စာဖတ်ခြင်းကလူ့ဘဝကိုအသိညဏ်ကြွယ်ဝစေတဲ့အနုပညာတစ်မျိုးဖြစ်တယ်။
စာအုပ်မရှိတဲ့ဘဝကအဆံချောင်တဲ့ဝါးပင်လိုပဲ။စာဖတ်ဖြင်းကခန္တာကိုယ်ပေါ်
ကပြောတယ် “အိမ်ထောင်ပြုပြီးတဲ့
အမျိုးသမီးတစ်ယောက်ဟာစာဖတ်မှပဲမ
ကြမ်းတမ်း၊ဒုံးမဝေး၊မသိမ်ငယ်တတ်မှာ”တဲ့။ဟုတ်ပါတယ်
စာပေနဲ့တေးရင်
လူဟာတဖြည်းဖြည်းကြမ်းတမ်းရိုင်းစိုင်းလာတတ်ပါတယ်။မိန်းမပျိုငယ်လေးတိုင်းလိုလိုက
စိတ်ကူးယဉ်ဆန်တတ်ကြတယ်၊ဘဝရဲ့အချုပ်အနှောင်၊အခက်
အခဲကိုသူတို့တကယ်မခံစားရကြသေးဘူး။သူတို့ကြုံရတဲ့
အခက်အခဲတစ်
ချို့ဆိုတာစာဖွဲ့လို့မရသေးဘူး၊သူတို့ရဲ့
စိတ်ကူးအိမ်မက်ကလည်းနွေဦးရွက်
ကြွေကိုပူဆွေးတဲ့အိမ်မက်လေးတွေ၊
အိမ်ထောင်ပြုပြီးတဲ့ မိန်းကလေးများမှာ
စိတ်ကူယဉ်ဆန်မှုတွေ၊စိတ်ကူအိမ်မက်တွေ
လျှော့နည်းသွားတယ်။ မိသားစုဝေယျဝစ္စအတွက် သူတို့ရဲ့ အချိန်အတော်များများကိုစတေးလိုက်ရ
တယ်။မိန်းကလေးတစ်ချို့ကအလုပ်တွေများရင်ကနေကိုယ့်ကိုယ်ကိုမေ့လျှော့
နေလာခဲ့ကြတယ်၊ကိုယ်ရဲ့စိတ်ဓာတ်၊ကိုယ်ရဲ့ဝိညာဉ်ကိုဂရုစိုကိထိမ်းသိမ်းဖို့
ပိုလို့မေ့လျှော့နေခဲ့ကြတယ်။ စာအုပ်ချစ်တဲ့မိန်းကလေးတွေကသူတို့ဟာအား
လပ်ချိန်မှာသူတို့ကိုသူတို့ ပဲ့ပြင်တယ်၊ပြုစုပြိုးထောင်တယ်၊စာအုပ်ကိုချစ်သလို
သီချင်းတွေကိုလည်းသူတို့ချစ်တယ်။အားလပ်ချိန်မှာသံစဉ်တွေနဲ့သူတို့ရဲ့စိတ်
နှလုံးကိုသာယာစေတယ်၊ပျော်ရွှင်စေတယ်။
ရာစာနှစ်တစ်ခုမှာရှင်သန်နေတဲ့
ငါတို့ကစာအုပ်ကိုချစ်သင့်တယ်။စာအုပ်ချစ်တယ်၊စာဖတ်တယ်၊စာစုဆောင်း
တယ်။စာအုပ်တွေနဲ့ဖက်လှဲတကင်းနေထိုင်၊ပေါင်းသင်တဲ့အချိန်ဟာဘဝကိုခံ
စာသက်ဝင်ရအပျော်ဆုံးအချိန်ဖြစ်တယ်။
စာဖတ်တဲ့လူဟာကောင်းကင်ပေါ်
ကကြယ်ကလေးတွေဖြစ်တယ်၊လရောင်ကြောင့်လင်းတဲ့ကောင်းကင်ကိုပိုပြီး
တောက်ပစေတယ်။ သန်မာကြံ့ချုင်တဲ့စိတ်ဓာတ်၊မိမိကိုယ်ကိုယုံကြည်တဲ့
ခေတ်လူငယ်တစ်ဦးဖြစ်ချင်လျှင် စာဖတ်ခြင်းကအကောင်းဆုံးရွေးချယ်ရာ
လမ်းစဖြစ်တယ်။ စာအုပ်ကလူတွေကိုရိုင်စိုင်းကြမ်းတမ်းခြင်းနဲ့
ဝေကွာစေ
တယ်၊ သိမ်ငယ်အားငယ်ခြင်းကိုဖယ်ရှားပေးတယ်၊မိန်းကလေးတစ်ယောက်
ကိုချစ်ခင်နှစ်လိုစွဲမက်စေတယ်။စာဖတ်တဲ့စူဟာစာအုပ်ရနံ့နဲ့
ကိုယ်ကိုကိုယ်
အကောင်းဆုံးဖြစ်အောင်လုပ်တယ်။ သူဟာတိမ်တစ်ပွင်လိုဖြူစင်နိုင်တယ်၊
ရေနွေးကြမ်းတစ်ခွက်လို မွှေးပျံ့နိုင်တယ်၊
ကန်ရေပြင်လိုအေးဆေးတည်ငြိမ်
နိုင်တယ်၊ ညနေဆည်းဆာလိုအရောင်အသွေးစုံနိုင်တယ်။
စာဖတ်တဲ့သူက
အမှားအမှန်ကိုခွဲခြားသိနိုင်တယ်၊
ဖြားယောင်းသွေးဆောင်တာကိုလစ်လျူ
ရှုနိုင်တယ်။ စာဖတ်တယ်ဆိုရင် စာအုပ်ထဲကလတ်ဆတ်ရိုးရှင်းတဲ့
စကားလုံး
တွေကသင့်ရဲ့ဖုန်အလိမ်းလိမ်းတက်နေတဲ့
စိတ်ဓာတ်၊သိမ်ငယ်စိတ်၊ညိုးငယ်
စိတ်၊အားငယ်စိတ်၊ကြမ်းတမ်းခက်ထန်မှုတွေကိုဆေးကြောပေးနိုင်တယ်။
ငယ်ရွယ်နုပျိုခြင်းကတိုတောင်းတယ်၊ရုပ်ရည်ကအိုမင်းရင့်ရော်လွယ်တယ်၊
စာအုပ်ရနံ့ကတော့ သင့်အပါမှာအမြဲမွှေးပျံ့နိုင်မှာဖြစ်တယ်။......
@@@@@@@@@@@@@@@@@@@@@@@@@@@@
No comments:
Post a Comment