင်နက်တည်းမှာပဲ ကချင် ဒုက္ခသည်စခန်းတွေမှာ ဆောင်းတွင်းမှာ ဒုက္ခ ရောက်နေကြတဲ့ သတင်း၊ ပြည်ပ အကူအညီ ပေး သူများ သွားခွင့်မရလို့ ပြည်တွင်း အလှူ ရှင်တွေကိုပဲ မှီခိုနေရတယ်ဆိုတဲ့ သတင်း၊ မ ကြာခင် ဒုက္ခသည်စခန်းတွေမှာ ရိက္ခာပြတ် တော့မယ်ဆိုတဲ့ သတင်းတွေ ကြားကြားနေ ရတော့ ကျပ်သိန်းပေါင်းလေးထောင်ထဲက သိန်းနှစ်ထောင်ဖိုးလောက် မနောပွဲ ကို လျှော့ ကပြီး တစ်ဝက်ကို ဒုက္ခသည်များဆီလှူမယ် ဆိုရင် ဘယ်လောက် "မနောကောင်း" တယ်လို့ ပြရာ ရောက်မလဲလို့ တွေးမိတာပါ။
‘သိန်းနှစ်ထောင်ဖိုးကလို့ ရမလားဗျ။ ကျွန် တော်တို့က အဝေးက လူတွေလည်း ဖိတ်ရတယ် ။ ကျောင်းသားတွေလည်း ခေါ်ရတယ်။ ကန့် ကွက်တဲ့ဟာတွေကြောင့် ဒေသခံတွေက မ လာတော့ ပွဲစည်အောင်ငွေမကုန်ဘဲ ဘယ်ရမ လဲဗျ’လို့ ပြောမလားတော့ မသိဘူးပေါ့ခင် ဗျာ။ ပြီးတော့ ကျွန်တော့်ကို မနောပွဲကို မစည် အောင်လုပ်သူ၊ တိုင်းရင်းသားစည်းလုံး ညီညွတ် ရေးကို ဆန့်ကျင်သူ၊ ရိုးရာပွဲတွေ ဖျက်လိုဖျက် ဆီးလုပ်သူ စသဖြင့် စွပ်စွဲမလား မဆိုနိုင် ဘူး။ တကယ်တော့ ကျွန်တော့်ဇာတိမြို့ကလေးမှာ ‘ကချင်သနက-၁’ ဆိုတဲ့တပ် အခြေစိုက် ခဲ့ပြီး ကချင်စစ်သားသားသမီးများနဲ့ ကျောင်း နေဖက်ဖြစ်ဖူးတော့ ‘မနောပွဲ’ဆိုတာမစိမ်း ပါဘူးဗျာ။ ကိုယ်တိုင်ဝင်နွှဲပြီး ရှေ့လူလုပ်တာ ကြည့်ပြီး ဟိုလှုပ်ဒီလှုပ်တောင် လုပ်ခဲ့ဖူးတာ ပါပဲ။ ကချင်တွေ က မနောပွဲကို တန်ဖိုးထားပြီး အရေးကြီးတဲ့မနောပွဲက ငါးမျိုးရှိသတဲ့။ စစ် အောင်ပွဲခံတဲ့ ‘ဟန်မနော’တို့၊ ဓနဥစ္စာတိုးတက် ချိန်မှာ မနာလိုသူတို့၊ ကြွေးဆပ်စရာ၊ ကြွေး ရစရာတို့ ရှိမရှိစုံစမ်းတဲ့ "ဆွတ်မနော" တို့၊ မ ကျန်းမာချိန် သက်ကြီးရွယ်အိုကွယ်လွန်ချိန်တို့ မှာလုပ်တဲ့ ‘ဂျူမနော’တို့၊ မိသားစုဝင်တစ် ဦးဦး နယ်မြေသစ် ထူထောင်ချိန်မှာ မဒိုင်နတ် ကိုပင့်ဆောင်တဲ့ ‘ဂွမ်ရမ်မနော’တို့၊ နယ်မြေ သစ်ကို မဒိုင်နတ်ကိုပြပြီး မကောင်းဆိုးဝါးတွေ နှင်ထုတ်တဲ့ ‘ရှဒပ်မနော’တို့ ပေါ့ဗျာ။
