Twitter Bird Gadget

Friday, September 19, 2014

သူရဿတီဘယ်ကလာသလဲ





ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဂျူးဘာသာကြီးငါးခုကိုလက်လှမ်းမမီတဲ့ လူတွေက
တောတွေရှိခိုး ၊တောင်တွေရှိခိုးအမျိုးကိုစုံနေတယ်။ဗမာတွေကတော့ သုံးဆယ့်ခုနှစ်မင်း
ရှိခိုးကြတယ်။နည်းသေးတယ်ထင်ရင် အိန္ဒယပြည် သွားတောင်းကြ။ဟိုမှာသုံးထောင့်ခု
နှစ်ရာမကဘူး။မှောင်ခိုလမ်းကြောင်းကရောက်လာတယ် ဆိုကြပါစို့၊ မင်းတို့ဘုရားစင်
ပေါ်မှာသူရဿတီဆိုတဲ့ အရုပ်ကေလေးရှိတယ်။ပိဋိကတ်သုံးပုံကိုသူကစောင့်တယ်တဲ့
တိပိဋကဆရာတော်တွေအလကားဖြစ်ကုန်ရော။ဪ.....ဒုက္ခ ......
သူရဿတီဘယ်ကလာသလဲသိလား ? ဗမာပြညနမှာမွေးတဲ့ နတ်သမီးမဟုတ်ဘူး။သူ့ရဲ့
မွေးရပ်မြေကပန်ဂျပ်မှာမွေးတာ။ပန်ဂျပ်ဆိုတာသိကြလား? အိန္ဒိယပြည် အနောက်ပိုင်း
ပါကစ္စတန်အရှေ့ပိုင် နှစ်နယ်စပ် ဟိုဘက်တစ်ခြမ်းဒီဘက်တစ်ခြမ်း။အဲဒီမှာပဥ္စရယ်၊
အာပရယ် ပေါင်းစပ်ထားတာ။အဲဒါကိုပန်စာပလို့ တွဲဖတ်တယ်။ကုလားသံနဲ့ ဖတ်တော့
ပန်ဂျာပလို့ ဖြစ်တယ်။ပဥ္စကငါးခု၊အာပကမြစ်၊မြစ်ငါးစင်းရှိတဲ့ အရပ်ကိုပန်ဂျာပလို့
ခေါ်တာ။အဲဒီမြစ်ငါးစင်းထဲမှာဆရဆွတ္တီဆိုတဲ့ မြစ်ရှိတယ်။ဗမာလိုသူရဿတီပေါ့။
အဲဒီမြစ်ကနတ်သမီးပဲကွ၊ အိန္ဒိယပြည် မှာအာရီယန်ဆိုတဲ့ လူတွေအခြေချပြီးအစော
ဆုံးနေခဲ့တာ။အဲဒီပန်ဂျပ်မှာနေတာအာရီယန်တွေဘယ်ကစတာလဲသိကြလား...?
အာရီယန်တွေကော့ကေးရှပ် တောင်တန်းကြီးကဆင်းလာခဲ့တဲ့ လူတွေ၊ကော့ကေးရှပ်
တောင်တန်းကြီးကဘယ်မှာရှိလဲ..?ပဲခူးရိုးမမှာမရှိဘူး၊ ရှမ်းတောင်တန်းမှာလည်းမရှိဘူး
ကက်စပီယန်ကင်လယ်နဲ့ ပင်လယ်နက်တို့ အကြားမြောက်ဘက်နားကဂျော်ဂျီယာပြည်
နယ်ထဲမှာရှိတယ်။ရုရှားပြည်ရဲ့ တောင်ဘက်စွန်းပေါ့။အဲဒီကလူတွေကိုအာရီယန်လို့
ခေါ်တာ။သူတို့တွေဆင်းဆင်းလာကြတာ။တောင်တန်းတွေကတစ်နှစ်လုံးရေခဲ၊စားစ
ရာကမရှိ၊အဲဒါနဲ့ အရှေ့ဆင်းတဲ့လူကဆင်း၊အနောက်ဆင်းတဲ့လူကဆင်း၊အရှေ့ဘက်နှင့်
တောင်ဘက်ဆင်းတဲ့ လူကများတယ်။အုပ်လိုက်အုပ်လိုက် ကျွဲအုပ်တွေ၊နွားအုပ်တွေ၊သိုး
အုပ်တွေ၊ဆိတ်အုပ်တွေနဲ့ ဆင်းသွားကြတာ ။အဲဒီလို ကျွဲ၊နွား၊ဆိတ်၊သိုးနဲ့ သွားလာနေတဲ့
