***ပဲ့ကိုင်ရှင်***
မနက်စောစော တွေ့လိုက်ရတဲ့ပုံရိပ်ရှင်....
သူမသည်မြန်မာတိုင်းအတွက်!!
မနက်ခင်း အလင်းရောင်း........
သူမသည် မြန်မာတိုင်းအတွက်!!
အနာဂါတ်ရဲ့ ဖန်ဆင်းရှင်.........
သူမသည် ကျွန်ုပ်တို့!!
အားလုံးမျှော်လင့်တဲ့ အိမ်မက်......
ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်အောင်
စူးရှထက်မြက်တဲ့ အမျိုးသမီး.....
သူမသည်၂၀၁၅ အတွက်
ကျွန်ုပ်တို့ မက်ဆဲ အိမ်မက်ရှင်....
တို့ လျှောက်မဲ့လမ်းမှာ.....
တို့ ခေါင်းဆောင်ပါဝင်ခွင့်ပေးပါ
တို့ ရဲ့အနာဂါတ်ကို......
တို့ ခေါင်းဆောင်ပုံသွင်းခွင့်ပြုပါ
တို့ ရဲ့မျိုးဆက်သစ်တွေအတွက်......
တို့ ခေါင်းဆောင်ကို မီးရှူးတိုင်ဖြစ်ခွင့်ပေးပါ
ခက်ခဲပြီးအလှည့်အပြောင်းတွေ များတဲ့လမ်းမှာ......
တို့ အမေလက်ကို တွဲထားခွင့်ရဖို့……
တို့ ဦးတည်ချက်တွေ မပျောက်ဖို့....
တို့ လမ်းကိုတို့ဆက်ဖောက်ဖို့……
မြှားတစ်စင်းလို စူးရှစွာ!!
ဒိုင်းတစ်ခုလို ခိုင်မာစွာ!!
မလိုတဲ့ ဘေးမှန်သမျှ.......
တို့ ခေါင်းဆောင်းဘေးမှာ
ကာရံခွင့် ရပါစေသား.....
တို့ အတွက် ပဲ့ကိုင်ရှင်!!
တို့ ခေါင်းဆောင် တို့ သမ္မတ ဟာ!!
#########################
No comments:
Post a Comment