၈ လေးလုံးအေရေးတော်ပုံကို စစ်တပ်ကကြမ်းတမ်းစွာ
တုံ့ပြန်ခဲ့ပြီး ၁၉၈၈ ခုနှစ် စက်တင်
ဘာလ ၁၈ ရက်တွင်အာဏာသိမ်းယူခဲ့သည်။အာဏာသိမ်းပြီး
နောက်တနေ့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ကျောင်းသားလူငယ်တွေကို စစ်တပ်ကပစ်ခတ်ဖြိုခွင်းခဲ့တဲ့
၂၆ နှစ်ပြည့် နှစ်ပတ်
လည်နေ့ဖြစ်ပါတယ်။
တနည်းအားဖြင့် အဲဒီလို သေနပ်နဲ့ပစ်နေတဲ့စစ်တပ်ကို
ဆန္ဒပြရုံနဲ့ မဖြစ်တော့ဘူး၊ဓား ဓား
ချင်း၊လက် လက်ချင်းနည်းကို ယူပြီး
ပြန်လည်တော်လှန်မှ ရမယ်ဆိုတဲ့ ခံယူချက်နဲ့ ထောင်သောင်းချီတဲ့ ကျောင်သားလူငယ်တွေ တောခိုခဲ့တဲ့
ပထမဆုံးနေ့ဖြစ်ပါတယ်။စာ
ရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင်အခြေစိုက်သော
ကျောင်းသားလက်နက်ကိုင်
ABSDF အဖွဲ့ဟောင်ဖြစ်ပြီး DVB သတင်းထောက်ဟောင်းလည်းဖြစ်ပါသည်။ယခုအခါ
နော်ဝေနိုင်ငံတွင်နေထိုင်လျှက်ရှိပါသည်။
ကျွန်တော်တို့ ထားဝယ်ဘက်မှာတော့ စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်ကျမှ
စတင်ပစ်ခတ်ဖြိုခွဲခံရတာဖြစ်ပြီး စစ်တပ်ရဲ့ပစ်ခတ်မှုကနေ လွတ်မြောက်ထွက်ပြေးလာကြ
တဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေ၊
တခြားကျောင်းသားတွေ အပါအဝင် လူအင်အား ၅၀
ခန့်ဟာလွန်ခဲ့တဲ့ ၂၆ နှစ်ဒီလို
အချိန်မျိုးမှာ မိဘအိမ်ကနေ ယုံကြည်စွာခရီးကြမ်းကို စတင်
ထွက်ခွာခဲ့ပါတယ်။၈ လေးလုံးအရေးအခင်းကာလအတွင်း
စစ်တပ်ရဲ့ဖြိုခွင်းပစ်ခတ်မှု
ကြောင့် ထားဝယ်ဖက်မှာတော့ ကျောင်းဆရာဦးပန်ကျော်
အပါအဝင် ၅ဦးကျဆုံးခဲ့ရပြီး
၃၇ ဦးဒဏ်ရာရခဲ့ပါတယ်။တစ်နိုင်ငံလုံး
အတိုင်းအတာနဲ့ ဆိုရင် ကျောင်းသားလူငယ်
၃၀၀၀ ကျော် သေဆုံးတယ်လို့ ခန့်မှန့်ခဲ့ကြပေမယ့်
အခုအချိန်အထတော့ အရေးတယူနဲ့
စုံစမ်းဖော်ထုတ်တာမျိုး မရှိသေးပါဘူး။ကျနော်တို့လိုပဲ
တခြားမြို့ရွာ နယ်ပယ်အသီးသီး
က ကျောင်သားလူငယ်တွေလည်း ဒေသအလိုက်
အုပ်စုတွေ ဖွဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်၊
မြန်မာ-တရုတ်နယ်စပ်၊မြန်မာ-အိန္ဒိယတယ်စပ်
ဒေသများရှိ လူမျိုးစု လက်နက်ကိုင် အဖွဲ့
တွေ ထန်းချုပ်နယ်မြေတွေဆီ ချီတက်လာခဲ့ကြပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ အားလုံးသိပြီးဖြစ်တဲ့
