Twitter Bird Gadget

Thursday, November 20, 2014

e-Gov အကောင်အထည်ဖော်ရန်

e-Gov အကောင်အထည်ဖော်ရန် စံသတ်မှတ်ချက်ရှိသည့် စာရိုက်စနစ် အသုံးပြုရန် လိုအပ်
မြန်မာစာ စာရိုက်စနစ်တစ်ခုတည်းဖြစ်စေရန်နှင့် စံသတ်မှတ်ချက်ရှိရန် လိုအပ်ပြီး လက်ရှိ အကောင် အထည်ဖော်ဆောင်ရွက်နေသည့် e-Gov စနစ် အောင်မြင်လာစေရန် ယူနီကုတ်စံသတ်မှတ်ချက်ကို 
လိုက်နာသည့် စာရိုက်စနစ် အသုံးပြုရန် လိုအပ်သည်ဟု ပညာရှင်များက သုံးသပ်သည်။
e-Gov စနစ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ယူနီကုတ်စံသတ်မှတ်ချက်ရှိသ
ည့် စာရိုက်စနစ်ကို အသုံးပြုမှသာ အချက်အလက်များ ပြန်လည်ရှာဖွေရာတွင် အဆင်ပြေနိုင်မည်ဖြစ်သည်ဟု မြန်မာယူနီကုတ် ဧရိယာ (MUA) အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးမြတ်သွင်က ဆိုသည်။
ဦးမြတ်သွင်က“လက်ရှိသုံးနေတဲ့ စာရိုက်စနစ်နဲ့ သွားမယ်ဆိုရင် အဆင်မပြေဘူး။ e-Gov ကို သွားမယ် ဆိုရင် ယူနီကုတ်စံသတ်မှတ်ချက်ရှိတဲ့ စာရိုက်စနစ်နဲ့မှ အဆင်ပြေမယ်”ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် စံချိန်စံညွှန်းဥပဒေထွက်ရှိပြီးသော်လည်း မြန်မာစာ စံသတ်မှတ်ချက်ရှိသ
ည့် စာရိုက်စနစ် 
ကို အသုံးပြု မှုနည်းပါးနေသည်ဟု ယူနီကုတ်ဧရိယာအဖွဲ့ဝင် ကိုထွန်းထက်အောင်က ပြောသည်။
ကိုထွန်းထက်အောင်က“စံသတ်မှတ်ချက်ရှိတဲ့ စာရိုက်စနစ်ကို ပြောင်းသုံးမယ်ဆိုရင် လိုအပ်တဲ့ အကူအညီ တွေကို ယူနီကုတ်ဧရိယာအဖွဲ့က ပေးသွားပါမယ်။ ၀က်ဘ်ဆိုက်တွေနဲ့ အွန်လိုင်းမီဒီယာတွေ အနေနဲ့လည်း ပြောင်းသုံးသ
င့်တယ်”ဟု ဆိုသည်။
မြန်မာစာ စာရိုက်စနစ် စံသတ်မှတ်ချက်ရှိစေရန်အတွက် ယူနီကုတ်စာရိုက် စနစ်ကို လိုက်နာသ
ည့် စာရိုက် စနစ်များရှိနေပြီး အွန်လိုင်းမီဒီယာများနှင့် ၀က်ဘ်ဆိုက်များအနေဖြင့် လက်ရှိအသုံးပြုနေသည့် စာရိုက်စနစ် များနေရာတွင် ပြောင်းလဲအသုံးပြုလိုပါက လိုအပ်သည့် အကူအညီများပေးသွားမည်ဟု ယူနီကုတ်ဧရိယာ အဖွဲ့ဝင်များက ပြောသည်။
ယူနီကုတ်ဧရိယာအဖွဲ့မှ ပညာရှင်တစ်ဦးဖြစ်သူ ကိုကောင်းခ
န့်ဇော်က“မီဒီယာတွေအနေနဲ့ ယူနီကုတ် စာရိုက်စနစ်တွေကို ပြောင်းသုံးချင်တယ်ဆိုရင် အရင်သုံးတဲ့ စာရိုက်စနစ်နဲ့ သိမ်းဆည်းထားတဲ့ အချက် 
အလက်တွေကို ယူနီကုတ် စံသတ်မှတ်ချက်ရှိတဲ့ စာရိုက်စနစ်ကို ပြောင်းနိုင်ဖို့ အခမဲ့ ကူညီပေးသွားပါ မယ်”ဟု ဆိုသည်။
ထိုသို့ ပြောင်းလဲအသုံးပြုရာတွင် အခက်အခဲများရှိပါက အဖွဲ့ထံ အကြောင်းကြားပါက လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဖြစ်ပြီး ဆက်လက်အသုံးပြုရန် တိုက်တွန်းပါသည်ဟုလည်း ယူနီကုတ်ဧရိယာအဖွဲ့မှ မသင်ဇာဖြိုးက ဆိုသည်။
အွန်လိုင်းတွင် အချက်အလက်များ ရှာဖွေရာတွင် ယူနီကုတ် စံသတ်မှတ်ချက်ရှိသ
ည့် စာရိုက်စနစ်ကို အသုံးပြုမှသာ အဆင်ပြေမည်ဟုလည်း ပညာရှင်များက သုံးသပ်ကြသည်။
                                           @@@@@@@@@@@@@@@@@

No comments:

Post a Comment