Twitter Bird Gadget

Monday, December 22, 2014

Window မှာ မြန်မာယူနီကုဒ် ထည့်နည်းနှင့် ထည့်တဲ့အချိန်မှာ ဖြစ်တတ်သော အခက်အခဲများ။




------------------------
Window မှာ ယူနီကုဒ် ထဲ့သွင်းရတာ အလွယ်ကူဆုံးပါ။
၁။ ယူနီကုဒ်ဖောင့် တခုခုကို ဒေါင်းပြီး install လုပ်ပါ။
-----------------------
https://www.dropbox.com/s/w6try6m2n11u3/pyidaungsu-1.2.ttf
(PyidaungSu Font
ဗမာ, သက္ကတ/ပါဠိ, မွန်, ရှမ်း, စကောကရင်, ပိုးကရင်(အနောက်ပိုင်း), ပိုးကရင် (အရှေ့ပိုင်း), ပအိုဝ်း, ကယား, အရှိုချင်း, ပလေးပလောင်, ရူမာည်းတအောင်း,ခန္တီးရှမ်း, Aiton & Phake, တိုင်းလျမ်ခေါ်ရှမ်းနီ, ရွှေပလောင်.)
https://code.google.com/p/myanmar3source/downloads/detail
Myanmar 3 Font (တိုင်းရင်းသားစာများ မပါ)
https://tharlon-font.googlecode.com/fil/Tharlon-Regular.ttf
TharLon Font (Burmese, Mon, Shan, Karen, Pa'o, Asho Chin, Kayah and Karenni)
အခြားဖောင့်များ https://my.pcloud.com/publink/show?code=xdt
**************************
၂။ ယူနီကုဒ်စာရိုက်စနစ် ကီးဘုတ် တခုခုကို ထဲ့သွင်းပါ။
-----------------------
သင်ပုန်းကြီးအတိုင်းရိုက်ချင်ရင် KeyMagic က မြန်စံ လက်ကွက် ကို သုံးပါ။
https://keymagic.googlecode.com//KeyMagic-1.5.1-Installer.
Window 8, Myanmar 3 ကီးဘုတ် လက်ကွက်နဲ့ တူတဲ့ ကီးဘုတ် ကို သုံးချင်ရင် _
ယူနီကုဒ် စာလုံးစီပုံအတိုင်းရိုက်နိုင်တဲ့ ကီးဘုတ်ပါ။
https://www.facebook.com/groups/mmUnicode/944089082268265/

၃။ browser မှာ ဖောင့် ပြောင်းပေးပါ။
-----------------------
***Chrome
Menu button > Settings > Advanced Setting > Web content ဆိုတဲ့ နေရာမှာ Customize Font ကိုနှိပ်ပြီး Sans-serif Font နေရာမှာ ယူနီကုဒ်ဖောင့် တခုခု ရွေးလိုက်ရင် ရပါပြီ။

***Mozilla Firefox
Menu button > Options> Content Tab>
Default Font မှာ သွင်းထားတဲ့ မြန်မာ ယူနီကုဒ်ဖောင့် တခုခုကို ရွေးပြီး OK နှိပ်လိုက်ရင် ရပါပြီ။

အဲဒါတွေ လုပ်ပြီးရင် ယူနီကုဒ်ကို မြင်နိုင်ပါပြီ။
***************************************

ကြုံတွေ့နိုင်သော အခက်အခဲများ
*************************
၁) ** အရင် က PC Viber သုံးလို့ပဲ ဖြစ်ဖြစ် GTalk သုံးလို့ပံ ဖြစ်ဖြစ် ဇော်ဂျီစာ မြင်ရဖိုအတွက် နိုဂို စက်ထဲပါသော Arial ဖောင့်ကို Zawgyi နဲ့ အစားထိုးထားသည်များရှိပါသည်။ ထိုarial Zawgyi ဖောင့်ရှိပါက မည်သည့်နေရာတွင်မှ မြန်မာယူနီကုဒ်စာများ မမှန်ကန်ပါ။ Addon များမှာလဲ အဆင်မပြေဖြစ်တတ်ပါသည်။
ဖြေရှင်းနည်း _
မူရင်း Arial ဖောင့်ကို ပြန်ထဲ့ပေးလိုက်ပါ။
https://www.dropbox.com/s/4hrzw0rfo1zwoja/arial.ttf?dl=0
Replace လုပ်မည်ပြောလာပါမည်။ OK နှိပ်လိုက်ပါ။
ယူနီကုဒ်စာများ မမြင်ရသေးပါက Restart ချပါ။ မြင်ရလျှင် ပြီးပါပြီ။