ဒီလူအုပ်တွေကိုကာရေဗီယန်ခေါ်တာ ။ကာရေဗီယန်ဆိုတာမော်တော်ကားနာမည်ပြော
တာမဟုတ်ဘူး။အဲဒီအုပ်လိုက်ကြီးဆင်းလာပြီးတော့ မြေထဲပင်လယ် ကမ်းနားတစ်ဝိုက်
သဲကန္တာရတွေထူတဲ့ အရပ်တွေမှာအခြေချနေခဲ့ကြတယ်။ဒီကနေ့ မင်းတို့သိတဲ့ အီရန်
အီရတ်ဆိုတဲ့ တိုင်းကြုည်တွေကိုအဲဒီလူတွေထူထောင်ခဲ့ကြတာ။
အဲဒီဆိတ်အုပ်တွေသိုးအုပ်တွေနဲ့ အရှေ့ကိုဆက်လက်ချီတက်တော့ အာဖဂန်နစ္စတန်ကို
ဖြတ်ပြီးပါကစ္စတန်ကိုပါဖြတ်ပြီးအရှေ့ဘက်ဆက်ချီတက်ခဲ့ကြတယ်။အာဖဂန်တို့ ပါကစ္စတန်တို့ဆိုတဲ့ တိုင်းပြည်တွေပေါ်တာသိပ်မကြာသေးဘူးနှစ်တထောင်ကိုမရှိသေး
ဘူး။အဲဒီတော့ တိုတိုပြောပါစို့ .....မြစ်ငါးစင်းရှိတဲ့ အရပ်ကိုရောက်လာတာ။အနောက်
ဘက်ကနေသူတို့ဖြတ်လာခဲ့သမျှ လမ်းတစ်လျှောက်လုံးဟာသဲတွေချည်းပဲဆိုတော့ မြစ်
ငါးစင်းရှိတဲ့ အရပ်ကိုလည်းရောက်ရောဧရာဝတီလိုဖြစ်နေတာ၊နယ်မြေတစ်ခုလုံးက
စိမ်းဆိုညိုနေတဲ့အရပ်ဆိုတော့ သူတို့ အခြေချနေထိုင်ကြတာ။
“ဒီလောက် စိမ်းစိုလှပစရာဖြစ်တဲ့ ဒီးမြေကြီးကိုဘယ်သူရှာများဖန်ဆင်းခဲ့သလဲလို့”
တွေးပြီးဖန်ဆင်းရှင်ရှာတော့ ဗြဟ္ဗာကိုသွားတွေ့ရော။တကယ်တော့ ဗြဟ္ဗာကိုဘယ်သူမှ
မြင်တာမဟုတ်ဘူး။စိတ်ကူနဲ့ သူတို့ ဖော်ထုတ်တာဆိုတော့..Brama Created this
World  ဖြစ်တော့တာ။ဟော....တော်တော်ကြာကျတော့ ဟာ....ဒီလောက်သန်းပေါင်းများ
စွာကြာနေတဲ့ ဒီကမ္ဘာကိုWho Preserved?, Who Maintained? ဘယ်သူထိမ်းထား
လဲဆိုပြီးMaintainer (ထိမ်းသိမ်းစောင့်ရှောက်သူ)ကိုသူတို့ရှာကြပြန်တယ်။ဒီတော့
သွားတွေ့တယ်။Vishnu is the maintainer.
နောက်ကျတော့ မုန်တိုင်းတွေတိုက်လို့သေကြပြန်တယ်။ရေလျှံလို့ သေကြပြန်ရော။တော
မီးတွေလောင်လို့ သေကြပြန်ရော။ဒီတော့ ရှာဖွေကြပြန်ရောအဖျက်သမားကိုဟာ....Who
Destroy this world? Destroyer (အဖျက်သမား)ဘယ်သူလဲလို့လိုက်ရှာတွေ့သွား
တယ်။Shiva- ရှီဝကိုသွားတွေ့တာပေါ့၊Shiva Destroy this world  ဖြစ်ကြရော....၊
အဲဒီBramaရယ်၊Vishnu ရယ်၊Shiva ရယ်ကိုရတနာသုံးပါးရှိသတဲ့။သူတို့တွေသတ်
မှတ်လိုက်ကြတာ။မင်းတို့ငါတို့မှာလည်းရတနာသုံးပါးရှိတယ်ဆိုတော့ Similarဖြစ်နေ
တယ်မဟုတ်လား?