ဒါ တင်မကသေးဘဲ ရန်ငြိုးတို့၊ သံယယတို့ ရှိရင် ညှိနှိုင်းဆွေးနွေးပြေလည် စေတဲ့ (ဒိုင်ယာလော့ မနောလို့ ခေါ်ချင်စရာ) ‘ထိန်ရမ်းမနော’ဆို တာတောင်ရှိသေးသဗျ။ ဒီတော့ မနောပွဲဆို တာက မင်္ဂလာရှိတဲ့ပွဲဆိုတာ ထင်ရှားပါတယ်။ ဒီလိုပွဲမျိုးကျင်းပတာကို ကန့်ကွက်စရာမရှိပါ ဘူး။ ဒါပေမဲ့ လောက ပရိယာယ်ဆိုတာ ဆန်း ကြယ်သားခင်ဗျ။ ကောင်းတဲ့ အမှုပေမယ့်လည်း နေရာ မှား၊ အခ်ျိန်လွဲနေရင် သက်ရောက်မှုက တစ်မျိုး ဖြစ်သွားတတ်တာကိုး။ ဆိုပါစို့။ ပြုံး တာနဲ့မဲ့တာ ဘယ်ဟာ မင်္ဂလာရှိလဲဆိုရင် ပြုံး တာက မင်္ဂလာဆိုတာ ကလေးတောင်သိပါ တယ်။
ဒါပေမဲ့ ‘မင်းလိုကောင်မျိုး ငါကပုဆိုးလှန် ပြလိုက်မယ်၊ ငါကကမ္ဘာလှည့်ပြီး ပါးရိုက်လာ တဲ့ကောင်ကွ’ လို့ တစ်စုံတစ်ယောက်က အ သားလွတ်ကြိမ်းမောင်းချိန်မှာ သူဘေးကလူ က ပြုံးပြုံးကြီး ကိုယ့်ကိုကြည့်မယ်ဆိုရင် ဒီအ ပြုံးကြီးက ကိုယ့်အတွက် ဘယ်လိုလုပ် မင်္ဂလာ ဖြစ် မှာလဲ။ ဒီလိုကြိမ်းမောင်းချိန်မှာ သူ့ဘေး ကလူက တိတ်တိတ်ကလေး ဟိုလူမသိအောင် ကိုယ့်ကို မဲ့ရွဲ့ပြတယ်ဆိုပါတော့။ ဟော၊ အဲဒီမဲ့ တာကြီးကမှ ကိုယ့်ကို အားပေးတာခင်ဗျ။ အဲဒီ မဲ့တာကိုပဲ ‘ဂရုစိုက်မနေပါနဲ့ကွာ၊ အဲဒီ ဟာကြီးက ငပေါကြီးလို့’လို့ အဓိပ္ပာယ်ကောက် ယူရင်တောင် ရကောင်း၏ မဟုတ်လားခင်ဗျ။
ဒီတော့ လုပ်ရပ်တစ်ခုရဲ့တန်ဖိုးဆိုတာ အပေါ်ယံဟန်ပန်အသွင်နဲ့ တန်ဖိုးဖြတ်လို့ ဘယ် မှန်ကန်နိုင် ပါ့မလဲ။ ဒီလိုပဲ ‘ကချင်ပြည်နယ်’မှာ ‘မနောပွဲ’ကတယ်ဆိုတာ မင်္ဂလာဆိုတာ ဘယ်သူမှငြင်းမယ်မဟုတ်လို့ ကန့်ကွက်စရာ လည်း ရှိမယ်မထင်ပါဘူး။ ကချင်လူမျိုးတွေရဲ့ အယူအဆ အရ မနောအကဆိုတာ နတ်မင်း တွေက စတင်ကကပြတာဖြစ်ပြီး သူတို့ကတစ် ဆင့် ငှက်တွေကသင်ယူ၊ ဒီကတစ်ဆင့် ငှက် စကားနားလည်တဲ့လူသားတွေက တစ်ဆင့် သင်ယူ တတ်မြောက်ခဲ့တာလို့ ယုံကြည်ကြ တာကိုး။ ဒီလိုအကဟာ ပျော်စရာဆိုတာ လူ တိုင်း သိမှာပါ။ ဒါပေမဲ့ ကေအိုင်အေဗိုလ်လောင်း သင်တန်းကျောင်း ပစ်ခတ်ခံရလို့ ဗိုလ်လောင်း တွေ ကျဆုံးတယ်ဆိုပြီး ဝမ်းနည်းသူဝမ်းနည်း ကြချိန်၊ လင်ကွဲသားကွဲ၊ နေအိမ်တွေ လယ် မြေတွေ ရပ်ရွာတွေကိုပါခွဲပြီး မလုံမခြုံဖြစ်သလို နေထိုင်ကြရှာတဲ့ ဒုက္ခသည်များ ဆောင်း အအေးဒဏ်ကို ငရဲတမျှ ခံစားနေရချိန်မျိုးမှာ မနောပွဲဆင်နွဲပျော်ရွှင်ရမယ်ဆိုတာ မသင့်တော် ဘူးလို့ ဆိုလိုတာ ပါပဲခင်ဗျ။ မဖြစ်မနေ ကကြ မယ်ဆိုတော့လည်း ပျော်သူကတော့ပျော်မှာ ပါပဲ။ ဒါပေမဲ့ ငိုသူတွေကြားမှာ ပျော်ရက် ကြတယ်ဆိုတဲ့ အဖြစ်ကတော့ မနောပွဲရဲ့ အလှ ကိုထိခိုက်ပြီး ကျင်းပသူတွေရဲ့ မနောရောလှ ရဲ့လားလို့ မေးစရာဖြစ်ရတယ်လို့ ဆိုချင်ပါ တယ်။
ဒီလိုပဲ အခုမြင်နေကြားနေ သိနေသမျှတွေ၊ မြင်ခဲ့ကြားခဲ့သိခဲ့သမျှတွေထဲက ဟန်ပန်အ နေနဲ့က အမှန်အကန်လို့ ထင်စရာပေမယ့် သဘောထားမှန်နဲ့ လုပ်တာမဟုတ်ရင် ပစ္စုပ္ပန် ရော အနာဂတ် မှာပါ ရှုပ်ထွေးတတ်သလို ကိုယ် တိုင်ရော အများပြည်သူပါ နစ်နာမှုတွေ ရှိနိုင် ပါတယ်။ ဆိုပါစို့။ မကြာသေးခင်က ကြုံခဲ့တာ ကိုပဲ ထပ်ပြောရရင် တကယ်တော့ ရန်ကုန်မြို့ သစ်စီမံကိန်းဆိုတာ လုပ်သင့်တာတစ်ခုပါပဲ။ ရန်ကုန်မြို့ကို မချဲ့ဘဲလည်း စနစ်တကျ မြို့ပြ စနစ် ထူထောင်ရင် ရနိုင် သလို ချဲ့မယ်ဆိုရင် ရန်ကုန်တစ်ဖက်ကမ်းကို ချဲ့မယ်ဆိုရင် ကန့် ကွက်စရာ မရှိတဲ့ အပြင် ထောက်ခံစရာတွေ တောင် အများကြီးရှိနိုင်ပါတယ်။ ဟန်ပန်အနေ နဲ့ကတော့ အမှန်အကန် ပဲပေါ့။ ဒါပေမဲ့ လုပ် နည်းလုပ်ဟန်က မမှန်ကန်ခဲ့ဘူး။
နိုင်ငံတကာမှာလည်း မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း ဆိုတာ အစိုးရအဖွဲ့နဲ့ အာဏာပိုင်အဖွဲ့အစည်း တွေက ချမှတ် လုပ်ဆောင်ရတာဖြစ်လေတော့ စီမံကိန်းဆိုတာ သူတို့အရင်သိကြတာပါပဲ။ ဒါ ပေမဲ့ ဒါကို အခွင့်အရေး တစ်ရပ်အနေနဲ့ မြေ တွေဘာတွေကို ကြိုတင်ဝယ်ယူပြီး လက်ထဲ ပိုက်မိတော့မှ စီမံကိန်းစတယ်ဆိုတာ မလုပ် အပ်တဲ့အရာ၊ မလုပ်ကောင်းတဲ့အရာ၊ ခိုးခြင်း ၂၅ ပါးထဲက တစ်ပါး အပါအဝင်ပဲလို့ ဦးနှောက် ရှိသူဆိုရင် နားလည်မှာပါပဲ။ ခိုးခြင်း ၂၅ ပါး ထဲမှာ ‘သံဝိဓာဝဟာရ ခိုးနည်း’ ဆိုတာဟာ အချင်းချင်း စုပေါင်းတိုင်ပင်ပြီး ခိုးယူတယ်ဆို တာကိုးခင်ဗျ။
