Twitter Bird Gadget

Sunday, January 18, 2015

အန္တရာယ်ကြားက ကယ်ရီသမား


အချိန်အားဖြင့် ညသန်းခေါင် တစ်ချက်တီးတွင် အင်းစိန်မီးရထား ကုန်းကျော်တံတားအဆင်း ဓာတ်မီး တိုင်အောက်၌ ဆိုင်ကယ်များ တန်းစီရပ်ထားသည်။ ထိုဆိုင်ကယ်များက တော့ ကယ်ရီလိုက်သော ဆိုင်ကယ် များဖြစ်ပြီး သီရီမင်္ဂလာဈေး - မှော်ဘီ ညပိုင်းပြေးသည့် ကားပေါ်မှဆင်းလာ သူများအား ‘ကယ်ရီသွားမလား ... ကယ်ရီသွားမလား’ဟု မေးမြန်လျက်ရှိ သည်။ ထိုသို့အော်နေသူများထဲတွင် တော့ ကိုအောင်ဇော်တစ်ယောက် လည်း အပါဝင်ဖြစ်သည်။

ကိုအောင်ဇော်သည့် အညိုရောင် အသားရှိပြီး အသက်ရွယ်အားဖြင့် ၂၀ ကျော်ခန့်သာရှိသည့် လူငယ်တစ် ယောက်ဖြစ်သည်။ သူ့အနေဖြင့် အ ခြေတကျအလုပ်တစ်ခု လုပ်ကိုင်နိုင် ခြင်းမရှိသည့်အတွက် မိသားစုဝင်ငွေ တစ်ဖက်တစ်လမ်းကရရှိရန် ညဘက် ဆိုင်ကယ်ကယ်ရီဆွဲခြင်း လုပ်ငန်း အား လုပ်ကိုင်ခြင်းဖြစ်သည်ဟုဆိုသည်။

ယင်းက ‘တည်တည်ငြိမ်ငြိမ်လုပ် လို့ရမယ့် အလုပ်တွေဆိုတာက ပညာ ရေးကန့်သတ်ချက်တွေရှိတယ်။ အ နိမ့်ဆုံးဖြစ်တဲ့ ဆယ်တန်းတောင်မ အောင်ထားတော့ အလုပ်ရှာရတာ ပိုခက်တယ်။ ကယ်ရီမဆွဲခင်က ကုန် ကားကြီးတွေမှာ ယာဉ်နောက်လိုက် အဖြစ်လည်း လုပ်ဖူးတယ်။ နောက် ယုတ်စွအဆုံး ကေတီဗွီမာဆတ်တွေ မှာ ဝိတ်တာအဖြစ်လုပ်ဖူးတယ်’ဟု ပြောသည်။

ယင်းကဲ့သို့ပင် ညပိုင်း၊ နေ့ပိုင်း ဆိုင်ကယ်ကယ်ရီလိုက်သူအများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆိုင် ကယ်စီးနင်းခွင့်မရှိသည့် အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင် ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့ သစ်လေးမြို့နယ် စသည့်တို့နှင့် တ ရားဝင်စီးနင်းခွင့်ရထားသည့် မှော်ဘီ၊ သန်လျင် စသည်မြို့နယ်များတွင် ပြေးဆွဲလျက်ရှိပြီး ယင်းသို့ ခရီးသည် ပို့ဆောင်ခြင်းလုပ်ငန်းအား တရားဝင် ခွင့်ပြုထားခြင်းမရှိကြောင်း သိရ သည်။

ကိုအောင်ဇော်ကဲ့သို့ ဆိုင်ကယ် ကယ်ရီလိုက်သည့် လူငယ်အများစု သည် အလုပ်အကိုင်ရှားပါးမှုပြဿနာ များကြောင့် အဆင်ပြေပြီး ဝင်ငွေရ လွယ်သည့် အလုပ်အကိုင်များကို လုပ်ကိုင်ခဲ့ကြသော်လည်း မိသားစု နှင့်အိုးမကွာ အိမ်မကွာနေလိုခြင်း မိ သားစုအား ဘေးပတ်ဝန်းကျင်က ပြောဆိုခြင်းများကြောင့် ယခင်လုပ် ကိုင်သည့် အလုပ်အကိုင်များကို ဆက် လက်မလုပ်ကိုင်ဘဲ ဆိုင်ကယ်ကယ်ရီ လိုက်ခြင်းလုပ်ငန်းများကို ပြောင်းလဲ လုပ်ကိုင်ခြင်းများရှိကြောင်း ၎င်းတို့၏ ပြောပြချက်အရ သိရသည်။

