Twitter Bird Gadget

Monday, December 22, 2014

မဟုတ်တာတွေပြောကြစို့


ဒီတစ်ပတ်တော့ အောင်ဘာလေထီကိစ္စ က စပြီးပြောချင်ပါတယ်။ ထီကိစ္စဘဝင်မကျ လို့ပြောချင်တာကြာပါပြီ။ မရေးဖြစ်ဘဲ မြန် မာသံတော်ဆင့်ဂျာနယ်အတွဲ ၃၊ အမှတ် ၃၅ မှာ ဆရာဇံသာဓုက ]ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေးနှင့်ထီဘေးဒုက္ခသည်များ}ဆိုတဲ့အမည်နဲ့ အရင်ရေးဖြစ်သွားတာ ဖတ်လိုက်ရပါတယ်။

ဆရာဇံသာဓုက ၂၀၀ ကျပ်တန်အောင် ဘာလေထီကို ၃၅ဝိ^- ၄ဝဝိ^- အထိ ဈေးနှုန်း အမျိုးမျိုးနဲ့အမြတ်တင် ရောင်းချကြကြောင်း၊ ထီလုပ်ငန်း က နိုင်ငံတော်အတွက်အနည်းငယ် သာ အကျိုးပြုပြီးပုဂ္ဂလိကထီကုန်သည်များကို သာ များစွာအကျိုးပြုနေကြောင်း၊ ၂ဝဝိ^-တန်ထီကိုပုဂ္ဂလိက ကုန်သည်က ၃၅ဝိ^-ရောင်းတဲ့အတွက်ထီအုပ်ရေ ၁ သန်းရောင်း ရင် နိုင်ငံတော်ဘဏ္ဍာအဖြစ် ကျပ်သန်း ၈၀၀ ရပြီး ထီကုန်သည်များက ကျပ်သန် ၁၈၅၀ အမြတ်ရကြောင်း အသေးစိတ်တွက်ချက်ပြခဲ့ ပါတယ်။

မှန်ပါတယ်။ အောင်ဘာလေထီဈေးနှုန်း တွေကမောက်ကမဖြစ်နေတာကြာပါပြီ။ ဆ ရာဇံသာဓုပြောသလို ၂၀၁၁ ခုနှစ်မှစတာတော့ မဟုတ်ပါဘူး၊ ဒီအရင်နှစ်တွေ ကတည်းက အပိုဆုတွေနဲ့မက်လုံးပေးပြီး ထီဈေးတွေ တ ဖြည်းဖြည်းတက်လာခဲ့တာကြာခဲ့ပါပြီ။

အစကမသိမသာကနေ တဖြည်းဖြည်း သိသိသာသာလျင်လျင်မြန်မြန်ကြီး တိုးတက် လာတယ်။ ခုတော့ ဆရာဇံသာဓုပြောသလို ၂ဝဝိ^-တန်ကို ၃၅ဝိ^- ၄ဝဝိ^- ရောင်းတဲ့အ ထိ ရုပ်ပျက်ဆင်းပျက်ဖြစ်လာခဲ့ပါပြီ။ အပိုဆု ပေးတာတွေမရှိတော့ပေမယ့် ထီဈေးနှုန်းက တော့မကျတော့ပါဘူး။ ကျွန်တော်လည်းထီထိုးရ တာ စိတ်ကူးလို့ကောင်းတဲ့အတွက် ဝါသနာ ပါခဲ့ပေမယ့် ထီကုန်သည်တွေလုပ်နေပုံကိုခံပြင်း လွန်းလို့ ထီမထိုးတာကြာပါပြီ။ အောင်ဘာ လေသိန်းဆုဌာနက ထီရောင်းရတဲ့ငွေရဲ့ ၆၀ ရာခိုင်နှုန်းကို ဆုမဲများအဖြစ်ပြန်ဖွင့်ပေးပြီး ၄၀ ရာခိုင်နှုန်းက နိုင်ငံတော်ဘဏ္ဍာငွေဖြစ်တယ် လို့သိရပါတယ်။ ထီအုပ်တိုင်းမှာလည်းတစ် စောင်စီရောင်းသူအတွက် ကော်မရှင်ခပါပြီး ဖြစ်ပါတယ်။ အဲဒါကိုမတန်တဆအမြတ်တင် ရောင်းနေတာမဖြစ်သင့်ပါဘူး။

