Twitter Bird Gadget

Wednesday, October 29, 2014

လုံလောက်ပြီ




ကျောက်ဆည်.......
မင်းဘာမှထပ်မလုပ်နဲ့
(ဦး)သန်းရွှေကိုမွေးထုတ်ပြီးကတည်ကမင်းတာဝန်ကျေပြီ။
သူလိုလူနောက်ထပ်မမွေးဖို့ သမိုင်ကိုကတိပေးလိုက်။

O.T.S အပတ်စဉ် (၉)......
မင်းသာသူ့ကိုကျောင်းဆင်းမပေးဘဲ
စားဖိုဆောင်မှာပဲထားခဲ့ရင် ငါ တို့တွေ
အခုလိုငတ်ပြတ်နေမှာမဟုတ်ထူး။

ဗိုလိချုပ်ကြီးဦးနေဝင်း.......
ခင်ဗျားမှာတယ်.....
ဘာပဲဖြစ်ဖြစ် သူ့ကိုဗဟိုနိုင်ငံရေးတက္ကသိုလ်မှာပဲ
နည်းပြအဖြစ် ထားခဲ့လိုက်ရမှာ၊
ခင်ဗျားယုံကြည်ပြီးအဆင့်တွေအတင်တက်ပေးလို့
အခုတော့ ကျုပ်တို့ကိုပညာပြနေပြီ၊
ခင်ဗျားသေတာတောင် နေ့ချင်းသင်္ဂြိုလ်ခိုင်တယ်လေ။

တပ်မ ၈၈......
 မင်းလက်မမထောင်နဲ့အုန်း......
ဗကပ ၈၁၅ လက်အောက်ခံတပ်တွေတိုက်လို့
ကျခဲ့တဲ့ အမှတ် ၃ ကချင်သေနတ်ကိုင် တပ်ရင်းဌာနချုပ်နဲ့
စစ်သည်တွေကိုသတိရအုန်း........
အဲဒီတုန်းကသူကမင်းရဲ့တပ်မမှူးလေ။

ဗိုလ်ချုပ်မှူးကြီးစောမောင်.......
ခင်ဗျားလူကဲခတ် ညံ့သွားပြီးဗျ၊
ရေမြွေထင်လို့ ဒုကာ/ချုပ် ခန့်ပေမယ့် သူမလုပ်ချင်တဲ့
လမ်းဖောက်တံတားဆောက်ခိုင်းပြီး
ဦးခင်ညွန့်ကိုပွဲထုတ်နေတာကိုး၊
အခုတော့
ခင်ဗျားနောက်ကျောဓားနဲ့ထိုးခံရပြီ။

ဗိုလ်ချုပ်ကြီးခင်ညွန့်......
ခင်ဗျားဖြစ်ချင်တဲ့ ဒုကာ/ချုပ် နေရာကို ၂ နှစ်လောက်
ဘယ်သူ့မှ မခန့်ဘဲထားကတည်းကိုက
သူကခင်ဗျားရဲ့ ထက်မြက်မှုကိုကြောက်နေတယ် ဆိုတာ
သိဖို့ကောင်းတယ်.....
အခုတော့ ခင်ဗျားလည်း
ဆန်ခိုးတုန်မမိပဲဖွဲခိုးမှ မိဆိုသလိုဖြစ်ရပြီ။

ပြည်ထဲရေးနဲ့ သာသနာရေးဝန်ကြီးဦးမင်းဂေါင်.......
ခင်ဗျားတို့တော့လေးစားတယ်ဗျာ၊
၈၈ မှာဆန္ဒပြသူ ၇၁ ဦးဖမ်းတုန်းက ၄၁ ယောက်
သေသွားတာခင်ဗျားမှာတာဝန်ရှိတယ်လို့ ဝန်ခံခဲ့လို့ပါ ။

န.တ.ခတိုင်းမှူးဦးမြင့်အောင်......
ခင်ဗျားမေ့နေမလားပဲ.....
“တစ်ပြည်လုံးဒီမိုကရေစီရရင်တောင် ငါ့တိုင်မှာတော့
မစဉ်းစားနဲ့၊ငါ့တစ်သက်ဘယ်တော့မှ မပေးဘူး”
ဆိုတာလေ၊အဲလိုမာန်အတက်ကောင်းလို့ လယ်/စိုက်
ဝန်ကြီးခန့်ပြီးတပ်နဲ့ ခပ်ကင်းကင်းထားလိုက်တာ
သဘောပေါက်။