ယင်းအနေဖြင့် ဆိုင်ကယ်ကယ် ရီသမားအဖြစ်လုပ်ကိုင်ရန် ဆန္ဒမရှိ သော်လည်း စီးပွားရေးအခြေအနေ အရ လုပ်ကိုင်ခြင်းဖြစ်ပြီး မိသားစု စားဝတ်နေရေးအတွက် ခေတ္တခဏ လုပ်ကိုင်ခြင်းဖြစ်ပြီး မိမိသတ်မှတ်စု ဆောင်းငွေ ပြည့်ဝရရှိပါက အခြား လုပ်ငန်းတစ်ခုခုလုပ်ကိုင်ရန် ရည် ရွယ်ထားကြောင်း ကိုအောင်ဇော်က ပြောသည်။

ဆိုင်ကယ်ကယ်ရီဆွဲသူများတွင် ကိုယ်ပိုင်ဆိုင်ကယ်ဖြင့် လုပ်ကိုင်သူ အများစုရှိသကဲ့သို့ ဆိုင်ကယ်မဝယ် နိုင်သူများအနေဖြင့် မိတ်ဆွေအ ပေါင်းအသင်းများ၏ ဆိုင်ကယ်အား ညကြေးပေးကာ မောင်းနှင်းခြင်း များရှိပြီး ရန်ကုန်မြို့တော် စည်ပင် သာယာနယ်နိမိတ်အတွင်း ဆိုင်ကယ် စီးနင်းခွင့်မရှိခြင်းကြောင့် နေ့လယ် ဘက်တွင် လုပ်ဆောင်ခြင်းမပြုဘဲ ခရီးသည်တင်ယာဉ်လိုင်းကားများ မ ရှိသည့် ညပိုင်းများတွင်သာ မောင်း နှင်ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်အုံနာခများအနေဖြင့် အစားစားရှိပြီး ကျပ် ၂၀၀၀ မှ စတင်ကာ ကျပ် ၅၀၀၀ အထိရှိကြောင်း ရန်ကုန်မြို့အနှံ့ရှိ ကယ်ရီသမားများ ကဆိုသည်။ သို့သော်လည်း လိုင်စင် မပါသည့် ဆိုင်ကယ်ဈေးနှုန်းမှာ ကျပ် ၃ သိန်းဝန်းကျင်သာရှိသည့်အတွက် ဆိုင်ကယ်ကယ်ရီသမား အများစုမှာ ဆိုင်ကယ်ပိုင်ဆိုင်ကြလေသည်။

ဆိုင်ကယ် ကယ်ရီသမားတစ်ဦး ဖြစ်သည့် ရွှေပြည်သာမြို့နယ်မှ အ သက် ၃၀ ခန့်ရှိသည့် ဦးမင်းကိုက ‘နေ့ခင်းဘက်က တစ်ခါတလေ အ ဖမ်းအဆီးရှိတတ်တယ်။ တစ်ခါထွက် ဆွဲတာ အဖမ်းအဆီးနဲ့ကြုံပြီးပါသွား ဖူးတယ်။ အခြားအလုပ်ကလည်း မရသေးတာနဲ့ ညဘက်သူငယ်ချင်း ဆိုင်ကယ်ကိုယူပြီးဆွဲတာဖြစ်တယ်။အန္တရာယ်များမှန်းတော့သိတယ်။ ဒါပေမဲ့ မိသားစုစားဝတ်နေရေး အ တွက် အခြားအလုပ်အကိုင်မရှာနိုင် သေးခင်မှာ ဒီအလုပ်ကိုပဲရွေးချယ်ရ တာဖြစ်တယ်’ဟု ပြောသည်။

ယင်းပြောသကဲ့သို့ပင် ညပိုင်း ဆိုင်ကယ်ကယ်ရီလိုက်သူ အများစု သည် မိသားစုစားဝတ်နေရေးအ တွက် ဝင်ငွေရရှိရန် လုပ်ကိုင်ရသော် လည်း အန္တရာယ်ပေါင်းစုံအား လက် ယပ်ခေါ်သည့်အခြေအနေတွင်ရှိပြီး အခြားအလုပ်အကိုင်ပြောင်းလုပ်ရန် မဖြစ်နိုင်သေးသည့်အတွက် လုပ် ကိုင်နေရခြင်းဖြစ်ကြောင်း ဆိုသည်။