ဒီလိုပဲ နိုင်ငံတကာမှာဆိုရင် ဒါမျိုးလုပ်လို့မရအောင်၊ လုပ်ခဲ့ရင်လည်း ပြင်း ပြင်းထန်ထန် အရေးယူ လို့ရအောင် ဥပဒေနဲ့ ပြဋ္ဌာန်း ကာကွယ်ပေးထားပါတယ်။ အခုတော့ ဒါကြီးကို တိုင်ပင်ပြီး ခိုးကြရာမှာ လူမိသွားတော့ မလုပ်သေးပါဘူးဆိုပြီး ခဏပြန်ချထားတဲ့ သ ဘောပါပဲ။ အခုလိုဖြစ်တော့ ဥပဒေအရ အရေး ယူဖို့နေနေသာသာ အခုလို (ခဏ) နောက်ပြန် ဆုတ် နေတာကိုပဲ အခိုးမခံလိုက်ရတဲ့လူထုက ကျေးဇူးတင်ရမလို ဖြစ်သွားလေရဲ့။ ဒီကိစ္စမှာ ခိုးထုပ် ခိုးထည်နဲ့ ပိုက်မိနေသူများက အရှက် ပြေ ခပ်တည်တည်နေနေကြပေမယ့် သူတို့ ပိုက်မိထားတဲ့ငွေကို မရရအောင်ပြန်ယူဖို့ ကြံ နေမှာ မလွဲပါဘူး။
ဒီခိုးမှုကြီးထဲမှာ သူတို့ဝယ်လို့ လိုက်ဝယ် ရင်း အခုလို စီမံကိန်းပျက်သွားတော့ ပိုက်မိရက်သား နစ်နာသူတွေလည်း အတော်ရှိမှာ ပါ။ ပြီးတော့ ဒီလိုစီမံကိန်းပျက်သွားတဲ့အ တွက် စီမံကိန်းအရ မြို့ပြ အဖြစ်ဖွံ့ဖြိုးသွားရင် တိုးတက်ခွင့် ရမယ့်သူများအဖို့ မရတော့တဲ့ နစ်နာမှုမျိုးလည်း ရှိန်ိုင်ပါတယ်။ မကြာသေး မီကတော့ ဒီလိုနစ်နာတဲ့သူတွေပါဆိုပြီး ဟစ်တိုင်မှာ ဆန္ဒလာပြကြတဲ့ သတင်းကြားရပါ တယ်။ အဲဒီမှာ ဟိုလူ့အပြစ်တင်၊ ဒီလူ့ဆဲဆို ဆိုတာမျိုးလည်း ရှိတယ် လို့ ပြောကြတာပါပဲ။ တချို့ကလည်း ‘ပိုက်မိငွေပြန်ရဖို့’ ကြံကြသူ တွေလက်ချက်လို့ စွပ်စွဲတာ လည်း ရှိသပေါ့။ ဘာပဲဖြစ်ဖြစ် ဒီလူတွေဟာ ဟန်ပန်အရ မှန် ကန်ကြသလို တကယ် နစ်နာသူတွေ ပဲဖြစ်ဖြစ် ကြိုးဆွဲခံရုပ်သေးများပဲဖြစ်ဖြစ် ဒီစီမံကိန်း ဟာ လုပ်သင့်တာ တစ်ခုဆိုတာ ကိုတော့ မငြင်း လိုပါဘူး။ ဒါပေမဲ့ လုပ်သင့်တယ်ဆိုတာတစ်ခု နဲ့ လုပ်ကြရမှာပေါ့ဆိုပြီး ‘သူခိုးအားပေး။ ပေါ့ပေါ့တွေး’လုပ်လို့ မဖြစ်ပါဘူး။ ဒါမျိုးကို အရေးမယူ တာကိုက လွန်လှပြီဖြစ်ပြီး သူတို့ အလိုကျ လုပ်ပေးရဦးမယ်ဆိုရင်တော့ ဘယ် လိုမှ မဖြစ်သင့်ပါဘူး။ ဒါဆို ဒီစီမံကိန်းမျိုး ဘယ် တော့မှ မလုပ်ရတော့ဘူးလားဆိုရင် ကျွန်တော့် အမြင်ပြောရရင် လုပ်လို့ရပါတယ်။ ဒါပေမဲ့ စီမံ ကိန်းမစသေးခင်၊ ပုံစံ ၃၉ နဲ့ ‘လယ်ယာမြေ ကို အခြား ကိစ္စရပ်များတွင် အသုံးချခွင့်’ဆိုတာ မထွက်သေးခင်မှာ ဒီမြေတွေဟာ ဘယ် သူ့လက်ထဲမှာပဲ ရှိရှိ လယ်ယာမြေအဆင့်ပဲ ရှိတာပါ။ အဲဒီမြေတွေကို