အဲဒီလောက်လှတဲ့ ကမ္ဘာကြီးကိုဖန်ဆင်းတဲ့ Brama(ဗြဟ္ဗာရယ်)....စောင့်ရှောက်တဲ့
Vishnu (ဗိဿနိုးရယ်).....ဖျက်စီးတဲ့ Shiva (ရှီဝရယ်)ဒီရတနာကြီးသုံးပါးကိုပူဇော်
ဖို့ ပူဇော်တဲ့ နည်းစနစ်တွေကိုရေးတယ်၊အဲလိုပူဇော်တဲ့ ကျမ်းတွေဟာ “ယဇုဗေဒ”ဆိုပြီး
ဖြစ်လာတယ်။ပူဇော်တဲ့နေရာမှာဂါထာမန္တရာတွေရွတိနည်းဖတ်နည်းတွေကိုရေးသား
တဲ့ကျမ်းက “သောမဗေဒ”ကုလားလို “ရှာမဗေဒ”လို့ဖြစ်လာတယ်။ဒီတော့ဗေဒသုံးခုလို့
ဖြစ်လာတယ်။ဒို့ ပိဋိကတ်သုံးပုံနဲ့ လာဆင်တူနေပြန်တယ်။အဲဒီတော့....သူရဿတီဆိုတဲ့
မြစ်ကတောင်ကြိုချောက်ကြားကျောက်ဆောင်ကျောက်စွယ် တွေကိုဖြတ်ပြီးရေစီးတော့
နိမ့်တလှည့် မြင့်တလှည့်နဲ့ရေစီးတယ်။လေအတိုက်မှာအဲဒီရေစီးကထွက်လာတဲ့ အသံ
ဟာဂီတသံနဲ့တူနေတယ်။ဂီတသံလေးလိုလိုသီချင်းဆိုနေတဲ့ အသံလေးလိုလိုပေါ့။ဒီတော့
အသံချိုရှိတဲ့ ဒီမြစ်ကို “သရဝတီ”ကနေအသံပြောင်းတော့ “သူရဿတီ”ဖြစ်သွားတော့
တာပဲ။
ဂါထာမန္တန်တွေရေးသားသီကုန်းပြီးတော့ စာအုပ်ကလေးပြုစုတော့ အဲဒီစာအုပ်ကသာမ
ဗေဒဖြစ်လာတယ်။ဒီတော့...အဲဒီမြစ်ငါးစင်းနားမှာရှိတဲ့ မြန်မာလိုခေါ်ရင် “ပန်ချာပီ”
ဖြစ်လာတာပေါ့။ဒီအသံကောင်းတဲ့ ဒီမြစ်ကိုစောင့်ရှောက်တဲ့နတ်သားလား၊နတ်သမီးလား
...ဟုတ်ပြီနတ်သမီးဖြစ်ရမယ်။မြစ်ကလေးကလည်းလှ၊အသံလေးကလည်းသာတယ်ပေါ့၊
အဲဒီနတ်သမီးပုံလေးကိုဘဲလေးပေါ်မှာနတ်သမီးလေးတင်ပြီစိတ်ကူးနဲ့ ရေးလိုက်ကြ
ရောဆိုတော့.... “သူရဿတီ”နတ်သမီးဆိုပြီးအဲဒီမှာမွေးဖွားလာတာ။သူရဝတီမြစ်၊ပန်
ဂျပ်မှာရှိတာ။ဟိန္ဒူကုလားတွေစိတ်ကူးနဲ့မွေးထုတ်ခဲ့တာနော်။တကယ်မွေးတာဟုတ်ချင်
မှ ဟုတ်မှာပေါ့။သူရဿတီဘယ်သူမြင်ဖူးလို့လဲ။ဘယ်သူမှ မမြင်ဘဖူးဘူးစိတ်ကူးနဲ့ ဗြဟ္ဗာဖန်တီးသတဲ့။ ဘယ်သူပြောသလဲ....?ဘယ်သူမြင်ဖူးသလဲ...?ဘယ်သူမှ မမြင်ဖူး
ဘူး။Nobody see but they are imagine.ဗိဿနိုးစောင့်ရှောက်တယ်တဲ့ ဘဘ်သူတွေ
များဗိဿနိုးနဲ့ဗြဟ္ဗာကိုတွေ့ဖူးလိုက်သလဲ...။မတွေးဖူးကြဘူး..အဲဒီလိုစိတ်ကူးနဲ့ ဖော်