အတိုင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း
သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)
ကို ဖွဲ့စည်းပြီး စစ်အစိုးရကို ခံယူချက်ပြင်း
ပြင်းနဲ့ လက်နက်ကိုင် တော်လှန်ရေး
ဆင်နွဲခဲ့ကြပါတယ်။မြို့ပြကနေ တောတွင်းဒေသဆီ
ရောက်လာကြတဲ့ ကျောင်းသားကျောင်းသူတွေ
ကြုံခဲ့ရတဲ့ အခက်အခဲတွေများပြားလှပါ
တယ်။ပထမဆုံးကြုံတွေရတာက ငှက်ဖျားရောဂါ၊
ဒုတိယကြုံတွေ့ရတာက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဗမာအများစုပါဝင်တဲ့ ကျောင်းသားလူငယ်တွေအ
ကြား အချင်းချင်းမယုံသင်္ကာဖြစ်မှု၊တတိယ
ကျွန်တော်တို့ ကျောင်းသားတွေ စိတ်ကူယဉ်
ထားခဲ့သလို ဘယ်နိုင်ငံကမှ လက်နက်အကူအညီ
မရရှိခဲ့ခြင်းတွေပါ။ ဒီလိုနဲ့ လက်နက်
ကိုင်တော်လှန်ရေးဟာ ထင်သလောက် ခရီးမပေါက်ခဲ့ဘူး
တိုပါတော့။
ဘာကြောင့်လည်းဆိုရင် အဲဒီကာလက ကျနော်တို့
ကျွန်တော်တို့ ကျောင်းသားတွေ စိတ်ကုးယဉ် ဖြစ်စေချင်ခဲ့တာက ဗိုလ်ချုပ်အောင်ဆန်းတို့
ရဲဘော်သုံးကျိတ် ဂျပန်မှာ စစ်ပ
ညာသင်ပြီး မြန်မာတနိုင်ငံလုံးကို
ပြန်သိမ်းသလိုမျိုး ကျောင်းသားတပ်မတော် ပါဝင်တဲ့
တပ်ပေါင်းစုက လက်ရှိစစ်တပ်နဲ့ စစ်အာဏာရှင်စနစ်ကို
အပြီးသတ်ရှင်းလင်း နိုင်ခဲ့မယ်
လို့စိတ်ကူယဉ်မျှော်လင့်ခဲ့ကြတာကိုး။ဒီလိုထင်သလောက်ခရီးမပေါက်ခဲ့ပေမယ့်
ပေါက်
သင့်သလောက်တော့ ပေါက်ခဲ့တယ်လို့
ဆိုရမှာပါ။ ဘာတွေပေါက်ခဲ့သလည်း ဆိုတော့ ရှေ့
မှာတင်ပြခဲ့တဲ့ ဗမာအများစုနဲ့ တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့တွေအကြား အချင်း
ချင်းယုံကြည်မှုတွေ အတိုင်းအတာတစ်ခုအထိ
လျှော့ချပြီး တပ်ပေါင်းစုတွေ၊ဖယ်ဒရယ်မူ
တွေ အားလုံးပူးပေါင်းဆောင်ရွက်တိုင်တဲ့
မူတွေကို (ABSDF) ကဦးဆောင် စည်းရုံးနိုင်
ခဲ့လို့ပါပဲ..။
ဒုတိယတစ်ချက်ကတော့ တိုင်းရင်းသားတွေရဲ့ခံစားမှုတွေ၊နစ်နာချက်တွေ၊ဘယ်သူမှ
မသိ
တဲ့အခြေအနေတွေကို ပြည်တွင်းနဲ့
နိုင်ငံတကာသိအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ဒါက လက်ဆုပ်လက်ကိုင်ပြဖို့ ခက်တဲ့ သဘောတရားဆိုင်ရာ အောင်မြင်မှုတချို့ကို ဆွဲထုတ်ပြတာပါ။ဒါပေမယ့်
သာမှန်အများစုအမြင်မှာတော့ စစ်မတိုက်ရသေးခင်မှာ ကျွန်
