Twitter Bird Gadget

Thursday, November 20, 2014

ပြည်နယ်အမည်ပြောင်းလဲရန် ဦးအောင်သောင်း၏အကြံပြုချက်အပေါ်

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်နယ်အမည်ပြောင်းလဲရန် ဦးအောင်သောင်း၏အကြံပြုချက်များသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေမည်ဖြစ်ဟု ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ကန့်ကွက်ဆွေးနွေး
+++++++++++++++++++++++++++++++++++++++++
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်နယ်အမည်များပြောင်းလဲရန် ဦးအောင်သောင်း၏အကြံပြုချက်များသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှ
င့် ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်စေမည်ဖြစ်ဟု ရှမ်းပြည်နယ် မိုင်းရယ်မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်က နိုဝင်ဘာ ၁၇ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်ဆွေးနွေးသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ လုပ်ငန်းအစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးရာတွင် ဦးစိုင်းသီဟကျော်က ယင်းကဲ့သို့က
န့်ကွက်ခဲ့ခြင်းဖြစ်သည်။

ဦးစိုင်းသီဟကျော်က အစီရင်ခံစာပါ အခန်း (၁) နိုင်ငံတော်အခြေခံမူ ပုဒ်မ ၉ အခန်း (၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ ပုဒ်မ ၄၉ တွင် ဦးအောင်သောင်းက ပြည်နယ်ခုနစ်ခုကို လူမျိုးစုအမည်များအစား မြို့တော်အမည်များဖြ
င့် ပြောင်းလဲရန်အကြံပြုချက်များသည် နှစ်ပေါင်းရာချီတည်ရှိနေသော တိုင်းရင်းသားများ၏တည်ရှိမှုကို ဖျောက်ဖျက်ပစ်ရန်ကြိုးစားရာရောက်သည့်အတွက် အကျိုးထက် အပြစ်သာဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရေး၏ပြဿနာသည် လူမျိုးအမည်များကြောင့်မဟုတ်ကြောင်းကို သတိပြုစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ "တစ်တိုင်းပြည်လုံး လူမျိုးတူမှ ကိုးကွယ်ရာတူမှ အမျိုးသားပြန်လည်သ
င့်မြတ်ရေး ရရှိမည်မဟုတ်ပါ။ ပြည်နယ်နာမည်များကို မြို့တော်နာမည်များနဲ့ အစားထိုးပြင်ဆင်ရန်ကြိုးစားခြင်းကို တိုင်းရင်းသားတွေကို နှိမ့်ချဆက်ဆံတယ်၊ တိုင်းရင်းသားတွေရဲ့တည်ရှိမှုကို အသိအမှတ်မပြုဆိုပြီး ယူဆနိုင်ပါတယ်။ တိုင်းရင်းသားတွေအနေနဲ့လည်း လက်သင့်ခံလိမ့်မည်မဟုတ်တဲ့အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို များစွာထိခိုက်စေမှာဖြစ်ပါတယ်။ ကြီးမားတဲ့ပဋိပက္ခကိုဦးတည်စေတဲ့အတွက် ဦးအောင်သောင်း၏အကြံပြု ချက်အား ကန့်ကွက်ပါတယ်" ဟု ဦးစိုင်းသီဟကျော်က ဆွေးနွေးသည်။

ပြည်နယ်နာမည်သတ်မှတ်မှုများတွင် အခြားနိုင်ငံများကိုလေ့လာကြ
ည့်ပါကဘယ် လူမျိုးတွေနေတဲ့အရပ်ကို ပြည်နယ်သတ်မှတ်မည်၊ ဘယ်လူမျိုးတွေနေသည့်အရပ်ကို တိုင်းဒေသကြီးသတ်မှတ်မည်ဆိုပြီး သတ်မှတ်ထားမှုများမရှိကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ အဆင့်အတန်းတူညီသည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များဖြင့်ဖွဲ့စည်းထားကြောင်း၊ ယင်းကဲ့သို့ အခေါ်အဝေါ်မတူညီသည့်အရာနှစ်ခုကို နိုင်ငံရေးတန်းတူသည်ဟုသတ်မှတ်နေခြင်းသည် ရှေ့နောက်ညီညွတ်မှုမရှိပါကြောင်း၊ နိုင်ငံရေးအရ အဆင့်အတန်းတူညီသည်ကို သက်သေပြနိုင်ရန် ပထမဆုံးအနေဖြင့် သတ်မှတ်မှုပြင်ဆင်ရန်လိုအပ်ကြောင်း၊ ဆိုလိုသည်မှာ လက်ရှိတိုင်းဒေသကြီးများနှင့် ပြည်နယ်များ၏အမည်ကို ပြောင်းလဲရန်မဟုတ်ဘဲ နိုင်ငံရေးအရ ပြည်နယ်များနှင့် တိုင်းဒေသကြီးများကို ပြင်ဆင်ရန်သာဖြစ်ပါကြောင်း ဦးစိုင်းသီဟကျော်က ဆွေးနွေးသည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးနှ
င့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏အစီရင်ခံစာတွင် ဦးအောင်သောင်းက ဖွဲ့စည်းပုံအခြေခံဥပဒေ "အခန်း (၁) ပုဒ်မ ၉ တွင် ပြည်နယ်ခုနစ်ခုကို လူမျိုးစုအမည်အစား မြို့တော်အမည်" များဖြင့်ပြောင်းလဲရန် အကြံပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပုဒ်မ ၉ အား ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ရှိရင်းစွဲအမည်များဖြ
င့် ၁၄ ပြည်နယ်သတ်မှတ်ရန် အကြံပြုထားကြောင်း၊ ဦးစတီဗင်သာဘိတ်က ၁၄ တိုင်းအဖြစ်သတ်မှတ်ရန် အကြံပြုထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

No comments:

Post a Comment