ထုတ်ထားတဲ့ ဘာသာရေးမျိုးကိုImaginary Religion လို့ခေါ်ကြတာ။
မင်းတို့စိတ်ကူးယဉ်ဝါဒမျိုးကိုကြိုက်သလား။လက်တွေ့ဝါဒမျိုးကိုကြိုက်သလားမေးရင်
မင်းတို့အဖြေရှင်းရှင်းထုတ်နိုင်မှာပေါ့ ဟုတ်ပြီလား။အဲဒါကြောင့် လက်တွေ့ကျကျ လူနဲ့
ထိတွေ့ပြီးတော့ စနစ်ကျတဲ့ ဘာသာတရားကိုယုံကြည်လက်ခံခွင့်ရတဲ့ ဒီဘဝဟာဘဝ
ကောင်းတစ်ခုပဲလို့ အားလုံးနားလည်ကြစေချင်ပါတယ်။အင်း....ဟုတ်ပြီဆိုတော့ သူရဿ
တီအကြောင်းဆက်ကြရအောင်။သူဘယ်မှာမွေးလည်းပန်ဂျပ်ကသူရဝတီဆိုတဲ့ မြစ်ထဲ
မွေးတဲ့ နတ်သမီး၊သူမြန်မာပြည်ရောက်လာတာဘယ်လမ်းကြောင်းကရောက်လာသလဲ?
အဲဒီကောင်းမလေးဗီဇာမပါဘူးကွနော် Without Visaနဲ့ ရောက်လာတာနော...။
မြန်မာတွေရဲ့ နှလုံးသားထဲကိုအဲဒီကောင်းမလေးဝင်လာအောင် ဘယ်သူကစထည့်သွား
မှန်မသိပါဘူး။ပိဋိကတ်သုံးပုံစောင့်နတ်သမီးဆိုပြီးတော့  ဘုရားစင်ပေါ်တောင် တက်
ထိုင်နေတယ်။
ဒါတင်မကဘူး၊တင်ပလ္လင်ချိတ်ပြီးဒူးကြီးဖော်ထိုင်နေတဲ့ လူကြီးလည်းဘုရားစင်ပေါ်
ရောက်လာတယ်။ဟာ....ဘုရားရဲ့ဘေးမှာရောက်ရောက်လာတက်တက်လာကြတာ။
ဟာ...ဒီဘက်ကသူရဿတီဆိုတဲ့ ကောင်မလေးတက် လာပြီ.။ဟာ...ဒီဘက်ကဦးရှင်
ကြီးကြွလာပြီပေါ့။ဟာ...ဟိုဘက်ကကွမ်းရင်လည်းရောက်လာတယ်ပေါ့။(မြန်မာလဲ
တရုတ်နဲ့ ပေါင်းစပ်တာတော်တော်ကြာသွားပြီလေ)နောက်လည်းဆက်ပေါင်းကြဦးမှာပဲ
ဆိုတော့ ကွန်းရင်ကိုလည်းနေရာပေးရမယ်။သူလည်းဘုရားစင်ပေါ်တက်။ကြည့်လိုက်တာ့
...မြတ်စွာဘုရားကကြောတာမပြောတာ၊သူကြည့်နေတာ ‘တက်လာကုန်ပြီ ငါ့ဘေးမှာ
ဟိုကောင် ဒီကောင်တွေတက်လာကြာတာတော်တော်များနေပြီ။ငါ ဘယ်နေ့ဆင်းပေးရမ
လဲ’လို့ တော်တော်စိုးရိမ်နေပြီ။

ပြောချင်တာကသတိထားကြဖို့။တကယ့် ဗုဒ္ဓဘာသာအနှစ်သာရမပေျာက်ဖို့ရန်အတွက်
အဲဒီစိတ်ကူးယဉ် ဘာသာရေးတွေမလွှမ်းမိုးဖို့ရန် အရေးကြီးတယ်။
Realitic teaching နဲ့ Imaginary Teaching ကိုဂဃနဏသဘောပေါက် နားလည်ကြ
ပါ။
သီတဂူဆရာတော်ကြီး
ဒေါက်တာအရှင်ဉာဏိဿရ
(Character is power 2 တရားတော်မှ)

No comments:

Post a Comment