ထီရောင်းသူတွေအဆင့်ဆင့်ရှိပေမယ့် ပင်မထီကုန်သည်ကြီးတွေကတော့ တစ်ပြည် လုံးမှာ အလွန်နည်းတဲ့အရေအတွက်မျှသာ ဖြစ်ပါတယ်။ ထီလုပ်ငန်းကအကျိုးအမြတ် တွေကို အဓိကအများဆုံးခံစားနေရတာက အဲဒီလူနည်းစုသာဖြစ်ပါတယ်။ ယခုအခါမှာ ၂ဝဝိ^-တန်ထီကို ၃ဝဝိ^- ၃၅ဝိ^-ရောင်း နေတာ ဘယ်သူကမှ စိစစ်ထိန်းကျောင်းမှုမရှိ လို့ တရားဝင်လိုဖြစ်နေပါပြီ။ အစိုးရကနိုင်ငံ တော်ဘဏ္ဍာရပြီး အများအကျိုးဆောင်နိုင်ဖို့ အတွက် ရည်ရွယ်ပြီးလုပ်ခဲ့တဲ့ ထီလုပ်ငန်းက လူနည်းစုပုဂ္ဂလိက ထီကုန်သည်ကြီးတွေအ တွက် လုပ်နေသလိုဖြစ်နေပါပြီ။ အစိုးရက သူတို့အတွက်လုပ်ပေးနေတာလား။ တစ်ခုခု တော့မှားနေတာသေချာပါတယ်။ ဆိုင်ရာကအ မြန်ဆောင်ရွက်ဖို့လိုပါလိမ့်မယ်။ မဆောင်ရွက် ရင် ပေါင်းစားနေကြသလားလို့ ထင်စရာဖြစ် နိုင်ပါတယ်။

နောက်တစ်ချက်က ဆန်စပါး၊ ကောက်ပဲ သီးနှံကုန်သည်ကြီးတွေနဲ့ဆိုင်ပါတယ်။ ကျွန် တော်တို့နိုင်ငံမှာ ဆန်စပါး၊ကောက်ပဲသီးနှံ အ ရောင်းအဝယ်နဲ့ ကြီးပွားချမ်းသာနေသူတွေအ များကြီးရှိပါတယ်။ လယ်ယာထွက်ကုန်တွေနဲ့ ချမ်းသာကြတာဖြစ်လို့ တောင်သူလယ်သမား တွေရဲ့ ကျေးဇူးမကင်းဘူးလို့ဆိုနိုင်ပါတယ်။ အပြန်အလှန်အကျိုးပြုနေတဲ့ စီးပွားဖက်တွေ လို့လည်းပြောနိုင်ပါတယ်။

ဒါကြောင့် ဆန်စပါးကုန်သည်ကြီးတွေအ နေနဲ့ လယ်ယာထွက်ကုန်ကနေ အမြတ်ရဖို့ သာ စဉ်းစားမနေဘဲ တောင်သူတွေရဲ့ဘဝ တွေ၊ အခက်အခဲတွေကို စာနာနားလည်ပြီး လိုအပ်တဲ့အခါ လက်တွေ့ကျကျရိုင်းပင်းကူ ညီပေးဖို့လိုမယ် လို့မြင်ပါတယ်။ ကူညီပေးကြ ပါရဲ့လား။

