ရွှေတိဂုံဘုရား မြောက်ဖက်မုခ်ရှိ
သွေးဆေးကန်ကို တော်တော်များများရောက်ဖူးကြပါ
လိမ့်မည်။ ထိုသွေးဆေးကန်အကြောင်း
သိသူများရှိသလို မသိသူများလည်းရှိသည့်အ
တွက် သွေးဆေးကန်လို့ခေါ်ရခြင်းသမိုင်းကို ပြန်လည်ရေးသားလိုက်ရပါတယ်။
၁၈၅၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင်
အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံကို စစ်ကြေငြာ၍ အလစ်
ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဗိုလ်ချုပ်
ဂျင်နရယ်ဂေါ်ဒွင်းဦးစီးတဲ့ ကြည်းကြောင်း၊
ရေကြောင်း ၂ခုပေါင်း စစ်သည်အင်အား
၉ထောင်ကျော်ဖြင့် မုတ္တမကို အလစ်ဝင်ရောက်
သိမ်းပိုက်ခဲ့ပါသည်။မုတ္တမခံတပ်တွင်
မြန်မာစစ်သည် ၄ထောင်ကျော် ကခုခံတိုက်ခိုက်ခဲ့
သော်လည်းလူအင်အားမမျှခြင်း ၊လက်နက်အင်အားမမျှခြင်း၊အင်္ဂလိပ်တို့က
အလစ်ဝင်
ရောက်တိုက်ခိုက်သဖြင့် နေပြည်တော်မှတပ်များမရောက်လာနိုင်ခြင်း
၊ခဲယမ်းမီးခြောက်
များကုန်သွားခြင်တို့ကြောင့် ဧပြီ
၇ ရက်နေ့တွင် မုတ္တမမြို့ခံတပ်ဟာ ကျဆုံးခဲ့၇ပါတယ်။
ဧပြီ ၁၀ ရက် နေ့မှာ ရန်ကုန်ကို
ကြည်းကြောင်း၊ရေကြောင်း ၂ခုဖြင့် ထပ်မံထိုးစစ်ဆင်ခဲ့
သသည်။ရန်ကုန်မြို့ရဲ့ ရှေ့ပြေးဒလခံတပ်
ကျဆုံးခဲ့ရသဖြင့် ဧပြီလ ၁၂ ရက်နေ့မှာ အင်္ဂလိပ်တပ်များ ရန်ကုန်မြေကို စတင်ခြေချကာ သိမ်းပိုက်လာခဲ့ကြသည်။အင်္ဂလိပ်စစ်
တပ်ဟာ စစ်ကြောင်း ၂ကြောင်းခွဲပြီး
ရွှေတိဂုံကုန်းတော်ကို ထိုးစစ်ဆင်ရန် အပြင်းချီတက်
လာခဲ့ကြသည်။ရွှေတိဂုံခံတပ်မရောက်မီ
သိမ်ဖြူခံတပ် (ယခု သိမ်ဖြူဒေဝသာဂရကုန်း)မှ
အပြင်းအထန် ခုခံခဲ့သဖြင့် နှစ်ဖက်စလုံး
အကျအဆုံးများစွာ ရှိခဲ့ကြသည်။ ၂ ဖက်စလုံးမှ
စစ်သသည်များသည် ဘီလူးသမျှ တိုက်ခိုက်ခဲ့ကြသဖြင့် အလွန်ကြောက်စရာကောင်း
သော စစ်မျက်နှာပြင်ဖြစ်ခဲ့သည်။မြန်မာစစ်သားများစွာ
ကျဆုံးခဲ့သလို အင်္ဂလိပ်တပ်မှ
မျက်နှာဖြူအရာရှိ ၂ဦး အပါအဝင် တပ်သားများစွာကျဆုံးခဲ့သည်။နောက်ဆုံးလက်နက်
