မြန်မာနိုင်ငံလွတ်လပ်ရေးရတော့ လွတ်လပ်ရေးကြေငြာစာတမ်းဖတ်ပွဲ ၊လွတ်လပ်ရေး
ကျောက်တိုင်အုပ်မြစ်ချပွဲမှာ ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် မိန့်ခွန်းပြောခဲ့ပါတယ်။သူပြော
တဲ့မိန့်ခွန်းတွေ အရမ်းကောင်းတယ်လို့သိရပါတယ်။ဘယ်လောပ်အထိကောင်းသလည်း
ဆိုရင် ဒီနေ့ဖြစ်နေတာတွေနဲ့ ပြောင်ပြန်လှန်အောင်ကောင်းခဲ့တယ်။ဦးနုရဲ့မိန့်ခွန်ဟာမိန့်
ခွန်းနဲ့ကိုမတူပဲ လွတ်လပ်ရေးကျောက်တိုင်ကို ကြိမ်စာတိုက်ခိုင်းသလားထင်ရတယ်။
“ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏နိုင်ငံတော်သစ်ကြီးကို စီမန့်ခန့်ခွဲ
အုပ်ချုပ်ရာ၌ အကျင့်ပျက်
သောအုပ်ချုပ်သူအချို့သည်၎င်း၊စာရိတ္တပျက်သော အုပ်ချုပ်သူအချို့ရှိခဲ့သော်
ဤကျောက်
တိုင်ကြီးသည် အချိန်မှီ အခါမှီသတိပေးနိုင်သည် ဖြစ်ပါစေသော……”ဦးနုကြိုမြင်သွား
ခဲ့ပုံရတတယ်။သူတို့က ယတာပိုကောင်းလို့လားမသိ ကျောက်တိုင်လည်းဘာမှမလုပ်နိုင်ခဲ့
ပါဘူး……။
လွတ်လပ်ရေးကျောက်တိုင်ပေါ်မှာ ကဗ္ဗည်းထိုးခဲ့သော လွတ်လပ်ရေး ကြေငြာစာတန်းရဲ့ အပိုက်(၅)
ကို ကဗ္ဗည်းထိုးတင်ထားတာပါ။ဘာဖြစ်လို့ ၁၊၂၊၃,၄၊ မပါတာလည်းမေးရင် ကျောက်တိုင်ပေါ်မှာထိုးဖို့မဆန့်တော့တာကြောင့်လို့
ကြားဖူးပါတယ်။ဒါပေမဲ့ မဟုတ်ပါ
ဘူး..။အဲဒီအပိုက် (၅)ကသိပ်အရေးကြီး လို့ပါ။ အဲအပိုက် (၅) သည် ဗိုလ်ချုပ်ချမှတ်တဲ့
လမ်းစဉ် ဗိုလ်ချုပ်အဆိုပြုပြီးတော့ ဗိုလ်ချုပ်လမ်းစဉ်အနေနဲ့ပြောခဲ့တဲ့ကိစ္စဖြစ်လို့
အဲဒီ
လွတ်လပ်ရေးကျောက်တိုင်ပေါ်မှာ ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီ လွတ်လပ်ရေး ကြေငြာစာတန်း အပိုက် (၅)မှာ အပိုင်းနှစ်ပိုင်းရှိပါတယ်။တစ်ပိုင်က
နိုင်ငံရဲ့အုပ်ချုပ်မှုအပိုင်း၊ကျန်တစ်ပိုင်းကပိုင်ဆိုင်မှုအပိုင်း
၊ကျွန်တော်တို့ နိုင်ငံမှာလူဖြစ်
နေရင် ဒီကိစ္စသိကိုသိရမယ် ၊ သိသင့်တဲ့ကိစ္စဖြစ်လို့ သိအောင်လုပ်ထားဖို့လိုပါတယ်….။
ပိုင်ဆိုင်မှုအပိုင်းမှာ
“ကျွန်ုပ်တို့၏နိုင်ငံတော်ကြီးသည် ကျွန်ုပ်တို့၏နိုင်ငံနှင့် ကျွန်ုပ်တို့၏နိုင်ငံမှ
ပိုင်ဆိုင်သော
ရေမြေတောတောင်သဘာဝသယံဇာတပစ္စည်းများအားလုံးကို မည်သူတစ်စုံတစ်ယောက်
ကသော်၎င်း၊ တစ်သင်းတစ်ဖွဲ့တည်းကသော်၎င်း ရယူပိုင်ဆိုင်အပ်သော အမွေဆိုင်ပစ္စည်း
မဟုတ်”
“ကျွန်ုပ်တို့၏နိုင်ငံတော်ကြီးသည် တစ်စုံတစ်ယောက်တည်းကသော်၎င်း၊
တစ်ဦးတစ်
ယောက်တည်းကသော်၎င်း ၊တစ်သင်းတစ်ဖွဲ့တည်းကသော်၎င်း ကြိုးကိုင်အုပ်ချုပ်
စီမံ
ခန့်ခွဲအပ်သော အရာများမဟုတ်”
လွတ်လပ်ရေးကျောက်တိုင်ပေါ်မှာ အဲဒီအတိုင်းရှိပါတယ်”…..။
အုပ်ချုပ်မှုအပိုင်းမှာ
“ကျွန်ုပ်တို့၏နိုင်ငံတော်ကြီးသည်
အများပြည်သူလူထုက ရွေးချယ်တင်မြှောက်အပ်သော
သမ္မတအုပ်ချုပ်သည့် သမ္မတနိုင်ငံတော်ကြီးဖြစ်ရမည်…”
“ကျွန်ုပ်တို့၏နိုင်ငံတွင် မည်သည့်ကိစ္စအဝဝမဆို
အများကြည်သူလူထု၏ ဆန္ဒကိုသာအဓိ
ကထား၍ ဆုံးဖြတ်အပ်သော နိုင်ငံဖြစ်ရမည်”..။
ပြည်သူရွေးချယ်တင်မြှောက်တဲ့သမ္မတအုပ်ချုပ်တယ်
+
ဘယ်ကိစ္စမဆိုကြည်သူ့ဆန္ဒကိုအဓိကထားဆုံးဖြတ်တယ်
=
ဒီမိုကရေစီနိုင်ငံပေါ့…..
ကမ္ဘာပေါ်မှာ ဘယ်ဒီမိုကရေစီးနိုင်ငံမဆို
ဒီနှစ်ချက်ပြည့်စုံပါတယ်။ ဗိုလ်ချုပ်ပြောခဲ့တဲ့
ဗိုလ်ချုပ်ပြောခဲ့လမ်းစဉ်ထဲမှာ
ဒီမိုကရေစီ ဆိုတဲ့ စကားလုံးတစ်လုံးမှမပါပေမဲ့ အများပြည်
သူကရွေးချယ်တဲ့သမ္မတကအုပ်ချုပ်ပြီးတော့
အများပြည်သူရဲ့ ဆန္ဒကို အဓိကထားဆုံးဖြတ်ရမယ် ဒါ ပြည်သူတွေရဲ့ဆုံချက်က အဲဒီနေရာပါပဲခင်ဗျား…….
#################################
No comments:
Post a Comment