တော်တို့ရဲဘော်တချို့ ဒါဇင်နဲ့ချီးပြီး
စာရင်းပျောက် ဝင်သွားပါတယ်။ တိုက်ပွဲတွေမှာ ရာနဲ့
ချီကျဆုံးခဲ့ပါတယ်၊ငျက်ဖျားအပါအဝင်
ရောဂါမျိုးစုံကြောင့် ရာနဲ့ချီဆုံးပါးခဲ့ရပါတယ်။
စသဖြင့် ဆုံးရှုံခဲ့တာတွေ အများအပြားရှိခဲ့ပါတယ်။အဲဒီလို
ကျောင်းသားလူငယ်တွေ ဆုံး
ရှုံးသွားတဲ့ စာရင်းကို (ABSDF) ကထုတ်ပြန်ထားတဲ့ စာရင်းအရ ၂၆
နှစ်တာအတွင်း
၆၇၀ ကျော်ကျဆုံးပြီး ၄၀၀ ကျော်ဒဏ်ရာရခဲ့တယ်လို့
သိရပါတယ်။
ABSDF ရဲ့ အစောပိုင်းအင်အားက သောင်းနဲ့ချီရှိတဲ့အတွက်
မသေမပျောက် ဘဲ ကျန်နေတဲ့လူတွေ အခုဘယ်ရောက်နေကြသလဲ ၊ဘာတွေလုပ်နေကြလဲ ဆိုတာ ဒီ ၂၆ နှစ်
ပြည့်မှာ မေးခွန်းထုတ်သင့်တယ်ထင်ပါတယ်။
အကြမ်းဖျင်းခန့်မှန်စာရင်းကတော့ လက်ရှိ
ABSDF မှာ အင်အားတစ်ထောင်ဝန်ကျင်
သာရှိပြီး အဲဒီထဲမှာ ၁၉၈၈ ကျွန်တော်တို့ နဲ့အ
တူ တောခိုလာခဲ့သူ ဦးရေက ရာဂဏန်းတောင်မကျန်တော့
ပါဘူး။တောထဲကဆင်းရဲ့မှု
ဒဏ်၊ မဟာမိတ်နဲ့အတင်မပြေမှုဒဏ်
၊တော်လှန်ရေး တပ်တွေရဲ့ ရှေ့တိုးတိုက်ချုက်မှု
နှေးကွေးခြင်း ဒဏ်တွေကိုမခံနိုင်တဲ့အတွက်
ရာနဲ့ချီတဲ့ရဲဘော်တွေအိမ်ပြန်ခဲ့ကြပါတယ်။
တကယ့်အများစုကြီးကတော့ တတိယနိုင်ငံမှာ
အခြေချရေးအစီအစဉ်ရွေးချယ်ပြီး နိုင်ငံ
ခြားကို ထွက်သွားကြပါတယ်။ အဲဒါ
၁၉၉၅ ဝန်းကျင် တပ်ပေါင်းဌာနချုပ် မာနယ်ပလော
စခန်းကျပြီး နောက်ပိုင်းဆက်တိုက်ဖြစ်ခဲ့တာပါ။
အခု ၂၆ နှစ်ကြာပြီးတဲ့ အခါမှာတော့ မြန်မာနို်ငငံရေးအခြေအနေက ရုတ်တရက် ပြောင်းလဲသွားခဲ့ပါပြီ။
ပြောင်းလဲတယ်ဆိုတာ လွန်ခဲ့တဲ့ ၂၆ နှစ်၊ ကျွန်တော်တို့ တောခိုစဉ်
က စိတ်ကူးယဉ်ခဲ့သလို ကျောင်းသား
တပ်မတော်နဲ့ တပ်ပေါင်းစုက တိုပ်လို့ ပြောင်းသွား
တာမျိုးမဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့
ဒီမိုကရေစီအင်အားစုတွေ ဦးဆောင်တိုက်လို့
ပြောင်းသွားတာမျိုးမဟုတ်။ စစ်အစိုးရဘက်က
ပြောင်းလဲချင်တဲ့ပုံစံနောက်ကို ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံးနီးပါက
ဒရွတ်တိုက် လိုပ်ပါ သွားရတဲ့
အပြောင်းအလဲမျိုးပါ။ဒီတော့ ၁၉၈၈
တုန်းက ကျွန်တော်တို့ သေနပ်နဲ့ ပစ်ခဲ့တဲ့အစိုးရမရှိ
ဘူးဆိုပေမယ့်အဲဒီလူတွေ ပါဝင်ဆဲဖြစ်တဲ့
စစ်တပ်တပိုင်းအစိုးရနဲ့ စစ်အာဏာရှင်စနစ်က
