Twitter Bird Gadget

Friday, November 21, 2014

ကွန်ပျူတာနေ့စဉ်သုံးဆွဲသူများအတွက်



ကွန်ပျူတာကို နေ့စဉ်သုံးဆွဲသူတွေဟာ ကျန်းနာရေးနှင့် လျှော်ညီအောင် နေထိုင်စား
သောက်တတ်ဖို့အထူးပင်အရေးကြီးပါတယ်။ဒီလိုမဟုတ်ပဲ နေထိုင်စားသောက်ပုံမမှန်
ကန်ရင်တော့ မိမိအတွက် များစွဦးသောတိုးကျိုးတွေကိုပဲ ဖြစ်ပေါ်လာမှာပါ။နေထိုင်စား
သောက်ပုံ တနည်းလမ်းကောင်းတွေကတော့.

(၁)နေထိုင်မှုမှန်ကန်ပါစေ
ဆိုလိုတာက ကွန်ပျူတာသုံးဆွဲပြီး အလုပ်တနေကုန်လုပ်မယ်ဆိုရင် ခါးကိုမတ်မတ်ထား
ပါ။ကွန်ပျူတာနှင့် ၄၀ ဒီဂရီကနေကြည့်ပါ။ကွန်ပျူတာရီဆိုလူးရှင်းကို အနည်းငယ်လျှော့
ထားပါ။

(၂)အမြင်အားကောင်းစေမည့်အစားအစာများ စားဖြစ်ပါစေ
အမြင်အားကောင်းစေမည့် အစားအစာများမှာ ဥပမာ ကန်စွန်းရွက်၊မြင်ခွာရွက်၊စတဲ့အ
ရွက်တွေဖြစ်ပါတယ်။မျက်လုံးအမြင်အားကို ကောင်းမွန်စေသောကြောင့် များများစားသင့်
ပါတယ်၊

(၃)ဆေးမှီဝဲပါ
မိမိမျက်လုံးနဲ့ ကွန်ပျူတာ ကြည့်လို့ ကိုက်ခဲတယ် ဒါမှမဟုတ် ကြည့်ရတာမကြည်မလင်
ဘူးဆိုရင်တော့ ဆရာဝန်နှင့် တိုင်ပင်ပြီးမျက်စဉ်းခပ်ပါ။လိုအပ်လျှင် မျက်မှန်တပ်ပြီး ကွန်
ပျူတာသုံးဆွဲ၍ လလုပ်လုပ်တာက အကောင်းဆုံးဖြစ်ပါတယ်။

(၄)လေ့ကျင့်ခန်းလုပ်ဖြစ်ပါစေ
နေ့စဉ်ထိုင်ပြီး အလုပ်လုပ်ရတဲ့အတွက် ခန္ဓာကိုယ်လှုပ်ရှားမှုတွေ လုပ်ပေးဖို့လိုအပ်ပါတယ်
လေ့ကျင့်ခန်းမလုပ်နိုင်ဘူးဆိုလျှင် ခန္ဓာကိုယ်လှုပ်ရှားမှုကိုဖြစ်စေမည့် အိမ်မှုကိစ္စ ဒါမှမ
ဟုတ် အခြားသောလှုပ်ရှားမှုတွေကို လုပ်ဖြစ်အောင် လုပ်ပေးမှသာ ရောဂါမဖြစ်စေမှာဖြစ်
ပါတယ်။

(၅)ကွန်ပျူတာကို ဆက်တိုက်မသုံးဆွဲသင့်
သင်ဟာအလုပ်တွေ များနေချိန်မှာ မျက်စိအတွက် အနားပေးဖို့ မေ့လျှော့နေတတတ်ပါ
တယ်။အဲဒါဟာ မှားယွင်းတဲ့အချက်ပါ။ရေရှည်လုပ်ရမှာ ဖြစ်သည့်အတွက် တစ်နာရီကြည့်
ပြီး မီးနစ်အနည်းငယ်လောက် မျက်စိအတွက်အနားပေးသင့်ပါတယ်။

No comments:

Post a Comment