အစိုးရက ပတ်ဝန်း ကျင်ဒေသများမှာရှိတဲ့ လယ်ယာမြေဈေးနဲ့ လျော်ကြေးပေး၊ စီမံကိန်းမြေအဖြစ် ရယူပြီး လူလတ်တန်းစားအတွက် သင့်တင့်တဲ့မြို့ပြ အိမ်ရာတွေ ဖော်ဆောင်ပေးမယ်ဆိုရင် တောင်း ဆိုနေတဲ့ မြို့ပြစီမံကိန်းဖွံ့ဖြိုးမှုအဆင့်ကို ဒေ သခံများ ရသွားကြမှာ ဖြစ်ပါတယ်။
ဒီလိုပဲ အခု သမ္မတကြီးရဲ့နိုင်ငံရေးဆွေးနွေး ပွဲဆိုတာလည်း ဘာ မကောင်းစရာ ရှိလဲ။ ဟန် ပန်ကဖြင့် အမှန်အကန်ပါပဲ။ ဒါပေမဲ့ သဘော အကြံမနော အမှန်နဲ့လုပ်တာ တကယ်ဟုတ်ပါ သလား။ လွှတ်တော်ကချမှတ်တဲ့ ခြောက်ပွင့် ဆိုင်ကို မလုပ်ဖြစ်အောင် တခြားနည်းနဲ့ လုပ်ပြ နေတာလား။ အခုဆွေးနွေးပွဲ မှာ ပြောကြတယ် ဆိုတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ အနိုင်ကျင့် တဲ့ကိစ္စ၊ ပြည်နယ် အစိုးရနဲ့ လွှတ်တော်များကိစ္စ စသဖြင့် အသေးစိတ်ကိစ္စတွေနဲ့ အချိန်ကုန်ပြီး တကယ် အပြောင်းအလဲ ကိစ္စတွေ ဆွေးနွေး ဖို့ တောင်းဆိုနေ တာကို ရှောင် လွှဲနေ သလား စ သဖြင့် မေးချင်နေကြပါတယ်။
အခု တလောကြားရတဲ့သတင်းအရ သမ္မတ ကြီးရဲ့ ဗိုလ်ရှုခံအခမ်းအနားက သိန် ၇,၀၀၀ လောက် ကုန်ပြီး မနောပွဲကသိန်း ၄,ဝဝဝလောက် ကုန်တော့ တစ်ပတ် အတွင်း ကျွန်တော်တို့နိုင်ငံမှာ သိန်းပေါင်းတစ် သောင်းကျော် အခမ်းအနား နှစ်ခုမှာ ‘ပလုံ’သွားတာ ထင်ရှားပါတယ်။ မနော အကြံသဘော မှန်နဲ့များ ဆုံးဖြတ်လုပ်ကိုင် ကြရင် ပလုံခဲ့ရင်တောင် ဒီလောက်တော့ မများ နိုင်ဘူးထင်တာပါပဲ။
မနောပွဲဆိုတာက ရှေ့ခေါင်းဆောင် ကတဲ့ ကကွက်အတိုင်း အားလုံးက လိုက်ကကြရ တဲ့ ပျော်စရာပွဲပါ။ မနောပွဲကို လှပသန့်ရှင်းစွာ လူတိုင်း လက်ခံနိုင်အောင် လုပ်စေချင် သလို နိုင်ငံအတွက် မိဘပြည်သူများအတွက် တိုး တက်ခေတ်မီသော အနာဂတ်ကြီး အတွက် စသ ဖြင့် တိုင်တည် လုပ်ဆောင်ကြ ရာမှာလည်း "မနောအလှ" နဲ့ ဆုံးဖြတ် လုပ်ကိုင်ကြရင် သဘောမကျ မရှိဘဲ အားလုံးက ခေါင်းဆောင်သူများ နောက်ကနေ တညီတညာတည်း လိုက်ပါ လုပ်ဆောင်ကြမှာဖြစ်ကြောင်း သတိရော ကတိပါ တစ်ခါတည်းပေးလိုက်ပါရစေခင်ဗျား။
ရီနေနိုင်

No comments:
Post a Comment