ရှိနေဆဲဖြစ်ပါတယ်။ဒီမိုကရေစီ လှုပ်ရှားမှုကြောင့်
ဖမ်းစီးခံနေရသူတွေကို ပြန်လွတ်
ပေးလိုက်ပြီး ဆိုပေမယ့် နောက်ထပ်
ဖမ်းဆီးမှုတွေရှိနေဆဲ ဖြစ်ပါတယ်။
လွတ်လပ်တဲ့ရွေးကောက်ပွဲတွေ ကျင်းပပေးပြီး
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တောင်
ပါလီမန်ထဲ ရောက်နေပြီ ဆိုပေမယ့်
ကြံ့ခိုင်ရေးပါတီပြောသမျှ နားထောင်နေယုံမှအပ ဘာ
မှဦးဆောင် လုပ်ပိုင်ခွင့် မရှိသေးပါဘူး။ဒီလိုအခြေအနေမျိုးမှာ
ကျွန်တော်တို့ ပါဝင်ခဲ့တဲ့
ABSDF ကိုယ်တိုင် စစ်တပ်တပိုင်းအစိုးရနဲ့
အပစ်အခတ်ရပိစဲရေး လက်မှတ်ထိုးလိုက်ပါ
တယ်။မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့
အတော်များများလည်း လက်မှတ်
ထိုးလိုက်ကြပါတယ်။နောက်ဆုံးတော့
သမ္မတဦးသိန်စိန် ကိုယ်တိုင် နော်ဝေနဲ့နိုင်င့တကာ
အထိထွက်လာပြီး တတိယနိုင်ငံရောက်
ဒီမိုကရေအရေးတက်ကြွသူတွေ အမိနိင်ငံကို ပြန်
လာပါ၊ တိုင်းပြည်တည်ဆောက်ရေး မှာ
ပါဝင်လက်တွဲကြပါလို့ ဖိတ်ခေါ်ခဲ့ပါတယ်။
ဒီလိုဖိတ်ခေါ်မှု နောက်ပိုင်းမှာ
ကျွန်တော်အပါအဝင် တတိယနိုင်င့ရောက် တောခိုကျောင်း
သားဟောင်းတွေ ပြည်တော်ပြန်လည်ကြတာ
ဘယ်နည်းပါမလဲ။ ရာနဲ့ချီရှိတာပေါ့ ဒါပေမဲ့
ရှေ့ကစာရင်းအင်းတွေ အရဆိုလျှင်
၁၉၈၈ တုန်းက ထွက်လာသူဦးရေ က သောင်းနဲ့ချီရှိ
တဲ့အတွက် ကျန်တဲ့သူတွေဘာကြောင့်မပြန်ကြသေးတာလဲ။၊
တခါ ၁၉၉၀ ရွေးကောက်ပွဲ အပြီးမှာထပ်ထွက်လာတဲ့
NLD နဲ လူ့ဘောင်သစ်အါတီဝင်
တွေ၊ ၂၀၀၃ ဒီပဲယင်းအရေးအခင်း ၊၂၀၀၇
ရွှေဝါရောင်တော်လှန်ရေး အရေးအခင်းအပြီး
မှာ ထပ်ပြီးထွက်ပြေးလာသူတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ
ကိုပါ ထပ်ပေါင်း
လိုက်ရင် သိန်းဂဏန်းမရှိရင်တောင်
သောင်းဂဏန်းအထက်မှာ ရှိနေတာ သေချာပါတယ်။
အဲဒီလူတွေ ဘယ်မှာနေပြီး ဘာတွေလုပ်နေကြသလဲ...၊
“ကိုယ်ကတော့ ဒီအစိုးရလိမ်နေ
တာသိလို့ ၊ သူတို့ကို လုံးဝမယုံးလို့
ဒီဖြစ်စဉ်နဲ့ ဝေးဝေးမှာပဲ သန့်သန့်လေးနေနေတယ်”
လို့ လက်ရှိအပြောင်းအလဲကို မယုံကြည်လို့
ပြည်တော်မပြန်သေးတဲ့ တောခိုကျောင်းသား
ဟောင်းများစွာထဲက တဦးကပြောပါတယ်။ပြီးတော့
Social Visa လျှောက်ပြီး နိုင်ငံခြား