အင်အားမမျှသဖြင့် မြန်မာတပ်များ
ဧပြီ၁၄ ရက်နေ့တွင် ရွှေတိဂုံခံတပ်သို့ နောက်ဆုတ်
ပေးခဲ့ရသည်။ ရွှေတိဂုံခံတပ်စီသို့
နောက်ဆုတ်လာသော တပ်များအားလုံး ပေါင်းစည်း
ကာ ခံစစ်ပြန်ပြင်ကြသည်။
စစ်ဦးတွင်အောင်ပွဲရနေသော အင်ဂလိပ်စစ်တပ်သည်
ဧပြီလ ၁၄ ရက်နေ့တွင် ပင် ရွှေတိ
ဂုံကုန်းတော်ခံတပ်ကို အတင်းဝင်ရောက်
တိုက်ခိုက်ကြသည်။ခံတပ်ရှိမြန်မာတပ်များက
အသေခံဓားဖြင့်ဝင်ခုတ်သဖြင့် ထိုနေ့တစနေ့ထဲတွင်
အင်္ဂလိပ်စစ်သည် ၂၀၀ ကျော် ကိဆုံး
ခဲ့သည်။ရွှေတိဂုံကုန်းတော်ခံတပ်တိုက်ပွဲတွင်
ဓားဖြင့် အနီးကပ်ဝင်ပိုင်းရသဖြင့် အင်္ဂလိပ်
တို့၏သွေးများက မြန်မာစစ်တပ်၏လက်များတွင်
စေးကပ်နေလေသည်။ထိုသို့စေးကပ်
နေသဖြင့် ဓားကိုခွာချိန်မရ ထိုသွေးများကို
ရွှေတိဂုံဘုရားမြောက်ဘက်ရှိ ကန်တွင် ရေ
ဆေးချကြရသည်။သွေးများက ဓားကိုင်ထားသည့်လက်တွင်
စေးကပ်နေသဖြင့် တော်
တော်လေးကို ပျောက်အောင် ဆေးကြောကြရသဖြင့်
ထိုကန်ကို မြန်မာစစ်သားများက
သွေးဆေးကန်ဟု အမည်ပေးခဲ့ကြသည်။
၁၈၅၂ ခုနှစ် ဧပြီလ ၁၅ ရက် နေ့တွင်
စစ်ကူများမရောက်လာခြင်း ၊လက်နက်အင်အား
မမျှခြင်း၊(အင်္ဂလိပ်မှ သေနပ်ဖြင့်ပစ်ချက်ကို
မြန်မာများက ဓားဖြင့်တက်ခုတ်နေရခြင်း)
တို့ကြောင့် မြန်မာတပ်များ ရွှေတိဂုံကုန်းတော်မှ
တပ်ဆုတ်ပေးလိုက်ရသည်။
ဒုတိယ အင်္ဂလိပ်မြန်မာစစ်သည် မြန်မာတပ်များအငိုက်မိခြင်း၊စစ်လက်နက်ကွာခြား
ခြင်းတို့ကြောင့် ရှုံးနိမ့်ခဲ့ရသော်လည်း
သွေးဆေးကန်၊ သိမ်ဖြူခံဆပ်တို့သည် ဒုတိယ
အင်္ဂလိပ်မြန်မာစစ်ပွဲတွင် မြန်မာတို့၏
ဇာတိမာန်ကို ပြသခဲ့သည့်တိုက်ပွဲလည်းဖြစ်သည်။
ထိုသို့ မြန်မာတို့၏ သတ္တိ၊မြန်မာတို့ရဲ့
သွေးကို အကောင်းဆုံးပြသခဲ့သည့် သူရဲကောင်း
များ၏ ဝိညဉ်များခိုနားရာ သွေးဆေးကန်၊အာဇာနည်ကုန်း
တို့ကို နှစ်စဉ်အာဇာနည်နေ့
တိုင်း သွားရောက်ဂါရဝပြုခဲ့ကြခြင်းဖြစ်ပါသည်။
Credit- သမိုင်းစာ သမိုင်းစကား
#####################################
No comments:
Post a Comment