ပြောစရာရှိပါတယ်။ ကျွန်တော်တို့ကူညီ ပေးနေတာပဲ၊ လိုအပ်တဲ့အခါ စိုက်ပျိုး စရိတ်တွေ ထုတ်ချေးပေးနေတာပဲလို့၊ စိုက်ပျိုးစရိတ် ချေး ပေး တာလောက်နဲ့တော့ တာဝန်ကျေတယ်လို့ မဆိုနိုင်ပါဘူး။ စိုက်ပျိုးစရိတ်က အတိုးနဲ့ချေး တာပါ။ အချိန်တန်လို့ပြန်မရရင် တရားစွဲတာ မျိုးတောင်လုပ်ကြ ပါသေးတယ်။ တစ်ခါတစ်ရံ ရာသီဥတုဖျက်လို့၊ ပိုးမွှားဖျက်လို့ ကုန်း ကောက် စရာမရှိအောင်ဖြစ်နေတဲ့ တောင်သူ မျိုးတွေတရားစွဲခံရတာမျိုးတောင် တွေ့ရပါ တယ်။ ကြားထဲကတရားရုံးတွေ ငထွားခါးနာ ရတတ်ပါသေးတယ်။ ဒါကြောင့် တောင်သူ လယ်သမားကို အကူအညီပေးတယ်ဆိုတာ တောင်သူတွေ တကယ်အကူအညီလိုအပ်နေ တဲ့အခါမျိုးမှာ စေတနာသန့်သန့်နဲ့ ထဲထဲဝင် ဝင် ထိထိရောက်ရောက်ကူညီတာမျိုး ဖြစ်သင့် ပါတယ်။

တစ်ခါတစ်ရံ တောင်သူလယ်သများ တွေမှာ တစ်ဦးချင်း စွမ်းအားနဲ့ ဖြေရှင်း ဖို့မလွယ် ကူတဲ့၊ တတ်စွမ်းနိုင်သူတွေရဲ့ ကူညီပံ့ပိုးမှုရမှ ဖြစ်မယ့် အခက်အခဲ အကျပ်အတည်းပြဿနာ မျိုးတွေ ကြုံတတ်ပါတယ်။

မိုးတွေ၊ ရေတွေကြီးလို့စိုက်ခင်းအားလုံး ပျက်စီးပြီး အချိန်မီပြန်ထွန်ယက်ဖို့၊ မျိုးစေ့၊ ပျိုးပင်တွေ အချိန်မီပြည့်ပြည့်စုံစုံ လုံလုံလောက် လောက် ရဖို့လိုအပ်တဲ့ အခါမျိုး၊ မိုးခေါင်လို့ လယ်တွေပတ်ကြားအက်ပြီး အောင်ရေရဖို့လို အပ်နေတဲ့ အခါမျိုး၊ ပိုးမွှားတွေအဆမတန် ပျက်ဆီးပြီး လက်လှမ်းမီရာဆေးဝါးနဲ့ လည်း နှိမ်နင်း လို့မနိုင်တဲ့အခက်အခဲမျိုး၊ ကြိုးစား ပမ်းစားလုပ်ခဲ့လို့ သီးနှံတွေပေါ်လာချိန်ကျမှ ဈေးနှုန်းတွေ အဆမတန်ကျဆင်းနေပြီး တစ် ဖက်ကလည်းအလုပ်သမားခတွေ၊ ကြွေးတွေအ ချိန်မီပေးဆပ်ဖို့ရှိနေတဲ့ အခက်အခဲမျိုးကြုံရတဲ့ အခါ တောင်သူလယ်သမားတစ်ဦးချင်းအနေနဲ့ ဖြေရှင်းဖို့ အခက်အခဲရှိတတ်ကြပါတယ်။

အဲဒီလိုအခါမျိုးမှာ တောင်သူလယ်သ မားတွေထက် ငွေကြေးအင်အား၊ အဆက်အ သွယ်နဲ့ ဖန်တီးနိုင်မှုစွမ်းအား ပိုရှိတဲ့ဆန်စပါး ကုန်သည်ကြီးတွေက ဥပေက္ခာမပြုဘဲပြဿ နာတွေကို ထဲထဲဝင်ဝင်လေ့လာ၊ ဖြေရှင်းနိုင် မယ့် နည်းလမ်းတွေဖော်ထုတ်၊ လိုအပ်မယ့် နည်းပညာ၊ အရင်းအနှီး စတာတွေ ကို တော် တည့်မှန်ကန်စွာထောက်ပံ့ပေးခြင်းဖြင့် ထိထိ ရောက်ရောက် ကူညီပေးသင့်တယ်လို့ မြင်ပါ တယ်။ လယ်သမားစိုက်တဲ့သီးနှံနဲ့ ချမ်းသာခဲ့ သူတွေက လယ်သမားရဲ့ဒုက္ခကို လျစ်လျူမရှု သင့်ပါဘူး။ အေးအတူပူအမျှ၊ သာအတူနာ အတူဖြစ်သင့်ပါတယ်။ လယ်ယာထွက်ကုန် တွေအပေါ်မှာ အကျိုးအမြတ်ရှာဖွေနေပြီး တောင်သူလယ်သမားတွေရဲ့ အခက်အခဲပြ ဿနာတွေ ကျတော့ ငါနဲ့မဆိုင်ဆိုပြီး ပစ်ထား မယ်ဆိုရင် မတရားဘူးလို့ပြောချင်ပါတယ်။