သားတစ်ဦး အနေနဲ့ မိဘအိမ်ဆီ အလဉ်ပြန်ခြင်းမျိုးဟာ
၁၉၈၈ တောခိုစဉ်က ရည်ရွယ်ခဲ့
တဲ့ အိမ်ပြန်ခြင်းမျိုး မဟုတ်ဘူးလို့လည်း
သူကဝေဖန်ပါတယ်။
ဒီလိုအိမ်ပြန်ခြင်းဟာ တချိန်ကရန်သူအဖြစ်
သတ်မှတ်တိုက်ခိုက်ခဲ့သူတွေဆီ သွားရောက်
လက်နက်ချသလို ဖြစါသွားတယ်၊ စစ်အုပ်ချုပရေးတပိုင်း
အစိုးရဘက်က လိုချင်နေတဲ့
ပုံစံထဲ ခေါင်းထိုးဝင်သလို ဖြစ်သွားနိုင်တယ်လို့
သူကထောက်ပြလိုက်ပါတယ်။တခါပြည်
တော်ပြန်ပြီး သမ္မတအကြံပေး လုပ်နေသူတွေ၊
ငြိမ်းချမ်းရေးစင်တာမှာ အစိုးရလခစား
လုပ်နေတဲ့ တောခိုကျောင်းသားဟောင်းတွေကိုလည်း
တော်လှန်ရေးကို သစ္စာဖောက်သူ
တွေလို့ သူကစွပ်စွဲခဲ့ပါတယ်။ဒါဖြင်တောခို
ကျောင်းသားအများစုကြီးက တသက်လုံး အိမ်
မပြန်ဘဲ ဒီလိုနေကြတော့မှာလား....။လက်ရှိသွားနေတဲ့
ပေါ်လစီ အမှားအယွင်းထဲမှာမပါ
နိုင်ဘူးဆိုပြီး ဘေးထွက်ထိုင်နေရုံနဲ့
အမှာတွေက သူ့အလိုလို အမှန်ဖြစ်လာပါ့မလား...။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်
တောင် လွှတ်တော်ထဲ ဝင်ထိုင်နေမှတော့ ကိုယ်ကဘာ
ကောင်မို့လို့၊ ပြည်ပကနေဘာလုပ်နိုင်မှာမိုလို့
တင်းခံနေရမှညလဲ ဆိုပြီး မေးခွန်ထုတ်သူ
တွေကလည်းမနည်းလှပါဘူး။ထားတော့ ကျွန်တော်ကပြည်တော်ပြန်ပြီး
လေ့လာတဲ့
အုပ်စုဘက်မှာ ပါခဲ့တဲ့အတွက် ၂၀၁၃ ခုနှစ်ခရီးစဉ် နှစ်ခေါက်အတွင်း တွေ့ရှိချက်တွေ
နဲ့ တတိယနိုင်ငံရောက် တောခိုကျောင်းသားဟောင်းတွေ
ပြည်တော်ပြန်ဖို့အဆင်သင့်
ဖြစ်မဖြစ်ကိုသာတင်ပြချင်ပါတယ်။
အရင်ဆောင်းပါတွေမှာ ရေးခဲ့ပြီး
ဖြစ်တဲ့အတိုင်း သမ္မတကဖိတ်ခေါ်တယ်ဆိုပေမယ့် ပါး
စပ်ကဖိတ်ခေါ်သာတာရှိပြီး ကျွန်တော်တို့ပြန်လာရင်
ဘာလုပ်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ်မျိုး
ဦးသိန်းစိန်အစိုးရမှာ ဘာမှရှိမထားပါ၊တစ်ခါအစိုးရအသစ်
ဆိုပေမယ့် ဌာနဆိုင်ရာ
ဝန်ထမ်းအများစုက အရင်လူဟောင်းတွေဖြစ်ပြီး ခြစားနေတဲ့ နည်းစနစ်ဟောင်း
တွေနဲ့
ခွဲခြားဆက်ဆံတာတွေ ၊ငွေညှစ်တာတွေ၊ အာဏာပြတာတွေ ရှိနေဆဲဖြစ်ပါတယ်။ဥပဒေ
အကြောင်းအရ ပြောရမယ်ဆိုရင်လည်း
ပြန်လာတဲ့ တောခို ကျောင်းသားဟောင်းတွေအ
ပေါ် ဥပဒေအကြောင်းအရ လွတ်ငြိမ်းချမ်းသာခွင့်
ပေးထားပြီးသားလား။အစိုးရကို ဝေ
ဖန်ရင် ပြန်ဖမ်းခွင့် ရှိသလား။