၂) ** Arial ပြန်ထဲ့ရုံဖြင့် အဆင်မပြေသေးပါက PC Viber နောက် version အတွက် mmsd-viber.ttf ကို ထည့်ထားတာဖြစ်နိုင်ပါသည်။ Control Panel > Fonts > ထဲမှာ KaYin2014 ဆိုတဲ့ ဖောင့်ကို ရှာပါ။ တွေ့လျှင်ဖျက်လိုက်ပါ။ အပေါ်ကအတိုင်း ယူနီကုဒ်စာများ မြင်ရလား စစ်ပါ။ မမြင်ရသေးလျှင် Restart ချကြည့်ပါ။ မြင်ရလျှင် ပြီးပါပြီ။
၃) ** အပေါ်က ၂နည်းအတိုင်းအဆင်မပြေသေးဘူးဆိုလျှင်
*** Window 8 တွင် ဆိုလျှင်
Registry ကိုပြင်ကြည့်ပါမည်။
https://www.facebook.com/groups/mmUnicode/968916099785563/
ဒီအထဲက အတိုင်းလုပ်ကြည့်ပါ။
restart ချကြည့်ပါ။ အဆင်ပြေရပါမည်။ (မှတ်ချက် Window 8 နှင့် 8.1 အတွက်သာ)

၄) ** Chrome အတွက်ဆိုလျှင် တော့ ဒီအဆင်တွေ ပြီးရင် ရသင့်နေပါပြီ။
Mozilla Firefox မှာ ဖောင့် ပြောင်းပြီးလို့ မရသေးဘူး ဆိုလျှင်-
- Firefox ကို ဖွင့်ပါ။
- address bar မှာ about:config ဟုရိုက်ထဲ့ကာ Enter ခေါက်ပါ
- ပေါ်လာတဲ့အထဲမှာ address bar အောက်နားမှာ Search : ဆိုတာ ရှိပါသည်။
- အဲဒီအထဲမှာ font.name ဟု ရိုက်ထဲ့လိုက်ပါ။ စာလုံးအမဲဖြင့် Bold ဖြစ်နေသော တန်ဖိုးများက ပြင်ထားသော အရာများ ဖြစ်ပါသည်။ အဲဒီတွေအထဲမှာ Zawgyi ကို လိုက်ရှာပါ။ တွေ့လျှင် အဲဒီတန်ဖိုးအပေါ်မှာ double click ၂ချက်နှိပ်လိုက်ပါ။ ပြီးလျှင် ပေါ်လာတဲ့ text box ထဲက ZawgyiOne ဆိုတဲ့ တန်ဖိုးကို ဖျက်လိုက်ပါ။ တွေ့သမျှ အကုန်ဖျက်ပါ။ တန်ဖိုးတခုလုံးကို ဖျက်ခိုင်းတာ မဟုတ်ပါဘူး။ အထဲက တန်ဖိုးကိုပဲ ဖျက်လိုက်ပါ။
- အဓိက ကတန်ဖိုးက
font.name.serif.x-unicode အဲဒီတန်ဖိုးဖြစ်ပါသည်။ အဲဒါမှာ ZawgyiOne တွေ့ပါက ဖျက်ပြစ်လိုက်ပါ။ default က Times New Roman ပါ။ ပြင်ချင်ရင် ပြင်ထားခဲ့ပါ။ တကယ်လို့ www.google.com.mm မှာ မြန်မာစာတွေ လေးထောင့်တုံးတွေပဲပေါ်ရင် အဲဒီတန်ဖိုးထဲမှာ ယူနီကုဒ်ဖောင့်တခုခုရဲ့ နာမည်ကို ထည့်ခဲ့ပါ။ နာမည်တွေကို Fonts ထဲ့မှာ ရှာနိုင်ပါသည်။ ဥပမာ Myanmar3, Pyidaungsu, Tharlon ပါ။ Firefox fonts Setting ကို Options > Content tab ထဲမှာ နောက်တခါ setting ပေးပါ။ ယူနီကုဒ်ဖောင့် တခုခုကို ပြန်ပြောင်းပေးလိုက်ပါ။ ဒါမှ မရလျှင် မရတာ ထပ်တာ လာမေးတော့ ဗျာ။
Zawgyi နဲ့သာ ပေါက်တတ်ကရ လုပ်မထားခဲ့ဘူးဆိုလျှင် မြန်မာယူနီကုဒ်ဖောင့်ထည့်ထဲ့တာကော ဇော်ဂျီဖောင့်ကို ပြန်ပြောင်းတာကော အဲလောက် မခက်တော့ပါ။ ဖြစ်နိုင်လျှင်တော့ ကိုယ်လုပ်တာ ကိုယ်မှတ်ထားတာ အကောင်းဆုံးပါပဲဗျာ။


No comments:

Post a Comment