Twitter Bird Gadget

Tuesday, October 28, 2014

သမ္မတဖြစ်ခွင့်..........



ယခုလက်ရှိအချိန်တွင် အရေးကြီးသည်မှာ  ဖွဲ့စည်းပုံအခြေခံဥပေဒပြင်ဆင်ရေးနှင့် ရွေးကောက်ပွဲစနစ်ပြောင်လဲခြင်းသည် အရေးကြီးဆုံးကိစ္စဖြစ်သဖြင့်အာရုံလွှဲမည့် ကိစ္စ
များကို သတိမပြုမိကြပါစေနဲ့ ဘာဖြစ်လို့အရေးကြီးသလည်းလို့ပြောပြရမယ်ဆိုရင်
ကျန်တဲ့လူတွေသမ္မတဖြစ်ချင်တာကိုတော့ ကျနော်မသိပါဘူး ဒေါ်အောင်ဆန်းစုကြည်
သမ္မတဖြစ်ချင်တယ်ဆိုတာကတော့ သန်း ၆၀ သောပြည်သူအတွက်လားဆိုတာကို ပြော
ပြချင်ပါတယ် ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာမှာရပ်တည်နေသော အနေအ
ထားသည် နိုင်ငံတော်သမ္မတထက် သာလွန်သောအဆင့်အတန်းနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကို
သွားလာလှုပ်ရှားနေသူတစ်ယောက်ဖြစ်ပါတယ်။အကယ်၍များ ဒေါ်အောင်ဆန်းစုကြည်
သမ္မတဖြစ်ခဲ့မဘ်ဆိုရင်တောင် သူရထားတဲ့ဂုဏ်အင်ကနေ ယုတ်လျှော့သွားမဲ့သဘောမရှိ
ပါဘူး။ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံတော်သမ္မတထက် အဆပေါင်းများစွာသာလွန်တဲ့
ကမ္ဘာရဲ့ချစ်ခင်မှု ၊ကမ္ဘာရဲ့အသိအမှတ်ပြုမှုကိုရထားတဲ့ ကမ္ဘာသိအမျိုးသမီးခေါင်းဆောင်
တစ်ဦး ဖြစ်နေလို့ ဒီလိုတင်ပြခြင်းဖြစ်ပါတယ်။
သူသမ္မတဖြစ်ချင်တယ်ဆိုတာဟာ သူ့အတွင်တော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးသန် ၆၀
သောပြည်သူလူထုရဲ့အကျိုးကိုဆောင်ဖို့အတွက် သူဖြစ်ချင်တာ.ကျန်တဲ့လူတွေသမ္မတ
ဖြစ်ချင်တယ် ဆိုတာကတော့…….
လက်ရှိလုပ်လက်စ ကုမ္ပဏီလေး မပျက်ယွင်းအောင်.
လက်ရှိတူးလက်စ ကျောက်စိမ်းတွင်းတွေ ဆက်လက်တူးဖော်ခွင့်ရအောင်..
လက်ရှိခုတ်လက်စ သစ်ရိုင်းကွက်/ကျွန်းသစ်ကွက်တွေ ဆက်ပြီးခုတ်ခွင့်ရအောင်
လက်ရှိအောင်လက်စ ရေနံမှော်တွေ ဆက်လက်ချယ်လှယ်ခွင့်ရှိအောင်.
လက်ရှိသွင်းကုန်/ပို့ကုန်တွေ ဆက်ပြီးသွင်းလို့ပို့လို့ရအောင်တိုင်းပြည်နဲ့လူမျိုးကိုအ
ယောင်ဆောင်ချစ်ပြနေကြတာဖြစ်ပါတယ်။
မျိုးချစ်ပုဂ္ဂိုလ်တွေကို ကျနော်မေးချင်တယ်ဗျ ဖားကန့်မှာဒေါ်အောင်ဆန်းစုကြည်အမည်နဲ့
ထုတ်လုပ်နေတဲ့ကျောက်တွင်း၊ မြန်မာတစ်နိုင်ငံလုံးမှာ ဒေါ်အောင်ဆန်းစုကြည်အမည်နဲ့
အိမ်ခြံမြေတွေ၊ မြေလွတ်မြေရိုင်းတွေ၊ သိမ်းထားတဲ့လယ်ယာမြေတွေ၊ လုပ်ထားတဲ့စီးပွါး
ရေးလုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုတွေ ရှိပါသလား……အဲဒါတွေဘာတစ်ခုမှမရှိပဲ ကိုယ့်ကို
ကိုယ်ဒုက္ခခံပြီးပြည်သူလူထုအတွက် သတ္တိရှိရှိလုပ်နေတဲ့ အမျိုးသမီးကြီးကို ကျနော့အနေ
နဲ့ ချစ်တယ်၊ခင်တယ်၊လေးစားတယ် ဆိုတာလွန်မလား..ဒါကြောင့် သူသမ္မတာဖြစ်ချင်
တယ်ဆိုတာ သူ့အတွက်မဟုတ်ပဲနဲ့ပြည်သူလူထုရဲ့ အကျိုးကိုဆောင်ဖို့အတွက် သူသမ္မတ
ဖြစ်ချင်တယ်လို့ပြောတာ။ သမ္မတဖြစ်ချင်တယ်လို့ပြောတာခြင်း တူရင်တောင်မှ အဓိပ္ပါယ်
ခြင်းမတူဘူး ရွေးကောက်ပွဲမှာမဲလိမ် လွှတ်တော်ထဲမှာနေရာယူပြီးပိုင်ဆိုင်မှုတွေကိုတောင်
မှ ချမပြရဲတဲ့လူတွေကြားထဲမှာ ကျနော်တို့ပြည်သူလူထုက ပြည်သူ့ခေါင်းဆောင်ကို ရွေးချယ်ဖို့ အခုလိုတွေတွေဝေဝေငေးငေးမှိုင်မှိုင် နေဦးမယ်ဆိုရင်တော့ ကျုပ်တို့လောက်အ
တဲ့သူတွေ ဒီကမ္ဘာမှာမရှိတော့ဘူး……

No comments:

Post a Comment