နိုင်ငံခြားသား ပတ်စ်ပို့ စာအုပ်ကိုင်ထားသူတွေကို အမြဲ
တမ်းနေထိုင်ခွင့် ပေးမှာလား၊ နိုင်ငံသားအဖြစ်
ပြန်လျှောက်ရင်ရော လုပ်ထုံးလုပ်နည်း
က ဘယ်လိုလဲ ၊ဘာမှရှင်းရှင်းလင်းလင်း မရှိပါ။သမ္မတနဲ့ သမ္မတရုံးဝန်ကြီးတွေဆီ
အ
သနားခံစာတင်မှ လုပ်ပေးမယ်၊စဉ်းစားပေးမယ်
ဆိုတဲ့အဆင့်မှာပဲ ရှိနေပါသေးတယ်။
ဒီလိုအခြေအနေမျိုးမှာ (လက်ရှိ ရှိပြီးသားငြိမ်းချမ်းရေးစင်တာကလာတွေ၊NGOတွေ၊
မီဒီယာသမားတောခို ကျောင်သားဟောင်း
ဆယ်ဂဏန်းမှအပ) မြန်မာနိုင်ငံလုံးမှာ ပြန်
လည် အခြေချနေထိုင်ဖို့ ဆိုတာဘယ်လွယ်ပါ့မလဲ၊ကျန်တဲ့အဆင်မပြေမှုတွေ
အားလုံး
ကို ဖယ်ထား၊အရေးအကြီးဆုံး အချက်က
သမ္မတဆီသနားခံစာ တင်ရမယ်ဆိုတဲ့ နိုင်ငံ
ရေးအရ ဂုဏ်သိက္ခာချတဲ့ လုပ်ရပ်မျိုးကို
ဦးသိန်းစိန်အစိုးရက လုံးဝပြင်ဆင်ပေးသင့်ပါ
တယ်။ဘာကြောင့်လဲ ဆိုရင် ၂၆ နှစ်လုံးလုံးတော်လှန်ရေးလုပ်လာခဲ့တဲ့
ကျွန်တော်တို့မှာ
ကဂုဏ်သိက္ခာကလွဲပြီး တခြားဘာမှ
မရှိတဲ့အတွက် အဲဒီသိက္ခာကို ဘာနဲ့မှအလဲအလှယ်
မလုပ်နိုင်လို့ဖြစ်ပါတယ်။
ဒါဖြင့် သိက္ခာကို ရိက္ခာနဲ့ မလဲပဲနဲ့
အိမ်ပြန်နိုင်တဲ့ နည်းလမ်းမရှိတော့ဘူးလား။ဦးသိန်း
စိန်အစိုးရဘက်က လက်ရှိစည်းမျဉ်းတွေကို
ပြင်မပေးရင်တော့ သူ့အစိုးရသက်တမ်းမှာ
တခြားနည်းမရှိတော့ပါဘူး။သူ့အစိုးရအလွန်
သက်တမ်းမှာရော..။၂၀၁၅ ရွေးကောက်
ပွဲအလွန် NLD ပါတီနဲ့ မဟာမိတ်အင်အားစာတွေ
ပါလီမန်ထဲအများစုရောက်လာတော့
ကျွန်တော်တို့ စိတ်ကူယဉ်ခဲ့တဲ့
အိမ်ပြန်ခြင်းမျိုး မဟုတ်ရင်တောင် ဒေါ်အောင်ဆန်းစု
ကြည်ပြောခဲ့ဖူးတဲ့ ဂုဏ်သိက္ခာရှိတဲ့
အိမ်ပြန်ခြင်းမျိုးတော့ အများကြီးဖြစ်လာနိုင်ပါတယ်။
ဒီအတွက် ဒေါ်အောင်ဆန်စုကြည်နဲ့
မဟာမိတ်အင်အားစတွေ ၂၀၁၅ မှာအနိုင်ရဖို့အတွက်
တတိယနိုင်ငံရောက် တောခိုကျောင်းသားဟောင်းတွေ၊
နိုင်ငံရေးအကျဉ်းသားဟောင်း
တွေ၊စစ်ပြေးဒုက္ခသည်ဟောင်းတွေ အားလုံးကလည်း
ကိုယ်ရောက်နေတဲ့ ဒေသကနေ တတ်စွမ်းသလောက်ကူညီတာ ဖြစ်ဖြစ်၊ မြန်မာနိုင်ငံထဲ ရတဲ့နည်းနဲ့
ဝင်ပြီးကိုယ်တိုင်
ပါဝင်ကူညီတာပဲဖြစ်ဖြစ် စတင်လုပ်ဆောင်ကြဖို့
အချိန်ရောက်နေပါပြီလို့ ထင်မြင်မိပါ
ကြောင်း တင်ပြလိုက်ပါတယ်ခင်ဗျား....။

No comments:
Post a Comment