ညစ်ညစ်ပတ်ပတ် ပစ်ပစ်ခတ်ခတ်နဲ့
စစ်တပ်ကအာဏာ သိမ်းလာခဲ့တာ
၂၆-နှစ်ပင်ကြာခဲ့ပေါ့….။
ဒီလောက်နှစ်ကြာကြာမှာ
ချစ်စရာအခြေအနေပြယုဂ်
ဘာတစ်ခုလုပ်ခဲ့ပါသလဲ…။
မပြောလဲအများက သိသမို့
အရှိနဲ့အမှန်တရား
ဖုံးကွယ်လို့ မရပါကလား
လယ်ပြင်မှာဆင်သွားသလို
ထင်ရှားနေပြီမို့လေး….။
မြေနိမ့်ရာ လှံပစ်စိုက်
ရေနစ်သူ ဝါကူထိုး
ဒီလိုအဖြစ်မျိုးတွေအတွက်
ရှက်တတ်ကြပါလျှင်
ဒို့သခင် ဗိုလ်ချုပ်အောင်ဆန်း
မှာတန်းပေးသွားတဲ့စကားအတိုင်းဆို
မဆိုင်းမတွ ပင် ကုလားထိုင်ကထပြီး
ကြွချင်တဲ့နေရာကြွသွားသင့်ပါပြီ…..။
No comments:
Post a Comment