Twitter Bird Gadget

Monday, December 22, 2014

ကုမ္ပဏီတစ်ခုမှာ ဝက်ဆိုဒ် ရှိသင့် မရှိသင့်


ကုမ္ပဏီ တစ်ခုမှာ ဝက်ဆိုဒ် ရှိသင့် မရှိသင့် အဲဒါကတော့ ကိုယ့်အယူဆနဲ့ ကိုယ်ပေါ့။ ဝက်ဆိုဒ်ရှိမှ ကုမ္ပဏီတ သိက္ခာရှိမယ် ဆိုရင်တော့ ဝက်ဆိုဒ်ဆွဲပေါ့။ မရှိရင်လည်း ဘာမှမဖြစ်ဘူး ဆိုရင်တော့ မဆွဲနဲ့ပေါ့။ သို့သော် ဝက်ဆိုဒ် ရှိမယ်ဆိုရင် ဘယ်လို ကောင်ကျိုးတွေ ရှိနိုင်ပါလဲ ဆိုတာကို အကြမ်းမျဉ်း တင်ပြပါ့မယ်။

လူကြီးမင်း၏ ကုမ္ပဏီဟာ လက်တော့တွေ ရောင်းတဲ့ ကုမ္ပဏီ ဆိုပါစို့။ ဝက်ဆိုဒ်ရှိမယ် ဆိုရင် ၎င်းပစ္စည်းတွေကို ဝက်ဆိုဒ် ပေါ်မှာ တင်ပြထားလို့ ရပါတယ်။ အသစ်ရောက်လာတာ တွေရော အဟောင်းတွေ ရောပေါ့။ ဒီလို တင်ပြထားခြင်း အားဖြင့် customer တွေဟာ လူကိုယ်တိုင် ဆိုင်ကို လာပြီး ကြည့်စရာ မလိုတော့ ဘူးပေါ့။ ဆိုက်မှာပဲ ဒါလေးတွေက ဘယ်စျေး ရှိတယ် ဆိုတာကို သိရတာပေါ့။

ထို့ပြင် ကိုယ့်ရဲ့ ဖောက်သည်မ ဟုတ်သူတွေလည်း ကြည်လို့ ရတာပေါ့။ ယခုခေတ်က အွန်လိုင်းခေတ်လေ။ အွန်လိုင်းမှ ကိုယ့်ဆိုဒ်ကို ကြည့်တဲ့ သူတိုင်း ကိုယ့်ဆိုင်မှာ ဘာပစ္စည်းတွေ ရှိတယ်ဆိုတာကို သိနိုင်တာပေါ့။ ဝက်ဆိုဒ်ဆွဲလိုက်လို့ လူတွေပိုတောင် သိလာပါသေးတယ်။ ဒါ့အပြင် ဝက်ဆိုဒ်က တစ်လတည်းလာ ဆိုတော့လည်း မဟုတ် တစ်နှစ်တည်းလည်း မဟုတ် မိမိ တစ်ဘဝလုံး အတွက် ဖြစ်ပါတယ်။ မသုံးချင်တော့မှသာ ဖျက်ပစ်လိုက်ရတာ အရာမျိုးပါ။ ဒါက ကောင်းကျိုး အကြမ်းမျဉ်း ဖြစ်ပါတယ်။

ဆိုကျိုးကရော ရှိလာဆိုးတော့ ရှိပါတယ်။ ဝက်ဆိုဒ်ရှိလို့ ပစ္စည်းတွေကို အဲဒီအပေါ်မှာ တင်ပေးရတယ်။ အင်တာနက် ဘေကုန်တယ်။ အဲဒီအတွက ် နောက်ထပ် လူသစ်ခန့်ရ လောက်အောင် ကိုယ့်ကုမ္ပဏီရဲ့ Data တွေများ တယ်ဆိုရင် လူသစ်ခန့်ရမယ် စသဖြင့် ရှိပါတယ်။ သို့သော် စဉ်းစားပါ။ တိုးတက်လာတဲ့ ခေတ်မှာ ဝက်ဆိုဒ် ဆွဲသင့် မဆွဲသင့် ယခုလက်ရှိကို မကြည့်ပါနဲ့ နောင်ရေရှည်ကို ကြည့်လိုက်ပါ။

တကယ်လို့ လူကြီးမင်းက ဝက်ဆိုဒ်ဆွဲဖို့ ဆန္ဒရှိပါက အသေးစိတ် အချက်တွေ အလက်များကို Comment ဖြင့် မေးမြန်းနိုင်ပါတယ်။ 

                                             @@@@@@@@@@@@@

No comments:

Post a Comment