MPT က ဆက်သွယ်ရေး ကွန်ရက်ချဲ့ထွင်ခြင်း အစီအစဉ်ကို ဆောင်ရွက်၂၀၁၅ မတ်လကုန်တွင်
3G စခန်းအရေအတွက် လက်ရှိထက် နှစ်ဆရှိမည်ဟုဆို
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဆက်သွယ်ရေး ကွန်ရက်ချဲ့ထွင်ခြင်း အစီအစဉ်ကို
ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။
အဆိုပါ အစီအစဉ်ကို နိုဝင် ဘာ ၆ ရက်နေ့က စတင်ဆောင်
ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရန်ကုန်နှင့် နေပြည်တော်တို့ရှိ လိုင်းကျပ်သော
နေရာများတွင် 3G စခန်းများ၌ လိုင်းအင်အား တိုးချဲ့ခြင်းလုပ်ငန်းကို
ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ စခန်းရှိ လိုင်းအင်အားမှာ
နိုဝင်ဘာ ၆ ရက်နေ့ မတိုင်မီကထက် ၅၀ ရာခိုင်နှုန်းပို၍
အင်အားတိုးမြှင့်လာပြီ ဖြစ်သည်ဟုဆိုသည်။ မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းအနေဖြင့် နိုင်ငံတစ်ဝန်းလုံးတွင် ဆက်သွယ်ရေး
ကွန်ရက်ချဲ့ထွင်ခြင်းကို ဆက်လက်ဆောင်ရွက် သွားမည်ဟုလည်း ပြောကြားထားသည်။
ကွန်ရက်ချဲ့ထွင်ခြင်း၏ ပထမအဆင့်အဖြစ် ၂၀၁၅ ခုနှစ် မတ်လကုန်တွင် 3G
စခန်းများ၏ အရေအတွက်မှာ လက်ရှိအရေအတွက်၏ နှစ်ဆရှိလာမည် ဖြစ်သည်ဟုလည်း
ဆိုထားသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဂျပန်ဆက်သွယ်ရေး လုပ်ငန်းဖြစ်သော KDDI၊ Sumitomo တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တယ်လီဖုန်းသုံးစွဲမှု မြင့်မားစေရန် ဆောင်ရွက်မည်ဟု ဆိုထားသည်။ ၂၀၁၄ ခုနှစ်ကုန်အထိ SIM ကတ်ပေါင်း ၅ သန်းကျော်ကို ရောင်းချသွားရန် စီစဉ်လျက်ရှိကြောင်းလည်း ပြောကြားထားသည်။ MPT, KDDI, Sumitomo တို့အနေဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ ဆင်းမ်ကတ်များကို ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ပထမလအတွင်း၌ ဆင်းမ်ကတ်တစ်သန်းကျော် ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
Credit:Internet Journal

No comments:
Post a Comment