ထို့သို့ဖြစ်ရသည်မှာလည်း ညဉ့် နက်ပိုင်းသွားလာ လှုပ်ရှားသူ အများ စုမှာ အကြောင်းအမျိုးမျိုးကြောင့် အ လုပ်ပြန်နောက်ကျသည့် ရိုးရိုးသာမန် လူတန်းစားများ အနည်းစုဖြစ်ပြီး အ များစုမှာ အချိန်မတော်မူး ယစ် သောက်စားတတ်သူများ၊ ညဉ့်ငှက်များ နှင့် ညဉ့်ငှက်ရှာသူများသာ အသုံးပြု မှု အများဆုံးဖြစ်ကြောင်း ကယ်ရီလိုက် သူအချို့က ပြောသည်။

ဦးမင်းကိုက ‘ညဘက်က သာ မန်လူတွေ သိပ်မစီးကြဘူး။ ညပိုင်း နောက်ဆုံးကားမရှိတော့မှ မဖြစ်နေ စီးကြတာများတယ်။ စီးတဲ့သူတွေက လိုင်းကားပေါ်တက်စီးလို့မရအောင် မူးနေတဲ့သူများတယ်။ လိုင်းကားတွေ ကလည်း အခြားခရီးသည်တွေကို ရန်ရှာမှာစိုးတဲ့အတွက် မတင်ကြဘူး လေ။ နောက် တချို့ ညဘက်ကလပ် တို့ဘာတို့လုပ်နေတဲ့ မိန်းကလေးကို လိုက်ပို့ရတယ်။ သူတို့ကလည်း တောင်းရင်တောင်းသလောက်ပေး ကြတယ်’ဟု ပြောသည်။

ယင်းတို့ ကျင်လည်ရသည့် နယ် ပယ်သည် အန္တရာယ်အား လက် ယပ်ခေါ်နေသည့်အခြေအနေတွင် ရှိနေသော်လည်း မနက်ပိုင်းလုပ် ကိုင်သည့် အလုပ်သည် ဝင်ငွေနည်း ပြီး မိသားစုတစ်ခုလုံး မထောက်ပံ့နိုင် သည့်အတွက် လုပ်ငန်းကိုရွေးချယ်ကြ ခြင်းဖြစ်ပြီး ခရီးသည်များလိုက်ပို့ပါ က ခရီးဝေးအား အမြဲစီးနေကျဖောက် သည်နှင့် လူအခြေအနေကို ကြည့် ကာ လိုက်ပို့ဆောင်ခြင်းများရှိကြောင်း ဆိုသည်။

ထိုကဲ့သို့ သတိထားကာ လုပ်ကိုင် နေခြင်းများရှိသော်လည်း မကြာ ခဏဆိုသလို ဆိုင်ကယ်ကယ်ရီများ အား ဓားထောက်လုယက်ခြင်း၊ ဆိုင် ကယ်ကယ်ရီသမားယောင်ဆောင် ကာ ခရီးသည်ထံမှ လုယက်ခြင်းများ ရှိနေခြင်းနှင့် လုံခြုံစိတ်ချသောအကာ အကွယ်များ ဝတ်ဆင်ထားခြင်းများ မရှိသည့်အတွက် ဆိုင်ကယ်ကယ်ရီ သမားများနှင့် ခရီးသည်များမှာ အ သက်ဘေးအန္တရာယ် ကြုံတွေ့ရနိုင် ခြေ အများဆုံးဖြစ်ကြောင်း မှုခင်းသ တင်းများအရ သိရသည်။

၂၀၁၄ ခုနှစ်အတွင် ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ ရန်ကုန် တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့ သည့် ယာဉ်မတော်တဆမှုထဲတွင် ဆိုင် ကယ်တိုက်မှုပေါင်း ၄၀၀ ကျော်ခန့် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ ၅၆၁ ဦး သေဆုံးသူ ၁၀၀ ဦးခန့်ရှိကြောင်း ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ ထုတ်ပြန်ထားချက်အရ သိရသည်။