ဦးထွန်းကြည်၊ ဦးကျော်ဘနဲ့ ဦးအေးသောင်း.....
ခင်ဗျားတို့ သုံးယောက်လွန်တာပေါ့ဗျ၊
သုံးယောက်ပေါင်းပြီးမြန်မာပြည်ကိုတောင်
နှစ်ပိုင်းခွဲလို့ရတယ်ဆို.....။
သူကကြောက်တတ်တယ်ဗျ၊အာ့ကြောင့် ခင်ဗျားတို့ကို
ဝန်ကြီးခန့်ပြီးနှိပ်ကွတ်လိုက်တာ၊ဒါ ပေမယ့် ကွကောင်းပါ
တယ်ဗျာ၊ စားပေါက်ကြီးမှာတာဝန်ကျတာကိုဗျ။

လ.ပ.ခတိုင်းမှူးကြီးဦးထွန်းကြည်.....
ခင်ဗျားကx xx “ထောကြည်”ပါဗျ......
ခင်ဗျားလုပ်လို့ ကျုပ်တို့ နန်းစိုက်မြို့လည်း
အခုတော့ တရုတ်မြို့ ဖြစ်တော့မယ်၊
ကုန်သွယ်ရေးမှာx xတာတောင် မန္တလေးကို
ရောင်းစားခဲ့တာအံ့ရောဗျာ။

မစ္စတာဂန်ဘာရီ.....
ခင်ဗျားဗျာကုလရဲ့ ကိုယ်စားလှယ် လုပ်နေပြီး
x xxဆရာတပည့်နှစ်ယောက်ရဲ့ လှည့်ကွက်ကိုတောင်
မသိလိုက်ဘူးလားခင်ဗျားလိုပါပဲဗျာကျုပ်တို့
တတိုင်းပြည်လုံးလဲ......အခုထိအလူးအလဲပဲဗျို့.....။

ဦးအောင်ဆန်ဦး....
ခင်ဗျားလည်းနဲနဲပါးပါးစဉ်းစားလေ
အဲဒီx မြှောက်ပေးတိုင်းဒီမြေကွက်လေး
လာလုမနေနဲ့အဖေ့မျက်နှာလည်းပြန်ကြည့်အုံး၊
ခင်ဗျားညီမမှာဒါလေးပဲချမ်းသာတာ.....
အဖေရှိရင် ခင်ဗျားပါးရိုက်ခံရမှာမလွဲဘူး။

ဧရာဝတီရေ......
ခင်ဗျားတော့ ခနအနားရပြီ......
x xxက နားပြီလေ၊ စိတ်တော့မချနဲ့အုန်း.....
သူ့ x  xတွေကရှိသေးတယ်။

လက်ပန်းတောင်းတောင်နဲ့ လယ်တီသိမ်.....
ကျုပ်တို့တော့ ခံလိုက်ရပြန်ပြီ
ခင်ဗျားတို့ကိုကယ်ဖို့မပြောနဲ့
ဘုန်းကြီးတွေကိုတောင် မီးသင်္ကန်းတွေ
လွှတ်လိုက်လို့ ကျုပ်တို့လူတွေတောင်
မလွတ်ဘူး၊ဖွတ်မရဓားမဆုံးခဲ့ရတယ်လေ။

ခင်ဗျားတို့ထုတ်တဲ့ ငွေစက္ကူတွေ....
ကျုပ်တို့မှာတိုင်းတစ်ပါးသားတွေရှေ့ မကိုင်ရဲဘူးဗျ
ခြင်္သေ့ကြီးကအဝတ်မကပ်တော့
သူတို့လည်းရှက်နေမှာပေါ့။

နိုင်ငံခြားသားတွေကိုအထင်မကြီးပါဘူး.....
သူတို့တွေအင်ဗာတာကိုမသုံးတတ်ဘူးဗျ၊
မီးအားမြှင့်စက်လည်းမကိုင်တတ်ကြဘူးတဲ့
အဲ့ဒါတော့ ကျုပ်တို့ကသာသွားပြန်ရော......

x xxစားခွက်လုနေတာနဲ့ပဲ.......
ပြည်တန်ခွက်ကx xxဖြစ်ခဲ့ပြီ။
ဆေးကြောပြီးတန်းမြှင့်ပေးမယ့်
လက်ကိုကျတော့ ဝိုင်းဆွဲနေသေးတယ်။

Credit to
သူရိယနေဝန်း

No comments:

Post a Comment