ဒီကိစ္စအတွက် ဆန်စပါးကုန်သည်ကြီး များအချင်းချင်း ညှိနှိုင်း၊ နည်းလမ်း ရှာဖွေဖော် ရွက်သင့်ကြောင်း တင်ပြလိုပါတယ်။ သိပ်အ ရေးမကြီးတဲ့နေရာတွေ မှာ ပုံအောလှူပြီး မဏိ ဇောတဓရစတဲ့ ဘွဲ့တွေယူနေမယ့်အစား တ ကယ် အရေးကြီးတဲ့ ဆင်းရဲသားအများစုရဲ့ဘ ဝနဲ့ ဆိုင်တဲ့ပြဿနာတွေဖြေရှင်းရာမှာ သုံးရင် ပိုပြီးကောင်းမလားလို့ စဉ်းစားသင့်ပါတယ်။

နောက်တစ်ချက်က သတင်းစာဂျာနယ် များကိစ္စဖြစ်ပါတယ်။ သတင်းစာ၊ ဂျာနယ် တွေဖတ်ရတာ တစ်ဖက်စောင်းနေတဲ့သင်္ဘော စီးရသလို၊ တစ်ဖက်သတ် အားကစားပွဲကြည့် ရသလိုဖြစ်နေပါတယ်။ ဟိုခေတ်က ဖတ်လိုက် သမျှ ဟိုဘက်ယိမ်းနေပြီး ဒီခေတ်ဖတ်လိုက် သမျှဒီဘက်ယိမ်းနေ တာတွေ့ရပါတယ်။

ဒီခေတ်မှာ နိုင်ငံတော်ကမီဒီယာကို စတု တ္ထမဏ္ဍိုင်အဖြစ် အသိအမှတ်ပြု ထားပါတယ်။ မီဒီယာတွေကမဏ္ဍိုင် ၃ ရပ်ကိုစောင့်ကြည့်ပြီး မှန်မှန် ကန်ကန်ထောက်ပြဝေဖန်မယ်လို့ဆိုပါ တယ်။ မီဒီယာတွေကလည်း ဘယ်ဘက်မှ မယိမ်း ဘူးလို့ပြောကြပါတယ်။ မီဒီယာတွေကသာ မယိမ်းချင် ရှိမယ်။ ဆောင်းပါးတွေ၊ သတင်း တွေတော်တော်များများကတော့ တစ်ဖက် ယိမ်းနေတာ သေချာပါတယ်။

ကျွန်တော့်အနေနဲ့ နိုင်ငံရေးသမားလည်း မဟုတ်ဘူး၊ လက်ရှိအစိုးရ၊ အာဏာရ ပါတီ လွှတ်တော်တွေကို ဖားစရာအကြောင်းလည်း မရှိပါဘူး၊ သတင်းဆောင်းပါးတွေမှာ ဘယ် သူ့ကိုပဲမြှောက်မြှောက်၊ ဘယ်သူ့ကိုပဲနှိမ်နှိမ် နာစရာမရှိပါဘူး။ ကျွန်တော်လိုချင်တာက စာဖတ်တဲ့ပြည်သူတွေ ဘယ်ဟာက အမှန်လဲ ဆိုတာကို ချင့်ချိန်ဆုံးဖြတ်နိုင်ဖို့ ပြည်စုံတဲ့သ တင်း အချက်အလက်နဲ့ ဝေဖန်မှုတွေပဲဖြစ်ပါ တယ်။ ဒီကိစ္စရေးလို့ ကျွဲခတ်တဲ့ကြားဖြန်ဖြေ သူလို ကျွဲခတ်ခံရနိုင်တာသိပါတယ်။ ခတ်ကြ ခွေ့ကြပါစေ။ ကြည့်မကောင်းလွန်းလို့ စာ ဖတ်ပရိသတ်ကိုယ်စား ရေးလိုက်ရပါတော့ တယ်။