ယာဉ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိ တစ်ဦးက ]သူတို့က တရားဝင်မောင်း နှင်ခွင့်မရထားတဲ့အပြင် မောင်းနှင် ရာမှာလည်း အနည်းဆုံးရှိသင့်တဲ့ အကာအကွယ်ခေါင်းဆောင်းတွေပါ ဝတ်ဆင်ထားတာမရှိတဲ့အတွက် ယာဉ် မတော်တဆမှုဖြစ်ရင် သေဆုံးနိုင် မှုက ပိုများကတာဖြစ်တယ်။ ဒီအ တွက်လည်း ကြိုတင်ကာကွယ်မှုတွေ လုပ် တဲ့အနေနဲ့ တရားဝင်မောင်းနှင်ခွင့် ရတဲ့နေရာတွေမှာ ဆိုင်ကယ်ဦးထုပ် ဆောင်းဖို့ အသိပေးနှိုးဆော် ပညာ ပေးမှုတွေလုပ်ပြီး တရားဝင်စီးနင်းခွင့် မရတဲ့နေရာတွေမှာလည်း စစ်ဆေး အရေးယူခြင်းတွေလုပ်ဆောင်ပါတယ်} ဟု ဆိုသည်။

ယင်းကဲ့သို့ သက်ဆိုင်ရာမှယာဉ် မတော်တဆမှု ကြိုတင်ကာကွယ် သည့်အနေဖြင့် စစ်ဆေးအရေးယူ ခြင်းများဆောင်ရွက်ကြသည့် အခါ များတွင်လည်း ဆိုင်ကယ်ကယ်ရီ သမားများမှာ စစ်ဆေးခြင်းအား ကြည်ဖြူစွာ လက်မခံဘဲ ပြန်လည် တုံ့ပြန်မှုများရှိခြင်း၊ စစ်ဆေးအရေး အဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရခြင်း စသည့်အဖြစ်များလည်း ဖြစ်ပွားခဲ့ ခြင်းများရှိကြောင်း သိရသည်။

ယင်းကဲ့သို့ တရားဝင်စီးနင်းခွင့် မရှိဘဲ စီးနင်းကာ ဖြစ်ပွားခဲ့သည့်အမှု အများစုမှာ မဆင်မခြင်မောင်းနှင်မှု များကြောင့် အဖြစ်များပြီး ဖြစ်ပွား သည့်အမှုများတွင် ယာဉ်နှင့်တိုက်မိ ပါက ဆိုင်ကယ်သမားများမှာ အသက် အန္တရာယ်ကြုံတွေ့ရခြင်းများ အဖြစ် များသည့်အတွက် ယင်းတို့နှင့် ထိပ် တိုက်ဆုံမိသည့် ယာဉ်မောင်းများမှာ အမှုရင်ဆိုင်ရခြင်း ပြစ်မှုကြောင်းအရ အရေးယူခံရခြင်းများကြောင့် မိ သားစုစားဝတ်နေရေး အခက်အခဲ များကြုံတွေ့ရကြောင်း သိရသည်။

ယာဉ်လိုင်းတစ်ခုတွင် ယာဉ်မောင်း အဖြစ်လုပ်ကိုင်ခဲ့သည့် ဦးထွန်းနောင် က ]ကျွန်တော်ဘတ်စ်ကားမောင်း တုန်းက ကားအုံနာဆီ ကားပြန်သိမ်း မယ်ဆိုပြီးအပြန် မင်္ဂလာဒုံ အမှတ် ၃ လမ်းဆုံမှာပေါ့။ ကိုယ့်လမ်းကြောင်း ထဲကို ဆိုင်ကယ်ကယ်ရီတစ်စီးက ဝင်လာတယ်။ ပြီးတော့ ကားဘေး ဘက်ကိုတိုက်မိပြီး သူ့ဟာသူလဲကျ ပြီး ကတ္တရာလမ်းမနဲ့ ခေါင်းဆောင့်လို့ သေသွားတယ်။ ကိုယ်ကမှားတာ မဟုတ်ဘဲ အမှုဖြစ်လို့ အမှုရင်ဆိုင်ပြီး နောက်ဆုံး သတ်မှတ်ပြစ်ဒဏ်ခံလိုက် ရတယ်။ အခုတော့ အခြားအလုပ် တစ်ခုပြောင်းလုပ်နေရတယ်}ဟု ပြော သည်။

ပြဿနာများနေ့စဉ် ကြုံတွေ့နေ ရသော်လည်း ဆိုင်ကယ်ရီမောင်း နှင်သူများသည် နေ့စဉ်နှင့်အမျှ တိုး ပွားလျက်ရှိပြီး မြို့နယ်အသီးသီးရှိ လူအများစုရှိသည့်နေရာများ အနီး များတွင် ခရီးသည်များ စောင့်ဆိုင်း ကာ ရပ်တန့်စီးနင်းသူများ စောင့်ဆိုင်း ခြင်းများသာမက ညနက်တိုင်းတွင် ကားဂိတ်တစ်ခုစီ၏ လမ်းထိပ်တိုင်း၌ ဆိုင်ကယ်ကယ်ရီ ၃၊ ၄ စီးခန့်ရှိပြီး ယင်းတို့မှ ရပ်ကွက်အတွင်း အိမ်ရှေ့ အရောက် ခရီးသည်များ ပေးပို့ခြင်း များရှိနေဆဲဖြစ်သည်။

ယင်းသို့ဖြစ်ရခြင်းမှာ စက်ရုံအ လုပ်ရုံများတွင် ရရှိသည့်လစာမှာ လုံ လောက်မျှတမှုမရှိခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်လာသည့်အတွက် လူနေမှုစ ရိတ်အဆမတန်ပေးဆောင်နေရ ခြင်း၊ အလုပ်လုပ်လိုသူများအတွက် သင့်လျော်ကောင်းမွန်သည့် လုပ်ငန်း ခွင်များ မဖန်တီးနိုင်သည့်အတွက် အလုပ်အကိုင်ရှားပါးလာခြင်း၊ အား လုံးပါဝင်နိုင်သည့် ပညာရေးအရည် အသွေးဆောင်ရွက်မှု အားနည်းခဲ့ ခြင်းများကြောင့် ဆိုင်ကယ်ကယ်ရီ များသာမက အခြားသောဥပဒေနှင့် မညီသည့် အန္တရာယ်များသည့် လုပ် ငန်းခွင်များတွင် မိသားစုစားဝတ်နေ ရေးအတွက် ဖြေရှင်းလုပ်ကိုင်နေရ ကြောင်း အလုပ်သမားဆောင်ရွက် သူများပြောပြချက်အရ သိရသည်။

အလုပ်သမားအရေး ဆောင် ရွက်သူတစ်ဦးက ]လုပ်ငန်းခွင်တွေ မှာက လစာမလုံလောက်တာတွေ ကြောင့် လုပ်သားတွေက ညပိုင်း ဒီ လိုလုပ်ငန်းတွေ ထွက်လုပ်ရတာရှိ တယ်။ အလုပ်မရှိတဲ့သူတွေကလည်း ဘာလုပ်လို့ဘာကိုင်ရမှန်း မသိလို့ ဒီလိုလုပ်ငန်းတွေကို ရွေးချယ်ရတာ ဖြစ်တယ်။ ဒီအတွက် အစိုးရကနေ ပြီး မိသားစုတစ်ခုကို ထောက်ပံ့နိုင်ပြီး လုံလောက်မျှတတဲ့ လစာရတဲ့ လုပ် ငန်းခွင်တွေဖြစ်ပေါ်လာအောင် တာ ဝန်ယူမှု တာဝန်ခံမှုရှိတဲ့ လုပ်ငန်းခွင် တွေ ဖန်တီးဖို့လိုအပ်တယ်}ဟု သုံး သပ်ပြောသည်။

ဆိုင်ကယ်ကယ်ရီများတိုးပွား လာရခြင်းမှာ သက်ဆိုင်ရာတာဝန်ရှိ သူများက အရေးယူဆောင်ရွက်နိုင်မှု အားနည်းခြင်း၊ အလုပ်အကိုင် အခွင့် အလမ်းကောင်းများ မဖန်တီးပေးနိုင် ခြင်း၊ လုပ်ငန်းခွင်များအတွင်း အခြေခံ လူတန်းစား အမျိုးသားများလုပ်ကိုင် ရန် အခွင့်အလမ်းနည်းပါးလာခြင်း စသည့် အကြောင်းရင်းအမျိုးမျိုး ကြောင့် ဖြစ်ပေါ်နေဦးမည်ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူ များက ဝေဖန်ပြောဆိုကြသည်။

မည်သို့ပေဆိုစေကာမှု ကိုအောင် ဇော်တစ်ယောက်ကတော့ မိသားစု စားဝတ်နေရေးအတွက်သော်လည်း ကောင်း မိသားစုအများနည်းတူ လုပ် ကိုင်နိုင်ရန်အတွက်သော်လည်းကောင်း ဒူးကာမပါ၊ နံပါတ်ပြားမတပ်ထား သည့် ဆိုင်ကယ်ပေါ်တွင် ဦးထုပ်မ ဆောင်းဘဲ ညသန်းခေါင်ယံအချိန် တွင် သွားလာလှုပ်ရှားသည့် ခရီးသည် များအား ဆက်လက်ပို့ဆောင်နေရဦးမည်ဖြစ်သည်။

စိုင်းဟန်

No comments:

Post a Comment