အကြောင်းခြင်းရာတစ်ခု မှန်၊မမှန်ဆုံး ဖြတ်တဲ့နေရာမှာ တစ်ဖက်တည်းအမြင်နဲ့တင် ပြချက်အပေါ်မှာ စဉ်းစားဆုံးဖြတ်တာထက် နှစ်ဖက်အမြင်အပေါ်မှာ ချိန်ထိုးပြီးဆုံးဖြတ် တာက ပိုပြီး အမှန်နဲ့နီးစပ်နိုင်တယ်ဆိုရင်အား လုံးပဲလက်ခံနိုင်ပါလိမ့်မယ်။

ဒါကြောင့် နှစ်ဖက်အမြင်နဲ့ဝေဖန်မှုတွေ ကိုလိုချင်ပါတယ်။ နှစ်ဖက် အပြိုင်အဆိုင်ဖြစ် လာတဲ့အခါ တစ်ဖက်ကခပ်ပေါ့ပေါ့ ပြီးစ လွယ်တင်ပြလို့ မရတော့ဘဲ မိမိတင်ပြချက်မှန် ကန်ခိုင်မာမှုအတွက် ပိုပြီး အလေးထား လာ နိုင်ပါတယ်။ အဲဒါဆိုရင် အမှန်တရားပိုပြီးရနိုင် ပါလိမ့်မယ်။ တစ်ခါတုံးက Hot Hews ဂျာ နယ်မှာ ခင်မောင်ဝင်းနဲ့ဆွေဦးနိုင်(၈၈) တို့ အ ပြန်အလှန်ရေး တာ တော်တော်လေး စုံစုံလင် လင် သိရပါတယ်။ ဒါမျိုးဖြစ်စေချင်ပါတယ်။

ဟိုခေတ်က ဟိုဘက်ကိုယိမ်းပြီး အား ကောင်းမောင်းသန်ရေး ခဲ့၊ ပြောခဲ့သူတွေရှိပါ တယ်။ ခုတစ်ချက်မှပေါ်မလာတော့ပါဘူး။ တစ်ဦးအပေါ် တစ်ဦး အပြစ်မဖို့ဘဲပြဿနာ တွေကို ငြိမ်းငြိမ်းချမ်းချမ်းအဖြေရှာပြီး ရှေ့ ဆက်လှမ်းဖို့ မျှမျှတတသုံးသပ်ရေးတဲ့ဆောင်း ပါးတချို့တွေ့ရပေမယ့် အလွန်နည်းနေပါ တယ်။ ဒီခေတ်မှာ ဒီဘက်ယိမ်းပြီး အားကောင်း မောင်း သန်ရေးနေကြချိန်မှာ အရင်လူတွေက အကျိုးသင့်အကြောင်းသင့် ပါဝင်ဆွေးနွေး ကြမယ်ဆိုရင် စာဖတ်ပရိသတ်တွေ အချက် အလက်ပြည့်ပြည့် စုံစုံသုံးသပ်ပြီး မှန်ရာကိုချင့် ချိန်ဆုံးဖြတ်နိုင်ဖို့ အထောက်အကူပြုမယ် ထင်ပါတယ်။ စာပေတာဝန်ကျေချင်ရင် ကြည့် ကောင်းတဲ့ပွဲဖြစ်အောင် စုံစုံညီညီ ပါဝင်ကြဖို့ တိုက်တွန်းချင်ပါတယ်။
                               $$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

No comments:

Post a Comment